ဆံကေသာနှင့်ဗောက်ရောဂါ

ဗောက်ဆိုတာတော့လူတိုင်းနဲ့မကင်းကြသလို လူတွေကိုအတော်လဲအနှောင့်အယှက်ဖြစ်စေတတ်တဲ့အရာဖြစ်ပါတယ်။ ဦးရေပြားတွေယားယံပြီး အဖတ်အဖတ်လေးတွေကွာကျတတ်လို့ လူသူကြားထဲမလုံမခြုံဖြစ်စေတတ်တာအမှန်ပါပဲ။ ဒါကြောင့်မို့အဖြစ်များပြီး လူတွေကိုကောင်းကောင်းဒုက္ခပေးတတ်တဲ့ဗောက်အကြောင်းကို တီးခေါက်မိတယ်ရှိရအောင်ပြောပြလိုက်ရပါတယ်။

ဗောက်ဆိုတာဘာလဲ???

ဗောက်ဆိုတာဦးရေပြားဆဲလ်အသေတွေပဲဖြစ်ပါတယ်။ ဦးရေပြားဟာ အရေပြားကျန်းမာစေရန်အတွက်ဆဲလ်အသစ်တွေကိုဖွဲ့စည်းကာ ဆဲလ်အဟောင်းတွေကိုဖယ်ရှားပစ်ပါတယ်။ ဖယ်ရှားခံရတဲ့ဦးရေပြားဆဲလ်အဟောင်းတွေဟာ အဖြူ(သို့)အညိုရောင်အဖတ်လိုက်လေးတွေကွာကျကုန်ပါတယ်၊ဒါဟာပဲ ဗောက်ဖြစ်ပါတယ်။

ဗောက်ဟာကူးစက်တတ်သလား???

ဗောက်ဟာ လူတစ်ဦးမှတစ်ဦးကို အလွယ်တကူမကူးစက်တတ်ပါဘူး။

ဗောက်ကိုဖြစ်စေတဲ့အကြောင်းအရာတွေက ဘာတွေလဲ???

သဘာဝအတိုင်း ဦးရေပြားဆဲလ်အဟောင်းတွေကွာကျတာအပြင် အောက်ပါအကြောင်းအရာတွေဟာလဲဗောက်ကိုဖြစ်စေပါတယ်… ဦးရေပြားမှာတစေးမှိုများပွားများလာခြင်း။ ၎င်းအခြေအနေမှာ အရေပြားတွေဟာ ခြောက်သွေ့၊နီရဲယားယံလာပြီး အဖတ်လိုက်ကွာကျလေ့ရှိပါတယ်။ ၂)ဦးရေပြား ပွေးရောဂါ။ ပွေးဟာဦးရေပြားမှာဖြစ်တဲ့အခါ ဗောက်ကဲ့သို့အရေပြားယားယံပြီးအဖတ်လိုက်ကွာကျတတ်ပါတယ်။

၃)အရေပြားနှင်းခူရောဂါ။

အဖြစ်များတဲ့အရေပြားရောဂါဖြစ်ပြီး ဦးရေပြားတွေခြောက်သွေ့၊နီရဲ၊ကွာကျကာ အလွန်အမင်းယားယံလေ့ရှိပါတယ်။

၄)ဓါတ်မတည့်၍အရေပြားယောင်ယမ်းခြင်း။

ဦးရေပြားဟာ ဆံပင်ဆိုးဆေး၊ပေါင်းဆေး၊လိမ်းဆေး စသည်တို့နဲ့ဓါတ်မတည့်တဲ့အခါ ယားယံခြောက်သွေ့ပြီး ကွာကျတတ်ပါတယ်။

၅)Psoriasis

အရေပြားများ နီရဲခြောက်သွေ့၊အက်ကွဲကြောင်းများဖြစ်ယားယံကာ ကွာကျတတ်သောရောဂါတစ်မျိုးဖြစ်ပါတယ်။

ဗောက်ဟာညစ်ပတ်လို့ဖြစ်တာလား???

နိုးပါ၊မဟုတ်ပါဘူး။ ဒါပေသိ သင်ဟာခေါင်းကိုပုံမှန်မလျှော်ဘူးဆိုရင်တော့ ဗောက်တွေပိုမိုစုပုံပြီး သိသာစေမှာတော့ဖြစ်ပါတယ်။

ဘယ်အရာတွေက ဗောက်ကိုပိုမိုဆိုးရွားစေသလဲ???

စိတ်ဖိစီးမှုများခြင်းနှင့်အေးမြခြောက်သွေ့သောရာသီဥတုတွေဟာ ဗောက်ကိုပိုမိုဆိုးရွားစေနိုင်ပါတယ်။

ဗောက်ကိုဘယ်လိုကုမလဲ???

ဗောက်ပျောက်ခေါင်းလျှော်ရည်တွေနဲ့ကုသနိုင်ပါတယ်။ ဗောက်ပျောက်ခေါင်းလျှော်ရည်မဝယ်ခင်မှာ မိမိနဲ့ခေါင်းလျှော်ရည်မှာပါဝင်တဲ့ဓါတ်ပစ္စည်းတွေတည့်မတည့်သေချာစိစစ်ပါ။ ခေါင်းလျှော်တဲ့အခါမှာ ရေဆေးမချခင်အနည်းဆုံး(၅)မိနစ်ခန့် ခေါင်းလျှော်ရည်ကိုဦးရေပြားပေါ်မှာထားပေးဖို့အရေးကြီးပါတယ်။ သက်သာလာပြီဆိုရင် ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးစွဲတဲ့အကြိမ်အရေအတွက်ကိုလျှော့ချလို့ရပေမယ့် သင်သာသုံးစွဲမှုကိုလုံးဝရပ်ပစ်လိုက်မယ်ဆိုရင်တော့ ဗောက်ကပြန်ပြန်ဖြစ်လာနိုင်ပါတယ်။

မသက်သာလျှင်တော့ ဆရာဝန်နှင့်ပြသဖို့လိုအပ်ပါလိမ့်မယ်။

ဒုက္ခပေးတတ်တဲ့ဗောက်ရောဂါအကြောင်းသိပြီဆိုတော့ ဗောက်မဖြစ်အောင်ထိန်းသိမ်းနေထိုင်ကြပြီး သန့်ရှင်းကျန်းမာဗောက်ကင်းတဲ့ဦးရေအလှလေးများပိုင်ဆိုင်ကြပါစို့လို့ ပြောကြားရင်း။

dr.ye’lwin mm

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…