ညဘက် ခြေထောက်ညောင်းကိုက်တတ်တဲ့သားသားမီးမီးတွေ
သားသားမီးမီးတချို့မှာ တစ်ခါတစ်လေခြေထောက်ညောင်းလို့၊ ခြေထောက်နာလို့ ဆိုပြီး မေမေဖေဖေတွေကိုနှိပ်ပေးဖို့အပူကပ်တတ်ကြပါတယ်။ အဲ့ဒီအခါမှာ မေမေဖေဖေတို့ကလည်း ငါ့သားသမီးလေး အသက်ငယ်ငယ်နဲ့ခြေထောက်ညောင်းတတ်နေရန်ကောဆိုပြီးစိတ်ပူတတ်ကြပါတယ်။ ဒါဟာ စိုးရိမ်စရာရောဂါလား၊ သာမာန်ဖြစ်ရိုးထုံးစံလားဆိုတာ ကြည့်ကြရအောင်နော်။
ကလေးငယ်ကြီးထွားချိန်တွင်ဖြစ်တန်သောနာကျင်မှု (Growing Pain)
ဒီဝေဒနာဟာ အသက် ၄နှစ်ကနေ ၁၂နှစ်အရွယ်ကြားမှာဖြစ်တတ်တဲ့ ‘Growing Pain’ လို့ခေါ်တဲ့ ကလေးငယ်တွေကြီးထွားချိန်မှာ ဖြစ်တတ်တဲ့ နာကျင်မှုတစ်မျိုးပဲဖြစ်ပါတယ်။ Growing Painဟာ တခြားနေရာတွေထက် သားသားမီးမီးတို့ရဲ့ပေါင်တွေ၊ ဒူးနဲ့ ခြေသလုံးအနောက်ဘက်တွေမှာ ပိုပြီးနာတတ်ပါတယ်။ ဒါဟာကလေးငယ်ရဲ့တစ်နေ့တာဆော့ကစားမှုနဲ့ သက်ဆိုင်မှုမရှိဘူးလို့စစ်တမ်းတွေက ဖော်ပြထားပေမယ့် တစ်နေကုန်ဆော့တဲ့နေ့ရဲ့ ညဘက်တွေမှာ ပိုပြီးခံရတတ်တာကို တွေ့ရှိရပါတယ်။ Growing Painဟာ ညစဉ်ရက်ဆက် နာကျင်နေတတ်တာမျိုးမဟုတ်ပါဘူး။ နာလိုက်ပျောက်လိုက်ပဲဖြစ်တတ်ပါတယ်။
Growing Painဟာ ယောကျ်ားလေးတွေမှာထက် မိန်းကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ထူးဆန်းတာတစ်ခုက ကလေးတွေအရပ်ရှည်တဲ့အချိန်မှာ နာတတ်တယ်ဆိုပေမယ့် အရပ်ရှည်ကြီးထွားမှုနဲ့တော့ တိုက်ရိုက်မဆိုင်ဘူးတဲ့။ ဒါပေမယ့် လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အချိန်ကျရင်တော့ အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။
ကဲ….. ဒီတော့ သားသားမီးမီးတို့ရဲ့ မေမေဖေဖေတို့ကိုလည်း မစိုးရိမ်ပါနဲ့လို့ မှာချင်ပါတယ်။ သားသမီးလေးတွေ ဒီလိုညောင်းတယ်နာတယ်ဆိုပြီးဖြစ်လာရင် သက်သာအောင် ခြေထောက်တွေ၊ အထူးသဖြင့် ပေါင်တွေကိုနှိပ်ပေးပါ။ ဒါမှမဟုတ် အကြောလျှော့ပေးသလို ဒူးခေါင်းကနေ ကွေးပေးပြီး အညောင်းဆန့်တာ၊ ခြေဖျားကိုကိုင်ပြီး ခြေကျင်းဝတ်ကိုကော့ပေးတာ၊ ပက်လက်အနေအထားမှာ ခြေထောက်ကိုဆန့် ပေါင်ရင်းကနေကွေးပေးပြီးအပေါ်ကိုမြှောက်ပေးတာ ဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်။ ဒီလိုမှမရရင်တော့ အရမ်းနာကျင်တဲ့ညတွေမှာ ပါရာစီတမောဖြစ်ဖြစ်၊ Ibuprofen ဖြစ်ဖြစ် ကလေးငယ်ရဲ့ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ချိန်ဆကာ ဆေးတိုက်ပေးလို့ရပါတယ်။ ကိုရီးယားကားတွေကြည့်ပြီး ငါ့ကလေးတော့ လူကီးမီးယားသွေးကင်ဆာလား၊ အရိုးပွရောဂါဖြစ်ပြီလားလို့ လျှောက်တွေးပြီး စိုးရိမ်းမနေနဲ့တော့နော် မေမေဖေဖေတို့ရေ။
ကြီးထွားချိန်မှာဖြစ်တတ်တဲ့ နာကျင်မှု (Growing Pain) နဲ့ မတူတဲ့အချက်တွေ ရှိနေရင်တော့ သားသားမီးမီးတို့ကို တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အကယ်၍ ခြေထောက်နာခြင်းဟာ –
- အဖျားနဲ့တွဲနေရင်
- လမ်းလျှောက်မရအောင်၊ ခြေထောက်ခွင်သွားအောင် ဆိုးနေရင်
- ဒဏ်ရာအနာတရ/ ချော်လဲ/ ပြုတ်ကျခဲ့ပြီး ရက်အနော်ကြာကြာနာနေသေးရင်
- အနီစက် အနီကွက်တွေနဲ့ တွဲနေရင်
- နာကျင်တဲ့နေရာမှာ ရောင်ကိုင်းနေခဲ့မယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းများမှာ ပြသသင့်ပါကြောင်း။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ညဘက္ ေျခေထာက္ေညာင္းကိုက္တတ္တဲ့သားသားမီးမီးေတြ
သားသားမီးမီးတခ်ိဳ႕မွာ တစ္ခါတစ္ေလေျခေထာက္ေညာင္းလို႔၊ ေျခေထာက္နာလို႔ ဆိုၿပီး ေမေမေဖေဖေတြကိုႏွိပ္ေပးဖို႔အပူကပ္တတ္ၾကပါတယ္။ အဲ့ဒီအခါမွာ ေမေမေဖေဖတို႔ကလည္း ငါ့သားသမီးေလး အသက္ငယ္ငယ္နဲ႔ေျခေထာက္ေညာင္းတတ္ေနရန္ေကာဆိုၿပီးစိတ္ပူတတ္ၾကပါတယ္။ ဒါဟာ စိုးရိမ္စရာေရာဂါလား၊ သာမာန္ျဖစ္႐ိုးထံုးစံလားဆိုတာ ၾကည့္ၾကရေအာင္ေနာ္။
ကေလးငယ္ႀကီးထြားခ်ိန္တြင္ျဖစ္တန္ေသာနာက်င္မႈ (Growing Pain)
ဒီေဝဒနာဟာ အသက္ ၄ႏွစ္ကေန ၁၂ႏွစ္အရြယ္ၾကားမွာျဖစ္တတ္တဲ့ ‘Growing Pain’ လို႔ေခၚတဲ့ ကေလးငယ္ေတြႀကီးထြားခ်ိန္မွာ ျဖစ္တတ္တဲ့ နာက်င္မႈတစ္မ်ိဳးပဲျဖစ္ပါတယ္။ Growing Painဟာ တျခားေနရာေတြထက္ သားသားမီးမီးတို႔ရဲ႕ေပါင္ေတြ၊ ဒူးနဲ႔ ေျခသလံုးအေနာက္ဘက္ေတြမွာ ပိုၿပီးနာတတ္ပါတယ္။ ဒါဟာကေလးငယ္ရဲ႕တစ္ေန႔တာေဆာ့ကစားမႈနဲ႔ သက္ဆိုင္မႈမ႐ွိဘူးလို႔စစ္တမ္းေတြက ေဖာ္ျပထားေပမယ့္ တစ္ေနကုန္ေဆာ့တဲ့ေန႔ရဲ႕ ညဘက္ေတြမွာ ပိုၿပီးခံရတတ္တာကို ေတြ႕႐ွိရပါတယ္။ Growing Painဟာ ညစဥ္ရက္ဆက္ နာက်င္ေနတတ္တာမ်ိဳးမဟုတ္ပါဘူး။ နာလိုက္ေပ်ာက္လိုက္ပဲျဖစ္တတ္ပါတယ္။
Growing Painဟာ ေယာက်္ားေလးေတြမွာထက္ မိန္းကေလးေတြမွာ ပိုျဖစ္တတ္ပါတယ္။ ထူးဆန္းတာတစ္ခုက ကေလးေတြအရပ္႐ွည္တဲ့အခ်ိန္မွာ နာတတ္တယ္ဆိုေပမယ့္ အရပ္႐ွည္ႀကီးထြားမႈနဲ႔ေတာ့ တိုက္႐ိုက္မဆိုင္ဘူးတဲ့။ ဒါေပမယ့္ လူပ်ိဳေပါက္၊ အပ်ိဳေပါက္ျဖစ္လာတဲ့အခ်ိန္က်ရင္ေတာ့ အလိုလိုေပ်ာက္ကင္းသြားတတ္ပါတယ္။
ကဲ….. ဒီေတာ့ သားသားမီးမီးတို႔ရဲ႕ ေမေမေဖေဖတို႔ကိုလည္း မစိုးရိမ္ပါနဲ႔လို႔ မွာခ်င္ပါတယ္။ သားသမီးေလးေတြ ဒီလိုေညာင္းတယ္နာတယ္ဆိုၿပီးျဖစ္လာရင္ သက္သာေအာင္ ေျခေထာက္ေတြ၊ အထူးသျဖင့္ ေပါင္ေတြကိုႏွိပ္ေပးပါ။ ဒါမွမဟုတ္ အေၾကာေလ်ွာ့ေပးသလို ဒူးေခါင္းကေန ေကြးေပးၿပီး အေညာင္းဆန္႔တာ၊ ေျခဖ်ားကိုကိုင္ၿပီး ေျခက်င္းဝတ္ကိုေကာ့ေပးတာ၊ ပက္လက္အေနအထားမွာ ေျခေထာက္ကိုဆန္႔ ေပါင္ရင္းကေနေကြးေပးၿပီးအေပၚကိုေျမႇာက္ေပးတာ ျဖစ္ျဖစ္လုပ္ေပးလို႔ရပါတယ္။ ဒီလိုမွမရရင္ေတာ့ အရမ္းနာက်င္တဲ့ညေတြမွာ ပါရာစီတေမာျဖစ္ျဖစ္၊ Ibuprofen ျဖစ္ျဖစ္ ကေလးငယ္ရဲ႕ ကိုယ္အေလးခ်ိန္ေပၚမူတည္ၿပီး ခ်ိန္ဆကာ ေဆးတိုက္ေပးလို႔ရပါတယ္။ ကိုရီးယားကားေတြၾကည့္ၿပီး ငါ့ကေလးေတာ့ လူကီးမီးယားေသြးကင္ဆာလား၊ အ႐ိုးပြေရာဂါျဖစ္ၿပီလားလို႔ ေလ်ွာက္ေတြးၿပီး စိုးရိမ္းမေနနဲ႔ေတာ့ေနာ္ ေမေမေဖေဖတို႔ေရ။
ႀကီးထြားခ်ိန္မွာျဖစ္တတ္တဲ့ နာက်င္မႈ (Growing Pain) နဲ႔ မတူတဲ့အခ်က္ေတြ ႐ွိေနရင္ေတာ့ သားသားမီးမီးတို႔ကို တတ္ကြၽမ္းနားလည္တဲ့ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။ အကယ္၍ ေျခေထာက္နာျခင္းဟာ –
- အဖ်ားနဲ႔တြဲေနရင္
- လမ္းေလ်ွာက္မရေအာင္၊ ေျခေထာက္ခြင္သြားေအာင္ ဆိုးေနရင္
- ဒဏ္ရာအနာတရ/ ေခ်ာ္လဲ/ ျပဳတ္က်ခဲ့ၿပီး ရက္အေနာ္ၾကာၾကာနာေနေသးရင္
- အနီစက္ အနီကြက္ေတြနဲ႔ တြဲေနရင္
- နာက်င္တဲ့ေနရာမွာ ေရာင္ကိုင္းေနခဲ့မယ္ဆိုရင္ေတာ့ နီးစပ္ရာေဆးခန္းမ်ားမွာ ျပသသင့္ပါေၾကာင္း။
ေမတၱာျဖင့္
စိုင္းျမတ္သူ