ကလေးကငယ်ငယ် ခေါင်းချွေးတွေထွက်တယ်။

တစ်နေ့ ဒေါက်တာစုဆေးခန်းကို ကလေးအမေတစ်ယောက် လသားကလေးလေးကိုချီပြီးရောက်လာသည်။” ဆရာမ သားသားလေခေါင်းချွေးတွေထွက်တာ တအားပဲ။ နို့တိုက်တဲ့အချိန်နဲ့ အိပ်တဲ့အချိန်ဆို ကျန်တဲ့နေရာမှာချွေးမထွက်ဘဲ ခေါင်းမှာချည်း ချွေးတွေသီးနေတော့တာ ။ အဲ့ဒါ ရောဂါတစ်ခုခုများလားလို့ သိချင်လို့ပါ ဆရာမ”” ဟုတ်ပါပြီ အမရေ ကလေးတွေမှာခေါင်းချွေးထွက်တယ်ဆိုတာအိပ်နေတဲ့အချ်န်မှာကလေးတွေဟာ အတော့်ကို နှစ်ခြိုက်တဲ့အိပ်စက်ခြင်း( Deep Sleep) နဲ့အိပ်ပျော်လေ့ရှိကြတယ်အမရဲ့။

ဒါ့အပြင်ကလေးတွေရဲ့ ချွေးပေါက်အတော်များများဟာ ခေါင်းမှာပဲရှိတတ်ကြတယ်။ခေါင်းကချွေးပေါက်တွေကပဲ အလုပ်လုပ်ပါတယ်။ ခန္တာကိုယ်က သိသိသာသာချွေးထွက်မှာမဟုတ်ဘူးပေါ့နော်။ကလေးရဲ့ ခေါင်းမှာ ချွေးတအားထွက်နေတယ်ဆိုတာ အမရဲ့ကလေးက မပြောတတ်သေးတယ့်အရွယ်မို့သာတကယ်တော့ သူပူနေတယ်ဆိုတာပြတာပါပဲ။ကလေးလေးတွေအိပ်တဲ့အခါ ကျွန်မတို့ လူကြီးတွေလို ဟိုဘက် ဒီဘက်မလှည့်တတ်တဲ့အခါ တစ်နေရာထဲ ခေါင်းအုံးအိပ်နေရတော့ ခေါင်းကပူလာတယ်။ ပူတော့ချွေးထွက်တာပေါ့အမရယ်။နောက် အမ ကလေးကို နို့တိုက်တဲ့အခါ ကျတော့ အများအားဖြင့် လက်ဖဝါးပေါ်ကိုကလေးခေါင်းလေးတင်ပြီး
နို့တိုက်တာ များမှာပေါ့။ ဒီလို လက်ဖဝါးခံထားတဲ့ လက်အပူရှိန်ကြောင့်ကလေးငယ်က ပိုပြီးခေါင်းချွေးထွက်တာပေါ့အမရယ်”” ဒါပေမယ့်သတိထားစရာ တစ်ခုတော့ရှိတယ် ဒီလို အိပ်တဲ့အချိန်၊ နို့စို့တဲ့အချိန်မဟုတ်ဘဲ တစ်ချိန်လုံး ချွေးပိုထွက်နေမယ်ဆိုရင် တော့ ကလေးဟာ မွေးရာပါနှလုံးရောဂါရှိတာဖြစ်နိုင်တယ်။မွေးရာပါနှလုံးရောဂါရှိနေရင်တော့ ကလေးငယ်ဟာ အိပ်ချိန်၊ နို့စို့ချိန်အပြင် ဆော့ကစားနေချ်န်မှာလည်း ချွေးတွေထွက်နေတတ်တယ်။ ချွေးထွက်တာအပြင် အရမ်းငိုရင် အသားပြာတာတွေဘာတွေနဲ့လည်းတွဲဖြစ်တတ်တယ်။ ကလေးငယ်ဟာ ထွားသင့်သလောက်မထွားဘူး။ ခဏခဏဖျားမယ် ခုပြောတဲ့လက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ မွေးရာပါ နှလုံးမှာ ရောဂါပါလာတာဖြစ်နိုင်တာပေါ့။

