ဘောလုံးကို ခေါင်းတိုက်ခြင်းနဲ့ လက်ဝှေ့ထိုးရာတွင် ခေါင်းကို အထိုးခံရခြင်းဟာ ဘေးဖြစ်စေသလား
၁၉၀၀ ပြည့်နှစ် ဝန်းကျင်က စပြီး ဘောလုံးအားကစားနည်းနဲ့ လက်ဝှေ့ထိုးအားကစားနည်းကို ကမ္ဘာအနှံ့ လေ့လာ လိုက်စားလာကြပါတယ် ။ ခုခေတ်ဆိုရင်တော့ ဆိုဖွယ်ရာမရှိ ။ပရီးမီးယားလိဂ် ၊လာလီဂါ ၊ဘွန်ဒက်စ်လီဂါ ၊ စီးရီးအေ ၊ဂျေလိဂ် ၊ MNL စသဖြင့် ဘောလုံး လိဂ်ပေါင်းများစွာ လူပေါင်းများစွာ ပရောဖက်ရှင်နယ်ရော အပျော်တမ်းပါ ဘောလုံးကစားနေကြပါပြီ ။ထို့အတူ လက်ဝှေ့အားကစားနည်းဟာလည်း မြန်မာမှာဆိုရင် ရိုးရာလက်ဝှေ့ ၊ထိုင်းမှာဆိုရင် မွေထိုင်းလက်ဝှေ့ ၊ကမ္ဘာအနှံ့မှာဆိုရင် ဘောက်ဆင်အားကစားနည်း ၊UFC ၊MMA စသဖြင့် ကစားနည်းမျိုးစုံအနေနဲ့ လူအများနှစ်ခြိုက်စွာ အားပေးနေကြပါတယ် ။
ဒါကြောင့် ဘောလုံးကို ခေါင်းတိုက်ခြင်းနဲ့ လက်ဝှေ့ထိုးရာတွင် ခေါင်းကို အထိုးခံရခြင်းဟာ ဘေးဖြစ်စေသလား ဆိုတာ သိဖို့ အရေးကြီးလာပါတယ်။ဒီနေရာမှာ ဇီဝက အနေနဲ့ နှစ်ပိုင်း ခွဲပြောပါ့မယ် ။တစ်ပိုင်းက လက်ဝှေ့ထိုးသမားတွေ ဦးခေါင်းကို လက်သီးနဲ့ ကြိမ်ဖန်များစွာ အထိုးခံရက သတိမေ့တတ်တဲ့ ရောဂါဖြစ်တဲ့ Dementia Pugilistica ဒီမန်းရှား ပူဂျီလစ်စတီကာ ဆိုတဲ့ရောဂါကို ခံစားရပါတယ် ။လက်သီးနဲ့ ကြိမ်ဖန်များစွာ အထိုးခံလို့ရတဲ့ ဝေဒနာ အစု Punch Drunk Syndrome ရယ်လို့လည်းခေါ်နိုင်တယ် ။ဆေးပညာအဆိုအရ တော့ နာတာရှည် ထိခိုက်ဒဏ်ရာဆိုင်ရာ ဦးနှောက်ပျက်စီးတဲ့ရောဂါ Chronic Traumatic Encephal- Pathy လို့လည်းခေါ်တယ် ။
ဒါဖြင့်ရင် ဘောလုံးအားကစားနည်းမှာ ရော အထက်ပါ ဝေဒနာများ ၊ ခေါင်းထိခိုက်မှုများ ရနိုင်သလားလို့ စိုးရိမ်မိကြမှာပါပဲ ။ဘာကြောင့်လဲဆိုတော့ လမ်းဘေး ၊လမ်းပေါ်၊ ဘောလုံးကွင်းထဲမှာပါ ကျားမ လူငယ်မရွေး အသက်အရွယ် မရွေး ဆော့ကစားကြတာကိုး ။လေ့လာမှုပေါင်းများစွာ အရတော့ ဘောလုံးကစားရင် ခေါင်းထိခိုက်မှုဖြစ်သလား ဆိုရင် ဖြစ်တာပေါ့ လို့အဖြေထွက်ပါတယ် ။ဒါပေမယ့် ခေါင်းထိခိုက်ဒဏ်ရာရမှု အများအပြားသည် အားကစားသမားချင်းထိခိုက်မှုကြောင့် ပဲ အဖြစ်များပါတယ် ။တစ်ခါတစ်လေတော့ ဂိုးတိုင်နဲ့ ဆောင့်မိတာမျိုးတွေပေါ့ ။ ဥပမာ ပြောရရင် နာမည်ကြီး ဂိုးသမား ဦးခေါင်းခွံ အက်တာမျိုးဖြစ်ခဲ့တာမျိုးတွေပေါ့ ။ နောက်တစ်ချက်က ဘောလုံးကို ခေါင်းတိုက်ကစားခြင်းက ဦးနှောက်ထိခိုက်ဒဏ်ရာ ရမှုတို့နဲ့ ဆက်စပ်မှု လုံးဝမရှိပါဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုရင် ဘောလုံးတစ်လုံးကို ခေါင်းတိုက်ခြင်းကြောင့် ဦးခေါင်းရဲ့ ရွေ့လျားတဲ့ အရှိန်ဟာ ဦးနှောက် ဦးခေါင်းဒဏ်ရာ ရလောက်အောင် အရှိန်မပြင်းထန်လို့ပါတဲ့ ။ဒါကြောင့် ဘောလုံးကို အရူးအမူးစွဲလန်းစွာ ဆော့ကစားသူတွေနဲ့ လက်ဝှေ့ကစားသမားတို့ ဆင်ခြင်နိုင်ဖို့ပါ ။
ခေတ်သစ် ဇီဝက
ေဘာလုံးကို ေခါင္းတုိက္ျခင္းနဲ႕ လက္ေ၀ွ႕ထိုးရာတြင္ ေခါင္းကို အထိုးခံရျခင္းဟာ ေဘးျဖစ္ေစသလား
၁၉၀၀ ျပည့္ႏွစ္ ၀န္းက်င္က စျပီး ေဘာလုံးအားကစားနည္းနဲ႕ လက္ေ၀ွ႕ထိုးအားကစားနည္းကို ကမၻာအႏွံ႕ ေလ့လာ လိုက္စားလာႀကပါတယ္ ။ ခုေခတ္ဆိုရင္ေတာ့ ဆိုဖြယ္ရာမရွိိ ။ပရီးမီးယားလိဂ္ ၊လာလီဂါ ၊ဘြန္ဒက္စ္လီဂါ ၊ စီးရီးေအ ၊ေဂ်လိဂ္ ၊ MNL စသျဖင့္ ေဘာလုံး လိဂ္ေပါင္းမ်ားစြာ လူေပါင္းမ်ားစြာ ပေရာဖက္ရွင္နယ္ေရာ အေပ်ာ္တမ္းပါ ေဘာလုံးကစားေနႀကပါျပီ ။ထို႕အတူ လက္ေ၀ွ႕အားကစားနည္းဟာလည္း ျမန္မာမွာဆိုရင္ ရိုးရာလက္ေ၀ွ႕ ၊ထိုင္းမွာဆိုရင္ ေမြထိုင္းလက္ေ၀ွ႕ ၊ကမၻာအႏွ႔ံမွာဆိုရင္ ေဘာက္ဆင္အားကစားနည္း ၊UFC ၊MMA စသျဖင့္ ကစားနည္းမ်ိဳးစုံအေနနဲ႕ လူအမ်ားႏွစ္ျခိဳက္စြာ အားေပးေနႀကပါတယ္ ။
