All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဗီတာမင် အားဆေးတွေသောက်ရင် ဝမှာလား

1 Mins read

ဗီတာမင် အားဆေးတွေသောက်ရင် ဝမှာလား?

ဗီတာမင် အားဆေးတွေသောက်ရင် ဝမှာလားတဲ့။့အမေးရှိတော့ အဖြေရှိရတော့မှာပေါ့။ အတိုဆုံးဖြေရရင်တော့ No တစ်လုံးတည်းပါပဲ။

ဒါဆို ပိန်မှာလား။ နောက်ထပ် ‘ဟင့်အင်း’ပါ။ အားဆေးတွေသောက်လို့ ဝလာမှာ မဟုတ်သလို ပိန်သွားမှာလည်း မဟုတ်ပါဘူး။

? ဒါဆို လူတွေ ဘာလို့ အားဆေးသောက်ကြတာလဲ ??

ပရိသတ်အယောက်တစ်ရာရဲ့ အဖြေဆိုပြီး မေးလိုက်ရင်တော့

– အားနည်းလို့

– ကျန်းမာချင်လို့

– ဝချင်လို့

– မောပန်းနွမ်းနယ်လို့

– အားနည်းလို့

– ခံတွင်းပျက်လို့

– အိပ်မပျော်လို့

– ခြေလက်ထုံကျဉ်လို့

စတာမျိုးတွေ ဖြေကြမှာပေါ့။

ကိုယ့်အတွေးနဲ့ကိုယ် သောက်ချင်ရာအားဆေး သောက်တတ်ကြသလို ကိုယ့်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဆရာဝန်ညွှန်ကြားတာကိုလည်း သောက်ကြပါတယ်။

? အားဆေးတွေရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ ??

ဗီတာမင် အားဆေးတွေရဲ့ အဓိက ရည်ရွယ်ချက်က ဗီတာမင် ချို့တဲ့တဲ့ အခြေအနေတွေကို ကုသဖို့နဲ့ ကာကွယ်ဖို့ဖြစ်ပါတယ်။

? ဘာလို့ ဗီတာမင်ချို့တဲ့တာလဲ ??

– အစားအသောက်မှာ လုံလောက်မျှတအောင်မစားဖြစ်ရင်

– အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတစ်ခုခုရှိနေရင်

– နာတာရှည်ရောဂါတစ်ခုခုရှိနေရင်

စတဲ့ အခြေအနေတွေမှာ ဗီတာမင် ချို့တဲ့နိုင်ပါတယ်။

? ဗီတာမင်ချို့တဲ့ရင် ဘာတွေဖြစ်မလဲ ??

ပိန်တာဝတာနဲ့ ယှဉ်ပြီး အထူးတလည်ပြောရရင်တော့ ဗိုက်တာမင်ဒီ ချို့တဲ့လာရင် ဝလာနိုင်တယ်လို့ သုတေသန တချို့မှာ တွေ့ရပေမဲ့ အချို့ကလည်း လက်မခံကြပါဘူး။ တခြားလက္ခဏာတွေကတော့ အကြမ်းဖျဉ်းအားဖြင့်တော့ ဟိုးအပေါ်မှာ ပြောခဲ့တဲ့ ကျန်တဲ့ ဗီတာမင်ချို့တဲ့ရင်ဖြစ်မဲ့ လက္ခဏာတွေကတော့ ဘယ်ဗိုက်တာမင်တွေချို့တဲ့တယ် ဆိုတာပေါ်မူတည်ပြီး သီးသန့်လက္ခဏာတွေရှိပါတယ်။

▪ဗိုက်တာမင် အေ ချို့တဲ့ရင် အရေပြားပြဿနာတွေ ပိုဖြစ်လာမယ်။ တံတောင်ဆစ်မှာ ကြာဆူးလေးတွေ ပေါက်လာတတ်တယ်။ ညဘက် မျက်စိအမြင်ချို့တဲ့တာမျိုး ဖြစ်လာမယ်။

▪ဗိုက်တာမင် ဘီ အုပ်စု ချို့တဲ့ရင် အာရုံကြောအားနည်းတဲ့လက္ခဏာတွေဖြစ်တဲ့ ထုံကျဉ်တာတွေ အဖြစ်များပါတယ်။ ဘီတူး ချို့တဲ့လာရင် နှုတ်ခမ်းမှာ ကျီးကန်းပါးစပ်နာလေးတွေ တွေ့ရတတ်ပါတယ်။

▪ဗိုက်တာမင်စီ ချို့တဲ့ရင် သွားဖုံးယောင်ရမ်းသွေးယိုတာ ကိုယ်ခံအားကျတာမျိုး ဖြစ်တတ်ပါတယ်။

▪ဗိုက်တာမင်ဒီ ချို့တဲ့ရင် ကလေးတွေမှာအရိုးပျော့တဲ့ ပြဿနာတွေ့ရတတ်ပါတယ်။

▪ဗိုက်တာမင်အီး ချို့တဲ့ရင်တော့ အသားအရေနဲ့ ဆံပင် ကြမ်းတမ်း ပျက်စီးလာတတ်ပါတယ်။

ဒီတော့ ဝဖို့ ပိန်ဖို့ထက် ကျန်းမာရေးကောင်းနေဖို့ ပိုလိုအပ်ပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်စားသောက်ဖို့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အိပ်ရေးဝဖို့ စိတ်ဖိစီးမှုလျှော့ချဖို့ ပိုအရေးကြီးပါတယ်။ အစားအသောက်ကို စုံလင်မျှတအောင် မစားဖြစ်ရင်တော့ ဗိုက်တာမင်အစုံပါမဲ့ အားဆေးတစ်ခုခု ပုံမှန်သောက်ပေးဖို့ လိုပါလိမ့်မယ်..။

Dr ဖြိုးဝေလင်း
(1.8.19)

?ဗီတာမင္ အားေဆးေတြေသာက္ရင္ ဝမွာလား?

ဗီတာမင္ အားေဆးေတြေသာက္ရင္ ဝမွာလားတဲ့။ ့အေမး႐ွိေတာ့ အေျဖ႐ွိရေတာ့မွာေပါ့။ အတိုဆံုးေျဖရရင္ေတာ့ No တစ္လံုးတည္းပါပဲ။

ဒါဆို ပိန္မွာလား။ ေနာက္ထပ္ ‘ဟင့္အင္း’ပါ။ အားေဆးေတြေသာက္လို႔ ဝလာမွာ မဟုတ္သလို ပိန္သြားမွာလည္း မဟုတ္ပါဘူး။

? ဒါဆို လူေတြ ဘာလို႔ အားေဆးေသာက္ၾကတာလဲ ??

ပရိသတ္အေယာက္တစ္ရာရဲ႕ အေျဖဆိုၿပီး ေမးလိုက္ရင္ေတာ့

– အားနည္းလို႔

– က်န္းမာခ်င္လို႔

– ဝခ်င္လို႔

– ေမာပန္းႏြမ္းနယ္လို႔

– အားနည္းလို႔

– ခံတြင္းပ်က္လို႔

– အိပ္မေပ်ာ္လို႔

– ေျခလက္ထံုက်ဥ္လို႔

စတာမ်ိဳးေတြ ေျဖၾကမွာေပါ့။

ကိုယ့္အေတြးနဲ႔ကိုယ္ ေသာက္ခ်င္ရာအားေဆး ေသာက္တတ္ၾကသလို ကိုယ့္ရဲ႕ လိုအပ္ခ်က္ေပၚမူတည္ၿပီး ဆရာဝန္ၫႊန္ၾကားတာကိုလည္း ေသာက္ၾကပါတယ္။

? အားေဆးေတြရဲ႕ အဓိကရည္ရြယ္ခ်က္က ဘာလဲ ??

ဗီတာမင္ အားေဆးေတြရဲ႕ အဓိက ရည္ရြယ္ခ်က္က ဗီတာမင္ ခ်ိဳ႕တဲ့တဲ့ အေျခအေနေတြကို ကုသဖို႔နဲ႔ ကာကြယ္ဖို႔ျဖစ္ပါတယ္။

? ဘာလို႔ ဗီတာမင္ခ်ိဳ႕တဲ့တာလဲ ??

