ကလေးတွေမှာ တွေ့ရတတ်တဲ့ လျှာနာ ခွာနာ
“ဟာ.. ကျော်ကြီး..သူငယ်ချင်း. မတွေ့တာတောင် အတော်ကြာပေါ့လား..”
” State ကျောင်းတုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းကို shopping centre တစ်ခုမှာ တွေ့လို့ လှမ်းခေါ်လိုက်ခြင်းရယ်ပါ “….
“ဟုတ်ပကွာ… သူ့အမေကလည်း ကလေးတစ်ဖက်နဲ့ မအား ငါကလဲ အလုပ်နဲ့ဆိုတော့ ခုတလော အပြင်မထွက်ဖြစ်ဖူး… ကလေးကလဲ မူကြိုအရွယ်ရောက်နေပြီတော့ .. မျောက်ရှုံးဟေ့…”
“တလောကလည်း နေမကောင်းပဲ တစ်ဂျီဂျီနဲ့ ဖျားလိုက်.. လည်ချောင်းနာပြီး အစာမစားနဲ့ .. လက်ဖဝါးခြေဖဝါးတွေမှာ အနီစက်လေးတွေပေါ်လို့ ဆေးခန်းပြရလိုက်ရသေးတယ်… တနေ့ကမှ နေပြန်ကောင်း ကစားကွင်းပို့ပေးပါ ဂျီကျလို့ ထွက်လာတာပဲ…”
“ဟေ… ဟုတ်လား.. ဒီလို မူကြိုအရွယ် ကလေးငယ်ငယ်တေ်မှာ ဒါမျိုးကတော့ ဖြစ်တတ်ပါတယ်… မင်းပြောပုံအရဆိုရင်တော့.. ” လျှာနာ ခွာနာ”ဆိုတာမျိုး ဖြစ်လိမ့်မယ်.. ဟို တိရိစ္ဆာန် တွေဖြစ်တဲ့ လျှာနာ ခွာနာမျိုးတော့ မဟုတ်ဖူးပေါ့ကွာ…”
“သူက ကလေးတွေမှာအဖြစ်များတယ်.. အသက် ဆယ်နှစ်အောက်ကလေးတွေမှာ ဖြစ်တယ်..များသောအားဖြင့် ငါးနှစ်အောက်ဆို ပိုဖြစ်တာပေါ့..လူကြီးတွေမှာတော့ ဒီပိုးဝင်ခဲ့ရင်တောင် ကိုယ်ခံအားကောင်းတော့ တော်ရုံ ရောဂါလက္ခဏာမပြပဲ ပြန်ပျောက်သွားတတ်တယ်”
” မင်းပြောတဲ့ လက္ခဏာလေးတွေကို နားထောင်ကြည့်ခြင်းအားဖြင့် အဲ့ဒါ ဖြစ်နိုင်ပါတယ်”
“အေးကွာ.. ဟုတ်မှာပါ.. ဒါနဲ့ အချိန်ရရင် မုန့်လေးစားသွားပါဦးဟ”
မတွေ့တာကြာတာနဲ့ သူငယ်ချင်းမိသားစုနဲ့ ဆိုင်လိုက်ထိုင်ရင်းး….
“ဒါနဲ့ သူငယ်ချင်း ခုနက စကားဆက်ပါဦး.. အဲ့လို ရောဂါတွေက ဘယ်လိုတွေကြောင့် ဖြစ်တာလဲ..”
“အော်.. အေး .. အဓိကကတော့ တစ်ကိုယ်ရေ သန်ရှင်းမှုပေါ့ကွာ…လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးတတ်တယ်… coxsackie လို့ ခေါ်တဲ့virus ကြောင့် အဖြစ်များတာပေါ့..