” ဟုတ်ကဲ့ နားလည်းပါပြီဆရာမရယ်။ သားသားကလေ အဲ့တာမျိုးလက္ခဏာတွေမရှိဘူးဆိုတော့ ရိုးရိုးချွေးထွက်တာဖြစ်မှာပေါ့နော်။ ချွေးနဲ့ အအေးပတ်ပြီး ဖျားမှာ နာမှာစိတ်ပူလို့ပါ ကျွန်မက”” ရိုးရိုးချွေးထွက်တာအတွက် ဆရာမ အနေနဲ့ အကြံပေးနိုင်တာလေးတွေတော့ ရှိတယ်။အမအခန်းအပူချိန်ကို အနေတော်လေးထားဖို့လိုပါတယ်။ တချို့ကျလည်းကလေး အအေးမိမှာစိုးလို့ဆိုပြီးအလုံပိတ်ပူအောင်ထားတာမျိုး မဖြစ်စေဖို့ သတိထားသင့်တာပေါ့ အမရယ်။ကလေးကို နို့ဆာတိုင်းတိုက်ပေးဖို့လည်း လိုပါတယ်။ ချွေးထွက်တဲ့ကလေးငယ်ဟာရေဓာတ်ဆုံးရှုံးတာမို့ရေဓာတ်ဖြည့်ပေးတယ့်အနေနဲ့ နို့တိုက်ပေးဖို့လိုတာပါ။နောက်အရမ်းပူပြီး အလုံပိတ်တဲ့ အကျီၤမျိုး မဝတ်ပေးဖို့ပေါ့နော်။ ကျွန်မတို့နိုင်ငံက အများအားဖြင့်ပူတာများတော့ အကျီၤ ထူထူတွေဝတ်တော့ ချွေးပိုထွက်တာပေါ့နော်။ “” ဆရာမ ပြောတာတွေကို ကျွန်မသေချာမှတ်ထားပါ့မယ်။ ခုတော့ ဆရာမဆီလာတာ စိတ်အေးသွားရပြီ၊ခွင့်ပြုပါဦးနော် ဆရာမ”

မယ်တင်( ဆေး ၁)

ကေလးကငယ္ငယ္ ေခါင္းေခၽြးေတြထြက္တယ္။

တစ္ေန႔ ေဒါက္တာစုေဆးခန္းကို ကေလးအေမတစ္ေယာက္ လသားကေလးေလးကိုခ်ီၿပီးေရာက္လာသည္။” ဆရာမ သားသားေလေခါင္းေခၽြးေတြထြက္တာ တအားပဲ။ ႏို႔တိုက္တဲ့အခ်ိန္နဲ႔ အိပ္တဲ့အခ်ိန္ဆို က်န္တဲ့ေနရာမွာေခၽြးမထြက္ဘဲ ေခါင္းမွာခ်ည္း ေခၽြးေတြသီးေနေတာ့တာ ။ အဲ့ဒါ ေရာဂါတစ္ခုခုမ်ားလားလို႔ သိခ်င္လို႔ပါ ဆရာမ”” ဟုတ္ပါၿပီ အမေရ ကေလးေတြမွာေခါင္းေခၽြးထြက္တယ္ဆိုတာအိပ္ေနတဲ့အခ်္န္မွာကေလးေတြဟာ အေတာ့္ကို ႏွစ္ၿခိဳက္တဲ့အိပ္စက္ျခင္း( Deep Sleep) နဲ႔အိပ္ေပ်ာ္ေလ့ရွိၾကတယ္အမရဲ႕။

