All Articlesမျိုးဆက်ပွားကျန်းမာရေး

Happy and Healthy Relationship Tips

1 Mins read

“ပျော်ရွှင်တဲ့ ချစ်ခြင်း ကျန်းမာတဲ့ အိမ်ထောင်ရေး “

ချစ်သူရည်းစားပဲ ဖြစ်ဖြစ် အိမ်ထောင်တစ်ခုကို တည်ဆောက်တာပဲ ဖြစ်ဖြစ် ပျော်ရွှင်ခိုင်မြဲတဲ့ ချည်နှောင်မှု ဖြစ်ဖို့ လိုအပ်ပါတယ်။ပျော်ရွှင်တဲ့ ကျန်းမာတဲ့ relationship တစ်ခုဖြစ်ဖို့အတွက် လိုအပ်တဲ့ အချက်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ sex တစ်ခုတည်းလား ? မဟုတ်ပါဘူး ။ ဒီပြင် နောက်ထပ် အကြောင်းအရာတွေ ရှိနေပါသေးတယ်။

၁။ ပွင့်လင်းစွာပြောဆိုပါ

ပွင့်လင်းစွာပြောဆိုဖို့ အရေးကြီးပါတယ် ။ အငြင်းပွားမှုကို မရှောင်ပါနဲ့။ မမြိုသိပ်ပါနဲ့။ ပွင့်လင်းစွာ ပြောဆိုဆက်ဆံခြင်း ဆွေးနွေးခြင်းက ခိုင်မြဲတဲ့ ချစ်ခင်ရင်းနှီးမှုကို ရရှိစေပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်ရေး ပိုင်ဆိုင်သူတွေက အငြင်းပွားမှုကို မရှောင်ကြသလို ဘယ်လို အငြင်းပွားရမယ်ဆိုတာလည်း ကောင်းကောင်းသိပါတယ်။ ဖုန်း တက်ဘလက် လက်တော့ပ်ကနေ အငြင်းပွားတာမျိုး မလုပ်ကြဘဲ သူတို့ဟာ မျက်နှာချင်းဆိုင်ပြီး အေးအေးဆေးဆေး ဆွေးနွေးကြတာပဲ ဖြစ်ပါတယ်။

၂။ အသေးအဖွဲလေးတွေကိုလည်း ဂရုစိုက်ပါ

“ကျေးဇူးတင်ပါတယ်” ” ကိုယ့်ကို ကျေးဇူးပြု၍ ” စသည်ဖြင့် ” Thank you so much , please “ဆိုတဲ့ စကားလေးတွေက သူစိမ်းတွေကိုပဲ ကုမ္ပဏီလုပ်ငန်းမှာပဲ သုံးရတာမဟုတ်ပါဘူး။ အသေးအဖွဲစကားလုံးလေးတွေကိုလည်း မမေ့လိုက်ပါနဲ့ ။”ကိုယ်နဲ့ နှစ်အတော်ကြာရှိပေးလို့ ကျေးဇူးတင်တယ်” ဆိုတာမျိုး တစ်ခုခု လိုအပ်တိုင်း ” ကျေးဇူးပြုပြီး ” လို့ ပြောတာမျိုးတွေကို အလုပ်မှာ ဧည့်သည်တစ်ယောက်ကို ပြောတာအပြင် သုံးလို့ရတယ်ဆိုတာလည်း သတိရလိုက်ပါ။ အခုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် လို့ သူ့ကို စပြောလိုက်ပါ။

၃။ လေ့ကျင့်ခန်းအတူလုပ်ပါ။

Gym club တွေ ယောဂသင်တန်းတွေ Zumba နဲ့ dance club တွေ မှာ အတူတူ လေ့ကျင့်ခန်းလုပ်ရင်း ကခုန်ရင်း ပျော်ရွှင်ဖို့ လည်း ဖန်တီးနိုင်ပါတယ်။ လေ့လာချက်တွေအရ အတူတူ လေ့ကျင့်ခန်းလုပ်တဲ့ စုံတွဲတွေဟာ ကျန်းမာရုံတင်မကဘူး ၊ သူတို့ရဲ့ ချစ်သူရွေးချယ်မှု လက်ထပ်မှုအတွက် ပိုပြီး ကျေနပ်ကြပါတယ်တဲ့။ စိတ်ပညာဆိုင်ရာလေ့လာချက်တွေအရ လေ့ကျင့်ခန်း အတူလုပ်တဲ့အခါ ဇီဝကမ္မဆိုင်ရာ နိုးထမှုတွေက ကိုယ်လက်နှီးနှောတဲ့ အခါမှာ နိုးကြွမှုတွေလို အကျိုးသက်ရောက်မှု ရှိပါတယ်တဲ့။ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ချစ်ခြင်းမှာ ပျော်ဝင်လိုက်ပါ။

၄။ ခရီးတွေ အတူသွားပါ။

အားလပ်ရက်တွေမှာ ခရီးတွေ အတူထွက်တာဟာလည်း ပျော်ရွှင်ကျန်းမာတဲ့ relationship ကို ရရှိစေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အားကိုးလာမယ်။ ပိုပြီး ယုံကြည်စိတ်ရှိလာမယ်။နှစ်ယောက်တည်း ဒါမှမဟုတ် ကိုယ်တွေအတွဲနဲ့ သူငယ်ချင်းတွေနဲ့စုပြီး မကြာခဏ ခရီးသွားပေးပါ။

၅။ ရယ်မောပါ

အတူတူရှိနေချိန်မှာ ပျော်ရွှင်စရာတွေပြောပြီး ရယ်မောဖို့လည်း မမေ့လိုက်ပါနဲ့။ရယ်မောခြင်းဟာ ခန္ဓာကိုယ်ကို ပြေလျော့စေပြီး ခုခံအားစနစ်ကို လည်း တိုးမြင့်စေပါတယ်။ အန်ဒေါ့ဖင်းလို့ခေါ်တဲ့ ကောင်းမွန်တဲ့ ဟော်မုန်းကို လည်း ထွက်စေပါတယ်။ဟန်ဆောင်ပြုံးရယ်ခြင်းကတောင် အကျိုးရှိပါတယ် လို့ ပြောတဲ့အတွက် ချစ်သူနဲ့ ပျော်ရွှင်ရယ်မောခြင်းကတော့ ပိုပြီး ကျန်းမာစေမှာ အမှန်ပါပဲ။

၆။ အတူတူ စားသောက်ပါ

အတူတူစားသောက်ရတဲ့ ညစာ နံနက်စာတွေက အိမ်ထောင်ရေး သို့မဟုတ် ချစ်ခြင်းတွေကို ခိုင်မြဲစေပါတယ်။ အတူတူရှိတဲ့ ညစာစားပွဲတွေက အာဟာရဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ပြည့်ဝစေမှာပါ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်ချက် ထမင်းဟင်းတွေရယ် အတူတူလက်ဆုံစားပြီး စကားစမြည်ပြောဖို့ ရယ်မောဖို့ရယ်ကို မပျက်ကွက်လိုက်ပါနဲ့။

၇။ ကိုယ်လက်နှီးနှောပါ။

နေ့တိုင်းလိုလို မိမိရဲ့ အိမ်ထောင်ဖက်နဲ့ ကိုယ်လက်နှီးနှောပေးတဲ့အခါ စိတ်ဖိစီးမှု လျော့ကျစေရုံတင်မကဘူး။ ကျန်းမာရေးကို ကောင်းမွန်စေကာ အိမ်ထောင်ရေးလည်း တည်မြဲတာကို စစ်တမ်း တချို့အရ တွေ့ရှိရပါတယ်။ ကိုယ်လက်နှီးနှောခြင်း (အတူတူနေခြင်း)ဟာ သွေးဖိအားကို လျော့ကျစေပြီး စိတ်ဖိစီးမှုတွေ လျော့ကျစေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

၈။ တာဝန်တွေ လဲလှယ်ပါ။

ဒီတစ်ပတ်လုံး သူက ကားမောင်းပို့တယ်။ နောက်တစ်ပတ် ကိုယ်က တလှည့် ကားမောင်းတာမျိုးပေါ့။ နောက်တစ်ပတ်မှာ ကိုယ့်ကို ဟင်းချက်ကျွေးဖို့ သူ့ကို ပူဆာလိုက်တာမျိုးပေါ့။

၉။ စိတ်ဆိုးပြီး မအိပ်စက်ပါနဲ့

အလုပ်ကပြန်လာလို့ အလုပ်တွေနဲ့ ပင်ပန်းနေတဲ့ ညနေခင်းတွေမှာ ငြင်းခုန်ရန်ဖြစ်တာမျိုး စိတ်ဆိုးတာမျိုးတွေ မလုပ်ပါနဲ့။ နှစ်ယောက်စလုံး ပင်ပန်းနေတဲ့ စိတ်တိုနေတဲ့ အချိန်မှာ ထိပ်တိုက်မတွေ့တာ ကောင်းပါတယ်။ “မနက်မှ ပြောရအောင် ” ဆိုပြီး ကြည်ကြည်လင်လင် နိုးထလာတဲ့ နံနက်ခင်းမှာ အဲဒီ အငြင်းပွားဖွယ်ကိစ္စတွေကို ဆွေးနွေးဖို့ ရွှေ့ဆိုင်းလိုက်ပါ။

၁၀။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို လက်ခံပေးပါ။

ကိုယ်ရော သူရော အိုမင်းလာကြမှာ မဟုတ်လား။ ဒါပေမယ့် ရင့်ကျက်မှုတွေ ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကတော့ တည်ရှိရမယ်မဟုတ်လား။ အတူတူ သွားနေတဲ့ ခရီးမှာ ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာလေးတွေကို ချစ်ခြင်းအားဖြင့် လက်ညှိုး မထိုးဘဲ နေထိုင်သင့်ပါတယ်။
ကလေးမွေးပေးရလို့ ဗိုက်ကြောတွေပြတ်နေရင်လည်း ဒါမှမဟုတ် ဝလာရင်လည်း အပြစ်မမြင်ရက်သင့်သလို အလုပ်ကြိုးစားရင်း ဘီယာဗိုက်လေးဖြစ်လာတာ နဖူးလေး အနည်းငယ်ပြောင်လာတာလည်း အရေးမကြီးဘူးလို့ တွေးပေးရမှာပါပဲ။ အသက်အရွယ်ကြီးလာလို့ အရေးအကြောင်းတွေပေါ်လာလည်း “ကိုယ်ဘယ်လိုနေလဲ” လို့ မေးရင် ” ကိုယ့်ယောက်ျားက ချောတာပေါ့ ” ” ကိုယ့်မိန်းမက လှဆဲပါကွာ ” လို့ ဘဝရဲ့ အရေးအကြောင်းတွေကို ချစ်မြတ်နိုးစွာပြောပြပေးနိုင်ရမှာပါ ။ “ကိုယ် မင်းကို ချစ်တယ် ” ” I love you ” ဆိုတဲ့ စကားလေးနဲ့ အဆုံးသတ်ပေးရင်းပေါ့။

ခွန်းညိုသွေး

Ref: lifehack.com
By Helen Earley

"ေပ်ာ္ရႊင္တဲ့ ခ်စ္ျခင္း က်န္းမာတဲ့ အိမ္ေထာင္ေရး "