ဒါေႀကာင့္ ေဘာလုံးကို ေခါင္းတုိက္ျခင္းနဲ႕ လက္ေ၀ွ႕ထိုးရာတြင္ ေခါင္းကို အထိုးခံရျခင္းဟာ ေဘးျဖစ္ေစသလား ဆိုတာ သိဖို႕ အေရးႀကီးလာပါတယ္။ဒီေနရာမွာ ဇီ၀က အေနနဲ႕ ႏွစ္ပိုင္း ခဲြေျပာပါ့မယ္ ။တစ္ပိုင္းက လက္ေ၀ွ႕ထိုးသမားေတြ ဦးေခါင္းကို လက္သီးနဲ႕ ႀကိမ္ဖန္မ်ားစြာ အထိုးခံရက သတိေမ့တတ္တဲ့ ေရာဂါျဖစ္တဲ့ Dementia Pugilistica ဒီမန္းရွား ပူဂ်ီလစ္စတီကာ ဆိုတဲ့ေရာဂါကို ခံစားရပါတယ္ ။လက္သီးနဲ႕ ႀကိမ္ဖန္မ်ားစြာ အထိုးခံလို႕ရတဲ့ ေ၀ဒနာ အစု Punch Drunk Syndrome ရယ္လို႕လည္းေခၚႏိုင္တယ္ ။ေဆးပညာအဆိုအရ ေတာ့ နာတာရွည္ ထိခို္က္ဒဏ္ရာဆိုင္ရာ ဦးေႏွာက္ပ်က္စီးတဲ့ေရာဂါ Chronic Traumatic Encephal- Pathy လို႕လည္းေခၚတယ္ ။
ဒါျဖင့္ရင္ ေဘာလုံးအားကစားနည္းမွာ ေရာ အထက္ပါ ေ၀ဒနာမ်ား ၊ ေခါင္းထိခိုက္မႈမ်ား ရႏိုင္သလားလို႕ စိုးရိမ္မိႀကမွာပါပဲ ။ဘာေႀကာင့္လဲဆိုေတာ့ လမ္းေဘး ၊လမ္းေပၚ၊ ေဘာလုံးကြင္းထဲမွာပါ က်ားမ လူငယ္မေရြး အသက္အရြယ္ မေရြး ေဆာ့ကစားႀကတာကိုး ။ေလ့လာမႈေပါင္းမ်ားစြာ အရေတာ့ ေဘာလုံးကစားရင္ ေခါင္းထိခိုက္မႈျဖစ္သလား ဆိုရင္ ျဖစ္တာေပါ့ လို႕အေျဖထြက္ပါတယ္ ။ဒါေပမယ့္ ေခါင္းထိခို္က္ဒဏ္ရာရမႈ အမ်ားအျပားသည္ အားကစားသမားခ်င္းထိခိုက္မႈေႀကာင့္ ပဲ အျဖစ္မ်ားပါတယ္ ။တစ္ခါတစ္ေလေတာ့ ဂိုးတိုင္နဲ႕ ေဆာင့္မိတာမ်ိဳးေတြေပါ့ ။ ဥပမာ ေျပာရရင္ နာမည္ႀကီး ဂိုးသမား ဦးေခါင္းခြံ အက္တာမ်ိဳးျဖစ္ခဲ့တာမ်ိဳးေတြေပါ့ ။ ေနာက္တစ္ခ်က္က ေဘာလုံးကို ေခါင္းတိုက္ကစားျခင္းက ဦးေႏွာက္ထိခိုက္ဒဏ္ရာ ရမႈတို႕နဲ႕ ဆက္စပ္မႈ လုံး၀မရွိပါဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္ ။ဘာေႀကာင့္လဲဆိုရင္ ေဘာလုံးတစ္လုံးကို ေခါင္းတိုက္ျခင္းေႀကာင့္ ဦးေခါင္းရဲ႕ ေရြ႕လ်ားတဲ့ အရွိန္ဟာ ဦးေႏွာက္ ဦးေခါင္းဒဏ္ရာ ရေလာက္ေအာင္ အရွိန္မျပင္းထန္လို႕ပါတဲ့ ။ဒါေႀကာင့္ ေဘာလုံးကို အရူးအမူးစဲြလန္းစြာ ေဆာ့ကစားသူေတြနဲ႕ လက္ေ၀ွ႕ကစားသမားတို႕ ဆင္ျခင္ႏိုင္ဖို႕ပါ ။
ေခတ္သစ္ ဇီ၀က