အလှကြိုက်သူမေမေ
ကိုယ်ဝန်ဆောင်နဲ့မီးတွင်းကာလမှာ ဆံပင်အရောင်ဆိုးလို့ရမရဆိုတာ အလှအပကြိုက်သူမေမေတို့ ဝိရောဓိဖြစ်နေကျအရာတစ်ခုပါ။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်နဲ့မီးတွင်းမှာ ဆံပင်ဆိုးဆေးဆိုးလို့ရမရဆိုတာကို ရေးသားဖော်ပြသွားချင်ပါတယ်။
ဆံပင်ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်း (chemical)တွေဟာ အလွန်အကျူးအဆိပ်အတောက်မဖြစ်စေပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတော်တော်များများကတော့ ကိုယ်ဝန်၁၂ပတ်ထိစောင့်ပြီးမှ ဆံပင်ဆိုးဆေးဆိုးတာ ပိုစိတ်ချရပါတယ်။ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာပဲဆေးဆိုးမယ်ဆိုရင်တော့ အောက်ပါအချက်တွေကို သတိထားပေးရင် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ပြီးအန္တရာယ်ဖြစ်စေတဲ့နှုန်းကနေ လျော့နည်းနိုင်ပါတယ်။
- ဆံပင်ဆိုးဆေးတွေကို မကိုင်တွယ်ခင်မှာ လက်အိပ်စွပ်ပါ။
- ဆံပင်ဆိုးဆေးကို အချိန်အကြာကြီး ခေါင်းပေါ်မှာမထားပါနဲ့။ အနည်းဆုံးအချိန်ပမာဏလောက်သာထားပါ။
- လေဝင်လေထွက်ကောင်းမွန်တဲ့ နေရာမှာပဲ ဆိုးဆေးဆိုးပါ။
- ဆံပင်ဆိုးဆေးဆိုးပြီးတာနဲ့ ခေါင်းကိုရေစင်အောင်လျှော်ပါ။
ဆံပင်ဆေးဆိုးတာဟာ ဓာတုပစ္စည်းတွေကို သင့်ရဲ့သွေးကြောနဲ့ ဦးခေါင်းကစုပ်ယူတာမဟုတ်ပါဘူး။ သင့်ရဲ့ဆံပင်ကသာစုပ်ယူတာဖြစ်ပါတယ်။ Semi-permanent ဆိုးဆေးဖြစ်တဲ့ အပင်ကရတဲ့ ဒန်း(Henna)ကတော့ တော်တော်ကို စိတ်ချရတဲ့ အစားထိုးဆိုးဆေးမျိုးဖြစ်ပါတယ်။
တစ်ခုသတိထားရမှာကတော့ ကိုယ်ဝန်ဆောင်ခြင်းဟာ ဆံပင် ဆံသားတွေရဲ့ မူလအခြေအနေကို ထိခိုက်ကောင်းထိခိုက်စေနိုင်ပါတယ်။
ဥပမာ-ဆံပင်ကောက်ခြင်း၊ဆိုးခြင်းမှာ ယခင်က ထူးထူးခြားခြားတုံ့ပြန်တာမရှိပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာမှ ထူးပြီးတုံ့ပြန်တာမျိုးရှိနိုင်ပါတယ်။ ဆံသားတွေက ဆံပင်အရောင်မတက်တာမျိုး၊ ကြွပ်ဆတ်ပြီး ပိုပျက်စီးတာမျိုးလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ ဆံပင်ဆိုးမယ်ဆိုရင် တစ်ခေါင်းလုံးမဆိုးခင်မှာ ဆံပင်စအနည်းငယ်ကို အရင်စမ်းသပ်ဆိုးတာ လုပ်သင့်ပါတယ်။ ဆိုင်မှာဆံပင်ဆိုးမယ်ဆိုရင်လည်း ပြုလုပ်ပေးမယ့် Stylist ကို ပြောပြပြီး အကူအညီယူသင့်ပါတယ်။
ကလေးနို့တိုက်ချိန်မှာရော ဆံပင်ဆေးဆိုးသင့်သလား?
ကလေးနို့တိုက်ချိန်မှာ ဆံပင်ဆိုးဆေးမဆိုးရဘူးဆိုတဲ့ စမ်းသပ်ချက် တွေ့ရှိချက်မျိုးတော့မရှိပါဘူး။ အင်မတန့်အင်မတန်နည်းပါးတဲ့chemical လောက်ပဲ သွေးကြောထဲကိုရောက်တာပါ။ ဒါကြောင့် ပမာဏများတဲ့ဓာတုပစ္စည်းဟာ မိခင်နို့ထဲကိုရောက်သွားဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ ပြီးတော့ နို့တိုက်တဲ့အချိန်မှာ ဆံပင်ဆိုးဆေးဆိုးလို့ အမျိုးသမီးမှာ ဆိုးကျိုးတွေသိသိသာသာဖြစ်စေတဲ့ တွေ့ရှိချက်မျိုးလည်း မရှိခဲ့ပါဘူး။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
အလွႀကိဳက္သူေမေမ
ကိုယ္ဝန္ေဆာင္နဲ႔မီးတြင္းကာလမွာ ဆံပင္အေရာင္ဆိုးလို႔ရမရဆိုတာ အလွအပႀကိဳက္သူေမေမတို႔ ဝိေရာဓိျဖစ္ေနက်အရာတစ္ခုပါ။ ဒီေဆာင္းပါးမွာေတာ့ ကိုယ္ဝန္ေဆာင္နဲ႔မီးတြင္းမွာ ဆံပင္ဆိုးေဆးဆိုးလို႔ရမရဆိုတာကို ေရးသားေဖာ္ျပသြားခ်င္ပါတယ္။
ဆံပင္ဆိုးေဆးမွာပါတဲ့ ဓာတုပစၥည္း (chemical)ေတြဟာ အလြန္အက်ဴးအဆိပ္အေတာက္မျဖစ္ေစပါဘူး။ ဒါေပမယ့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားကေတာ့ ကိုယ္ဝန္၁၂ပတ္ထိေစာင့္ၿပီးမွ ဆံပင္ဆိုးေဆးဆိုးတာ ပိုစိတ္ခ်ရပါတယ္။ ကိုယ့္အိမ္မွာ ကိုယ့္ဘာသာပဲေဆးဆိုးမယ္ဆိုရင္ေတာ့ ေအာက္ပါအခ်က္ေတြကို သတိထားေပးရင္ ဓာတုပစၥည္းေတြနဲ႔ ထိေတြ႕ၿပီးအႏၲရာယ္ျဖစ္ေစတဲ့ႏႈန္းကေန ေလ်ာ့နည္းႏိုင္ပါတယ္။
- ဆံပင္ဆိုးေဆးေတြကို မကိုင္တြယ္ခင္မွာ လက္အိပ္စြပ္ပါ။
- ဆံပင္ဆိုးေဆးကို အခ်ိန္အၾကာႀကီး ေခါင္းေပၚမွာမထားပါနဲ႔။ အနည္းဆုံးအခ်ိန္ပမာဏေလာက္သာထားပါ။
- ေလဝင္ေလထြက္ေကာင္းမြန္တဲ့ ေနရာမွာပဲ ဆိုးေဆးဆိုးပါ။
- ဆံပင္ဆိုးေဆးဆိုးၿပီးတာနဲ႔ ေခါင္းကိုေရစင္ေအာင္ေလွ်ာ္ပါ။
ဆံပင္ေဆးဆိုးတာဟာ ဓာတုပစၥည္းေတြကို သင့္ရဲ႕ေသြးေၾကာနဲ႔ ဦးေခါင္းကစုပ္ယူတာမဟုတ္ပါဘူး။ သင့္ရဲ႕ဆံပင္ကသာစုပ္ယူတာျဖစ္ပါတယ္။ Semi-permanent ဆိုးေဆးျဖစ္တဲ့ အပင္ကရတဲ့ ဒန္း(Henna)ကေတာ့ ေတာ္ေတာ္ကို စိတ္ခ်ရတဲ့ အစားထိုးဆိုးေဆးမ်ိဳးျဖစ္ပါတယ္။
တစ္ခုသတိထားရမွာကေတာ့ ကိုယ္ဝန္ေဆာင္ျခင္းဟာ ဆံပင္ ဆံသားေတြရဲ႕ မူလအေျခအေနကို ထိခိုက္ေကာင္းထိခိုက္ေစႏိုင္ပါတယ္။
ဥပမာ-ဆံပင္ေကာက္ျခင္း၊ဆိုးျခင္းမွာ ယခင္က ထူးထူးျခားျခားတုံ႔ျပန္တာမရွိေပမယ့္ ကိုယ္ဝန္ေဆာင္ကာလမွာမွ ထူးၿပီးတုံ႔ျပန္တာမ်ိဳးရွိႏိုင္ပါတယ္။ ဆံသားေတြက ဆံပင္အေရာင္မတက္တာမ်ိဳး၊ ႂကြပ္ဆတ္ၿပီး ပိုပ်က္စီးတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ အေကာင္းဆုံးကေတာ့ ဆံပင္ဆိုးမယ္ဆိုရင္ တစ္ေခါင္းလုံးမဆိုးခင္မွာ ဆံပင္စအနည္းငယ္ကို အရင္စမ္းသပ္ဆိုးတာ လုပ္သင့္ပါတယ္။ ဆိုင္မွာဆံပင္ဆိုးမယ္ဆိုရင္လည္း ျပဳလုပ္ေပးမယ့္ Stylist ကို ေျပာျပၿပီး အကူအညီယူသင့္ပါတယ္။
ကေလးႏို႔တိုက္ခ်ိန္မွာေရာ ဆံပင္ေဆးဆိုးသင့္သလား?
ကေလးႏို႔တိုက္ခ်ိန္မွာ ဆံပင္ဆိုးေဆးမဆိုးရဘူးဆိုတဲ့ စမ္းသပ္ခ်က္ ေတြ႕ရွိခ်က္မ်ိဳးေတာ့မရွိပါဘူး။ အင္မတန႔္အင္မတန္နည္းပါးတဲ့chemical ေလာက္ပဲ ေသြးေၾကာထဲကိုေရာက္တာပါ။ ဒါေၾကာင့္ ပမာဏမ်ားတဲ့ဓာတုပစၥည္းဟာ မိခင္ႏို႔ထဲကိုေရာက္သြားဖို႔ဆိုတာ သိပ္မျဖစ္ႏိုင္ပါဘူး။ ၿပီးေတာ့ ႏို႔တိုက္တဲ့အခ်ိန္မွာ ဆံပင္ဆိုးေဆးဆိုးလို႔ အမ်ိဳးသမီးမွာ ဆိုးက်ိဳးေတြသိသိသာသာျဖစ္ေစတဲ့ ေတြ႕ရွိခ်က္မ်ိဳးလည္း မရွိခဲ့ပါဘူး။
အားလုံးက်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ေမာင္(ေဆး-၁)