ရင်သားကိတ်နေသော အမျိုးသားထုအတွက်

လူပျိုပေါက်လေး မောင်မောင်တစ်ယောက် ကိုယ်လုံးပေါ်မှန်ကြည့်တိုင်း စိတ်ညစ်နေသည်။ မညစ်ခံနိုင်မလား။ သူ့မှာ သဘာဝအရ ဟော်မုန်းပြောင်းလဲလာတော့ အရပ်ရှည်လာတယ်။ အသံတွေ ဩလာတယ်။ ပခုံးကြီးကျယ်လာတယ်။ အရာရာ အဆင်ပြေတယ်။ အဆင်မပြေတာတစ်ခုလေးပဲ။

မကိတ်သင့်သော ရင်သားက ကွက်ပြီး ကိတ်ကာ နို့စူသလိုပင်ဖြစ်နေသည်။ သူငယ်ချင်းတွေကလည်း တွေ့တိုင်းဒါပဲ စနေကြသည်။

မောင်မောင့်လို ရင်သားစူနေတာမျိုးကို ဆေးပညာ အခေါ်အရတော့ Gynaecomastia လို့ခေါ်ပါတယ်။ ရင်ဘက်ကြွက်သားနဲ့ ကပုံမှန်ဖြစ်ပြီး ရင်သားအဆီ တစ်ရူးတွေက ပုံမှန်ထက်ပို များနေတာပါ။ ရင်သားကို စမ်းကြည့်ရင် မာတာ၊ နာတာတွေ ခံစားရတတ်ပါတယ်။ တချို့မှာဆို နို့သီးခေါင်းမှ အရည်ထွက်တာမျိုးပါ ဖြစ်တတ်ပါတယ်။

အနောက်နိုင်ငံတွေမှာ ဒီလို အမျိုးသားရင်သားစူထွက်ခြင်းအတွက် ခွဲစိတ်ပြုပြင်ခြင်းဟာPlastic Surgery( အလှအပ ခွဲစိတ်ခြင်း) ပြုလုပ်မှူတွေထဲမှာ စတုတ္ထမြောက် အများဆုံးပါတဲ့။

ဒီလို အမျိုးသားတွေမှာရင်သားစုထွက်ခြင်းဟာ အချက် (၄ ) ချက်ကြောင့်ဖြစ်ပါတယ်။

၁) ဟော်မုန်းပြောင်းလဲခြင်းကြောင့် ရင်သားစူထွက်ခြင်း

မွေးကင်းစ ကလေးငယ်တွေမှာ အမေဆီကဟော်မုန်းရရှိမှူကြောင့်စူတတ်ပါတယ်။ လူပျိူပေါက်အရွယ်မှာ လူပျိူဖော်ဟော်မုန်းပြောင်းလဲခြင်းကြောင့်ဖြစ်ပါတယ်။

၂) သောက်သုံးနေတဲ့ ဆေးများကြောင့် ရင်သားစူခြင်း

နွယ်ချိုပါသောဆေးများ၊ အစာအိမ်အနာအတွက်ပေးသော Cimetidine, အတက်ရောဂါအတွက်ပေးသော Phenytoin, ကင်ဆာဆေးအချို့၊ ကျားဟော်မုန်းဆန့်ကျင်သော Cyproterone; spironolactone) ၊ စိတ်ကျရောဂါကုဆေး Valium ဆေးများကြောင့်ဖြစ်နိုင်သည်။

၃) တားမြစ်ဆေးများသုံးစွဲခြင်း၊ အရက်သောက်သုံးခြင်း

စိတ်ကြွ ဆေး ဟီးရိုးအင်း၊ Marijuna, Methamphetamine သုံးစွဲလျှင်လည်း ဖြစ်နိုင်သည်။

၄) ရောဂါတစ်စုံတစ်ခုကြောင့် ရင်သားစူခြင်း

ဟော်မုန်းပြောင်းလဲချိန်မဟုတ်တဲ့ သက်ကြီးပိုင်းအမျိုးသားတွေမှာ ရင်သားစူလာမယ်ဆိုရင်တော့ ရောဂါတစ်ခုခုရှိလို့ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ရောဂါတွေကတော့ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဝေးစေ့ကင်ဆာတို့ဖြစ်နိုင်ပါတယ်။ ရင်သားစူထွက်ခြင်းဟာ ရောဂါကြောင့်မဟုတ်ဘူးဆိုရင် သက်သာအောင်လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

၁) ခွဲစိတ်ခြင်း

ခွဲစိတ်ပြီး ရင်သားမှာရှိတဲ့အဆီပိုတွေကိုဖယ်ထုတ်လိုက်ခြင်းဟာ ချက်ခြင်း ရင်သားပုံစံပုံမှန်ကို ပြန်ရစေပါတယ်။ ဒါပေမယ့် ခွဲစိတ်ခြင်းကြောင့် ပိုးဝင်ခြင်း မျိုးတော့ ဖြစ်နိုင်ပါတယ်။ ဆရာဝန်ဆုံးဖြတ်ချက်အရ ခွဲစိတ်တာသာ အကောင်းဆုံးဖြစ်ပါတယ်။

၂) အစားအသောက်ပုံစံပြောင်းစားခြင်း

အဆီများသော၊ အသင့်စား စားစရာတွေကို ရှောင်ကြည်လိုက်ခြင်း။ ကလည်း ရင်သားစူခြင်းလျှော့နည်းလာစေပါတယ်။

၃) ရင်ဘက်လေ့ကျင့်ခန်းလုပ်ပေးခြင်း

ရင်ဘက်က အဆီပိုတွေများခြင်းကြောင့်ဖြစ်တာမို့ ရင်ဘက်လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဒိုက်ထိုးခြင်း ကလည်းသက်သာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး စိတ်ရှည်ရှည်နဲ့ ကုသခြင်းက အကောင်းဆုံးပါ။

မယ်တင်( ဆေး ၁)

ရင္သားကိတ္ေနေသာ အမ်ိဳးသားထုအတြက္

လူပ်ိဳေပါက္ေလး ေမာင္ေမာင္တစ္ေယာက္ ကိုယ္လံုးေပၚမွန္ၾကည့္တိုင္း စိတ္ညစ္ေနသည္။ မညစ္ခံႏိုင္မလား။ သူ႔မွာ သဘာဝအရ ေဟာ္မုန္းေျပာင္းလဲလာေတာ့ အရပ္ရွည္လာတယ္။ အသံေတြ ဩလာတယ္။ ပခံုးႀကီးက်ယ္လာတယ္။ အရာရာ အဆင္ေျပတယ္။ အဆင္မေျပတာတစ္ခုေလးပဲ။

မကိတ္သင့္ေသာ ရင္သားက ကြက္ၿပီး ကိတ္ကာ ႏို႔စူသလိုပင္ျဖစ္ေနသည္။ သူငယ္ခ်င္းေတြကလည္း ေတြ႕တိုင္းဒါပဲ စေနၾကသည္။

ေမာင္ေမာင့္လို ရင္သားစူေနတာမ်ိဳးကို ေဆးပညာ အေခၚအရေတာ့ Gynaecomastia လို႔ေခၚပါတယ္။ ရင္ဘက္ႂကြက္သားနဲ႔ ကပံုမွန္ျဖစ္ၿပီး ရင္သားအဆီ တစ္ရူးေတြက ပံုမွန္ထက္ပို မ်ားေနတာပါ။ ရင္သားကို စမ္းၾကည့္ရင္ မာတာ၊ နာတာေတြ ခံစားရတတ္ပါတယ္။ တခ်ိဳ႕မွာဆို ႏို႔သီးေခါင္းမွ အရည္ထြက္တာမ်ိဳးပါ ျဖစ္တတ္ပါတယ္။

အေနာက္ႏိုင္ငံေတြမွာ ဒီလို အမ်ိဳးသားရင္သားစူထြက္ျခင္းအတြက္ ခြဲစိတ္ျပဳျပင္ျခင္းဟာPlastic Surgery( အလွအပ ခြဲစိတ္ျခင္း) ျပဳလုပ္မႉေတြထဲမွာ စတုတၳေျမာက္ အမ်ားဆံုးပါတဲ့။

ဒီလို အမ်ိဳးသားေတြမွာရင္သားစုထြက္ျခင္းဟာ အခ်က္ (၄ ) ခ်က္ေၾကာင့္ျဖစ္ပါတယ္။

၁) ေဟာ္မုန္းေျပာင္းလဲျခင္းေၾကာင့္ ရင္သားစူထြက္ျခင္း

ေမြးကင္းစ ကေလးငယ္ေတြမွာ အေမဆီကေဟာ္မုန္းရရွိမႉေၾကာင့္စူတတ္ပါတယ္။ လူပ်ိဴေပါက္အရြယ္မွာ လူပ်ိဴေဖာ္ေဟာ္မုန္းေျပာင္းလဲျခင္းေၾကာင့္ျဖစ္ပါတယ္။

၂) ေသာက္သံုးေနတဲ့ ေဆးမ်ားေၾကာင့္ ရင္သားစူျခင္း

ႏြယ္ခ်ိဳပါေသာေဆးမ်ား၊ အစာအိမ္အနာအတြက္ေပးေသာ Cimetidine, အတက္ေရာဂါအတြက္ေပးေသာ Phenytoin, ကင္ဆာေဆးအခ်ိဳ႕၊ က်ားေဟာ္မုန္းဆန္႔က်င္ေသာ Cyproterone; spironolactone) ၊ စိတ္က်ေရာဂါကုေဆး Valium ေဆးမ်ားေၾကာင့္ျဖစ္ႏိုင္သည္။

၃) တားျမစ္ေဆးမ်ားသံုးစြဲျခင္း၊ အရက္ေသာက္သံုးျခင္း

စိတ္ႂကြ ေဆး ဟီးရိုးအင္း၊ Marijuna, Methamphetamine သံုးစြဲလၽွင္လည္း ျဖစ္ႏိုင္သည္။

၄) ေရာဂါတစ္စံုတစ္ခုေၾကာင့္ ရင္သားစူျခင္း

ေဟာ္မုန္းေျပာင္းလဲခ်ိန္မဟုတ္တဲ့ သက္ႀကီးပိုင္းအမ်ိဳးသားေတြမွာ ရင္သားစူလာမယ္ဆိုရင္ေတာ့ ေရာဂါတစ္ခုခုရွိလို႔ျဖစ္ႏိုင္ပါတယ္။ ျဖစ္ႏိုင္တဲ့ေရာဂါေတြကေတာ့ အသည္းေျခာက္ျခင္း၊ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာ၊ ရင္သားကင္ဆာ၊ ေဝးေစ့ကင္ဆာတို႔ျဖစ္ႏိုင္ပါတယ္။ ရင္သားစူထြက္ျခင္းဟာ ေရာဂါေၾကာင့္မဟုတ္ဘူးဆိုရင္ သက္သာေအာင္လုပ္ႏိုင္တဲ့နည္းလမ္းေတြရွိပါတယ္။

၁) ခြဲစိတ္ျခင္း

ခြဲစိတ္ၿပီး ရင္သားမွာရွိတဲ့အဆီပိုေတြကိုဖယ္ထုတ္လိုက္ျခင္းဟာ ခ်က္ျခင္း ရင္သားပံုစံပံုမွန္ကို ျပန္ရေစပါတယ္။ ဒါေပမယ့္ ခြဲစိတ္ျခင္းေၾကာင့္ ပိုးဝင္ျခင္း မ်ိဳးေတာ့ ျဖစ္ႏိုင္ပါတယ္။ ဆရာဝန္ဆံုးျဖတ္ခ်က္အရ ခြဲစိတ္တာသာ အေကာင္းဆံုးျဖစ္ပါတယ္။

၂) အစားအေသာက္ပံုစံေျပာင္းစားျခင္း

အဆီမ်ားေသာ၊ အသင့္စား စားစရာေတြကို ေရွာင္ၾကည္လိုက္ျခင္း။ ကလည္း ရင္သားစူျခင္းေလၽွာ့နည္းလာေစပါတယ္။

၃) ရင္ဘက္ေလ့က်င့္ခန္းလုပ္ေပးျခင္း

ရင္ဘက္က အဆီပိုေတြမ်ားျခင္းေၾကာင့္ျဖစ္တာမို႔ ရင္ဘက္ေလ့က်င့္ခန္းေတြျဖစ္တဲ့ ဒိုက္ထိုးျခင္း ကလည္းသက္သာေစပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီး စိတ္ရွည္ရွည္နဲ႔ ကုသျခင္းက အေကာင္းဆံုးပါ။

မယ္တင္( ေဆး ၁)

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *