အရက်နာကျခြင်း
အပြောင်းလဲလာ သော ခေတ်ရေစီးကြောင်း အရ အရက်သေစာ သောက်စားသူများ ကမ္ဘာနှင့် အဝှမ်း တိုးတက်များပြားလာပေသည် ။ထို့ အတူ အရက်နှင့် ပတ်သက်သော ဝေဒနာ များလည်း တိုးပွားလျက်ရှိသည် ။ထို ဝေဒနာတွေထဲမှ အဖြစ်များဆုံး ဖြစ်သည့် အရက်နာကျခြင်း ကို ပြောပြပါမည် ။
အရက်နာကျခြင်း ဆိုသည်မှာ အသောက်လွန်၍ နောက်တစ်နေ့မနက်တွင် နေမထိ ထိုင်မသာ ဖြစ်သော ဝေဒနာပင် ဖြစ်ပါသည် ။ခြွင်းချက် အနေဖြင့် လူအချို့မှာမူ အယ်လ်ကိုဟော ပမာဏာ အနည်းငယ် သောက်သုံးမိရုံမျှဖြင့် အလားတူ ခံစားရတတ်ပါသည် ။ထိုသို့ ခံစားရခြင်းမှာ အရက် သို့မဟုတ် ယမကာတွင် ပါသော အယ်လ်ကိုဟောကြောင့် ကိုယ်တွင်းမှ ရေနှင့် ဆားဓာတ် တို့ ဆုံးရှုံးရခြင်းကြောင့်လည်းကောင်း ၊၎င်းတို့တွင် အနံ့၊အရသာအတွက် ထည့်လေ့ရှိသော ဖြည့် စွက်ပစ္စည်းများကြောင့်လည်းကောင်း ဖြစ်တတ်ပါသည် ။အထူးသဖြင့် အရောင်ရင့် ယမကာများဖြစ်ကြသည့် ဝိုင် ၊ဘရန်ဒီ စသည်တို့သောက်မိပါက ပိုဖြစ်တတ်သည် ။ထို့အပြင် အသည်းတွင် သိုမှီး ထားသော အချိုဓာတ်များ ၊တစ်သျှူးထဲရှိ အချိုဓာတ်များ ကုန်ခမ်းသွားပါသည် ။
ထို့ကြောင့် အရက်နာကျလျှင် နောက်နေ့မနက် အိပ်ရာထက ခေါင်းကိုက် ၊ခေါင်းမကြည် ၊ ကတုန်ကယင် ၊ရင်တုန်ပန်းတုန်ဖြစ် ၊နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော် ၊အာခေါင်ခြောက် ၊ရေငတ် ၊နုန်းချိ ၊ မရွှင်မလန်းနဲ့ မစားချင် မသောက်ချင် ၊ပျို့ အန် စသဖြင့် ဝေဒနာ ခံစားရတတ်ပါသည် ။
မည်သို့ ကာကွယ်မလဲ ဆိုလျှင် အရက် မသောက်မီ အစာ နည်းနည်းစားပါ ။အရက်ကို ဆက်တိုက်မသောက်ပါနဲ့ ။အစား တစ်ခုခု ကြားညှပ်စားပါ ။အရက်ကြောင့် နောက်နေ့ မနက်တွင် ကိုယ်တွင်းမှ ရေနှင့် ဓာတ်ဆားဓာတ် မဆုံးရှုံးစေရန် ရေချိန်လွန်လာသည့်အခါ ညအိပ်ရာ မဝင်မီ အချိုရည် ၊သစ်သီးဖျော်ရည်တစ်ခုခု သောက်ပေးသင့်ပါသည် ။အိပ်ရာဘေးတွင် ရေတစ်ဖန်ခွက် ထားထားပါ ။တစ်ရေးနိုး ရေငတ်က သောက်ပေးပါ ။သဘာ၀ သကြားဓာတ် ဖရပ်စ်တို့စ် ပါသော
သစ်သီးဖျော်ရည်များသောက်ခြင်း ၊စားခြင်းက ပို၍ အထောက်အကူ ဖြစ်စေပါသည် ။လက်ဖက်ရည် ၊ကော်ဖီ မသောက်သင့်ပါ ။အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရေနှင့် ဆားဓာတ်ကို ပိုမိုဆုံးရှုံးစေ ပြီး အစာအိမ်ကိုလည်း ထိခိုက်စေပါသည် ။
ဘယ်လို ကုသရမလဲ ဆိုလျှင် အရက်နာကျပါက မောနင်းပက်ဖြင့် မဖြေရ ။အရက်နာကျ ဝေဒနာကို ပိုဆိုးစေရုံမက အရက်ပါစွဲသွားတတ်သည် ။ခေါင်းကိုက်ပါက အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည် ။အစာအိမ်ဆေးကိုလည်း သောက်လို့ရသည် ။ဆုံးရှုံးသွားသော ရေနှင့် ဆားဓာတ် ကို ပြန်ဖြည့်ပါ ။သဘာ၀ သစ်သီးသစ်ဥများစားခြင်း ၊ဖျော်ရည်များသောက်သုံးခြင်းဖြင့် ပြန်လည်ဖြည့် တင်း နိုင်ပါသည် ။အိပ်ရေး ဝအောင် အိပ်ပါ ။သက်သာသည့်အထိ နားနားနေနေ နေပါ ။
အထက်ပါအတိုင်းလုပ်ကြည့်ပြီး နှစ်ပတ် ၊သုံးပတ် ကြာသည့်တိုင် ဆက်လက်ဝေဒနာ ခံစားနေရက ၊မည်မျှသောက်မိသည်ကိုပင် မခန့်မှန်းမိနိုင်လောက်အောင်ဖြစ်လာက ၊မနက်တိုင်း အရက်နှင့် မျက်နှာသစ်နေရက ဆရာဝန်နှင့် ပြသဖို့လိုပေသည် ။
ခေတ်သစ်ဇီဝက
အရက္နာက်ျခင္း
အေျပာင္းလဲလာ ေသာ ေခတ္ေရစီးေႀကာင္း အရ အရက္ေသစာ ေသာက္စားသူမ်ား ကမၻာႏွင့္ အ၀ွမ္း တိုးတက္မ်ားျပားလာေပသည္ ။ထို႕ အတူ အရက္ႏွင့္ ပတ္သက္ေသာ ေ၀ဒနာ မ်ားလည္း တိုးပြားလ်က္ရွိသည္ ။ထို ေ၀ဒနာေတြထဲမွ အျဖစ္မ်ားဆုံး ျဖစ္သည္႕ အရက္နာက်ျခင္း ကို ေျပာျပပါမည္ ။
အရက္နာက်ျခင္း ဆိုသည္မွာ အေသာက္လြန္၍ ေနာက္တစ္ေန႕မနက္တြင္ ေနမထိ ထိုင္မသာ ျဖစ္ေသာ ေ၀ဒနာပင္ ျဖစ္ပါသည္ ။ျခြင္းခ်က္ အေနျဖင့္ လူအခိ်ဳ႕မွာမူ အယ္လ္ကိုေဟာ ပမာဏာ အနည္းငယ္ ေသာက္သုံးမိရုံမွ်ျဖင့္ အလားတူ ခံစားရတတ္ပါသည္ ။ထိုသို႕ ခံစားရျခင္းမွာ အရက္ သို႕မဟုတ္ ယမကာတြင္ ပါေသာ အယ္လ္ကိုေဟာေႀကာင့္ ကိုယ္တြင္းမွ ေရႏွင့္ ဆားဓာတ္ တို႕ ဆုံးရွဳံးရျခင္းေႀကာင့္လည္းေကာင္း ၊၎တို႕တြင္ အနံ႕၊အရသာအတြက္ ထည့္ေလ့ရွိေသာ ျဖည့္ စြက္ပစၥည္းမ်ားေႀကာင့္လည္းေကာင္း ျဖစ္တတ္ပါသည္ ။အထူးသျဖင့္ အေရာင္ရင့္ ယမကာမ်ားျဖစ္ႀကသည့္ ၀ိုင္ ၊ဘရန္ဒီ စသည္တုိ႕ေသာက္မိပါက ပိုျဖစ္တတ္သည္ ။ထို႕အျပင္ အသည္းတြင္ သိုမွီး ထားေသာ အခ်ိဳဓာတ္္မ်ား ၊တစ္သွ်ဴးထဲရွိ အခ်ိဳဓာတ္မ်ား ကုန္ခမ္းသြားပါသည္ ။