ဒါ့အျပင္ကေလးေတြရဲ႕ ေခၽြးေပါက္အေတာ္မ်ားမ်ားဟာ ေခါင္းမွာပဲရွိတတ္ၾကတယ္။ေခါင္းကေခၽြးေပါက္ေတြကပဲ အလုပ္လုပ္ပါတယ္။ ခနၱာကုိယ္က သိသိသာသာေခၽြးထြက္မွာမဟုတ္ဘူးေပါ့ေနာ္။ကေလးရဲ႕ ေခါင္းမွာ ေခၽြးတအားထြက္ေနတယ္ဆိုတာ အမရဲ႕ကေလးက မေျပာတတ္ေသးတယ့္အရြယ္မို ႔သာတကယ္ေတာ့ သူပူေနတယ္ဆိုတာျပတာပါပဲ။ကေလးေလးေတြအိပ္တဲ့အခါ ကၽြန္မတို႔ လူႀကီးေတြလို ဟိုဘက္ ဒီဘက္မလွည့္တတ္တဲ့အခါ တစ္ေနရာထဲ ေခါင္းအံုးအိပ္ေနရေတာ့ ေခါင္းကပူလာတယ္။ ပူေတာ့ေခၽြးထြက္တာေပါ့အမရယ္။ေနာက္ အမ ကေလးကို ႏို႔တိုက္တဲ့အခါ က်ေတာ့ အမ်ားအားျဖင့္ လက္ဖဝါးေပၚကိုကေလးေခါင္းေလးတင္ၿပီး
ႏို႔တိုက္တာ မ်ားမွာေပါ့။ ဒီလို လက္ဖဝါးခံထားတဲ့ လက္အပူရွိန္ေၾကာင့္ကေလးငယ္က ပိုၿပီးေခါင္းေခၽြးထြက္တာေပါ့အမရယ္”” ဒါေပမယ့္သတိထားစရာ တစ္ခုေတာ့ရွိတယ္ ဒီလို အိပ္တဲ့အခ်ိန္၊ ႏို႔စို႔တဲ့အခ်ိန္မဟုတ္ဘဲ တစ္ခ်ိန္လံုး ေခၽြးပိုထြက္ေနမယ္ဆိုရင္ ေတာ့ ကေလးဟာ ေမြးရာပါႏွလံုးေရာဂါရွိတာျဖစ္ႏိုင္တယ္။ေမြးရာပါႏွလံုးေရာဂါရွိေနရင္ေတာ့ ကေလးငယ္ဟာ အိပ္ခ်ိန္၊ ႏို႔စို႔ခ်ိန္အျပင္ ေဆာ့ကစားေနခ်္န္မွာလည္း ေခၽြးေတြထြက္ေနတတ္တယ္။ ေခၽြးထြက္တာအျပင္ အရမ္းငိုရင္ အသားျပာတာေတြဘာေတြနဲ႔လည္းတြဲျဖစ္တတ္တယ္။ ကေလးငယ္ဟာ ထြားသင့္သေလာက္မထြားဘူး။ ခဏခဏဖ်ားမယ္ ခုေျပာတဲ့လကၡဏာေတြေတြ႕ရမယ္ဆိုရင္ေတာ့ ေမြးရာပါ ႏွလံုးမွာ ေရာဂါပါလာတာျဖစ္ႏိုင္တာေပါ့။

” ဟုတ္ကဲ့ နားလည္းပါၿပီဆရာမရယ္။ သားသားကေလ အဲ့တာမ်ိဳးလကၡဏာေတြမရွိဘူးဆိုေတာ့ ရိုးရိုးေခၽြးထြက္တာျဖစ္မွာေပါ့ေနာ္။ ေခၽြးနဲ႔ အေအးပတ္ၿပီး ဖ်ားမွာ နာမွာစိတ္ပူလို႔ပါ ကၽြန္မက”” ရိုးရိုးေခၽြးထြက္တာအတြက္ ဆရာမ အေနနဲ႔ အၾကံေပးႏိုင္တာေလးေတြေတာ့ ရွိတယ္။အမအခန္းအပူခ်ိန္ကို အေနေတာ္ေလးထားဖို႔လိုပါတယ္။ တခ်ိဳ႕က်လည္းကေလး အေအးမိမွာစိုးလို႔ဆိုၿပီးအလံုပိတ္ပူေအာင္ထားတာမ်ိဳး မျဖစ္ေစဖို႔ သတိထားသင့္တာေပါ့ အမရယ္။ကေလးကို ႏို႔ဆာတိုင္းတိုက္ေပးဖို႔လည္း လိုပါတယ္။ ေခၽြးထြက္တဲ့ကေလးငယ္ဟာေရဓာတ္ဆံုးရႈံးတာမို႔ေရဓာတ္ျဖည့္ေပးတယ့္အေနနဲ႔ ႏို႔တိုက္ေပးဖို႔လိုတာပါ။ေနာက္အရမ္းပူၿပီး အလံုပိတ္တဲ့ အက်ီၤမ်ိဳး မဝတ္ေပးဖို႔ေပါ့ေနာ္။ ကၽြန္မတို႔ႏိုင္ငံက အမ်ားအားျဖင့္ပူတာမ်ားေတာ့ အက်ီၤ ထူထူေတြဝတ္ေတာ့ ေခၽြးပိုထြက္တာေပါ့ေနာ္။ “” ဆရာမ ေျပာတာေတြကို ကၽြန္မေသခ်ာမွတ္ထားပါ့မယ္။ ခုေတာ့ ဆရာမဆီလာတာ စိတ္ေအးသြားရၿပီ၊ခြင့္ျပဳပါဦးေနာ္ ဆရာမ”

မယ္တင္( ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *