ကိုယ်ဝန်ဆောင်စဉ် သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်း
ဆီးချိုရောဂါအခံမရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်းကို Gestational Diabetes ရောဂါလို့ခေါ်ပါတယ်။ ဒီရောဂါဖြစ်ရင် ရိုးရိုးမီးမဖွားနိုင်ဘဲ ခွဲစိတ်မွေးရနိုင်ခြေများပါတယ် ။ ပြီးတော့ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ စိတ်ကျခြင်း တို့လည်း ဖြစ်စေနိုင်ပါတယ်။ ကောင်းမွန်စွာ မကုသဘဲထားရင် မွေးလာတဲ့ကလေးဟာ အလွန်ပေါင်ချိန်များခြင်း၊ မွေးစမှာ သွေးတွင်းသကြားဓာတ်အလွန်နည်းခြင်း နဲ့ အသားဝါခြင်းတို့ဖြစ်စေနိုင်ပါတယ်။ လုံးဝကုသမှုမခံယူခဲ့ရင်တော့ ကလေးအသေမွေးတဲ့အထိ အခြေအနေဆိုးနိုင်ပါတယ်။
ရောဂါဘာကြောင့်ဖြစ်ရသလဲ?
အင်ဆူလင်မလုံလောက်ခြင်းနဲ့ Insulin ကို resistance ရနေခြင်းကြောင့်ဖြစ်ရပါတယ်။ ဒီရောဂါ ဖြစ်နိုင်ချေပိုများတဲ့အချက်တွေကတော့
အဝလွန်ခြင်း (Overweight)
အလျင်တုန်းကလည်း Gestational Diabetes ရောဂါရှိခြင်း
မိခင်အသက်ကြီးခြင်း
မိသားစုထဲတွင် ဆီးချိုရောဂါ (Type 2 Diabetes )ရှိခြင်း
Polycystic Ovarian Syndrome ရောဂါရှိခြင်း စသည်တို့ပဲဖြစ်ပါတယ်။
ရောဂါကိုစစ်ဆေးခြင်း
ရောဂါရှိမရှိကို သွေးစစ်ပြီးသိနိုင်ပါတယ်။
ဖြစ်နိုင်ချေနည်းတဲ့ ပုံမှန်လူတွေကတော့ ကိုယ်ဝန် ၂၄ပတ်နဲ့ ၂၈ပတ်မှာ စစ်ဆေးရပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီနေတဲ့ ဖြစ်နိုင်ခြေများသောသူတွေကတော့ ပထမဆုံး ကိုယ်ဝန်စအပ်တဲ့အချိန်တည်းက စစ်ဆေးသင့်ပါတယ်။
ကာကွယ်ခြင်း
ကိုယ်ဝန်မဆောင်ခင်မှာတည်းက သင့်တင့်တဲ့ကိုယ်အလေးချိန်မှာထိန်းထားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပါတယ်။ ဒီရောဂါဟာ ဆီးချိုသမားစားသင့်တဲ့အစားအစာ (Diabetes Diet) ၊ လေ့ကျင့်ခန်း ၊ လိုအပ်တဲ့ အင်ဆူလင်ထိုးဆေး နဲ့ကုသလို့ရပါတယ်။ အမျိုးသမီးအများစုကလည်း အစားအစာနဲ့လေ့ကျင့်ခန်းကိုသေချာလိုက်နာဆောင်ရွက်ခြင်းနဲ့ ရောဂါကိုထိန်းချုပ်နိုင်ကြပါတယ်။ တစ်နေ့ကို လေးကြိမ် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရပါတယ်။ မီးဖွားပြီးတာနဲ့ မိခင်နို့တိုက်ကျွေးခြင်းဟာ အလွန်သင့်တော်ပါတယ်။
Gestational Diabetes ရောဂါဟာ ကိုယ်ဝန်ဆောင်တွေရဲ့ သုံးရာခိုင်နှုန်းကနေ ကိုးရာခိုင်နှုန်းမှာ ဖြစ်တတ်တယ်လို့ စစ်တမ်းကောက်ချက်အချို့ကဆိုပါတယ်။ များသောအားဖြင့် ကိုယ်ဝန်နောက်ဆုံးသုံးလမှာ အဖြစ်များပါတယ်။
ကုသခြင်း
Gestational Diabetes ရောဂါဟာ ဆီးချိုသမားစားသင့်တဲ့အစားအစာ၊ လေ့ကျင့်ခန်း ၊ လိုအပ်တဲ့ အင်ဆူလင်ထိုးဆေး နဲ့ကုသလို့ရပါတယ်။ လူနာအများစုကလည်း အစားအစာနဲ့လေ့ကျင့်ခန်းကိုသေချာလိုက်နာဆောင်ရွက်ခြင်းနဲ့ ရောဂါကိုထိန်းချုပ်နိုင်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ Life style နေထိုင်စားသောက်မှုပုံစံကို ဂရုတစိုက်ထိန်းသိမ်းရင် ဆိုးကျိုးနည်းနိုင်သမျှနည်းမှာဖြစ်ပါတယ်။ ဆေးဝါးများကတော့ မိမိသဘောနဲ့မိမိသောက်သုံးခြင်းမပြုဘဲ သက်ဆိုင်ရာဆရာဝန်ကြီးများညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးရမှာဖြစ်ပါတယ်လို့ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ကိုယ္ဝန္ေဆာင္စဥ္ ေသြးတြင္းသၾကားဓာတ္ျမင့္တက္လာျခင္း
ဆီးခ်ိဳေရာဂါအခံမရွိတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသြးတြင္းသၾကားဓာတ္ျမင့္တက္လာျခင္းကို Gestational Diabetes ေရာဂါလို႔ေခၚပါတယ္။ ဒီေရာဂါျဖစ္ရင္ ႐ိုး႐ိုးမီးမဖြားႏိုင္ဘဲ ခြဲစိတ္ေမြးရႏိုင္ေျခမ်ားပါတယ္ ။ ၿပီးေတာ့ ကိုယ္ဝန္ဆိပ္တက္ျခင္း၊ စိတ္က်ျခင္း တို႔လည္း ျဖစ္ေစႏိုင္ပါတယ္။ ေကာင္းမြန္စြာ မကုသဘဲထားရင္ ေမြးလာတဲ့ကေလးဟာ အလြန္ေပါင္ခ်ိန္မ်ားျခင္း၊ ေမြးစမွာ ေသြးတြင္းသၾကားဓာတ္အလြန္နည္းျခင္း နဲ႔ အသားဝါျခင္းတို႔ျဖစ္ေစႏိုင္ပါတယ္။ လုံးဝကုသမႈမခံယူခဲ့ရင္ေတာ့ ကေလးအေသေမြးတဲ့အထိ အေျခအေနဆိုးႏိုင္ပါတယ္။
ေရာဂါဘာေၾကာင့္ျဖစ္ရသလဲ?
