ခေါင်းကိုက်ခြင်းအတွက်အဖြေရှိပြီလား?

ဒီနေ့သဉ္ဇာတစ်ယောက် ရုံးရောက်လာကတည်းက ဘယ်သူ့ကိုမှ ပြုံးမပြနိုင်ပါဘူး။တစ်နေကုန် ဘယ်သူနဲ့မှစကားမပြောဘဲတစ်ယောက်ထဲ ရုံးကအလုပ်တွေလုပ်၊ အစည်းအဝေးတွေတက်၊ မျက်နှာထားခပ်တင်းတင်းဖြစ်နေသည်။

ရုံးကသူငယ်ချင်း လုလုက သဉ္ဇာကို မျက်နှာငယ်လေးနဲ့လာမေးသည်။ ” ဟဲ့ နင်ငါ့ကို စိတ်ဆိုးနေတာလား? ငါမနေ့က နင်နဲ့ အတူပြန်မယ်ပြောပြီးမပြန်လို့လေ? ဒါမှမဟုတ် ဂျာကြီးနင့်ကို ဆူလိုက်လို့လား? ငါ နင့်မျက်နှာကြည့်ပြီးကြောက်တောင်လာပြီ။တစ်ရုံးလုံးကလည်း နင့်မမေးရဲလို့သာ ။ ဘယ်သူ့ကို စိတ်ဆိုးနေတာလဲချည်းမေးနေကြတယ်”

img

ဟင် ဗုဒ္ဓေါ ” ကိုယ့်ဝမ်းနာကိုယ်သာသိ ” ကိစ္စကြီးက မနက်မိုးလင်းထဲက အရိပ်လို ကပ်လျှက်လိုက်နေတာ သူတို့မှ မသိဘဲ။ ဒီကိစ္စက ဟန်ဆောင်ပြုံးဖို့မဆိုနဲ့မဖြစ်မနေမို့သာရုံးလာနေရတာ။ အိမ်မှာ လှဲပြီးပဲ အိပ်ချင်နေတာ။ ဘယ်လိုဖြစ်ဖြစ် ချစ်သူငယ်ချင်းလေးကို ရှင်းတော့ပြရမည်။

” လုလုရယ် ငါ မနက်မိုးလင်းလာထဲက ခေါင်းကိုက်လိုက်တာဆိုတာလေ ။ နားထင် နှစ်ဖက်ကို တဒိန်းဒိန်းနဲ့ အဆက်မပြတ်ဖြစ်နေတာ ခေါင်းတစ်ခုလုံးလဲ တင်းကျပ်နေတာပဲ။ ခုတင်စဉ်းစားနေတာ ကိုရီးယားကားထဲကလို ခေါင်းပတ်လည်စည်းထားရကောင်းမလားလို့လေ။ ဒီနေ့လည်း အရေးကြီးအစည်းအဝေးတွေနဲ့မဖြစ်မနေမို့သာ လာရတာ တစ်နေကုန် ဘာကိုမှအာရုံစိုက်လို့မရ ။ ရုံးဆင်းချိန်ရောက်ပါစေပဲ ဆုတောင်းနေရတယ်ဟယ်။”

လုလုလည်း… ” ဖြစ်ရလေ ။ သဉ္ဇာရယ် ငါထင်တော့ထင်ပါတယ်။ နင့်ပုံစံကမချိုမချဉ်နဲ့။ ကဲ… ပြော … ငါ ဘာလုပ်ပေးရမလဲ? ဘာဆေးဝယ်ပေးရမလဲ?
ခိုင်းသာခိုင်းအားမနာနဲ့။ ”

img2

သဉ္ဇာလည်း ..” ပြောသာပြောရတယ် ။ ငါက ခေါင်းကိုက်လေ့သိပ်မရှိဘူး။ ကိုက်လည်းဖျားတုန်းနာတုန်းခဏဆိုတော့ မသိဘူး။ စိတ်ညစ်တယ် ရုံးဆင်းဖို့လည်း အဝေးကြီးလိုသေးတယ်။ ငါတော့ မြန်မြန်ပျောက်ခြင်တာပဲ သိတော့တယ်ဟယ်”လုလုက ပြုံးပြုံးနဲ့ … ” ဒီတစ်ခါတော့ ငါဆရာကျသွားပြီ။ ငါကျ ခေါင်းခဏခဏကိုက်တတ်တော့ ငါ့အမ ဆရာဝန်ကိုမေးထားတယ် ဘာဆေးသောက်ရမလဲဆိုတာကို ။ ငါ့အမကတော့ အကိုက်အခဲလည်းပျောက်ရမယ်၊ ခေါင်းကိုက်လည်းပျောက်ရမယ်၊အရေအသွေးလည်း ပြည့်မှီရမယ်၊ ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့ BIOGESIC 500 mg ကို ခေါင်းစကိုက်တာနဲ့အစားစားပြီး သောက်ဖို့မှာထားတယ်။သူပြောတာတော့ ငါတို့တွေက အလုပ်လုပ်တော့ အာရုံစိုက်များတယ်။ အိပ်ရေးတစ်ခါတစ်လေပျက်တယ်။ စိတ်ပူတာတွေများလို့ဖြစ်တာတဲ့။ခေါင်းကိုက်တာကို ဆေးသောက်ထားလိုက်တော့ ဒီခေါင်းကိုက်တာအတွက် တစ်နေ့လုံး စိတ်မညစ်ရတော့ဘူးပေါ့။

img3

အမလေး… ငါ့သူငယ်ချင်းလေးရယ် ငါ့မှာဆေးအဆင်သင့်ပါတယ်။နင်..အခုသောက်လိုက် ..ခဏနေ အရင်လို ပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်သွားလမ့်မယ်”ကဲ ဒီသူငယ်ချင်းနှစ်ယောက်ကတော့ သူတို့ကို ဒုက္ခပေးနေတဲ့ခေါင်းကိုက်ခြင်းအတွက် အဖြေရှိသွားပါပြီ။ ” သင်ရော ခေါင်းကိုက်ခြင်းအတွက် အဖြေရှိပြီလား”

img4

မယ်တင်( ဆေး ၁)

ေခါင္းကိုက္ျခင္းအတြက္အေျဖရွိၿပီလား?

ဒီေန႔သဥၨာတစ္ေယာက္ ရံုးေရာက္လာကတည္းက ဘယ္သူ႔ကိုမွ ျပံဳးမျပႏိုင္ပါဘူး။တစ္ေနကုန္ ဘယ္သူနဲ႔မွစကားမေျပာဘဲတစ္ေယာက္ထဲ ရံုးကအလုပ္ေတြလုပ္၊ အစည္းအေဝးေတြတက္၊ မ်က္ႏွာထားခပ္တင္းတင္းျဖစ္ေနသည္။

ရံုးကသူငယ္ခ်င္း လုလုက သဥၨာကို မ်က္ႏွာငယ္ေလးနဲ႔လာေမးသည္။ ” ဟဲ့ နင္ငါ့ကို စိတ္ဆိုးေနတာလား? ငါမေန႔က နင္နဲ႔ အတူျပန္မယ္ေျပာၿပီးမျပန္လို႔ေလ? ဒါမွမဟုတ္ ဂ်ာႀကီးနင့္ကို ဆူလိုက္လို႔လား? ငါ နင့္မ်က္ႏွာၾကည့္ၿပီးေၾကာက္ေတာင္လာၿပီ။တစ္ရံုးလံုးကလည္း နင့္မေမးရဲလို႔သာ ။ ဘယ္သူ႔ကို စိတ္ဆိုးေနတာလဲခ်ည္းေမးေနၾကတယ္”

img

ဟင္ ဗုေဒၶါ ” ကိုယ့္ဝမ္းနာကိုယ္သာသိ ” ကိစၥႀကီးက မနက္မိုးလင္းထဲက အရိပ္လို ကပ္လၽွက္လိုက္ေနတာ သူတို႔မွ မသိဘဲ။ ဒီကိစၥက ဟန္ေဆာင္ၿပံဳးဖို႔မဆိုနဲ႔မျဖစ္မေနမို႔သာရံုးလာေနရတာ။ အိမ္မွာ လွဲၿပီးပဲ အိပ္ခ်င္ေနတာ။ ဘယ္လိုျဖစ္ျဖစ္ ခ်စ္သူငယ္ခ်င္းေလးကို ရွင္းေတာ့ျပရမည္။

” လုလုရယ္ ငါ မနက္မိုးလင္းလာထဲက ေခါင္းကိုက္လိုက္တာဆိုတာေလ ။ နားထင္ ႏွစ္ဖက္ကို တဒိန္းဒိန္းနဲ႔ အဆက္မျပတ္ျဖစ္ေနတာ ေခါင္းတစ္ခုလံုးလဲ တင္းက်ပ္ေနတာပဲ။ ခုတင္စဥ္းစားေနတာ ကိုရီးယားကားထဲကလို ေခါင္းပတ္လည္စည္းထားရေကာင္းမလားလို႔ေလ။ ဒီေန႔လည္း အေရးႀကီးအစည္းအေဝးေတြနဲ႔မျဖစ္မေနမို႔သာ လာရတာ တစ္ေနကုန္ ဘာကိုမွအာရံုစိုက္လို႔မရ ။ ရံုးဆင္းခ်ိန္ေရာက္ပါေစပဲ ဆုေတာင္းေနရတယ္ဟယ္။”

လုလုလည္း… ” ျဖစ္ရေလ ။ သဥၨာရယ္ ငါထင္ေတာ့ထင္ပါတယ္။ နင့္ပံုစံကမခ်ိဳမခ်ဥ္နဲ႔။ ကဲ… ေျပာ … ငါ ဘာလုပ္ေပးရမလဲ? ဘာေဆးဝယ္ေပးရမလဲ?
ခိုင္းသာခိုင္းအားမနာနဲ႔။ ”

img2

သဥၨာလည္း ..” ေျပာသာေျပာရတယ္ ။ ငါက ေခါင္းကိုက္ေလ့သိပ္မရွိဘူး။ ကိုက္လည္းဖ်ားတုန္းနာတုန္းခဏဆိုေတာ့ မသိဘူး။ စိတ္ညစ္တယ္ ရံုးဆင္းဖို႔လည္း အေဝးႀကီးလိုေသးတယ္။ ငါေတာ့ ျမန္ျမန္ေပ်ာက္ျခင္တာပဲ သိေတာ့တယ္ဟယ္”လုလုက ၿပံဳးၿပံဳးနဲ႔ … ” ဒီတစ္ခါေတာ့ ငါဆရာက်သြားၿပီ။ ငါက် ေခါင္းခဏခဏကိုက္တတ္ေတာ့ ငါ့အမ ဆရာဝန္ကိုေမးထားတယ္ ဘာေဆးေသာက္ရမလဲဆိုတာကို ။ ငါ့အမကေတာ့ အကိုက္အခဲလည္းေပ်ာက္ရမယ္၊ ေခါင္းကိုက္လည္းေပ်ာက္ရမယ္၊အေရအေသြးလည္း ျပည့္မွီရမယ္၊ ေဘးထြက္ဆိုးက်ိဳးလည္း နည္းတဲ့ BIOGESIC 500 mg ကို ေခါင္းစကိုက္တာနဲ႔အစားစားၿပီး ေသာက္ဖို႔မွာထားတယ္။သူေျပာတာေတာ့ ငါတို႔ေတြက အလုပ္လုပ္ေတာ့ အာရံုစိုက္မ်ားတယ္။ အိပ္ေရးတစ္ခါတစ္ေလပ်က္တယ္။ စိတ္ပူတာေတြမ်ားလုိ႔ျဖစ္တာတဲ့။ေခါင္းကိုက္တာကို ေဆးေသာက္ထားလိုက္ေတာ့ ဒီေခါင္းကိုက္တာအတြက္ တစ္ေန႔လံုး စိတ္မညစ္ရေတာ့ဘူးေပါ့။

img3

အမေလး… ငါ့သူငယ္ခ်င္းေလးရယ္ ငါ့မွာေဆးအဆင္သင့္ပါတယ္။နင္..အခုေသာက္လိုက္ ..ခဏေန အရင္လို ျပံဳးျပံဳးရႊင္ရႊင္ျပန္ျဖစ္သြားလမ့္မယ္”ကဲ ဒီသူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ သူတို႔ကို ဒုကၡေပးေနတဲ့ေခါင္းကိုက္ျခင္းအတြက္ အေျဖရွိသြားပါၿပီ။ ” သင္ေရာ ေခါင္းကိုက္ျခင္းအတြက္ အေျဖရွိၿပီလား”

img4

မယ္တင္( ေဆး ၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *