Waxing လုပ်တာ ကောင်းတာလား၊ မကောင်းဘူးလား?
အခုခေတ်မှာ မိန်းကလေးဖြစ်ရတာကံကောင်းလာပါတယ်။ မိန်းကလေးသဘာဝ အလှအပကိစ္စတွေကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်လာတယ်။ ခေတ်မှီနည်းတွေအများကြီးပေါ်လာတယ်။
အရင်ကဆို ခြေသလုံးမွှေး၊ လက်ဖျံပေါ်က အမွှေးတွေ ရှည်တဲ့ မိန်းကလေးတွေဆိုရင်လုံချည်၊ ဘောင်းဘီအရှည်ဝတ်၊ အကျီၤ အရှည်ဝတ်မလား? ဒီအမွှေးတွေကို ၃ရက်ခြားတစ်ခါလောက်ကိုထိုင်ရိတ်နေရမလားအပြင် အဖြေမရှိခဲ့ပါဘူး။အခုကျတော့ Waxing လို့ခေါ်တဲ့ စေးကပ်တဲ့ ဖယောင်း ( သို့) သကြား နဲ့ ပျားရည်အရောကို ကိုယ်မလိုလားတဲ့အမွှေးရှိတဲ့နေရာကို အမွှေးမရှိအောင် အကွက်လိုက် နှုတ်ပစ်တာမျိုးတွေ ပါလုပ်လို့ရလာပါတယ်။
Waxing လုပ်လို့ရတဲ့ပစ္စည်းတွေဖြစ်တဲ့ အပူပေးလို့ရတဲ့ ဖယောင်းဘူး၊ အပူပေးတဲ့ ကိရိယာ၊ waxing strip လို့ ခေါ်တဲ့ wax ဖယောင်းကိုအသားပေါ်ကပ်ပြီးရင် ကပ်ပြီးခွာလို့ရတဲ့ စက္ကူအမာပြားလေးတွေဟာ စတိုးဆိုင်တော် တော်များများမှာ အလွယ်တကူရလာလို့ တစ်ချိူ့အလုပ်များတဲ့လူတွေဆိုရင် ဆိုင်မသွားဘဲ အိမ်မှာပဲ ကိုယ့်ဘာသာကိုယ်Waxing လုပ်လာကြပါတယ်။Waxing တွင်တွင်ကျယ်ကျယ်လုက်လာကြတဲ့အခါ ဘာတွေသိထားရမလဲဆိုတာ လိုလာပါပြီ။
Waxing ရဲ့ကောင်းတဲ့အချက်တွေက
- ခဏခဏလုပ်ဖို့မလိုဘူး၊ တစ်ခါ waxing လုပ်ထားရင် အမွှေးပြန်ပေါက်ဖို့ ၃ပတ်လောက်ထိကြာတယ်။
- ကြာရင် မလိုတဲ့အမွှေးတွေ အထွက်နှေးလာသလို။ ပါးလာမယ်။ (သူက မွှေးညှင်းပေါက်တွေကို ပျက်စီးစေလို့ပါ)
- ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတယ်။ ( ကိုယ့် အမွှေးတွေအတွက် စိတ်ပူစရာမလိုတော့ဘူးလေ)
- အမွှေးရိတ်သလို ဓားထိမှာ၊ အမွှေးငုတ်စိလေးတွေကျန်ခဲ့မှာမပူရဘူး။
- အလေ့အကျင့်ရှိသွားရင် အိမ်မှာတင် အချိန် ၁၀ မိနစ်လောက်ပေးလုပ်လို့ရတယ်။
- ခြေသလုံးမွှေး၊ ဂျိုင်းမွှေး၊ လက်ဖျံမွှေးအပြင် Bikini ဝတ်တဲ့ မမတွေအတွက် Bikini Waxingလို့ခေါ်တဲ့ဆီးခုံပေါ်က အမွှေးတွေကိုပါ ဖယ်ရှားနိုင်တယ်။
- ငွေကုန်ကျေးကြလည်း အရမ်းမများဘူး။
