All Articlesအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သွေးအားကောင်းစေမည့် နည်းလမ်းများ

1 Mins read

သွေးအားကောင်းစေမည့် နည်းလမ်းများ

သွေးအားနည်းရောဂါဟာ လူတိုင်းသတိထားသင့်တဲ့ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ၎င်းရောဂါဟာ လူတိုင်းမခံစားရနိုင်ပေမယ့် ကြုံလာတဲ့အခါအသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်တဲ့ရောဂါဖြစ်တာကြောင့် မဖြစ်ပွားစေဖို့ကြိုတင်ကာကွယ်ထားရန်လိုအပ်ပါတယ်။သွေးအားနည်းရောဂါမှာ အမျိုးအစားများစွာရှိပါတယ်၊တစ်ချို့ရောဂါတွေဟာကြိုတင်ကာကွယ်လို့မရနိုင်ပါဘူး။ဒါပေမယ့် သံဓါတ်ချို့တည့်ခြင်းနဲ့ ဗီတာမင်ဓါတ်ချို့တဲ့ခြင်းတို့ကြောင့်ဖြစ်တတ်တဲ့သွေးအားနည်းခြင်းဟာအဖြစ်အများဆုံးဖြစ်တာကြောင့် ၎င်းရောဂါမဖြစ်ပွားအောင်ကြိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းလေးတွေကိုတော့ သိထားသင့်ပါတယ်။

သွေးအားကောင်းစေမယ့်နည်းလမ်းတွေက ဘာတွေလဲ?

သံဓါတ်စုပ်ယူမှုကောင်းမွန်စေပြီး သွေးအားကောင်းစေရန်အတွက်အောက်ပါအချက်များကိုလိုက်နာပေးနိုင်ပါတယ်-

၁။ ရှောင်ကြဉ်ရန်

(၁)အစားအစာနှင့် လဘက်ရည်၊ရေနွေးကြမ်း၊လက်ဖက်သုပ်ကို တွဲဘက်မစားသင့်ပါ။အထူးသဖြင့် သံဓါတ်ကြွယ်ဝသောအစားအစာများကို လက်ဖက်နှင့်တွဲစားလျှင် အစားအစာမှာပါဝင်သောသံဓါတ်အား အစာအိမ်အူလမ်းကြောင်းမှစုပ်ယူခြင်းကို လက်ဖက်ကလျော့ကျစေနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။လဘက်ရည်၊ရေနွေးကြမ်း၊လက်ဖက်တို့ကို အစာစားပြီး ၂နာရီခန့်ကြာမှစားသုံးသင့်ပါတယ်။

(၂)သံဓါတ်ဖြည့်စွက်အားဆေးများကို နွားနို့၊ဒိန်ချဉ်၊ချိစ် စသောကယ်ဆီယမ်ကြွယ်ဝတဲ့အစားအသောက်များနှင့်တွဲဘက်မစားသင့်ပါ။ထိုသို့တွဲ၍စားပါက သံဓါတ်စုပ်ယူမှုလျော့ကျတတ်တာကြောင့် ၎င်းအစားအစာများကို သံဓါတ်အားဆေးမစားမီ ၁နာရီ(သို့)စားပြီး ၂နာရီကြာမှစားသုံးသင့်ပါတယ်။

(၃)သံဓါတ်အားဆေးများကို ပိုးသတ်ဆေးများနှင့်တွဲမသောက်သင့်ပါ။

၂။လုပ်ဆောင်ရန်

(၁)သံဓါတ်ပေါကြွယ်ဝသော အသား၊ငါး၊ပဲအမျိုးမျိုးနှင့်အစိမ်းရင့်ရောင်အသီးအရွက်များကိုပုံမှန်စားသုံးပေးပါ။

(၂)ဗီတာမင် ဘီ(၁၂)ပြည့်ဝသော အစားအစာများဖြစ်သည့် အသားနှင့်နို့ထွက်ပစ္စည်းများ၊ပဲပိစပ် စသည်တို့ကိုစားသုံးပေးပါ။

(၃)သံဓါတ်ဖြည့်အားဆေးများကို ဗီတာမင်စီနှင့်တွဲဖက်စားသုံးပေးပါ။ဗီတာမင်စီဟာ အစာအိမ်အူလမ်းကြောင်းမှသံဓါတ်စုပ်ယူမှုကိုအားပေးပါတယ်။ရှောက်သီး၊လိမ္မော်သီး၊စပျစ်သီး၊သဘောၤသီး၊ဟင်းနုနွယ်နဲ့ အစိမ်းရောင်ရှိသောအသီးအရွက်တွေမှာ ဗီတာမင်စီပေါကြွယ်ဝစွာပါဝင်ပါတယ်။

အထက်ပါအချက်များကိုရှောင်ကြဉ်/လုပ်ဆောင်ခြင်းအားဖြင့် သံဓါတ်နဲ့ဗီတာမင်ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်သော သွေးအားနည်းရောဂါများကိုကာကွယ်ပေးနိုင်ပါကြောင်းရေးသားဖော်ပြလိုက်ရပါတယ်။

dr.ye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…