အင္ဆူလင္မလုံေလာက္ျခင္းနဲ႔ Insulin ကို resistance ရေနျခင္းေၾကာင့္ျဖစ္ရပါတယ္။ ဒီေရာဂါ ျဖစ္ႏိုင္ေခ်ပိုမ်ားတဲ့အခ်က္ေတြကေတာ့
အဝလြန္ျခင္း (Overweight)
အလ်င္တုန္းကလည္း Gestational Diabetes ေရာဂါရွိျခင္း
မိခင္အသက္ႀကီးျခင္း
မိသားစုထဲတြင္ ဆီးခ်ိဳေရာဂါ (Type 2 Diabetes )ရွိျခင္း
Polycystic Ovarian Syndrome ေရာဂါရွိျခင္း စသည္တို႔ပဲျဖစ္ပါတယ္။
ေရာဂါကိုစစ္ေဆးျခင္း
ေရာဂါရွိမရွိကို ေသြးစစ္ၿပီးသိႏိုင္ပါတယ္။
ျဖစ္ႏိုင္ေခ်နည္းတဲ့ ပုံမွန္လူေတြကေတာ့ ကိုယ္ဝန္ ၂၄ပတ္နဲ႔ ၂၈ပတ္မွာ စစ္ေဆးရပါတယ္။ အထက္မွာေဖာ္ျပခဲ့တဲ့ အခ်က္ေတြနဲ႔ ကိုက္ညီေနတဲ့ ျဖစ္ႏိုင္ေျခမ်ားေသာသူေတြကေတာ့ ပထမဆုံး ကိုယ္ဝန္စအပ္တဲ့အခ်ိန္တည္းက စစ္ေဆးသင့္ပါတယ္။
ကာကြယ္ျခင္း
ကိုယ္ဝန္မေဆာင္ခင္မွာတည္းက သင့္တင့္တဲ့ကိုယ္အေလးခ်ိန္မွာထိန္းထားၿပီး ေလ့က်င့္ခန္းပုံမွန္လုပ္ျခင္းဟာ အေကာင္းဆုံးကာကြယ္ျခင္းျဖစ္ပါတယ္။ ဒီေရာဂါဟာ ဆီးခ်ိဳသမားစားသင့္တဲ့အစားအစာ (Diabetes Diet) ၊ ေလ့က်င့္ခန္း ၊ လိုအပ္တဲ့ အင္ဆူလင္ထိုးေဆး နဲ႔ကုသလို႔ရပါတယ္။ အမ်ိဳးသမီးအမ်ားစုကလည္း အစားအစာနဲ႔ေလ့က်င့္ခန္းကိုေသခ်ာလိုက္နာေဆာင္႐ြက္ျခင္းနဲ႔ ေရာဂါကိုထိန္းခ်ဳပ္ႏိုင္ၾကပါတယ္။ တစ္ေန႔ကို ေလးႀကိမ္ ေသြးတြင္းသၾကားဓာတ္ကို စစ္ေဆးရပါတယ္။ မီးဖြားၿပီးတာနဲ႔ မိခင္ႏို႔တိုက္ေကြၽးျခင္းဟာ အလြန္သင့္ေတာ္ပါတယ္။
Gestational Diabetes ေရာဂါဟာ ကိုယ္ဝန္ေဆာင္ေတြရဲ႕ သုံးရာခိုင္ႏႈန္းကေန ကိုးရာခိုင္ႏႈန္းမွာ ျဖစ္တတ္တယ္လို႔ စစ္တမ္းေကာက္ခ်က္အခ်ိဳ႕ကဆိုပါတယ္။ မ်ားေသာအားျဖင့္ ကိုယ္ဝန္ေနာက္ဆုံးသုံးလမွာ အျဖစ္မ်ားပါတယ္။
ကုသျခင္း
Gestational Diabetes ေရာဂါဟာ ဆီးခ်ိဳသမားစားသင့္တဲ့အစားအစာ၊ ေလ့က်င့္ခန္း ၊ လိုအပ္တဲ့ အင္ဆူလင္ထိုးေဆး နဲ႔ကုသလို႔ရပါတယ္။ လူနာအမ်ားစုကလည္း အစားအစာနဲ႔ေလ့က်င့္ခန္းကိုေသခ်ာလိုက္နာေဆာင္႐ြက္ျခင္းနဲ႔ ေရာဂါကိုထိန္းခ်ဳပ္ႏိုင္ၾကပါတယ္။ ဒါေၾကာင့္ မိမိရဲ႕ Life style ေနထိုင္စားေသာက္မႈပုံစံကို ဂ႐ုတစိုက္ထိန္းသိမ္းရင္ ဆိုးက်ိဳးနည္းႏိုင္သမွ်နည္းမွာျဖစ္ပါတယ္။ ေဆးဝါးမ်ားကေတာ့ မိမိသေဘာနဲ႔မိမိေသာက္သုံးျခင္းမျပဳဘဲ သက္ဆိုင္ရာဆရာဝန္ႀကီးမ်ားၫႊန္ၾကားခ်က္အတိုင္း လိုက္နာေသာက္သုံးရမွာျဖစ္ပါတယ္လို႔ေရးသားလိုက္ရပါတယ္။
အားလုံးက်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ေမာင္(ေဆး-၁)