Waxing ရဲ့မကောင်းတဲ့အချက်က
- အမွှေးတွေကို တစ်ချက်ထဲ ( waxing Strip တစ်ပြားထဲ) ဗြန်းကနဲ့ ဆွဲခွာလိုက်တာဆိုတော့ တွေးကြည့်စရာမလိုအောင်ကို နာပါတယ်။ ဒါပေမယ့် အများအားဖြင့်လုပ်တဲ့နေရာတွေက အသားနုတွေမဟုတ်လို့ ဒီနာတာလောက်ကို ခံနိုင်ရေရှိကြပါတယ်။
- သဘာဝပစ္စည်းတွေကို အခြေခံလုပ်ထားလို့ ( အိမ်သုံးသကြား၊ ပျားရည်နဲ့တောင်လုပ်လို့ရတာမို့)အကြမ်းအားဖြင့် အခြား အမွှေးကျွတ်တဲ့ ခရမ်တွေလောက်မဟုတ်ပေမယ့် မွှေးညှင်းပေါက်တွေပျက်စီးစေပါတယ်။
- Strip ပြားခွာတဲ့အချိန်မှာ အားနည်းရင် အမွှေးမပါနိုင်သလို၊ အားများရင် မွှေးညှင်းပေါက်နေရာကသွေးထွက်နိုင်ပါတယ်။
- ကိုယ့်ဟာကိုယ်မလုပ်ရ ဲတဲ့သူတွေအဖို့ ဆိုင်ကို အချိန်ပေးသွားပြီး လုပ်ရမှာဖြစ်ပါတယ်။
- အမွှေး ငုတ်တိုလေးတွေဆ်ု လုပ်မရသလို၊ လိုအပ်တဲ့အရှည်ကိုစောင့်ရတာမို့ ကြားထဲမှာ သွားစရာရှိလို့ဆိုရင်တော့ Waxing လုပ်မရနိုင်ပါဘူး။ကဲ ဒီလောက်ဆို Waxing အကြောင်း ကောင်းမကောင်းသိပြီလို့ ယူဆပါတယ်နော်။
မယ်တင်( ဆေး ၁)
Waxing လုပ္တာ ေကာင္းတာလား၊ မေကာင္းဘူးလား?
အခုေခတ္မွာ မိန္းကေလးျဖစ္ရတာကံေကာင္းလာပါတယ္။ မိန္းကေလးသဘာဝ အလွအပကိစၥေတြကို လြယ္လြယ္ကူကူလုပ္ေဆာင္ႏိုင္လာတယ္။ ေခတ္မွီနည္းေတြအမ်ားႀကီးေပၚလာတယ္။
အရင္ကဆို ေျခသလံုးေမႊး၊ လက္ဖ်ံေပၚက အေမႊးေတြ ရွည္တဲ့ မိန္းကေလးေတြဆိုရင္လံုခ်ည္၊ ေဘာင္းဘီအရွည္ဝတ္၊ အက်ီၤ အရွည္ဝတ္မလား? ဒီအေမႊးေတြကို ၃ရက္ျခားတစ္ခါေလာက္ကိုထိုင္ရိတ္ေနရမလားအျပင္ အေျဖမရွိခဲ့ပါဘူး။အခုက်ေတာ့ Waxing လို႔ေခၚတဲ့ ေစးကပ္တဲ့ ဖေယာင္း ( သို႔) သၾကား နဲ႔ ပ်ားရည္အေရာကို ကိုယ္မလိုလားတဲ့အေမႊးရွိတဲ့ေနရာကို အေမႊးမရွိေအာင္ အကြက္လိုက္ ႏႈတ္ပစ္တာမ်ိဳးေတြ ပါလုပ္လို႔ရလာပါတယ္။
Waxing လုပ္လို႔ရတဲ့ပစၥည္းေတြျဖစ္တဲ့ အပူေပးလို႔ရတဲ့ ဖေယာင္းဘူး၊ အပူေပးတဲ့ ကိရိယာ၊ waxing strip လို႔ ေခၚတဲ့ wax ဖေယာင္းကိုအသားေပၚကပ္ၿပီးရင္ ကပ္ၿပီးခြာလို႔ရတဲ့ စကၠဴအမာျပားေလးေတြဟာ စတိုးဆိုင္ေတာ္ ေတာ္မ်ားမ်ားမွာ အလြယ္တကူရလာလို႔ တစ္ခ်ိဴ့အလုပ္မ်ားတဲ့လူေတြဆိုရင္ ဆိုင္မသြားဘဲ အိမ္မွာပဲ ကိုယ့္ဘာသာကိုယ္Waxing လုပ္လာၾကပါတယ္။Waxing တြင္တြင္က်ယ္က်ယ္လုက္လာၾကတဲ့အခါ ဘာေတြသိထားရမလဲဆိုတာ လိုလာပါၿပီ။