ထို႕ေႀကာင့္ အရက္နာက်လွွ်င္ ေနာက္ေန႕မနက္ အိပ္ရာထက ေခါင္းကိုက္ ၊ေခါင္းမႀကည္ ၊ ကတုန္ကယင္ ၊ရင္တုန္ပန္းတုန္ျဖစ္ ၊ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္မေပ်ာ္ ၊အာေခါင္ေျခာက္ ၊ေရငတ္ ၊ႏုန္းခ်ိ ၊ မရႊင္မလန္းနဲ႕ မစားခ်င္ မေသာက္ခ်င္ ၊ပ်ိဳ႕ အန္ စသျဖင့္ ေ၀ဒနာ ခံစားရတတ္ပါသည္ ။
မည္သို႕ ကာကြယ္မလဲ ဆိုလွွ်င္ အရက္ မေသာက္မီ အစာ နည္းနည္းစားပါ ။အရက္ကို ဆက္တုိက္မေသာက္ပါနဲ႕ ။အစား တစ္ခုခု ႀကားညွပ္စားပါ ။အရက္ေႀကာင့္ ေနာက္ေန႕ မနက္တြင္ ကိုယ္တြင္းမွ ေရႏွင့္ ဓာတ္ဆားဓာတ္ မဆုံးရွဳံးေစရန္ ေရခ်ိန္လြန္လာသည့္အခါ ညအိိပ္ရာ မ၀င္မီ အခိ်ဳရည္ ၊သစ္သီးေဖ်ာ္ရည္တစ္ခုခု ေသာက္ေပးသင့္ပါသည္ ။အိပ္ရာေဘးတြင္ ေရတစ္ဖန္ခြက္ ထားထားပါ ။တစ္ေရးႏိုး ေရငတ္က ေသာက္ေပးပါ ။သဘာ၀ သႀကားဓာတ္ ဖရပ္စ္တို႕စ္ ပါေသာ
သစ္သီးေဖ်ာ္ရည္မ်ားေသာက္ျခင္း ၊စားျခင္းက ပို၍ အေထာက္အကူ ျဖစ္ေစပါသည္ ။လက္ဖက္ရည္ ၊ေကာ္ဖီ မေသာက္သင့္ပါ ။အဘယ့္ေႀကာင့္ဆိုေသာ္ ၎တို႕သည္ ေရႏွင့္ ဆားဓာတ္ကို ပိုမိုဆုံးရွံဳးေစ ျပီး အစာအိမ္ကိုလည္း ထိခို္က္ေစပါသည္ ။
ဘယ္လို ကုသရမလဲ ဆိုလွ်င္ အရက္နာက်ပါက ေမာနင္းပက္ျဖင့္ မေျဖရ ။အရက္နာက် ေ၀ဒနာကို ပိုဆိုးေစရုံမက အရက္ပါစဲြသြားတတ္သည္ ။ေခါင္းကိုက္ပါက အကိုက္အခဲေပ်ာက္ေဆးမ်ား ေသာက္ႏို္င္သည္ ။အစာအိမ္ေဆးကိုလည္း ေသာက္လုိ႕ရသည္ ။ဆုံးရွံဳးသြားေသာ ေရႏွင့္ ဆားဓာတ္ ကို ျပန္ျဖည့္ပါ ။သဘာ၀ သစ္သီးသစ္ဥမ်ားစားျခင္း ၊ေဖ်ာ္ရည္မ်ားေသာက္သုံးျခင္းျဖင့္ ျပန္လည္ျဖည့္ တင္း ႏိုင္ပါသည္ ။အိပ္ေရး ၀ေအာင္ အိပ္ပါ ။သက္သာသည္႕အထိ နားနားေနေန ေနပါ ။
အထက္ပါအတိုင္းလုပ္ႀကည့္ျပီး ႏွစ္ပတ္ ၊သုံးပတ္ ႀကာသည့္တိုင္ ဆက္လက္ေ၀ဒနာ ခံစားေနရက ၊မည္မွ်ေသာက္မိသည္ကိုပင္ မခန္႕မွန္းမိႏို္င္ေလာက္ေအာင္ျဖစ္လာက ၊မနက္တိုင္း အရက္ႏွင့္ မ်က္ႏွာသစ္ေနရက ဆရာ၀န္ႏွင့္ ျပသဖို႕လိုေပသည္ ။
ေခတ္သစ္ဇီ၀က