ကလေးထိန်းခြင်းအနုပညာ

ယခုခေတ် ရင်သွေးရတနာသားသမီးတွေဟာ နောင်တစ်ခေတ်ရဲ့ ကြယ်ပွင့်လေးတွေပဲဖြစ်ပါတယ်။ ထိုကြယ်ပွင့်လေးတွေ အဖိုးတန်ပြီး ထွန်းလင်းစွာတောက်ပနိုင်ဖို့ ငယ်စဉ်အချိန်တည်းက ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

ကလေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာ ရည်မှန်းချက် ၃ရပ်ထားရှိသင့်ပါတယ်။

၁။ ကျန်းမာပြီး အန္တရာယ်ကင်းစွာ ကြီးပြင်းစေရန်

၂။ အသက်အရွယ်အလိုက် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖွံဖြိုးစေရန်

၃။ ဓလေ့ထုံးတမ်းနှင့်အမွေအနှစ်များကို တန်ဖိုးထားတတ်စေရန်

ဒါကြောင့် အရည်အသွေးပြည့်မီတဲ့ ကလေးပြုစုစောင့်ရှောက်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

➳ အာဟာရပြည့်ဝစွာ ကျွေးမွေးပါ။

ကလေးတစ်ယောက် စားသုံးတဲ့ အစားအစာထဲမှာ ကိုယ်ခန္ဓာကြီးထွားဖွံဖြိုးစေဖို့ လုံလောက်သော အသားဓာတ်(အသား၊ငါးနှင့် ဥအမျိုမျိုး)၊ ရောဂါကာကွယ်တဲ့ အသီးနှင့် ဟင်းသီးဟင်းရွက်များ၊ အင်အားဖြစ်စေသော ကစီဓာတ်(ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး) တို့ အချိုးအစားကျ ပါဝင်သင့်ပါတယ်။ အသင့်စား အစားအသောက်များထက် လတ်ဆတ်သန့်ရှင်းသော အစားအစာများ ပိုမိုကျွေးသင့်ပါတယ်။

➳ သပ်ရပ်သန့်ရှင်းစွာ ပြုမူနေထိုင်တတ်ရန် လေ့ကျင့်ပါ။

ရောဂါပိုးမွှားများကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ တကိုယ်ရည်သန့်ရှင်းရေးပဲ ဖြစ်ပါတယ်။ တကိုယ်ရည်သန့်ရှင်းရေး အားနည်းမှုကြောင့် ဝမ်းပျက်ဝမ်းလျောနှင့် အနာရောဂါအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာမစားမီ၊ စားပြီးနှင့် ရေအိမ်မှထွက်လာတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောရန် လေ့ကျင့်ပေးပါ။

➳ စည်းမျဉ်း၊ စည်းကမ်းများသတ်မှတ်ပါ။

ငယ်စဉ်အခါတည်းက စည်းကမ်းတကျပြုမူတတ်မှ နောင်တစ်ချိန်တွင် စည်းကမ်းလိုက်နာတတ်သော လူကြီးလူကောင်းများ ဖြစ်လာမှာပါ။ ကလေးကစားစရာများ ထုတ်ယူကစားပြီးတိုင်း နေရာတကျ ပြန်လည်သိမ်းစည်းစေရန်၊ မိမိ၏ အသုံးအဆောင်ပစ္စည်းများကို နေရာတကျ ထားသိုတတ်ရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်စေရန်၊ အိပ်ချိန်သတ်မှတ်ရန်၊ စာကြည့်ချိန်သတ်မှတ်ရန် စတဲ့အချက်များပြုလုပ်သင့်ပါတယ်။

➳ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ရန် အားပေးပါ။

ကြံ့ခိုင်ဖွံဖြိုးသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်စေရန် သင့်တင့်လျောက်ပတ်သော ကိုယ်ကာယလေ့ကျင့်ခန်းမျိုး ပြုလုပ်စေသင့်ပါတယ်။ ကာယလေ့ကျင့်ခန်းများက ကျန်းမာဖျတ်လတ်ပြီး ကလေးများအဝလွန်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

➳ မိဘနှင့်သားသမီးအကြား ပွင့်လင်းသော ဆက်ဆံရေးမျိုး တည်ဆောက်သင့်ပါတယ်။

ကလေးများ၏ ပြဿနာများကို တတ်စွမ်းသလောက် ဖြေရှင်းပေးရန်မှာ မိဘများ၏တာဝန်ဖြစ်ပါတယ်။ မိဘများကို အလွန်အမင်းကြောက်ရတာကြောင့် မိဘများနှင့် တိုင်ပင်ရန် တွန့်ဆုတ်နေခြင်းမျိုး မဖြစ်သင့်ပါ။ ဖြစ်သင့်သောအရာများကို အားပေးရန်နှင့် မဖြစ်သင့်သော အရာများကို တားဆီးရန် မိဘနှင့်သားသမီးကြား ပွင့်လင်းသော ဆက်ဆံရေးမျိုး ထားရှိမှသာ အဆင်ပြေနိုင်ပါတယ်။

➳ ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံတတ်စေရန် ကူညီပါ။

ကလေးငယ်ရှေ့တွင် ရိုင်းပြခြင်း၊ ရန်ဖြစ်ခြင်း၊ ဆဲဆိုခြင်းစတဲ့ အပြုအမူတွေကို ကလေးငယ်တွေ အတုယူမှားနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ မိဘများ၏ အပြုအမူနှင့် ကလေးငယ်အပေါ် ဆက်ဆံမှုများသည် ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုနှင့် ပေါင်းသင်းဆက်ဆံရေးအပေါ် များစွာမူတည်နေတတ်ပါတယ်။ ကလေးများရှေ့တွင် ချိုသာစွာ ဆက်ဆံခြင်း၊ ကလေးငယ် ရင်ဖွင့်လိုသော အကြောင်းအရာကို တလေးတစား နားထောင်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ ကောင်းသော အပြုအမူနှင့် ရလဒ်များအတွက် ချီးမွမ်းခြင်း စတဲ့အရာများပြုလုပ်ပေးသင့်ပါတယ်။ အရည်အချင်းပြည့်ဝသော မိဘနှင့် ဆရာများ၏ လမ်းညွှန်များက အနာဂတ်လူငယ်များအပေါ် ခေါင်းဆောင်တတ်ခြင်း၊ အပြုသဘောဆောင်သော ပေါင်းသင်းဆက်ဆံမှု၊ စိတ်ကူးဉာဏ်ကောင်းမွန်ခြင်း၊ တာဝန်ကျေခြင်း၊ မိမိကိုယ်ကို ယုံကြည်ချက်ရှိခြင်း၊ ရဲရင့်ခြင်း၊ ချင့်ချိန်တွေးခေါ်တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သောသူများအဖြစ် ပုံဖော်ပေးနိုင်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)

က​ေလးထိန္​းျခင္​းအႏုပညာ

ယခု​ေခတ္​ ရင္​​ေသြးရတနာသားသမီး​ေတြဟာ ​ေနာင္​တစ္​​ေခတ္​ရဲ႕ ၾကယ္​ပြင္​့​ေလး​ေတြပဲျဖစ္​ပါတယ္​။ ထိုၾကယ္​ပြင္​့​ေလး​ေတြ အဖိုးတန္​ၿပီး ထြန္​းလင္​းစြာ​ေတာက္​ပႏိုင္​ဖို႔ ငယ္​စဥ္​အခ်ိန္​တည္​းက ​ေကာင္​းမြန္​စြာ ျပဳစုပ်ိဳး​ေထာင္​​ေပးႏိုင္​ဖို႔ အ​ေရးႀကီးပါတယ္​။

က​ေလးငယ္​​ေတြကို ျပဳစုပ်ိဳး​ေထာင္​ရာမွာ ရည္​မွန္​းခ်က္​ ၃ရပ္​ထားရိွသင္​့ပါတယ္​။

၁။ က်န္​းမာၿပီး အႏၱရာယ္​ကင္​းစြာ ႀကီးျပင္​း​ေစရန္​

၂။ အသက္​အရြယ္​အလိုက္​ စိတ္​ပိုင္​းဆိုင္​ရာ ရင္​့က်က္​ဖြံၿဖိဳး​ေစရန္​

၃။ ဓ​ေလ့ထံုးတမ္​းႏွင္​့အ​ေမြအႏွစ္​မ်ားကို တန္​ဖိုးထားတတ္​​ေစရန္​

ဒါ​ေၾကာင္​့ အရည္​အ​ေသြးျပည္​့မီ​တဲ့ က​ေလးျပဳစု​ေစာင္​့​ေ႐ွာက္​နည္​း​ေလး​ေတြကို ​ေဝမ်ွ​ေပးလိုက္​ပါတယ္​။