ပြောခဲ့သလို ကလေးတွေမှာ
– ဖျားခြင်း
– လည်ချောင်း နာခြင်း
– ဂျီကျခြင်း
– ခြေလက်ဖဝါးတွေမှာ အနီစက်လေးတွေ ပေါ်ခြင်း..တခါတရံ တင်ပါးပေါ်တွေမှာကော ပေါ်တတ်တယ်
– လျှာပေါ် သွားဖုံးပေါ်တွေမှာ အဖုလေးတွေပေါက်မယ် ၊နာမယ်
– ကလေးက အစားမစားခြင်း
– ကလေးငယ်လေးတွေမှာဆို ယားယံခြင်းတွေ ဖြစ်တတ်တယ်
ကူးတတ်တဲ့ ပုံစံကတော့
– နှာရည်တို့.. သွားရည်တို့နဲ့
– အရည်ကြည်ဖူးက ထွက်တဲ့ အရည်တွေနဲ့ ထိတွေ့မိတာ
– ရောဂါခံစားနေရသူက နှာချေချောင်းဆိုးတဲ့အခါ ဘေးဘက်၊ လေထဲ ပျံ့သွားတာ
– ကလေးဝမ်းကနေ ကူးတာမျိုး စသဖြင့်ပေါ့…
“ဒါဆို သူငယ်ချင်း သူ့ကို ကာကွယ်ဖို့ကျတော့ကော”…
“ပြောရရင်တော့ တကိုယ်ရည် သန့်ရှင်းရေးပဲလေ”
– ခြေလက်တွေကို သေချာ သန့်ရှင်းစွာဆေးကြောပေးရမယ်၊ သင်ပေးရမယ်
– ကလေးငယ်လေးတွေကို diaper လဲပေးပြီးတဲ့ အခါမျိုးမှာ လက်ကို သေချာဆေးပြီးမှ ကလေးကို ကိုင်ရမယ်.. အပြင်သွားတဲ့ အခါမှာ ရေအလွယ်တကူမရရင် hand wipes or gelလေး ဆောင်ထားပေါ့
– နို့စို့ကလေးတွေရှိရင် သူတို့ နို့ဘူးလေးတွေကို သေချာ သန့်ရှင်းပေးတာမျိုး၊ သွားပေါက်တဲ့ အရွယ်မှာ ညစ်ပတ်တာတွေ မကိုက်တတ်အောင် ကြည့်နေရတာမျိုး
– အိမ်တွင်း ညစ်ပတ်တဲ့နေရာတွေ၊ ရောဂါပိုး ကူးနိုင်တဲ့နေရာတွေကို သန့်ရှင်းရမယ်၊ ကလေးတွေကို အဲ့လိုနေရာမှာ မဆော့ကစားစေနဲ့ပေါ့… ကလေးတွေ အရုပ်တွေနဲ့ ဆော့တတ်ရင်လည်း ညစ်ပတ်ပေပွနေတာမျိုးဆို ပြန်သန့်ရှင်းပေးရမယ်..
– ပြောခဲ့သလိူပဲ ဆော့ကစားပြီးတဲ့ အခါမှာလည်း သူတို့ကိုယ်တိုင် လက်ကို စင်ကြယ်စွာေးဆတတ်အောင် သင်ပေးရမယ်
– ဒီလိုပုံစံရောဂါမျိုးနဲ့ ဘေးလူ ဖျားနာတာဖြစ်ဖြစ်၊ မိသားစုထဲဖျားတာဖြစ်ဖြစ် ကလေးကို အတတ်နိုင်ဆုံး မထိတွေ့စေနဲ… မတော်လို့ ကိုယ့်ကလေး သာမန်ဖျားနာတာမျိုး ဖြစ်နေခဲ့ရင် ကျောင်းမလွှတ်ပဲ အိမ်မှာ နားခိုင်းရမယ်.. ကိုယ်ခံအား ကျနေချိန်မှာ တခြားရောဂါပိုးတွေက အလွယ်တကူ ဝင်ရောက်နိုင်စွမ်းရှိတယ်…
“ဒါမျိုးလေးတွေနဲ့ ကာကွယ်ရမယ်ပေါ့ကွာ…”
” ဒါနဲ့ကော ဒီလိုရောဂါမျိုးဖြစ်ရင် ကလေး အသက်အန္တရာယ်တို့ ထိခိုက်နိုင်လား”
“များသောအားဖြင့် ဒီလိုဖျားနာတာမျိုးက ရက်အနည်းငယ်ဆို ပြန်ပျောက်ပါတယ်.. ရှားရှားပါးပါးမှသာ ကလေးရဲ့ ဦးဏှောက်အမြှေးပါးယောင်တာမျိုး ဖြစ်တတ်ပါတယ်”
“ပုံမှန် ဂရုစိုက်ရင် စိုးရိမ်စရာမရှိပါဘူး”
“ကျေးဇူးပါကွာ ဒီလို ရှင်းပြလို့”
“စကားတွေလည်း ကောင်းနေတာ .. ငါလည်း သွားစရာလေး ရှိလို့ ခွင့်ပြုဦး”
“အေး .. အေး.. ငါလည်း ဒီမျောက်လောင်းလေးကို ကစားကွင်းလိုက်ပို့လိုက်ဦးမယ်”..
