အမျိုးသားများနှင့် ဒူလာရောဂါ
ယောက်ျားဒူလာ မိန်းမမီးယပ်ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဒူလာဆိုတာ အမျိုးသားတွေအဖြစ်များတဲ့ ဂေါက် (Gout)ရောဂါကို ခေါ်တဲ့ အရပ်အခေါ်ဖြစ်ပါတယ်။ဒီဂေါက်ရောဂါရဲ့ ဖြစ်ရတဲ့အကြောင်းအရင်း၊ ရောဂါလက္ခဏာတွေနဲ့ ကုသပုံတွေအကြောင်းကို ဒီဆောင်းပါးမှာ ရေးသားဖော်ပြပေးမှာဖြစ်ပါတယ်။
ရောဂါဘာကြောင့်ဖြစ်ရသလဲ?
အရိုးအဆစ်လေးတွေမှာ ယူရစ်အက်ဆစ် (Uric Acid Crystal) တွေစုပုံလာလို့ အရိုးအဆစ်တွေရောင်ရမ်းတဲ့ရောဂါဖြစ်ပါတယ်။ Uric Acid ဟာ ကျွန်မတို့နေ့စဉ်စားနေတတ်တဲ့ အစားအစာတွေမှာပါတဲ့ Purine ဆိုတဲ့ဓာတ်ကနေ ပြိုကွဲပြီးထွက်လာတာပါ။ ခန္ဓာကိုယ်ကနေ Uric Acid ကို စွန့်ထုတ်တဲ့ဖြစ်စဉ်တွေပုံမှန်မဟုတ်ဘဲ လွဲချော်လာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အဆစ်အမြစ်တွေမှာ Uric Acid စုပုံလာပါတော့တယ်။ အဲလိုဖြစ်ရင် အဆစ်တွေအလွန်နာကျင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တတ်ပါတယ်။ နောက်ပိုင်းမှာ ကျောက်ကပ်ပျက်စီးတဲ့အထိ ရောဂါတွေထိဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေကတော့
*အဆစ်အမြစ်တစ်ခုဟာ ရုတ်တရက်အလွန်အမင်းနာကျင်လာမယ်။ ညဘက် သို့မဟုတ် မနက်အစောမှာဖြစ်တတ်တာများပါတယ်။
*အဆစ်ကိုထိရင် နာကျင်တတ်ပါတယ်။ ကိုင်ကြည့်ရင် နွေးနေပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။
*အဆစ်အမြစ်ဟာ တင်းတောင့်နေပါမယ်။
ခြေမအဆစ်လေးတွေကအဖြစ်အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒူးခေါင်း၊ ခြေကျင်းဝတ်၊ ခြေထောက်၊ လက်ကောက်ဝတ်တွေအထိ ဝေဒနာခံစားရပါလိမ့်မယ်။
ဒီဂေါက်ရောဂါကို မကုသဘဲထားရင် စုပုံနေတဲ့ Uric Acid Crystal တွေဟာ အဆစ်ရဲ့အနီး အရေပြားအောက်မှာ စုပြီးအလုံးဖြစ်သွားပါတယ်။ဒါကို Tophi လို့ခေါ်ပါတယ်။ ဒီလိုအစိုင်အခဲလေးတွေ ဆီးလမ်းကြောင်းမှာစုရင် ကျောက်ကပ်မှာကျောက်တည်တတ်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ?
ရေများများသောက်ခြင်းဟာ ဂေါက်ရောဂါရုတ်တရက်ထဖောက်ခြင်း ( Acute attack ) ကိုကာကွယ်ပေးပြီး ရောဂါရှိနှင့်နေပြီးသားလူတွေမှာ ကျောက်ကပ်မှာကျောက်တည်တာကို ကာကွယ်ပေးပါတယ်။ အရက်သောက်ခြင်းဟာ သွေးတွင်းယူရစ်အက်ဆစ်ကိုတက်စေပြီး ဂေါက်ရောဂါကို ပိုဆိုးစေတဲ့အတွက် အရက်ကို ရှောင်ကြဉ်ရပါမယ်။
ဘယ်လိုကုသကြမလဲ?