ခ်စ္သူရည္းစားပဲ ျဖစ္ျဖစ္ အိမ္ေထာင္တစ္ခုကို တည္ေဆာက္တာပဲ ျဖစ္ျဖစ္ ေပ်ာ္ရႊင္ခိုင္ၿမဲတဲ့ ခ်ည္ေႏွာင္မႈ ျဖစ္ဖို႔ လိုအပ္ပါတယ္။ေပ်ာ္ရႊင္တဲ့ က်န္းမာတဲ့ relationship တစ္ခုျဖစ္ဖို႔အတြက္ လိုအပ္တဲ့ အခ်က္ေလးေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။ sex တစ္ခုတည္းလား ? မဟုတ္ပါဘူး ။ ဒီျပင္ ေနာက္ထပ္ အေၾကာင္းအရာေတြ ရွိေနပါေသးတယ္။

၁။ ပြင့္လင္းစြာေျပာဆိုပါ

ပြင့္လင္းစြာေျပာဆိုဖို႔ အေရးႀကီးပါတယ္ ။ အျငင္းပြားမႈကို မေရွာင္ပါနဲ႔။ မၿမိဳသိပ္ပါနဲ႔။ ပြင့္လင္းစြာ ေျပာဆိုဆက္ဆံျခင္း ေဆြးေႏြးျခင္းက ခိုင္ၿမဲတဲ့ ခ်စ္ခင္ရင္းႏွီးမႈကို ရရွိေစပါတယ္။ က်န္းမာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရး ပိုင္ဆိုင္သူေတြက အျငင္းပြားမႈကို မေရွာင္ၾကသလို ဘယ္လို အျငင္းပြားရမယ္ဆိုတာလည္း ေကာင္းေကာင္းသိပါတယ္။ ဖုန္း တက္ဘလက္ လက္ေတာ့ပ္ကေန အျငင္းပြားတာမ်ိဳး မလုပ္ၾကဘဲ သူတို႔ဟာ မ်က္ႏွာခ်င္းဆိုင္ၿပီး ေအးေအးေဆးေဆး ေဆြးေႏြးၾကတာပဲ ျဖစ္ပါတယ္။

၂။ အေသးအဖြဲေလးေတြကိုလည္း ဂ႐ုစိုက္ပါ

"ေက်းဇူးတင္ပါတယ္" " ကိုယ့္ကို ေက်းဇူးျပဳ၍ " စသည္ျဖင့္ " Thank you so much , please "ဆိုတဲ့ စကားေလးေတြက သူစိမ္းေတြကိုပဲ ကုမၸဏီလုပ္ငန္းမွာပဲ သံုးရတာမဟုတ္ပါဘူး။ အေသးအဖြဲစကားလံုးေလးေတြကိုလည္း မေမ့လိုက္ပါနဲ႔ ။"ကိုယ္နဲ႔ ႏွစ္အေတာ္ၾကာရွိေပးလို႔ ေက်းဇူးတင္တယ္" ဆိုတာမ်ိဳး တစ္ခုခု လိုအပ္တိုင္း " ေက်းဇူးျပဳၿပီး " လို႔ ေျပာတာမ်ိဳးေတြကို အလုပ္မွာ ဧည့္သည္တစ္ေယာက္ကို ေျပာတာအျပင္ သံုးလို႔ရတယ္ဆိုတာလည္း သတိရလိုက္ပါ။ အခုပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္ လို႔ သူ႔ကို စေျပာလိုက္ပါ။

၃။ ေလ့က်င့္ခန္းအတူလုပ္ပါ။

Gym club ေတြ ေယာဂသင္တန္းေတြ Zumba နဲ႔ dance club ေတြ မွာ အတူတူ ေလ့က်င့္ခန္းလုပ္ရင္း ကခုန္ရင္း ေပ်ာ္ရႊင္ဖို႔ လည္း ဖန္တီးႏိုင္ပါတယ္။ ေလ့လာခ်က္ေတြအရ အတူတူ ေလ့က်င့္ခန္းလုပ္တဲ့ စံုတြဲေတြဟာ က်န္းမာရံုတင္မကဘူး ၊ သူတို႔ရဲ႕ ခ်စ္သူေရြးခ်ယ္မႈ လက္ထပ္မႈအတြက္ ပိုၿပီး ေက်နပ္ၾကပါတယ္တဲ့။ စိတ္ပညာဆိုင္ရာေလ့လာခ်က္ေတြအရ ေလ့က်င့္ခန္း အတူလုပ္တဲ့အခါ ဇီဝကမၼဆိုင္ရာ ႏိုးထမႈေတြက ကိုယ္လက္ႏွီးေႏွာတဲ့ အခါမွာ ႏိုးႂကြမႈေတြလို အက်ိဳးသက္ေရာက္မႈ ရွိပါတယ္တဲ႕။ ေလ့က်င့္ခန္းလုပ္ရင္းနဲ႔ ခ်စ္ျခင္းမွာ ေပ်ာ္ဝင္လိုက္ပါ။

