အငှားကိုယ်ဝန်ဆောင်

ဒီအခေါ်အဝေါ်ကို ကိုရီးယားဇာတ်လမ်းတွဲတွေကတစ်ဆင့် လူသိများလာကြတယ်လို့ ယူဆရပါတယ်။စိတ်ထဲမယ်လည်း သို့လော သို့လော…..”အငှားကိုယ်ဝန်ဆောင်”ဆိုတာ ဘယ်လိုမျိုးပါလိမ့်ပေါ့ ?

“အငှားကိုယ်ဝန်ဆောင်” (၂) မျိုးရှိပါတယ် :

(၁) ကလေးနဲ့သွေးမနှောတဲ့ အငှားကိုယ်ဝန်ဆောင်

(၂) ကလေးနဲ့သွေးနှောတဲ့ အငှားကိုယ်ဝန်ဆောင်

(၁) ကလေးနဲ့သွေးမနှောတဲ့ အငှားကိုယ်ဝန်ဆောင်

ဒါကတော့ …..အရှင်းဆုံးနဲ့အလွယ်ဆုံးပြောရရင်…..စုံတွဲတစ်တွဲက ကလေးလိုချင်မယ်။ ထိုအခါ စုံတွဲထဲက အမျိုးသမီးဖြစ်သူရဲ့ မမျိုးဥကိုထုတ်ယူ၊အမျိုးသားဖြစ်သူရဲ့ သုတ်ပိုးကိုထုတ်ယူ…..ထို့နောက် ထို မမျိုးဥနဲ့သုတ်ပိုးကို ဖန်ပြွန်သန္ဓေနည်းဖြင့် ဓာတ်ခွဲခန်းထဲမှာ ပေါင်းစပ်ပြီး သန္ဓေအောင်စေမယ်။သန္ဓေအောင်သွားပြီး သန္ဓေသားရလာတဲ့အခါ အငှားကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးရဲ့ သားအိမ်ထဲထည့်ပေးပြီး ကိုယ်ဝန်ဆောင်စေမယ်။ဒီဖြစ်စဉ်မှာ မမျိုးဥရော၊ သုတ်ပိုးရောက မိခင်နဲ့ဖခင်ဖြစ်သူတွေဆီမှရတာမို့ …..မွေးလာမယ့်ကလေးဟာ အငှားကိုယ်ဝန်ဆောင်နဲ့ မျိုးဗီဇအရ ပတ်သက်ဆက်နွယ်ခြင်းမရှိပါဘူး။ဒါကြောင့် ကလေးနဲ့သွေးမနှောတဲ့ အငှားကိုယ်ဝန်ဆောင် လို့ သတ်မှတ်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ဒီလိုအငှားကိုယ်ဝန်ဆောင်လိုအပ်သလဲဆိုရင်

– အမျိုးသမီးဖြစ်သူရဲ့ သားအိမ်ဟာ ပုံမှန်အလုပ်မလုပ်နိုင်ခြင်း

– အမျိုးသမီးဖြစ်သူဟာ သားအိမ်ခေါင်းကင်ဆာ/သားအိမ်ကင်ဆာ/သားအိမ်အလုံးတည်ခြင်း/သားအိမ်တစ်သျှူးများစွာနေရာမှားပျံ့နှံ့နေခြင်း စသောအကြောင်းတစ်ခုခုကြောင့် သားအိမ်ထုတ်ထားခြင်း
(သားအိမ်ထုတ်ထားသော်လည်း သားဥအိမ်များမထုတ်ဘဲချန်ထားပါက …..သားဥအိမ်မှ မမျိုးဥထုတ်ယူနိုင်သည့်အတွက် ဖန်ပြွန်သန္ဓေဖြင့် ကလေးယူနိုင်ပါသည်။)

– အမျိုးသမီးဖြစ်သူ၏ ရောဂါအခံတစ်ခုခုကြောင့် ကိုယ်ဝန်ဆောင်ရန်မသင့်တော်ခြင်း…..