ရောဂါအတိမ်အနက်ကိုမူတည်ပြီး အကိုက်အခဲပျောက်ဆေးကအစပြုလို့ Uric Acid ကိုကျဆင်းစေတဲ့ဆေး၊ Uric Acid စုပုံမှုကို တားပေးတဲ့ဆေးတွေကို ဆရာဝန်ကညွှန်ကြားမှာဖြစ်ပါတယ်။
ဂေါက်ရောဂါဖြစ်လာရင် နာကျင်ကိုက်ခဲမှုဟာ အလွန်ဆိုးဝါးတတ်တာဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများတဲ့အတွက် မဖြစ်ခင်တည်းက ကြိုတင်ပြီးကာကွယ်တာကောင်းပါတယ်။ အစာအာဟာရကို အသားပဲစားတာမျိုးမလုပ်ဘဲ အာဟာရညီညွတ်မျှတအောင်စားပြီး အရက်သေစာရှောင်ကြဉ်သင့်ပါတယ်။ ရေများများသောက်သင့်ပါတယ်။
အချုပ်အနေနဲ့ အမျိုးသားများမှာ အဖြစ်များတဲ့ ဒူလာလို့ခေါ်တဲ့ Gout ရောဂါအကြောင်း အထက်ပါအတိုင်း ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
အမ်ိဳးသားမ်ားႏွင့္ ဒူလာေရာဂါ
ေယာက္်ားဒူလာ မိန္းမမီးယပ္ဆိုတဲ့စကားကို ၾကားဖူးၾကမွာပါ။ ဒူလာဆိုတာ အမ်ိဳးသားေတြအျဖစ္မ်ားတဲ့ ေဂါက္ (Gout)ေရာဂါကို ေခၚတဲ့ အရပ္အေခၚျဖစ္ပါတယ္။ဒီေဂါက္ေရာဂါရဲ႕ ျဖစ္ရတဲ့အေၾကာင္းအရင္း၊ ေရာဂါလကၡဏာေတြနဲ႔ ကုသပံုေတြအေၾကာင္းကို ဒီေဆာင္းပါးမွာ ေရးသားေဖာ္ျပေပးမွာျဖစ္ပါတယ္။
ေရာဂါဘာေၾကာင့္ျဖစ္ရသလဲ?
အ႐ိုးအဆစ္ေလးေတြမွာ ယူရစ္အက္ဆစ္ (Uric Acid Crystal) ေတြစုပံုလာလို႔ အ႐ိုးအဆစ္ေတြေရာင္ရမ္းတဲ့ေရာဂါျဖစ္ပါတယ္။ Uric Acid ဟာ ကြ်န္မတို႔ေန႔စဥ္စားေနတတ္တဲ့ အစားအစာေတြမွာပါတဲ့ Purine ဆိုတဲ့ဓာတ္ကေန ၿပိဳကြဲၿပီးထြက္လာတာပါ။ ခႏၶာကိုယ္ကေန Uric Acid ကို စြန္႔ထုတ္တဲ့ျဖစ္စဥ္ေတြပံုမွန္မဟုတ္ဘဲ လြဲေခ်ာ္လာတဲ့အခါမွာ ခႏၶာကိုယ္ရဲ႕ အဆစ္အျမစ္ေတြမွာ Uric Acid စုပံုလာပါေတာ့တယ္။ အဲလိုျဖစ္ရင္ အဆစ္ေတြအလြန္နာက်င္ပါတယ္။ ေက်ာက္ကပ္မွာ ေက်ာက္တည္တတ္ပါတယ္။ ေနာက္ပိုင္းမွာ ေက်ာက္ကပ္ပ်က္စီးတဲ့အထိ ေရာဂါေတြထိျဖစ္ႏိုင္ပါတယ္။
ေရာဂါလကၡဏာေတြကေတာ့
*အဆစ္အျမစ္တစ္ခုဟာ ႐ုတ္တရက္အလြန္အမင္းနာက်င္လာမယ္။ ညဘက္ သို႔မဟုတ္ မနက္အေစာမွာျဖစ္တတ္တာမ်ားပါတယ္။
*အဆစ္ကိုထိရင္ နာက်င္တတ္ပါတယ္။ ကိုင္ၾကည့္ရင္ ေႏြးေနၿပီး နီရဲေရာင္ရမ္းေနတတ္ပါတယ္။
*အဆစ္အျမစ္ဟာ တင္းေတာင့္ေနပါမယ္။
ေျခမအဆစ္ေလးေတြကအျဖစ္အမ်ားဆံုးျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ဒူးေခါင္း၊ ေျခက်င္းဝတ္၊ ေျခေထာက္၊ လက္ေကာက္ဝတ္ေတြအထိ ေဝဒနာခံစားရပါလိမ့္မယ္။
ဒီေဂါက္ေရာဂါကို မကုသဘဲထားရင္ စုပံုေနတဲ့ Uric Acid Crystal ေတြဟာ အဆစ္ရဲ႕အနီး အေရျပားေအာက္မွာ စုၿပီးအလံုးျဖစ္သြားပါတယ္။ဒါကို Tophi လို႔ေခၚပါတယ္။ ဒီလိုအစိုင္အခဲေလးေတြ ဆီးလမ္းေၾကာင္းမွာစုရင္ ေက်ာက္ကပ္မွာေက်ာက္တည္တတ္ပါတယ္။
ဘယ္လိုကာကြယ္ၾကမလဲ?
ေရမ်ားမ်ားေသာက္ျခင္းဟာ ေဂါက္ေရာဂါ႐ုတ္တရက္ထေဖာက္ျခင္း ( Acute attack ) ကိုကာကြယ္ေပးၿပီး ေရာဂါရွိႏွင့္ေနၿပီးသားလူေတြမွာ ေက်ာက္ကပ္မွာေက်ာက္တည္တာကို ကာကြယ္ေပးပါတယ္။ အရက္ေသာက္ျခင္းဟာ ေသြးတြင္းယူရစ္အက္ဆစ္ကိုတက္ေစၿပီး ေဂါက္ေရာဂါကို ပိုဆိုးေစတဲ့အတြက္ အရက္ကို ေရွာင္ၾကဥ္ရပါမယ္။
ဘယ္လိုကုသၾကမလဲ?
ေရာဂါအတိမ္အနက္ကိုမူတည္ၿပီး အကိုက္အခဲေပ်ာက္ေဆးကအစျပဳလို႔ Uric Acid ကိုက်ဆင္းေစတဲ့ေဆး၊ Uric Acid စုပံုမႈကို တားေပးတဲ့ေဆးေတြကို ဆရာဝန္ကၫႊန္ၾကားမွာျဖစ္ပါတယ္။
ေဂါက္ေရာဂါျဖစ္လာရင္ နာက်င္ကိုက္ခဲမႈဟာ အလြန္ဆိုးဝါးတတ္တာျဖစ္ၿပီး ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားတဲ့အတြက္ မျဖစ္ခင္တည္းက ႀကိဳတင္ၿပီးကာကြယ္တာေကာင္းပါတယ္။ အစာအာဟာရကို အသားပဲစားတာမ်ိဳးမလုပ္ဘဲ အာဟာရညီၫြတ္မွ်တေအာင္စားၿပီး အရက္ေသစာေရွာင္ၾကဥ္သင့္ပါတယ္။ ေရမ်ားမ်ားေသာက္သင့္ပါတယ္။
အခ်ဳပ္အေနနဲ႔ အမ်ိဳးသားမ်ားမွာ အျဖစ္မ်ားတဲ့ ဒူလာလို႔ေခၚတဲ့ Gout ေရာဂါအေၾကာင္း အထက္ပါအတိုင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)