ဒေါက်ဖိနပ် အမြင့် အန္တရာယ်
ယခုခေတ်အခါမှာ မိန်းကလေး အများစုဟာ ဒေါက်ဖိနပ်ကို
နှစ်ခြိုက်စွာ စီးလာကြပါတယ်၊
ဒီလှပခြင်းရဲ့နောက်ကွယ်မှာ အန္တရာယ် ကပ်ပါနေတတ်ပါတယ်
၁) ဒေါက်မြင့်ဖိနပ်ဟာ ခြေထောက် ဟန်ချက်ညီခြင်း ပျက်စေတာကြောင့်
ခြေကျင်းဝတ်လိမ်ခြင်း၊ ပိုမိုဖြစ်စေပါတယ်
၂) ဒေါက်မြင့်ဖိနပ်အများစုဟာ ခြေချောင်းထိပ်လေးတွေကို စုပြီး ထားတာမို့
ခြေမနဲ့ ခြေသန်းမှာ အသားမာတက်နိုင်ပါတယ်
၃) ခြေထောက်တစ်ခုလုံးဟာ ဒူးခေါင်းကို အဓိက အားပြုနေရတာမို့ ဒူးကြီးပေါင်းတက်ခြင်း
ပိုမိုဖြစ်ပွားနိုင်ပါတယ်
၄) ကိုယ် အနေအထား ပုံမမှန်စေတာမို့ ခါးအောက်ပိုင်းနာကျင်ခြင်းဝေဒနာ ခံစားရစေနိုင်ပါတယ်
၅) ခြေသလုံးကြွက်သားကို ကျုံစေတာမို့ ဒေါက်မြင့်စီးပီး နောက်ရက်မှာ ခြေသလုံးကြွက်သား
နာကျင်စေပါတယ်
ဒါကြောင့် ဖိနပ်ရွေးချယ်မယ်ဆိုရင် ကိုယ်နှင့်ကိုက်ညီမယ့် အမြင့် ၊ နောက်ဆက်တွဲ အန္တရာယ်လေးတွေပါ
စဉ်းစာပြီး အလွန်အကျွံ မဖြစ်စေရန် သတိထားသင့်ပါကြောင်း ဖော်ပြလိုက်ပါတယ်