၄။ ခရီးေတြ အတူသြားပါ။

အားလပ္ရက္ေတြမွာ ခရီးေတြ အတူထြက္တာဟာလည္း ေပ်ာ္ရႊင္က်န္းမာတဲ့ relationship ကို ရရွိေစပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အားကိုးလာမယ္။ ပိုၿပီး ယံုၾကည္စိတ္ရွိလာမယ္။ႏွစ္ေယာက္တည္း ဒါမွမဟုတ္ ကိုယ္ေတြအတြဲနဲ႔ သူငယ္ခ်င္းေတြနဲ႔စုၿပီး မၾကာခဏ ခရီးသြားေပးပါ။

၅။ ရယ္ေမာပါ

အတူတူရွိေနခ်ိန္မွာ ေပ်ာ္ရႊင္စရာေတြေျပာၿပီး ရယ္ေမာဖို႔လည္း မေမ့လိုက္ပါနဲ႔။ရယ္ေမာျခင္းဟာ ခႏၶာကိုယ္ကို ေျပေလ်ာ့ေစၿပီး ခုခံအားစနစ္ကို လည္း တိုးျမင့္ေစပါတယ္။ အန္ေဒါ့ဖင္းလို႔ေခၚတဲ့ ေကာင္းမြန္တဲ့ ေဟာ္မုန္းကို လည္း ထြက္ေစပါတယ္။ဟန္ေဆာင္ျပံဳးရယ္ျခင္းကေတာင္ အက်ိဳးရွိပါတယ္ လို႔ ေျပာတဲ့အတြက္ ခ်စ္သူနဲ႔ ေပ်ာ္ရႊင္ရယ္ေမာျခင္းကေတာ့ ပိုၿပီး က်န္းမာေစမွာ အမွန္ပါပဲ။

၆။ အတူတူ စားေသာက္ပါ

အတူတူစားေသာက္ရတဲ့ ညစာ နံနက္စာေတြက အိမ္ေထာင္ေရး သို႔မဟုတ္ ခ်စ္ျခင္းေတြကို ခိုင္ၿမဲေစပါတယ္။ အတူတူရွိတဲ့ ညစာစားပြဲေတြက အာဟာရဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာေရာ ျပည့္ဝေစမွာပါ။က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အိမ္ခ်က္ ထမင္းဟင္းေတြရယ္ အတူတူလက္ဆံုစားၿပီး စကားစျမည္ေျပာဖို႔ ရယ္ေမာဖို႔ရယ္ကို မပ်က္ကြက္လိုက္ပါနဲ႔။

၇။ ကိုယ္လက္ႏွီးေႏွာပါ။

ေန႔တိုင္းလိုလို မိမိရဲ႕ အိမ္ေထာင္ဖက္နဲ႔ ကိုယ္လက္ႏွီးေႏွာေပးတဲ့အခါ စိတ္ဖိစီးမႈ ေလ်ာ့က်ေစရံုတင္မကဘူး။ က်န္းမာေရးကို ေကာင္းမြန္ေစကာ အိမ္ေထာင္ေရးလည္း တည္ၿမဲတာကို စစ္တမ္း တခ်ိဳ႕အရ ေတြ႕ရွိရပါတယ္။ ကိုယ္လက္ႏွီးေႏွာျခင္း (အတူတူေနျခင္း)ဟာ ေသြးဖိအားကို ေလ်ာ့က်ေစၿပီး စိတ္ဖိစီးမႈေတြ ေလ်ာ့က်ေစကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္။