➳ အာဟာရျပည္​့ဝစြာ ​ေကြၽး​ေမြးပါ။

က​ေလးတစ္​​ေယာက္​ စားသံုးတဲ့ အစားအစာထဲမွာ ကိုယ္​ခႏၶာႀကီးထြားဖြံၿဖိဳး​ေစဖို႔ လံု​ေလာက္​​ေသာ အသားဓာတ္​(အသား၊ငါးႏွင္​့ ဥအမ်ိဳမ်ိဳး)၊ ​ေရာဂါကာကြယ္​တဲ့ အသီးႏွင္​့ ဟင္​းသီးဟင္​းရြက္​မ်ား၊ အင္​အားျဖစ္​​ေစ​ေသာ ကစီဓာတ္​(ဆန္​၊ ဂ်ံဳ၊ ​ေျပာင္​း၊ အာလူး) တို႔ အခ်ိဳးအစားက် ပါဝင္​သင္​့ပါတယ္​။ အသင္​့စား အစားအ​ေသာက္​မ်ားထက္​ လတ္​ဆတ္​သန္​႔႐ွင္​း​ေသာ အစားအစာမ်ား ပိုမိ​ု​ေကြၽးသင္​့ပါတယ္​။

➳ သပ္​ရပ္​သန္​႔႐ွင္​းစြာ ျပဳမူ​ေနထိုင္​တတ္​ရန္​​ ​ေလ့က်င္​့ပါ။

​ေရာဂါပိုးမႊားမ်ားကို ထိ​ေရာက္​စြာ ကာကြယ္​​ေပးႏိုင္​တဲ့ နည္​းလမ္​းတစ္​ခုက​ေတာ့ တကိုယ္​ရည္​သန္​႔႐ွင္​း​ေရးပဲ ျဖစ္​ပါတယ္​။ တကိုယ္​ရည္​သန္​႔႐ွင္​း​ေရး အားနည္​းမႈ​ေၾကာင္​့ ဝမ္​းပ်က္​ဝမ္​း​ေလ်ာႏွင္​့ အနာ​ေရာဂါအမ်ိဳးမ်ိဳး ျဖစ္​ႏိုင္​ပါတယ္​။ ဒါ​ေၾကာင္​့ အစာမစားမီ၊ စားၿပီးႏွင္​့ ​ေရအိမ္​မွထြက္​လာတိုင္​း လက္​ကိုဆပ္​ျပာႏွင္​့ စင္​ၾကယ္​စြာ​ေဆး​ေၾကာရန္​ ​ေလ့က်င္​့​ေပးပါ။

➳ စည္​းမ်ဥ္​း၊ စည္​းကမ္​းမ်ားသတ္​မွတ္​ပါ။

ငယ္​စဥ္​အခါတည္​းက စည္​းကမ္​းတက်ျပဳမူတတ္​မွ ​ေနာင္​တစ္​ခ်ိန္​တြင္​ စည္​းကမ္​းလိုက္​နာတတ္​​ေသာ လူ​ႀကီးလူ​ေကာင္​းမ်ား ျဖစ္​လာမွာပါ။ က​ေလးကစားစရာမ်ား ထုတ္​ယူကစားၿပီိးတိုင္​း ​ေနရာတက် ျပန္​လည္​သိမ္​းစည္​း​ေစရန္​၊ မိမိ၏ အသံုးအ​ေဆာင္​ပစၥည္​းမ်ားကို ​ေနရာတက် ထားသိုတတ္​ရန္​၊ အမိႈက္​မ်ားကို စနစ္​တက် စြန္​႔ပစ္​တတ္​​ေစရန္​၊ အိပ္​ခ်ိန္​သတ္​မွတ္​ရန္​၊ စာၾကည္​့ခ်ိန္​သတ္​မွတ္​ရန္​ စတဲ့အခ်က္​မ်ားျပဳလုပ္​သင္​့ပါတယ္​။

➳ ကိုယ္​ကာယ ​ေလ့က်င္​့ခန္​း ျပဳလုပ္​ရန္​ အား​ေပးပါ။

ၾကံ့ခိုင္​ဖြံၿဖိဳး​ေသာ ကိုယ္​ခႏၶာကို ပိုင္​ဆိုင္​​ေစရန္​ သင္​့တင္​့​ေလ်ာက္​ပတ္​​ေသာ ကိုယ္​ကာယ​ေလ့က်င္​့ခန္​းမ်ိဳး ျပဳလုပ္​​ေစသင္​့ပါတယ္​။ ကာယ​ေလ့က်င္​့ခန္​းမ်ား​က က်န္​းမာဖ်တ္​လတ္​ၿပီး က​ေလးမ်ားအဝလြန္​ျခင္​းမွလည္​း ကာကြယ္​ႏိုင္​ပါတယ္​။

➳ ​မိဘႏွင္​့သားသမီးအၾကား ပြင္​့လင္​း​ေသာ ဆက္​ဆံ​ေရးမ်ိဳး တည္​​ေဆာက္​သင္​့ပါတယ္​။

က​ေလးမ်ား၏ ျပႆနာမ်ားကို တတ္​စြမ္​းသ​ေလာက္​ ​ေျဖ႐ွင္​း​ေပးရန္​မွာ မိဘမ်ား၏တာဝန္​ျဖစ္​ပါတယ္​။ မိဘမ်ားကို အလြန္​အမင္​း​ေၾကာက္​ရတာ​ေၾကာင္​့ မိဘမ်ားႏွင္​့ တိုင္​ပင္​ရန္​ တြန္​႔ဆုတ္​​ေနျခင္​းမ်ိဳး မျဖစ္​သင္​့ပါ။ ျဖစ္​သင္​့​ေသာအရာမ်ားကို အား​ေပးရန္​ႏွင္​့ မျဖစ္​သင္​့​ေသာ အရာမ်ားကို တားဆီးရန္​ မိဘႏွင္​့သားသမီးၾကား ပြင္​့လင္​း​ေသာ ဆက္​ဆံ​ေရးမ်ိဳး ထားရိွမွသာ အဆင္​​ေျပႏိုင္​ပါတယ္​။

➳ ​ေကာင္​းမြန္​စြာ ​ေပါင္​းသင္​းဆက္​ဆံတတ္​​ေစရန္​ ကူညီပါ။

က​ေလးငယ္​​ေ႐ွ႕တြင္​ ႐ိုင္​းျပျခင္​း၊ ရန္​ျဖစ္​ျခင္​း၊ ဆဲဆိုျခင္​းစတဲ့ အျပဳအမူ​ေတြကို က​ေလးငယ္​​ေတြ အတုယူမွားႏိုင္​တာ​ေၾကာင္​့ ​ေ႐ွာင္​ၾကဥ္​သင္​့ပါတယ္​။ မိဘမ်ား၏ အျပဳအမူႏွင္​့ က​ေလးငယ္​အ​ေပၚ ဆက္​ဆံမွုမ်ားသည္​ က​ေလးငယ္​၏ စိတ္​ပိုင္​းဆိုင္​ရာ ရင္​့က်က္​မႈႏွင္​့ ​ေပါင္​းသင္​းဆက္​ဆံ​ေရးအ​ေပၚ မ်ားစြာမူတည္​​ေနတတ္​ပါတယ္​။ က​ေလးမ်ား​ေ႐ွ႕တြင္​ ခ်ိဳသာစြာ ဆက္​ဆံျခင္​း၊ က​ေလးငယ္​ ရင္​ဖြင္​့လို​ေသာ အ​ေၾကာင္​းအရာကို တ​ေလးတစား နား​ေထာင္​​ေပးျခင္​း၊ အၾကံဥာဏ္​​ေပးျခင္​း၊ ​ေကာင္​း​ေသာ အျပဳအမူႏွင္​့ ရလဒ္​မ်ားအတြက္​ ခ်ီးမြမ္​းျခင္​း စတဲ့အရာမ်ားျပဳလုပ္​​ေပးသင္​့ပါတယ္​။ အရည္​အခ်င္​းျပည္​့ဝ​ေသာ မိဘႏွင္​့ ဆရာမ်ား၏ လမ္​းၫႊန္​မ်ားက အနာဂတ္​လူငယ္​မ်ားအ​ေပၚ ​ေခါင္​း​ေဆာင္​တတ္​ျခင္​း၊ အျပဳသ​ေဘာ​ေဆာင္​​ေသာ ​ေပါင္​းသင္​းဆက္​ဆံမႈ၊ စိတ္​ကူးဥာဏ္​​ေကာင္​းမြန္​ျခင္​း၊ တာဝန္​​ေက်ျခင္​း၊ မိမိကိုယ္​ကို ယံုၾကည္​ခ်က္​ရိွျခင္​း၊ ရဲရင္​့ျခင္​း၊ ခ်င္​့ခ်ိန္​​ေတြး​ေခၚတတ္​ျခင္​း စတဲ့ စိတ္​ပိုင္​းဆိုင္​ရာ ရင္​့က်က္​​ေသာသူမ်ားအျဖစ္​ ပံု​ေဖာ္​​ေပးႏိုင္​ပါတယ္​။

က်န္​းမာလွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​

ပြင္​့ရည္​(​ေဆး၂)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…