– အစားအေသာက္မွာ လံုေလာက္မွ်တေအာင္မစားျဖစ္ရင္

– အစာအိမ္နဲ႔ အူလမ္းေၾကာင္း ေရာဂါတစ္ခုခု႐ွိေနရင္

– နာတာ႐ွည္ေရာဂါတစ္ခုခု႐ွိေနရင္

စတဲ့ အေျခအေနေတြမွာ ဗီတာမင္ ခ်ိဳ႕တဲ့ႏိုင္ပါတယ္။

? ဗီတာမင္ခ်ိဳ႕တဲ့ရင္ ဘာေတြျဖစ္မလဲ ??

ပိန္တာဝတာနဲ႔ ယွဥ္ၿပီး အထူးတလည္ေျပာရရင္ေတာ့ ဗို္က္တာမင္ဒီ ခ်ိဳ႕တဲ့လာရင္ ဝလာႏိုင္တယ္လို႔ သုေတသန တခ်ိဳ႕မွာ ေတြ႕ရေပမဲ့ အခ်ိဳ႕ကလည္း လက္မခံၾကပါဘူး။ တျခားလကၡဏာေတြကေတာ့ အၾကမ္းဖ်ဥ္းအားျဖင့္ေတာ့ ဟိုးအေပၚမွာ ေျပာခဲ့တဲ့ က်န္တဲ့ ဗီတာမင္ခ်ိဳ႕တဲ့ရင္ျဖစ္မဲ့ လကၡဏာေတြကေတာ့ ဘယ္ဗိုက္တာမင္ေတြခ်ိဳ႕တဲ့တယ္ ဆိုတာေပၚမူတည္ၿပီး သီးသန္႔လကၡဏာေတြ႐ွိပါတယ္။

▪ဗိုက္တာမင္ ေအ ခ်ိဳ႕တဲ့ရင္ အေရျပားျပႆနာေတြ ပိုျဖစ္လာမယ္။ တံေတာင္ဆစ္မွာ ၾကာဆူးေလးေတြ ေပါက္လာတတ္တယ္။ ညဘက္ မ်က္စိအျမင္ခ်ိဳ႕တဲ့တာမ်ိဳး ျဖစ္လာမယ္။

▪ဗိုက္တာမင္ ဘီ အုပ္စု ခ်ိဳ႕တဲ့ရင္ အာရံုေၾကာအားနည္းတဲ့လကၡဏာေတြျဖစ္တဲ့ ထံုက်ဥ္တာေတြ အျဖစ္မ်ားပါတယ္။ ဘီတူး ခ်ိဳ႕တဲ့လာရင္ ႏႈတ္ခမ္းမွာ က်ီးကန္းပါးစပ္နာေလးေတြ ေတြ႕ရတတ္ပါတယ္။

▪ဗိုက္တာမင္စီ ခ်ိဳ႕တဲ့ရင္ သြားဖံုးေယာင္ရမ္းေသြးယိုတာ ကိုယ္ခံအားက်တာမ်ိဳး ျဖစ္တတ္ပါတယ္။

▪ဗိုက္တာမင္ဒီ ခ်ိဳ႕တဲ့ရင္ ကေလးေတြမွာအ႐ိုးေပ်ာ့တဲ့ ျပႆနာေတြ႕ရတတ္ပါတယ္။

▪ဗိုက္တာမင္အီး ခ်ိဳ႕တဲ့ရင္ေတာ့ အသားအေရနဲ႔ ဆံပင္ ၾကမ္းတမ္း ပ်က္စီးလာတတ္ပါတယ္။

ဒီေတာ့ ဝဖို႔ ပိန္ဖို႔ထက္ က်န္းမာေရးေကာင္းေနဖို႔ ပိုလိုအပ္ပါတယ္။ က်န္းမာတဲ့ ဘဝေနထိုင္မႈပံုစံနဲ႔ ေနထိုင္စားေသာက္ဖို႔ ကိုယ္လက္လႈပ္႐ွားမႈလုပ္ဖို႔ အိပ္ေရးဝဖို႔ စိတ္ဖိစီးမႈေလွ်ာ့ခ်ဖို႔ ပိုအေရးႀကီးပါတယ္။ အစားအေသာက္ကို စံုလင္မွ်တေအာင္ မစားျဖစ္ရင္ေတာ့ ဗိုက္တာမင္အစံုပါမဲ့ အားေဆးတစ္ခုခု ပံုမွန္ေသာက္ေပးဖို႔ လိုပါလိမ့္မယ္..။

Dr ၿဖိဳးေဝလင္း
(1.8.19)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…