ဂနိုရောဂါ ဆိုတာဘာလဲ ?
ဂနိုရောဂါ ဆိုတဲ့ ဆီးပူညောင်းကျရောဂါလို့လဲ ခေါ်ကြပြီး အဓိက လိင်ဆက်ဆံရာမှ ကူးစက်တဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ် ။ဂိုနိုကောကပ် ( Gonococcus ) ဘက်တီးရီးယားကူးစက်မှုကြောင့် ဖြစ်ပွားလေ့ရှိပါတယ် ။
ဘယ်လိုကူးစက်သလဲ ?
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ( ကွန်ဒုံမသုံးခြင်း )မှ တဆင့် ကူးစက်နိုင်ပါတယ် ။ ပါးစပ်နဲ့ စအို လမ်းတွေကလဲ ကူးစက်နိုင်ပါတယ် ။ မိခင်မှ ကလေးသို့လဲ ကူးစက်နိုင်ပါတယ် ။
အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဟာ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါအကုန်လုံးကို ဖိတ်ခေါ်သကဲ့သို့ဖြစ်စေတဲ့အတွက် လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးခြင်းဟာ အကောင်းဆုံးသော အကာအကွယ်ပဲ ဖြစ်ပါတယ် ။
ဘယ်လို လက္ခဏာတွေပြမလဲ ?
ဂနိုရောဂါဟာ ကူးစက်ပြီး ဆယ်ရက်ကြာလျှင် ရောဂါလက္ခဏာများပြလေ့ရှိသော်လည်း တချို့သူများတွင် လပေါင်း အတော်ကြာမှ ပြသလေ့ရှိပါတယ် ။
၁၀ ရာခိုင်နှုန်းသော အမျိုးသားများနှင့် ၅၀ရာခိုင်နှုန်းသော အမျိုးသမီးတွေမှာတော့ ဒီရောဂါလက္ခဏာတွေကို မခံစားရပါဘူး ။
ရောဂါရှိသောအမျိုးသမီးတွေမှာဆို
* မိန်းမကိုယ်ကနေ အဖြူများဆင်းခြင်း စိမ်းရွှေရွှေ ခပ်ဝါဝါ ပျစ်ချွဲချွဲ အရည်များ ဆင်းခြင်း
* ဆီးသွားစဉ်နာကျင်ခြင်း ဆီးအောင့်ခြင်း
* ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက်တွင် နာကျင်ခြင်း
* ရာသီလာစဉ် သို့မဟုတ် ရာသီတစ်ခုနှင့်တစ်ခုအကြား သွေးအလွန်အမင်း ဆင်းခြင်း သွေးဆင်းများခြင်း
ရောဂါရှိသော အမျိုးသားတွေမှာဆို
* အမျိုးသား အင်္ဂါမှ အချွဲဆင်းခြင်း
* ဆီးကျင်ခြင်း ၊ ဆီးအောင့်ခြင်း ၊ ဆီးကျန် ဆီးမဝဟုခံစားရခြင်း
* ဆီးခဏခဏ သွားခြင်း
* ယားယံခြင်း
* လိင်တံထိပ် အရေပြားတွင် နာကျင် ရောင်ယမ်းနေခြင်း
ဘယ်လိုသိရှိမလဲ ?
အထက်ပါ လက္ခဏာများ ခံစားတွေ့ရှိရပါက နီးစပ်ရာ ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနများ ဆေးရုံများတွင် သွားရောက်၍ ရောဂါ ရှိမရှိ ဆီးနမူနာ သို့မဟုတ် လိင်အင်္ဂါမှ ထွက်သော အရည်များကို ဓာတ်ခွဲ စစ်ဆေးရန် လိုအပ်ပါတယ် ။
ဆိုးကျိုးများက ဘာတွေလဲ ?
ရောဂါလက္ခဏာများမှ ကူးစက်ခံရပြီး ရက်သတ္တပတ် သို့မဟုတ် လအနည်းငယ်တွင် အလိုလိုပျောက်ကင်းသွားနိုင်ပါသည် ။ သို့သော် ရောဂါပိုးသည် ခန္ဓညကိုယ်ထဲတွင် ရှိနေသေးသည့်အတွက် နောက်တစ်ကြိမ်ဖြစ်ပွားနိုင်သလို သူတစ်ပါးအား ကူးစက်စေနိုင်ပါသည် ။
ရောဂါဆိုးရွားလာပါက အမျိုးသမီးများတွင် သားအိမ်ပြွန် ပိတ်ခြင်း ၊တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ယမ်းလာပြီး နောင်အချိန် ကလေးမရနိုင်သည်အထိ ဖြစ်ပွားနိုင်ပါတယ် ။ ကလေးပျက်ကျခြင်း လမစေ့ဘဲ မွေးဖွားခြင်း မွေးလာမည့်ကလေးကိုလဲ ကူးစက် နိုင်သည့်အတွက် နီယိုနေတိုရမ် ( Opthalamia Neonatorum ) ဟုခေါ်သော မွေးရာပါ မျက်စိရောဂါများ ဖြစ်ပွားစေပါတယ် ။
အမျိုးသားများအနေဖြင့် ဆီးလမ်းကြောင်းမှ တဆင့် ဆီးကြိတ်ရောင်ခြင်း နာခြင်းတို့ကို ဖြစ်စေနိုင်ပြီး မြုံသည်အထိဖြစ်ပွားစေနိုင်ပါတယ် ။
ဘယ်လိုကုမလဲ ?
ပိုးသတ်ဆေး ပနီဆလင်ထိုးခြင်း သောက်ဆေးပေးခြင်းဖြင့် ကုသနိုင်ပါတယ် ။ ဆေးမတည့်ခြင်းများ တခြားရှိနေသော ရောဂါများအတွက် ကုထုံးများ မတူညီပါ ။ ထို့အတွက် သက်ဆိုင်ရာ ဆရာဝန်နှင့်ပြသပြီး သေချာထိရောက်သော ကုသမှု လိုအပ်ပါတယ် ။ ထို့အပြင် မိမိ လိင်ဆက်ဆံဖော်တွင်ပါ ရောဂါပိုး ရှိမရှိ စစ်ဆေးသင့်ပြီး ရောဂါတွေ့ရှိပါက အတူတကွ ကုသမှုခံယူရန် လိုအပ်ပါတယ် ။
Dr.ရှိန်းသူဟန်
ဂႏိုေရာဂါ ဆိုတာဘာလဲ ?
ဂႏိုေရာဂါ ဆိုတ့ဲ ဆီးပူေညာင္းက်ေရာဂါလို႔လဲ ေခၚၾကၿပီး အဓိက လိင္ဆက္ဆံရာမွ ကူးစက္တ့ဲ ေရာဂါတစ္ခုပဲ ျဖစ္ပါတယ္ ။ဂိုႏိုေကာကပ္ ( Gonococcus ) ဘက္တီးရီးယားကူးစက္မႈေၾကာင့္ ျဖစ္ပြားေလ့ရွိပါတယ္ ။
ဘယ္လိုကူးစက္သလဲ ?
အကာအကြယ္မ့ဲ လိင္ဆက္ဆံျခင္း ( ကြန္ဒံုမသံုးျခင္း )မွ တဆင့္ ကူးစက္ႏိုင္ပါတယ္ ။ ပါးစပ္နဲ႔ စအို လမ္းေတြကလဲ ကူးစက္ႏိုင္ပါတယ္ ။ မိခင္မွ ကေလးသို႔လဲ ကူးစက္ႏိုင္ပါတယ္ ။
အကာအကြယ္မ့ဲလိင္ဆက္ဆံျခင္းဟာ လိင္မွတဆင့္ကူးစက္တတ္ေသာ ေရာဂါအကုန္လံုးကို ဖိတ္ေခၚသက့ဲသို႔ျဖစ္ေစတ့ဲအတြက္ လိင္ဆက္ဆံရာမွာ ကြန္ဒံုးသံုးျခင္းဟာ အေကာင္းဆံုးေသာ အကာအကြယ္ပဲ ျဖစ္ပါတယ္ ။
ဘယ္လို လကၡဏာေတြျပမလဲ ?
ဂႏိုေရာဂါဟာ ကူးစက္ၿပီး ဆယ္ရက္ၾကာလွ်င္ ေရာဂါလကၡဏာမ်ားျပေလ့ရွိေသာ္လည္း တခ်ဳိ့သူမ်ားတြင္ လေပါင္း အေတာ္ၾကာမွ ျပသေလ့ရွိပါတယ္ ။
၁၀ ရာခိုင္ႏႈန္းေသာ အမ်ဳိးသားမ်ားႏွင့္ ၅၀ရာခိုင္ႏႈန္းေသာ အမ်ဳိးသမီးေတြမွာေတာ့ ဒီေရာဂါလကၡဏာေတြကို မခံစားရပါဘူး ။
ေရာဂါရွိေသာအမ်ဳိးသမီးေတြမွာဆို
* မိန္းမကိုယ္ကေန အျဖဴမ်ားဆင္းျခင္း စိမ္းေရႊေရႊ ခပ္ဝါဝါ ပ်စ္ခြ်ဲခြ်ဲ အရည္မ်ား ဆင္းျခင္း
* ဆီးသြားစဥ္နာက်င္ျခင္း ဆီးေအာင့္ျခင္း
* ဝမ္းဗိုက္ေအာက္ပိုင္းတစ္ဝိုက္တြင္ နာက်င္ျခင္း
* ရာသီလာစဥ္ သို႔မဟုတ္ ရာသီတစ္ခုႏွင့္တစ္ခုအၾကား ေသြးအလြန္အမင္း ဆင္းျခင္း ေသြးဆင္းမ်ားျခင္း
ေရာဂါရွိေသာ အမ်ဳိးသားေတြမွာဆို
* အမ်ဳိးသား အဂၤါမွ အခြ်ဲဆင္းျခင္း
* ဆီးက်င္ျခင္း ၊ ဆီးေအာင့္ျခင္း ၊ ဆီးက်န္ ဆီးမဝဟုခံစားရျခင္း
* ဆီးခဏခဏ သြားျခင္း
* ယားယံျခင္း
* လိင္တံထိပ္ အေရျပားတြင္ နာက်င္ ေရာင္ယမ္းေနျခင္း
ဘယ္လိုသိရွိမလဲ ?
အထက္ပါ လကၡဏာမ်ား ခံစားေတြ႕ရွိရပါက နီးစပ္ရာ ခုခံက် ကာလသားေရာဂါ တိုက္ဖ်က္ေရးဌာနမ်ား ေဆးရံုမ်ားတြင္ သြားေရာက္၍ ေရာဂါ ရွိမရွိ ဆီးနမူနာ သို႔မဟုတ္ လိင္အဂၤါမွ ထြက္ေသာ အရည္မ်ားကို ဓာတ္ခြဲ စစ္ေဆးရန္ လိုအပ္ပါတယ္ ။
ဆိုးက်ဳိးမ်ားက ဘာေတြလဲ ?
ေရာဂါလကၡဏာမ်ားမွ ကူးစက္ခံရၿပီး ရက္သတၱပတ္ သို႔မဟုတ္ လအနည္းငယ္တြင္ အလိုလိုေပ်ာက္ကင္းသြားႏိုင္ပါသည္ ။ သို႔ေသာ္ ေရာဂါပိုးသည္ ခႏၶညကိုယ္ထဲတြင္ ရွိေနေသးသည့္အတြက္ ေနာက္တစ္ႀကိမ္ျဖစ္ပြားႏိုင္သလို သူတစ္ပါးအား ကူးစက္ေစႏိုင္ပါသည္ ။
ေရာဂါဆိုးရြားလာပါက အမ်ဳိးသမီးမ်ားတြင္ သားအိမ္ႁပြန္ ပိတ္ျခင္း ၊တင္ပါးဆံုတြင္း အဂၤါမ်ား ေရာင္ယမ္းလာၿပီး ေနာင္အခ်ိန္ ကေလးမရႏိုင္သည္အထိ ျဖစ္ပြားႏိုင္ပါတယ္ ။ ကေလးပ်က္က်ျခင္း လမေစ့ဘဲ ေမြးဖြားျခင္း ေမြးလာမည့္ကေလးကိုလဲ ကူးစက္ ႏိုင္သည့္အတြက္ နီယိုေနတိုရမ္ ( Opthalamia Neonatorum ) ဟုေခၚေသာ ေမြးရာပါ မ်က္စိေရာဂါမ်ား ျဖစ္ပြားေစပါတယ္ ။
အမ်ဳိးသားမ်ားအေနျဖင့္ ဆီးလမ္းေၾကာင္းမွ တဆင့္ ဆီးႀကိတ္ေရာင္ျခင္း နာျခင္းတို႔ကို ျဖစ္ေစႏိုင္ၿပီး ျမံဳသည္အထိျဖစ္ပြားေစႏိုင္ပါတယ္ ။
ဘယ္လိုကုမလဲ ?
ပိုးသတ္ေဆး ပနီဆလင္ထိုးျခင္း ေသာက္ေဆးေပးျခင္းျဖင့္ ကုသႏိုင္ပါတယ္ ။ ေဆးမတည့္ျခင္းမ်ား တျခားရွိေနေသာ ေရာဂါမ်ားအတြက္ ကုထံုးမ်ား မတူညီပါ ။ ထို႔အတြက္ သက္ဆိုင္ရာ ဆရာဝန္ႏွင့္ျပသၿပီး ေသခ်ာထိေရာက္ေသာ ကုသမႈ လိုအပ္ပါတယ္ ။ ထို႔အျပင္ မိမိ လိင္ဆက္ဆံေဖာ္တြင္ပါ ေရာဂါပိုး ရွိမရွိ စစ္ေဆးသင့္ၿပီး ေရာဂါေတြ႕ရွိပါက အတူတကြ ကုသမႈခံယူရန္ လိုအပ္ပါတယ္ ။
Dr.ရွိန္းသူဟန္