ရယ်မောပါ။ တစ်ချက်ပြုံးရင် တစ်ရက်အသက်ရှည်ပါတယ်။
ကမ္ဘာပေါ်မှာ ပျော်ရွှင်နေတဲ့လူတွေချည်းရှိနေမယ်ဆိုရင် ဆရာဝန်တွေအခက်တွေ့ရပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ပျော်ရွှင်ခြင်းဟာ ကျန်းမာရေးကိုအံ့ဩစရာပြောင်းလဲစေတဲ့ မှော်စွမ်းအင်တစ်ခုဖြစ်လို့ပါ။
ကျွန်မတို့ပျော်ရွှင်ခြင်းအကြောင်း ဘယ်လောက်သိထားပါသလဲ?
ပျော်ရွှင်ခြင်းဟာ နှလုံးအတွက်ဆေးတစ်ခွက်ပါ။
ရယ်မောပျော်ရွှင်ခြင်းဟာ စိတ်လက်ပေါ့ပါးစေတာကြောင့် သွေးပေါင်ကျစေတယ်။ နှလုံးခုန်နှုန်းမြန်တာကို နှေးစေတယ်။ ဒီလိုနည်းတွေနဲ့နှလုံးကိုပံ့ပိုးပေးနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေပါတယ်။
မကြာခဏ အအေးမိဖျားနာတတ်သူတွေဟာ မပျော်ရွှင်စိတ်ညစ်တတ်တဲ့ လူတွေဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိချက်တွေရှိထားပါတယ်။ ပျော်ရွှင်တတ်တဲ့ လူအများစုဟာ အအေးမိဖျားနာခြင်းမှအစ ရောဂါကြီးကြီးမားမားမဖြစ်တတ်ကြောင်း အံ့ဩဖွယ်တွေ့ရပါတယ်။
စိတ်ဖိစီးမှုတွေအဝေးကို ပြေးစေပါတယ်။
စိတ်ထောင်းလို့ ကိုယ်ကြေဖြစ်ရခြင်းတွေရဲ့တရားခံဟာ စိတ်ဖိစီးမှုပါ။ ရယ်မောပျော်ရွှင်နေသူဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကို နည်းစေပါတယ်။ ရလဒ်အနေနဲ့ကတော့ တက်ကြွလန်းဆန်းပြီး နုပျိုနေစေပါတယ်။
ကိုက်ခဲနာကျင်မှုတွေကို ရယ်မောခြင်းက ကုစားနိုင်ပါတယ်။
ဒါဟာအပိုပြောတာမဟုတ်ပါဘူး။ စိတ်ညစ်ညူးနေတဲ့အချိန်မှာ ကိုက်ခဲနာကျင်ခြင်းကို ပိုခံစားရစေပါတယ်။ စိတ်ပျော်ရွှင်နေမယ်ဆိုရင်တော့ နာကျင်ခြင်းကို မေ့ထားစေပါတယ်။
အသက်ပိုရှည်စေပါတယ်။
ယုံတမ်းစကားမဟုတ်ပါဘူးနော်။ လေ့လာပြုစုချက်တွေ၊ စစ်တမ်း မူတွေအရ ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေဟာ ပုံမှန် စိတ်ညစ်ညူးနေ၊ စိတ်မပျော်ရွှင်သူတွေ ထက်အသက်ပိုရှည်ပါတယ်တဲ့။
ဒါဆို ဘဝအမောတွေကြားထဲက တစ်နေ့တစ်ကြိမ်လောက်တော့ ဟက်ဟက်ပတ်ပတ် ရယ်မောကြပါစို့လား။
မယ်တင်( ဆေး ၁)
ရယ္ေမာပါ။ တစ္ခ်က္ျပံဳးရင္ တစ္ရက္အသက္ရွည္ပါတယ္။
ကမၻာေပၚမွာ ေပ်ာ္ရႊင္ေနတဲ့လူေတြခ်ည္းရွိေနမယ္ဆိုရင္ ဆရာဝန္ေတြအခက္ေတြ႕ရပါလိမ့္မယ္။
ဘာလို႔လဲဆိုေတာ့ေပ်ာ္ရႊင္ျခင္းဟာ က်န္းမာေရးကိုအံ့ဩစရာေျပာင္းလဲေစတဲ့ ေမွာ္စြမ္းအင္တစ္ခုျဖစ္လို႔ပါ။
ကၽြန္မတို႔ေပ်ာ္ရႊင္ျခင္းအေၾကာင္း ဘယ္ေလာက္သိထားပါသလဲ?