Waxing ရဲ႕ေကာင္းတဲ့အခ်က္ေတြက
- ခဏခဏလုပ္ဖို႔မလိုဘူး၊ တစ္ခါ waxing လုပ္ထားရင္ အေမႊးျပန္ေပါက္ဖို႔ ၃ပတ္ေလာက္ထိၾကာတယ္။
- ၾကာရင္ မလိုတဲ့အေမႊးေတြ အထြက္ေႏွးလာသလို။ ပါးလာမယ္။ (သူက ေမႊးညႇင္းေပါက္ေတြကို ပ်က္စီးေစလို႔ပါ)
- ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိေစတယ္။ ( ကိုယ့္ အေမႊးေတြအတြက္ စိတ္ပူစရာမလိုေတာ့ဘူးေလ)
- အေမႊးရိတ္သလို ဓားထိမွာ၊ အေမႊးငုတ္စိေလးေတြက်န္ခဲ့မွာမပူရဘူး။
- အေလ့အက်င့္ရွိသြားရင္ အိမ္မွာတင္ အခ်ိန္ ၁၀ မိနစ္ေလာက္ေပးလုပ္လို႔ရတယ္။
- ေျခသလံုးေမႊး၊ ဂ်ိဳင္းေမႊး၊ လက္ဖ်ံေမႊးအျပင္ Bikini ဝတ္တဲ့ မမေတြအတြက္ Bikini Waxingလို႔ေခၚတဲ့ဆီးခံုေပၚက အေမႊးေတြကိုပါ ဖယ္ရွားႏိုင္တယ္။
- ေငြကုန္ေက်းၾကလည္း အရမ္းမမ်ားဘူး။
Waxing ရဲ႕မေကာင္းတဲ့အခ်က္က
- အေမႊးေတြကို တစ္ခ်က္ထဲ ( waxing Strip တစ္ျပားထဲ) ျဗန္းကနဲ႔ ဆြဲခြာလိုက္တာဆိုေတာ့ ေတြးၾကည့္စရာမလိုေအာင္ကို နာပါတယ္။ ဒါေပမယ့္ အမ်ားအားျဖင့္လုပ္တဲ့ေနရာေတြက အသားႏုေတြမဟုတ္လို႔ ဒီနာတာေလာက္ကို ခံႏိုင္ေရရွိၾကပါတယ္။
- သဘာဝပစၥည္းေတြကို အေျခခံလုပ္ထားလို႔ ( အိမ္သံုးသၾကား၊ ပ်ားရည္နဲ႔ေတာင္လုပ္လို႔ရတာမို႔)အၾကမ္းအားျဖင့္ အျခား အေမႊးကၽြတ္တဲ့ ခရမ္ေတြေလာက္မဟုတ္ေပမယ့္ ေမႊးညႇင္းေပါက္ေတြပ်က္စီးေစပါတယ္။
- Strip ျပားခြာတဲ့အခ်ိန္မွာ အားနည္းရင္ အေမႊးမပါႏိုင္သလို၊ အားမ်ားရင္ ေမႊးညႇင္းေပါက္ေနရာကေသြးထြက္ႏိုင္ပါတယ္။
- ကိုယ့္ဟာကိုယ္မလုပ္ရ ဲတဲ့သူေတြအဖို႔ ဆိုင္ကို အခ်ိန္ေပးသြားၿပီး လုပ္ရမွာျဖစ္ပါတယ္။
- အေမႊး ငုတ္တိုေလးေတြဆ္ု လုပ္မရသလို၊ လိုအပ္တဲ့အရွည္ကိုေစာင့္ရတာမို႔ ၾကားထဲမွာ သြားစရာရွိလို႔ဆိုရင္ေတာ့ Waxing လုပ္မရႏိုင္ပါဘူး။ကဲ ဒီေလာက္ဆို Waxing အေၾကာင္း ေကာင္းမေကာင္းသိၿပီလို႔ ယူဆပါတယ္ေနာ္။
မယ္တင္( ေဆး ၁)