Hallucination

စိတ်မှ ဖန်တီးသော ခြောက်ခြားစရာ ပုံရိပ်များ ( Hallucination)
ဒီလိုစိတ်ကျန်းမာရေး အခြေအနေမျိုးကို အရင်က တော်ရုံပြောပြဖို့ အစီအစဉ် မရှိပေမယ့် အခုနောက်ပိုင်း နိုင်ငံရေးအခြေအနေအရရော စီးပွားရေး အခြေအနေအရပါ ချို့ယွင်းလာတဲ့ အခြေအနေတွေ အရ လူတွေအများစုဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အတော်လေး များလာကြပါတယ်။ ဒါကြောင့် တစ်ခါတရံ လူနာတွေထဲမှာ ထင်ယောင်ထင်မှား ပုံရိပ်တွေနဲ့ ဘဝကို ခြောက်ခြားစွာ ဖြတ်သန်းနေရတဲ့ သူတွေ တွေ့ရများလာတာကြောင့် Hallucination ဆိုတဲ့ အကြောင်းအရာလေးကို မျှဝေပေးလိုက်ရပါတယ်။

Hallucinatioins
Hallucinatioins ဆိုတာကတော့ စိတ်ကနေပြီး ဖန်တီးလိုက်တဲ့ ထင်ယောင်ထင်မှားပုံရိပ်တွေဖြစ်ပြီး ဒီအရာတွေဟာ ကျွန်တော်တို့ရဲ့ အာရုံငါးပါးကို အကျိုးသက်ရောက်မှုရှိပါတယ်။ ဥပမာ မြင်သာအောင်ပြောရရင် ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ ထိုင်နေရင်း အသံတွေကြား ပုံရိပ်တွေမြင်နေရတာမျိုးပေါ့လေ။ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု၊ ခန္ဒာပိုင်းဆိုင်ရာ မကျန်းမာမှု၊ အတက်ရောဂါရှိသူတွေနဲ့ အရက်ကို စွဲစွဲလမ်းလမ်းသောက်သုံးသူတွေဟာ Hallucinatioins ဆိုတဲ့ အခြေအနေကို ခံစားရလေ့ရှိပါတယ်။

Hallucinations ပုံစံများ
(1) အမြင်အာရုံ (Visual Hallucinations)
ဥပမာ ဘယ်သူမှမရှိိတဲ့ အခန်းထဲမှာ လူတစ်ယောက်ရပ်နေတာကို မြင်နေတာမျိုး၊ ဘယ်သူမှ မမြင်နိုင်တဲ့ အလင်းတန်းတွေ၊ လျှပ်စီးလက်တာတွေကို တစ်ယောက်ထဲ မြင်နေရတာမျိုး

(2) အနံ့အာရုံ (Olfactory hallucinations)
မနက်မိုးလင်း စောစော နဲ့ ညသန်းခေါင်မှာ ဆိုးဆိုးဝါးဝါးအနံ့တစ်ခုခုကြောင့် လန့်နိုးလာတာမျိုး၊ တစ်ခါတရံ ကြောက်စိတ်နဲ့ အတူ ညဘက်တွေမှာ ပန်းအနံ့တွေရနေတာမျိုး

(3) အရသာအာရုံ (Gustatory hallucinations)
အနံ့အာရုံ ထင်ယောင်ထင်မှား ဖြစ်တဲ့ ပုံစံနဲ့ဆင်တူပါတယ်။ တစ်ခါတလေမှာ လျှာပေါ်မှာ သံအရာ၊ သတ္တုအရသာတစ်ခုခုရနေတာမျိုးက အတော်လေး တွေ့ရများတဲ့ ပုံစံဖြစ်ပါတယ်။

(4) အကြားအာရုံ ( Auditory hallucinations)
Hallucinatioins ပုံစံတွေထဲမှာ တွေ့ရအများဆုံး ပုံစံဖြစ်ပြီး တစ်ယောက်ထဲရှိနေတဲ့အချိန်မှာ ကြမ်းကြုတ်သော၊ ချိန်းခြောက်သော၊ ဒေါသရိပ်လွှမ်းသော ဆူုညံသံတွေကြားရခြင်း၊ ညဘက်တိတ််ဆိတ်နေတဲ့ အချိန်မှာ ခြေသံတွေ အဆက်မပြတ်ကြားရခြင်း၊ တစ်ခုခုကို အဆက်မပြတ်တီးနေခြင်း ( ဥပမာ ခေါင်းလောင်း) စတဲ့ အခြေအနေတွေကို ခံစားရတတ်ပါတယ်။

(5) အထိအတွေ့ ( Tactile hallucinations)
အိပ်နေရင်း ကြမ်းပိုးတစ်ကောင်က ကိုယ်အနှံ့လျှောက်ပြေးနေတယ်လို့ ခံစားရတာမျိုး ၊ ကိုယ်တွင်းကလီစာတွေ ကဗြောင်းကဗြန်ဖြစ်နေတယ်လို့ ခံစားရတာမျိုး

Hallucinations ကို ဖြစ်စေသော အကြောင်းအရာများ
(၁) စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) ၊ စိတ်ရူးသွပ်ရောဂါ (Dementia)၊ စိတ်ဂနာမငြိမ်ရောဂါ (delirium) စသော စိတ်ရောဂါ အခြေအနေများ
(၂) အချို့သော ဆေးဝါးများ
(၃) အိပ်ချိန် ဆိုးဆိုးဝါးဝါး နည်းနေခြင်းများ စတဲ့ အချက်တွေက Hallucinatioins ကို ဖြစ်စေပါတယ်။

Hallucinatioins အခြေအနေခံစားနေရတဲ့ သူတစ်ယောက်တွေ့တယ်ဆိုရင်တော့ အကြံပေးလိုတာက ကျိန်းသေပေါက် တစ်ယောက်ထဲလွှတ်ထားဖို့ လုံးဝ မသင့်ပါဘူး။ သူတို့ရဲ့ ထင်ယောင်ထင်မှားပုံရိပ်တွေဟာ ပိုမိုဆိုးဝါးလာနိုင်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံသည်အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ထဲ လွှတ်ထားတာမျိုးမပြုလုပ်ပဲ စိတ်ကျန်းမာရေးဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

By
Dr.Zaw Htet Aung
( I am your doctor)

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…