တစ်ကိုယ်ရည် သန့်ရှင်းမှု အထူးဂရုပြုပြီး ကျန်းမာ ရွှင်လန်းသော သားသားမီးမီးများ ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်…
ပိုင်နီမောင်
#mayoclinicကေလးေတြမွာ ေတြ႔ရတတ္တဲ့ လ်ွာနာ ခြာနာ
“ဟာ.. ေက်ာ္ႀကီး..သူငယ္ခ်င္း. မေတြ႔တာေတာင္ အေတာ္ၾကာေပါ့လား..”
” State ေက်ာင္းတုန္းက ခင္ခဲ့တဲ့ သူငယ္ခ်င္းကို shopping centre တစ္ခုမွာ ေတြ႕လို႔ လွမ္းေခၚလိုက္ျခင္းရယ္ပါ “….
“ဟုတ္ပကြာ… သူ႔အေမကလည္း ကေလးတစ္ဖက္နဲ႔ မအား ငါကလဲ အလုပ္နဲ႔ဆိုေတာ့ ခုတေလာ အျပင္မထြက္ျဖစ္ဖူး… ကေလးကလဲ မူႀကိဳအရြယ္ေရာက္ေနၿပီေတာ့ .. ေမ်ာက္ရံႈးေဟ့…”
“တေလာကလည္း ေနမေကာင္းပဲ တစ္ဂ်ီဂ်ီနဲ႔ ဖ်ားလိုက္.. လည္ေခ်ာင္းနာၿပီး အစာမစားနဲ႔ .. လက္ဖဝါးေျခဖဝါးေတြမွာ အနီစက္ေလးေတြေပၚလို႔ ေဆးခန္းျပရလိုက္ရေသးတယ္… တေန႔ကမွ ေနျပန္ေကာင္း ကစားကြင္းပို႔ေပးပါ ဂ်ီက်လို႔ ထြက္လာတာပဲ…”
“ေဟ… ဟုတ္လား.. ဒီလို မူႀကိဳအရြယ္ ကေလးငယ္ငယ္ေတ္္မွာ ဒါမ်ိဳးကေတာ့ ျဖစ္တတ္ပါတယ္… မင္းေျပာပံုအရဆိုရင္ေတာ့.. ” လွ်ာနာ ခြာနာ”ဆိုတာမ်ိဳး ျဖစ္လိမ့္မယ္.. ဟို တိရိစာၦန္ ေတြျဖစ္တဲ့ လွ်ာနာ ခြာနာမ်ိဳးေတာ့ မဟုတ္ဖူးေပါ့ကြာ…”
“သူက ကေလးေတြမွာအျဖစ္မ်ားတယ္.. အသက္ ဆယ္ႏွစ္ေအာက္ကေလးေတြမွာ ျဖစ္တယ္..မ်ားေသာအားျဖင့္ ငါးႏွစ္ေအာက္ဆို ပိုျဖစ္တာေပါ့..လူႀကီးေတြမွာေတာ့ ဒီပိုးဝင္ခဲ့ရင္ေတာင္ ကုိယ္ခံအားေကာင္းေတာ့ ေတာ္ရံု ေရာဂါလကၡဏာမျပပဲ ျပန္ေပ်ာက္သြားတတ္တယ္”
” မင္းေျပာတဲ့ လကၡဏာေလးေတြကို နားေထာင္ၾကည့္ျခင္းအားျဖင့္ အဲ့ဒါ ျဖစ္ႏိုင္ပါတယ္”
“ေအးကြာ.. ဟုတ္မွာပါ.. ဒါနဲ႔ အခ်ိန္ရရင္ မုန္႔ေလးစားသြားပါဦးဟ”
မေတြ႔တာၾကာတာနဲ႔ သူငယ္ခ်င္းမိသားစုနဲ႔ ဆိုင္လိုက္ထိုင္ရင္းး….
“ဒါနဲ႔ သူငယ္ခ်င္း ခုနက စကားဆက္ပါဦး.. အဲ့လို ေရာဂါေတြက ဘယ္လိုေတြေၾကာင့္ ျဖစ္တာလဲ..”
“ေအာ္.. ေအး .. အဓိကကေတာ့ တစ္ကုိယ္ေရ သန္႐ွင္းမႈေပါ့ကြာ…လူတစ္ေယာက္ကေန တစ္ေယာက္ကို ကူးတတ္တယ္… coxsackie လို႔ ေခၚတဲ့virus ေၾကာင့္ အျဖစ္မ်ားတာေပါ့..
ေျပာခဲ့သလို ကေလးေတြမွာ
– ဖ်ားျခင္း
– လည္ေခ်ာင္း နာျခင္း
– ဂ်ီက်ျခင္း
- ေျခလက္ဖဝါးေတြမွာ အနီစက္ေလးေတြ ေပၚျခင္း..တခါတရံ တင္ပါးေပၚေတြမွာေကာ ေပၚတတ္တယ္
– လွ်ာေပၚ သြားဖံုးေပၚေတြမွာ အဖုေလးေတြေပါက္မယ္ ၊နာမယ္
– ကေလးက အစားမစားျခင္း
– ကေလးငယ္ေလးေတြမွာဆို ယားယံျခင္းေတြ ျဖစ္တတ္တယ္
ကူးတတ္တဲ့ ပံုစံကေတာ့
– ႏွာရည္တုိ႔.. သြားရည္တို႔နဲ႔
– အရည္ၾကည္ဖူးက ထြက္တဲ့ အရည္ေတြနဲ႔ ထိေတြ ့မိတာ
– ေရာဂါခံစားေနရသူက ႏွာေခ်ေခ်ာင္းဆိုးတဲ့အခါ ေဘးဘက္၊ ေလထဲ ပ်ံ့သြားတာ
– ကေလးဝမ္းကေန ကူးတာမ်ိဳး စသျဖင့္ေပါ့…
“ဒါဆို သူငယ္ခ်င္း သူ႔ကို ကာကြယ္ဖို႔က်ေတာ့ေကာ”…
“ေျပာရရင္ေတာ့ တကုိယ္ရည္ သန္႔႐ွင္းေရးပဲေလ”
– ေျခလက္ေတြကို ေသခ်ာ သန္႔႐ွင္းစြာေဆးေၾကာေပးရမယ္၊ သင္ေပးရမယ္
– ကေလးငယ္ေလးေတြကို diaper လဲေပးၿပီးတဲ့ အခါမ်ိဳးမွာ လက္ကို ေသခ်ာေဆးၿပီးမွ ကေလးကို ကိုင္ရမယ္.. အျပင္သြားတဲ့ အခါမွာ ေရအလြယ္တကူမရရင္ hand wipes or gelေလး ေဆာင္ထားေပါ့
– ႏို႔စုိ႔ကေလးေတြ႐ွိရင္ သူတို႔ ႏို႔ဘူးေလးေတြကို ေသခ်ာ သန္္ ့႐ွင္းေပးတာမ်ိဳး၊ သြားေပါက္တဲ့ အရြယ္မွာ ညစ္ပတ္တာေတြ မကိုက္တတ္ေအာင္ ၾကည့္ေနရတာမ်ိဳး
– အိမ္တြင္း ညစ္ပတ္တဲ့ေနရာေတြ၊ ေရာဂါပိုး ကူးႏိုင္တဲ့ေနရာေတြကို သန္႔႐ွင္းရမယ္၊ ကေလးေတြကို အဲ့လိုေနရာမွာ မေဆာ့ကစားေစနဲ႔ေပါ့… ကေလးေတြ အ႐ုပ္ေတြနဲ႔ ေဆာ့တတ္ရင္လည္း ညစ္ပတ္ေပပြေနတာမ်ိဳးဆို ျပန္သန္႔႐ွင္းေပးရမယ္..
– ေျပာခဲ့သလိူပဲ ေဆာ့ကစားၿပီးတဲ့ အခါမွာလည္း သူတို႔ကုိယ္တိုင္ လက္ကို စင္ၾကယ္စြာေးဆတတ္ေအာင္ သင္ေပးရမယ္
– ဒီလိုပံုစံေရာဂါမ်ိဳးနဲ႔ ေဘးလူ ဖ်ားနာတာျဖစ္ျဖစ္၊ မိသားစုထဲဖ်ားတာျဖစ္ျဖစ္ ကေလးကို အတတ္ႏိုင္ဆံုး မထိေတြ႔ေစနဲ… မေတာ္လို႔ ကုိယ့္ကေလး သာမန္ဖ်ားနာတာမ်ိဳး ျဖစ္ေနခဲ့ရင္ ေက်ာင္းမလႊတ္ပဲ အိမ္မွာ နားခိုင္းရမယ္.. ကိုယ္ခံအား က်ေနခ်ိန္မွာ တျခားေရာဂါပိုးေတြက အလြယ္တကူ ဝင္ေရာက္ႏိုင္စြမ္း႐ွိတယ္…
“ဒါမ်ိဳးေလးေတြနဲ႔ ကာကြယ္ရမယ္ေပါ့ကြာ…”
” ဒါနဲ႔ေကာ ဒီလိုေရာဂါမ်ိဳးျဖစ္ရင္ ကေလး အသက္အႏၱရာယ္တို႔ ထိခို္က္ႏိုင္လား”
“မ်ားေသာအားျဖင့္ ဒီလိုဖ်ားနာတာမ်ိဳးက ရက္အနည္းငယ္ဆို ျပန္ေပ်ာက္ပါတယ္.. ႐ွား႐ွားပါးပါးမွသာ ကေလးရဲ႕ ဦးေဏွာက္အေျမႇးပါးေယာင္တာမ်ိဳး ျဖစ္တတ္ပါတယ္”
“ပံုမွန္ ဂ႐ုစိုက္ရင္ စိုးရိမ္စရာမ႐ွိပါဘူး”
”ေက်းဇူးပါကြာ ဒီလို ႐ွင္းျပလို႔”
“စကားေတြလည္း ေကာင္းေနတာ .. ငါလည္း သြားစရာေလး ႐ွိလို႔ ခြင့္ျပဳဦး”
“ေအး .. ေအး.. ငါလည္း ဒီေမ်ာက္ေလာင္းေလးကို ကစားကြင္းလိုက္ပို႔လိုက္ဦးမယ္”..
တစ္ကိုယ္ရည္ သန္႔႐ွင္းမႈ အထူးဂ႐ုျပဳၿပီး က်န္းမာ ရႊင္လန္းေသာ သားသားမီးမီးမ်ား ပိုင္ဆိုင္ၾကပါေစလို႔ ေတာင္းဆုေမတၱာျပဳလ်က္…
ပိုင္နီေမာင္