ေပ်ာ္ရႊင္ျခင္းဟာ ႏွလံုးအတြက္ေဆးတစ္ခြက္ပါ။
ရယ္ေမာေပ်ာ္ရႊင္ျခင္းဟာ စိတ္လက္ေပါ့ပါးေစတာေၾကာင့္ ေသြးေပါင္က်ေစတယ္။ ႏွလံုးခုန္ႏႈန္းျမန္တာကို ေႏွးေစတယ္။ ဒိီလိုနည္းေတြနဲ႔ႏွလံုးကိုပံ့ပိုးေပးႏိုင္ပါတယ္။
ကိုယ္ခံအားေကာင္းေစပါတယ္။
မၾကာခဏ အေအးမိဖ်ားနာတတ္သူေတြဟာ မေပ်ာ္ရႊင္စိတ္ညစ္တတ္တဲ့ လူေတြျဖစ္တယ္ဆိုတာ ေလ့လာေတြ႕ရွိခ်က္ေတြရွိထားပါတယ္။ ေပ်ာ္ရႊင္တတ္တဲ့ လူအမ်ားစုဟာ အေအးမိဖ်ားနာျခင္းမွအစ ေရာဂါႀကီးႀကီးမားမားမျဖစ္တတ္ေၾကာင္း အံ့ဩဖြယ္ေတြ႕ရပါတယ္။
စိတ္ဖိစီးမႈေတြအေဝးကို ေျပးေစပါတယ္။
စိတ္ေထာင္းလို႔ ကိုယ္ေၾကျဖစ္ရျခင္းေတြရဲ႕တရားခံဟာ စိတ္ဖိစီးမႈပါ။ ရယ္ေမာေပ်ာ္ရႊင္ေနသူဟာ စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းကို နည္းေစပါတယ္။ ရလဒ္အေနနဲ႔ကေတာ့ တက္ႂကြလန္းဆန္းၿပီး ႏုပ်ိဳေနေစပါတယ္။
ကိုက္ခဲနာက်င္မႈေတြကို ရယ္ေမာျခင္းက ကုစားႏိုင္ပါတယ္။
ဒါဟာအပိုေျပာတာမဟုတ္ပါဘူး။ စိတ္ညစ္ညဴးေနတဲ့အခ်ိန္မွာ ကိုက္ခဲနာက်င္ျခင္းကို ပိုခံစားရေစပါတယ္။ စိတ္ေပ်ာ္ရႊင္ေနမယ္ဆိုရင္ေတာ့ နာက်င္ျခင္းကို ေမ့ထားေစပါတယ္။
အသက္ပိုရွည္ေစပါတယ္။
ယံုတမ္းစကားမဟုတ္ပါဘူးေနာ္။ ေလ့လာျပဳစုခ်က္ေတြ၊ စစ္တမ္း မူေတြအရ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္သူေတြဟာ ပံုမွန္ စိတ္ညစ္ညဴးေန၊ စိတ္မေပ်ာ္ရႊင္သူေတြ ထက္အသက္ပိုရွည္ပါတယ္တဲ့။
ဒါဆို ဘဝအေမာေတြၾကားထဲက တစ္ေန႔တစ္ႀကိမ္ေလာက္ေတာ့ ဟက္ဟက္ပတ္ပတ္ ရယ္ေမာၾကပါစို႔လား။
မယ္တင္( ေဆး ၁)