၈။ တာဝန္ေတြ လဲလွယ္ပါ။

ဒီတစ္ပတ္လံုး သူက ကားေမာင္းပို႔တယ္။ ေနာက္တစ္ပတ္ ကိုယ္က တလွည့္ ကားေမာင္းတာမ်ိဳးေပါ့။ ေနာက္တစ္ပတ္မွာ ကိုယ့္ကို ဟင္းခ်က္ေကြ်းဖို႔ သူ႔ကို ပူဆာလိုက္တာမ်ိဳးေပါ့။

၉။ စိတ္ဆိုးၿပီး မအိပ္စက္ပါနဲ႔

အလုပ္ကျပန္လာလို႔ အလုပ္ေတြနဲ႔ ပင္ပန္းေနတဲ့ ညေနခင္းေတြမွာ ျငင္းခုန္ရန္ျဖစ္တာမ်ိဳး စိတ္ဆိုးတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ႏွစ္ေယာက္စလံုး ပင္ပန္းေနတဲ့ စိတ္တိုေနတဲ့ အခ်ိန္မွာ ထိပ္တိုက္မေတြ႕တာ ေကာင္းပါတယ္။ "မနက္မွ ေျပာရေအာင္ " ဆိုၿပီး ၾကည္ၾကည္လင္လင္ ႏိုးထလာတဲ့ နံနက္ခင္းမွာ အဲဒီ အျငင္းပြားဖြယ္ကိစၥေတြကို ေဆြးေႏြးဖို႔ ေရႊ႕ဆိုင္းလိုက္ပါ။

၁၀။ ႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြကို လက္ခံေပးပါ။

ကိုယ္ေရာ သူေရာ အိုမင္းလာၾကမွာ မဟုတ္လား။ ဒါေပမယ့္ ရင့္က်က္မႈေတြ ခိုင္ၿမဲတဲ့ အိမ္ေထာင္တစ္ခုကေတာ့ တည္ရွိရမယ္မဟုတ္လား။ အတူတူ သြားေနတဲ့ ခရီးမွာ ေပၚလာတဲ့ ႐ုပ္ပိုင္းဆိုင္ရာ အျပစ္အနာအဆာေလးေတြကို ခ်စ္ျခင္းအားျဖင့္ လက္ၫွိဳး မထိုးဘဲ ေနထိုင္သင့္ပါတယ္။
ကေလးေမြးေပးရလို႔ ဗိုက္ေၾကာေတြျပတ္ေနရင္လည္း ဒါမွမဟုတ္ ဝလာရင္လည္း အျပစ္မျမင္ရက္သင့္သလို အလုပ္ႀကိဳးစားရင္း ဘီယာဗိုက္ေလးျဖစ္လာတာ နဖူးေလး အနည္းငယ္ေျပာင္လာတာလည္း အေရးမႀကီးဘူးလို႔ ေတြးေပးရမွာပါပဲ။ အသက္အရြယ္ႀကီးလာလို႔ အေရးအေၾကာင္းေတြေပၚလာလည္း "ကိုယ္ဘယ္လိုေနလဲ" လို႔ ေမးရင္ " ကိုယ့္ေယာက္်ားက ေခ်ာတာေပါ့ " " ကိုယ့္မိန္းမက လွဆဲပါကြာ " လို႔ ဘဝရဲ႕ အေရးအေၾကာင္းေတြကို ခ်စ္ျမတ္ႏိုးစြာေျပာျပေပးႏိုင္ရမွာပါ ။ "ကိုယ္ မင္းကို ခ်စ္တယ္ " " I love you " ဆိုတဲ့ စကားေလးနဲ႔ အဆံုးသတ္ေပးရင္းေပါ့။

ခြန္းညိဳေသြး

Ref: lifehack.com
By Helen Earley

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *