ကလေးမွေးပြီးနောက်ပိုင်း ဆံပင်မွှေးကျွတ်ခြင်းပြသနာ

ကလေးမေမေတို့အနေနဲ့ ရင်သွေးလေးကို မွေးဖွားပြီးနောက်ပိုင်း အားပြည့်အောင် ဘယ်လိုပြန်လည်နေထိုင်ရမလဲ၊ ဗိုက်အကြာပြတ်တာတွေ အမြန်ပျောက်အောင် ဘာတွေလုပ်ရမလဲ၊ကလေးကို နို့ချို့တိုက်ကျွေးဖို့တွေ၊ စောင့်ရှောက်ဖို့ စသည်ဖြင့် တွေးတောစဉ်းစားလေ့ရှိကြပါတယ်… သို့သော် မျှော်လင့်မထားတတ်ပဲ ပေါ်လာတတ်တာလေးကတော့ ကလေးမွေးပြီးနေနာက်ပိုင်းမှာ ယခင်ကထက် ဆံပင်ကျွတ်တယ်လို့ ခံစားရခြင်းပါပဲ…


ဒီလိုဖြစ်ရခြင်းဟာ များသောအားဖြင့် ပုံမှန်ပါပဲ…သာမန်ကိစ္စရပ်လေးဖြစ်ပေမယ့် စိတ်ဖိဆီးမှုတွေများတဲ့ မီးနေသည်၊ နို့တိုက်မိခင်အဖို့တော့ စိတ်အနှောက်အယှက် တစ်ခုလို မြင်လာတတ်ပါတယ်.. ဒါကြောင့်”ဘာကြောင့် ဆံပင်ပိုကျွတ်တာလဲနဲ့.. ဆောင်ရန် ရှောင်ရန် နည်းလမ်းလေး”တွေ ပြောပြချင်ပါတယ်…

ဘာကြောင့် ဆံပင်ဟာ ခါတိုင်းထပ် ပိုကျွတ်တာပါလိမ့်?

– ဆံပင်ကျွတ်ရခြင်းရဲ့ အဓိက ပြသနာကတော့ ကလေးမွေးပြီးနောက်ပိုင်း ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်…ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းပြောင်းလဲမှုအများဆုံးဖြစ်ပါတယ်… hCG၊ estrogen ၊ pregesterone၊ oxytocin ၊ prolactin စတဲ့ ဟော်မုန်းတွေ ပိုထုတ်လုပ်မယ်.. ဒါပြင့် မွေးဖွားလာနီးလေ ခန္ဓာကိုယ်ရဲ့ သွေးပမာဏဟာ များစွာ တက်လာပါတယ်…

– ဆိုတော့ကာ ဒီလို ဟော်မုန်းထဲကမှ estrogen နဲ့ progesteroneဟာ ကိုယ်ဝန်နဲ့ တပြိုင်ထဲ တက်လာသလို မွေးဖွားပြီးတာနဲ့ ကျသွားတတ်ပါတယ်… ဒီအခါမှာ ဆံပင်ကျွတ်ခြင်းရဲ့ ပြသနာ အစပြုပါတယ်..

– ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ မြင့်တက်နေတဲ့ estrogen ဟာ ဆံပင်ကျွတ်ခြင်းကို များစွာကာကွယ်ပေးပါတယ်.. ဒါပြင် သွေးပမာဏနှင့် သွေးလည်ပတ်မှုအားကောင်းခြင်းတွေကလဲ ကိုယ်ဝန်ဆောင်နေချိန်မှာ ပုံမှန်ဆံပင်ကျွတ်ခြင်းထက် လျော့နည်းနေစေတတ်ပါတယ်…

– သို့သော် ကလေးမွေးပြီးနောက်ပိုင်းမှာ ပြောခဲ့တဲ့ hormone တွေဟာ တဟုန်းထိုးပြန်ကျသွားတတ်တာမို့ ဆံပင်ဟာ ပုံမှန်ထပ် ပိုကျွတ်လာပါမယ်.. တခါတရံမှာ ဆံပင်ချည်ထွေးတွေ၊ အိပ်ယာပေါ်မှာ ဆံပင်ကျွတ်စတွေ အများကြီးတွေရတတ်ပါတယ်….ဒီလို ဖြစ်ခြင်းဟာ ကလေးမွေးပြီး သုံးလေးလမှာ အများဆုံးဖြစ်တတ်ပါတယ်…

– နောက်ပိုင်းမှာ ပုံမှန်ပြန်လည်ပတ်လာတဲ့ hormone level တွေကြောင့် တဖြည်းဖြည်း နည်းပါးသွားပါမယ်… ကလေး တစ်နှစ်သားလောက်ရောက်ပါက ဒီလိုဆံပင်ကျွတ်ခြင်းဟာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားနိုင်ပါတယ်…

“ဒါကြောင့် ဒီကိစ္စပေါ်မှာ စိတ်အနှောက်အယှက် အများကြီး မဖြစ်စေသင့်ပါ…”

ဒ့ါပြင် ဒီလို ဆံပင်ကျွတ်ခြင်းမျိုးကို လျော့နည်းအောင် ပြုလုပ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါသေးတယ်…

– ကိုယ်ဝန်ဆောင်ကာလတုန်း သောက်ခဲ့တဲ့ အားဆေးလေးတွေ ဆက်သောက်ပါ

– အစားအသောက်မှန်ပါစေ၊ အားရှိတဲ့အစားအစာ ၊ ဗီတာမင်နဲ့ သံဓာတ် ကြွယ်ဝတဲ့ အစားအစာ ပိုစားပါ

– ဆံပင်ကို dryer နဲ့ မှုတ်တာတွေ ရှောင်ပါ.. ဆံပင်ပိုသွင်းတာတွေ မလှုပ်ပါနဲ့၊

– ဆံပင်ဘီးဖီးပါက အရမ်းအားဖြင့် ဖီးတာမျိုးမလုပ်ပါနဲ့.. ဖြစ်နိုင်ပါက တနေ့ကို တစ်ခါလောက်သာ ဖီးပါ

– ဆံပင်ကျွတ်ခြင်း ကာကွယ်နိုင်တဲ့ shampoo အသုံးပြုပါ၊ conditioner အသုံးပြုနိုင်ပါတယ်…

ဒီလိုအားဖြင့် ဆံပင်ကျွတ်ခြင်းကို အတော်တန် ကာကွယ်နိုင်ပါလိမ့်မယ်…

အကယ်၍ ကလေး တစ်နှစ်သာ အရွယ်လောက်ထိ ရောက်ပြီး ဆံပင်ဟာ သာမန်ထပ် ပိုကျွတ်မြဲကျွတ်နေပါက သက်ဆိုင်ရာ ဆရာဝန်ဆီပြသပြီး အကြံဉာဏ်တောင်းခံ ကုသနိုင်ပါတယ်…

တစ်သားမွေးလို့ တစ်သွေးလှတဲ့ ကလေးမေမေများ ဖြစ်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်…

ပိုင်နီမောင်

#helathline

က​ေလး​ေမြးၿပီး​ေနာက္​ပိုင္​း ဆံပင္​​​ေမႊးကြၽတ္​ျခင္​းျပသနာ

က​ေလး​ေမ​ေမတို႔အ​ေနနဲ႔ ရင္​​ေသြး​ေလးကို ​ေမြးဖြားၿပီး​ေနာက္​ပိုင္​း အားျပည္​့​ေအာင္​ ဘယ္​လိုျပန္​လည္​​ေနထိုင္​ရမလဲ၊ ဗိုက္​​အၾကာျပတ္​တာ​ေတြ အျမန္​​ေပ်ာက္​​ေအာင္​ ဘာ​ေတြလုပ္​ရမလဲ၊က​ေလးကို ႏို႔ခ်ိဳ႕တိုက္​​ေကြၽးဖို႔​ေတြ၊ ​ေစာင္​့​ေ႐ွာက္​ဖို႔​ စသည္​ျဖင္​့ ​ေတြး​ေတာစဥ္​းစား​ေလ့႐ွိၾကပါတယ္​… သို႔​ေသာ္​ ​ေမွ်ာ္​လင္​့မထားတတ္​ပဲ ​ေပၚလာတတ္​တာ​ေလးက​ေတာ့ က​​ေလး​ေမြးၿပီး​ေနနာက္​ပိုင္​းမွာ ယခင္​ကထက္​ ဆံပင္​ကြၽတ္​တယ္​လို႔ ခံစားရျခင္​းပါပဲ…


ဒီလိုျဖစ္​ရျခင္​းဟာ မ်ား​ေသာအားျဖင္​့ ပံုမွန္​ပါပဲ…သာမန္ကိစၥရပ္​​ေလးျဖစ္​​ေပမယ္​့ စိတ္​ဖိဆီးမႈ​ေတြမ်ားတဲ့ မီး​ေနသည္​၊ ႏို႔တိုက္​မိခင္​အဖို႔​ေတာ့ စိတ္​အ​ေႏွာက္​အယွက္​ တစ္​ခုလို ျမင္​လာတတ္​ပါတယ္​.. ဒါ​ေၾကာင္​့”ဘာ​ေၾကာင္​့ ဆံပင္​ပိုကြၽတ္​တာလဲနဲ႔.. ​ေဆာင္​ရန္​ ​ေ႐ွာင္​ရန္​ နည္​းလမ္​း​ေလး​”​ေတြ ​ေျပာျပခ်င္​ပါတယ္​…

ဘာ​ေၾကာင္​့ ဆံပင္​ဟာ ခါတိုင္​းထပ္​ ပိုကြၽတ္​တာပါလိမ္​့?

– ဆံပင္​ကြၽတ္​ရျခင္​းရဲ႕ အဓိက ျပသနာက​ေတာ့ က​ေလး​ေမြးၿပီး​ေနာက္​ပိုင္​း ​ေဟာ္​မုန္​း​ေျပာင္​းလဲမႈ​ေၾကာင္​့ ျဖစ္​ပါတယ္​…ကုိယ္​ဝန္​​ေဆာင္​ကာလမွာ ​ေဟာ္​မုန္​း​ေျပာင္​းလဲမႈအမ်ားဆံုးျဖစ္​ပါတယ္​… hCG၊ estrogen ၊ pregesterone၊ oxytocin ၊ prolactin စတဲ့ ​ေဟာ္​မုန္​း​ေတြ ပိုထုတ္​လုပ္​မယ္​.. ​ဒါျပင္​့ ​ေမြးဖြားလာနီး​ေလ ခႏၶာကုိယ္​ရဲ႕ ​ေသြးပမာဏဟာ မ်ားစြာ တက္​လာပါတယ္​…

– ဆို​ေတာ့ကာ ဒီလို ​ေဟာ္​မုန္​း​ထဲကမွ estrogen နဲ႔ progesteroneဟာ ​ကိုယ္​ဝန္​နဲ႔ တၿပိဳင္​ထဲ တက္​လာသလို ​ေမြးဖြားၿပီးတာနဲ႔ က်သြားတတ္​ပါတယ္​… ဒီအခါမွာ ဆံပင္​ကြၽတ္​ျခင္​းရဲ႕ ျပသနာ အစျပဳပါတယ္​..

– ကုိယ္​ဝန္​​ေဆာင္​​ေနခ်ိန္​အတြင္​းမွာ ျမင္​့တက္​​ေနတဲ့ estrogen ဟာ ဆံပင္​ကြၽတ္​ျခင္​းကို မ်ားစြာကာကြယ္​​ေပးပါတယ္​.. ဒါျပင္​ ​ေသြးပမာဏႏွင္​့ ​ေသြးလည္​ပတ္​မႈ​​အား​ေကာင္​းျခင္​း​ေတြကလဲ ကိုယ္​ဝန္​​ေဆာင္​​ေနခ်ိန္​မွာ ပံုမွန္​ဆံပင္​ကြၽတ္​ျခင္​းထက္ ​ေလ်ာ့နည္​း​ေန​ေစတတ္​ပါတယ္​…

– သို႔​ေသာ္​ က​ေလး​ေမြးၿပီး​ေနာက္​ပိုင္​းမွာ ​​ေျပာခဲ႔တဲ႔ ​hormone ​ေတြဟာ တဟုန္​းထိုးျပန္​က်သြားတတ္​တာမို႔ ဆံပင္​ဟာ ပံုမွန္​ထပ္​ ပိုကြၽတ္​လာပါမယ္​.. တခါတရံမွာ ဆံပင္​ခ်ည္​​ေထြး​ေတြ၊ အိပ္​ယာ​ေပၚမွာ ဆံပင္​ကြၽတ္​စ​ေတြ အမ်ားႀကီး​ေတြရတတ္​ပါတယ္​….ဒီလို ျဖစ္​ျခင္​းဟာ က​ေလး​ေမြးၿပီး သံုး​ေလးလ​မွာ အမ်ားဆံုးျဖစ္​တတ္​ပါတယ္​…

– ​ေနာက္​ပိုင္​းမွာ ပံုမွန္​ျပန္​လည္​ပတ္​လာတဲ့ hormone level ​ေတြ​ေၾကာင္​့ တျဖည္​းျဖည္​း နည္​းပါးသြားပါမယ္​… က​ေလး​ တစ္​ႏွစ္​သား​ေလာက္​​ေရာက္​ပါက ဒီလိုဆံပင္​ကြၽတ္​ျခင္​းဟာ ပံုမွန္​အ​ေနအထားသို႔ ျပန္​လည္​​ေရာက္​႐ွိသြားႏိုင္​ပါတယ္​…

“ဒါ​ေၾကာင္​့ ဒီကိစၥ​ေပၚမွာ စိတ္​အ​ေႏွာက္​အယွက္​ အမ်ားႀကီး မျဖစ္​​​ေစသင္​့ပါ…”

ဒ့ါျပင္​ ဒီလို ဆံပင္​ကြၽတ္​ျခင္​းမ်ိဳးကုိ ​ေလ်ာ့နည္​း​ေအာင္​ ျပဳလုပ္​လို႔ရမယ္​့ နည္​းလမ္​း​ေလး​ေတြ ႐ွိပါ​ေသးတယ္​…

– ကုိယ္​ဝန္​​ေဆာင္​ကာလတုန္​း ​ေသာက္​ခဲ့တဲ့ အား​ေဆး​ေလး​ေတြ ဆက္​​ေသာက္​ပါ

– အစားအ​ေသာက္​မွန္​ပါ​ေစ၊ အား႐ွိတဲ့အစားအစာ ၊ ဗီတာမင္​နဲ႔ သံဓာတ္​ ႂကြယ္​ဝတဲ့ အစားအစာ ပိုစားပါ

– ဆံပင္​ကုိ dryer နဲ႔ မ​ႈတ္​တာ​ေတြ ​ေ႐ွာင္​ပါ.. ဆံပင္​ပိုသြင္​းတာ​ေတြ မလႈပ္​ပါနဲ႔၊

– ဆံပင္​ဘီးဖီးပါက အရမ္​းအားျဖင္​့ ဖီးတာမ်ိဳးမလုပ္​ပါနဲ႔.. ျဖစ္​ႏိုင္​ပါက တ​ေန႔ကို တစ္​ခါ​ေလာက္​သာ ဖီးပါ

– ဆံပင္​ကြၽတ္​ျခင္​း ကာကြယ္​ႏိုင္​တဲ့ shampoo အသံုးျပဳပါ၊ conditioner အသံုးျပဳႏိုင္​ပါတယ္​…

ဒီလိုအားျဖင္​့ ဆံပင္​ကြၽတ္​ျခင္​းကို အ​​​ေတာ္​တန္​ ကာကြယ္​ႏိုင္​ပါလိမ္​့မယ္​…

အကယ္​၍ က​ေလး တစ္​ႏွစ္​သာ အရြယ္​​ေလာက္​ထိ ​ေရာက္​ၿပီး ဆံပင္​ဟာ သာမန္​ထပ္​ ပိုကြၽတ္​ျမဲကြၽတ္​​ေနပါက သက္​ဆိုင္​ရာ ဆရာဝန္​ဆီျပသၿပီး အၾကံဥာဏ္​​ေတာင္​းခံ ကုသႏိုင္​ပါတယ္​…

တစ္​သား​ေမြး​လို႔ တစ္​​ေသြးလွတဲ့ က​ေလး​ေမ​ေမမ်ား ျဖစ္​ၾကပါ​ေစလို႔ ​ေတာင္​းဆု​ေမတၱာျပဳလ်က္​…

ပိုင္​နီ​ေမာင္​

#helathline

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…