စတဲ့ အခြေအနေတွေမှာ ပြုလုပ်လေ့ရှိပါတယ်။

(၂) ကလေးနဲ့သွေးနှောတဲ့ အငှားကိုယ်ဝန်ဆောင်

ဒါကတော့ အငှားကိုယ်ဝန်ဆောင်မည့်အမျိုးသမီး၏ မမျိုးဥကိုထုတ်ယူ….. ကလေးလိုချင်သည့်စုံတွဲမှဖခင်၏ သုတ်ပိုးကိုထုတ်ယူ…..ထို့နောက် ဖန်ပြွန်သန္ဓေနည်းဖြင့် ဓာတ်ခွဲခန်းထဲမှာ ပေါင်းစပ်ပြီး သန္ဓေအောင်စေမယ်။သန္ဓေအောင်သွားပြီး သန္ဓေသားရလာတဲ့အခါ အငှားကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးရဲ့ သားအိမ်ထဲထည့်ပေးပြီး ကိုယ်ဝန်ဆောင်စေမယ်။ဒီဖြစ်စဉ်မှာတော့ မမျိုးဥဟာ အငှားကိုယ်ဝန်ဆောင်အမျိုးသမီးထံမှရရှိလာတာမို့…..မွေးလာမယ့်ကလေးဟာ အငှားကိုယ်ဝန်ဆောင်နဲ့ မျိုးဗီဇအရ ပတ်သက်ဆက်နွယ်ခြင်းရှိပါတယ်။ဒါကြောင့် ကလေးနဲ့သွေးနှောတဲ့ အငှားကိုယ်ဝန်ဆောင် လို့ သတ်မှတ်ပါတယ်။

ဒါကတော့

– ကလေးလိုချင်တဲ့စုံတွဲရဲ့ အမျိုးသမီးဖြစ်သူဟာ အကြောင်းတစ်စုံတစ်ရာကြောင့် သားဥအိမ်နှစ်ခုလုံး ခွဲထုတ်ဖယ်ရှားထားခြင်း (သို့မဟုတ်) မမျိုးဥများအရည်အသွေးမကောင်းခြင်း(သို့)မျိုးမအောင်နိုင်ခြင်း

– လိင်တူစုံတွဲများ ကလေးယူလိုခြင်း…..

စတဲ့ အခြေအနေတွေမှာ ပြုလုပ်လေ့ရှိပါတယ်။

ကဲ…..ဒီလောက်ဆို သင်သိချင်နေတဲ့ ကိုရီးယားကားထဲက “အငှားကိုယ်ဝန်ဆောင်”ဆိုတာ ဘယ်လိုမျိုးလဲ သေချာသိရပြီပေါ့နော်။

ပိုင်နီမေ

အငွားကိုယ္ဝန္ေဆာင္

ဒီအေခၚအေဝၚကို ကိုရီးယားဇာတ္လမ္းတြဲေတြကတစ္ဆင့္ လူသိမ်ားလာၾကတယ္လို႔ ယူဆရပါတယ္။စိတ္ထဲမယ္လည္း သို႔ေလာ သို႔ေလာ…..”အငွားကိုယ္ဝန္ေဆာင္”ဆိုတာ ဘယ္လိုမ်ိဳးပါလိမ့္ေပါ့ ?

“အငွားကိုယ္ဝန္ေဆာင္” (၂) မ်ိဳးရွိပါတယ္ :

(၁) ကေလးနဲ႔ေသြးမေႏွာတဲ့ အငွားကိုယ္ဝန္ေဆာင္

(၂) ကေလးနဲ႔ေသြးေႏွာတဲ့ အငွားကိုယ္ဝန္ေဆာင္

(၁) ကေလးနဲ႔ေသြးမေႏွာတဲ့ အငွားကိုယ္ဝန္ေဆာင္

ဒါကေတာ့ …..အရွင္းဆုံးနဲ႔အလြယ္ဆုံးေျပာရရင္…..စုံတြဲတစ္တြဲက ကေလးလိုခ်င္မယ္။ ထိုအခါ စုံတြဲထဲက အမ်ိဳးသမီးျဖစ္သူရဲ႕ မမ်ိဳးဥကိုထုတ္ယူ၊အမ်ိဳးသားျဖစ္သူရဲ႕ သုတ္ပိုးကိုထုတ္ယူ…..ထို႔ေနာက္ ထို မမ်ိဳးဥနဲ႔သုတ္ပိုးကို ဖန္ႁပြန္သေႏၶနည္းျဖင့္ ဓာတ္ခြဲခန္းထဲမွာ ေပါင္းစပ္ၿပီး သေႏၶေအာင္ေစမယ္။သေႏၶေအာင္သြားၿပီး သေႏၶသားရလာတဲ့အခါ အငွားကိုယ္ဝန္ေဆာင္မယ့္ အမ်ိဳးသမီးရဲ႕ သားအိမ္ထဲထည့္ေပးၿပီး ကိုယ္ဝန္ေဆာင္ေစမယ္။ဒီျဖစ္စဥ္မွာ မမ်ိဳးဥေရာ၊ သုတ္ပိုးေရာက မိခင္နဲ႔ဖခင္ျဖစ္သူေတြဆီမွရတာမို႔ …..ေမြးလာမယ့္ကေလးဟာ အငွားကိုယ္ဝန္ေဆာင္နဲ႔ မ်ိဳးဗီဇအရ ပတ္သက္ဆက္ႏြယ္ျခင္းမရွိပါဘူး။ဒါေၾကာင့္ ကေလးနဲ႔ေသြးမေႏွာတဲ့ အငွားကိုယ္ဝန္ေဆာင္ လို႔ သတ္မွတ္ပါတယ္။

ဘယ္လိုအေျခအေနမ်ိဳးမွာ ဒီလိုအငွားကိုယ္ဝန္ေဆာင္လိုအပ္သလဲဆိုရင္

– အမ်ိဳးသမီးျဖစ္သူရဲ႕ သားအိမ္ဟာ ပုံမွန္အလုပ္မလုပ္ႏိုင္ျခင္း

– အမ်ိဳးသမီးျဖစ္သူဟာ သားအိမ္ေခါင္းကင္ဆာ/သားအိမ္ကင္ဆာ/သားအိမ္အလုံးတည္ျခင္း/သားအိမ္တစ္သွ်ဴးမ်ားစြာေနရာမွားပ်ံ႕ႏွံ႔ေနျခင္း စေသာအေၾကာင္းတစ္ခုခုေၾကာင့္ သားအိမ္ထုတ္ထားျခင္း
(သားအိမ္ထုတ္ထားေသာ္လည္း သားဥအိမ္မ်ားမထုတ္ဘဲခ်န္ထားပါက …..သားဥအိမ္မွ မမ်ိဳးဥထုတ္ယူႏိုင္သည့္အတြက္ ဖန္ႁပြန္သေႏၶျဖင့္ ကေလးယူႏိုင္ပါသည္။)

– အမ်ိဳးသမီးျဖစ္သူ၏ ေရာဂါအခံတစ္ခုခုေၾကာင့္ ကိုယ္ဝန္ေဆာင္ရန္မသင့္ေတာ္ျခင္း…..

စတဲ့ အေျခအေနေတြမွာ ျပဳလုပ္ေလ့ရွိပါတယ္။

(၂) ကေလးနဲ႔ေသြးေႏွာတဲ့ အငွားကိုယ္ဝန္ေဆာင္

ဒါကေတာ့ အငွားကိုယ္ဝန္ေဆာင္မည့္အမ်ိဳးသမီး၏ မမ်ိဳးဥကိုထုတ္ယူ….. ကေလးလိုခ်င္သည့္စုံတြဲမွဖခင္၏ သုတ္ပိုးကိုထုတ္ယူ…..ထို႔ေနာက္ ဖန္ႁပြန္သေႏၶနည္းျဖင့္ ဓာတ္ခြဲခန္းထဲမွာ ေပါင္းစပ္ၿပီး သေႏၶေအာင္ေစမယ္။သေႏၶေအာင္သြားၿပီး သေႏၶသားရလာတဲ့အခါ အငွားကိုယ္ဝန္ေဆာင္မယ့္ အမ်ိဳးသမီးရဲ႕ သားအိမ္ထဲထည့္ေပးၿပီး ကိုယ္ဝန္ေဆာင္ေစမယ္။ဒီျဖစ္စဥ္မွာေတာ့ မမ်ိဳးဥဟာ အငွားကိုယ္ဝန္ေဆာင္အမ်ိဳးသမီးထံမွရရွိလာတာမို႔…..ေမြးလာမယ့္ကေလးဟာ အငွားကိုယ္ဝန္ေဆာင္နဲ႔ မ်ိဳးဗီဇအရ ပတ္သက္ဆက္ႏြယ္ျခင္းရွိပါတယ္။ဒါေၾကာင့္ ကေလးနဲ႔ေသြးေႏွာတဲ့ အငွားကိုယ္ဝန္ေဆာင္ လို႔ သတ္မွတ္ပါတယ္။

ဒါကေတာ့

– ကေလးလိုခ်င္တဲ့စုံတြဲရဲ႕ အမ်ိဳးသမီးျဖစ္သူဟာ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ သားဥအိမ္ႏွစ္ခုလုံး ခြဲထုတ္ဖယ္ရွားထားျခင္း (သို႔မဟုတ္) မမ်ိဳးဥမ်ားအရည္အေသြးမေကာင္းျခင္း(သို႔)မ်ိဳးမေအာင္ႏိုင္ျခင္း

– လိင္တူစုံတြဲမ်ား ကေလးယူလိုျခင္း…..

စတဲ့ အေျခအေနေတြမွာ ျပဳလုပ္ေလ့ရွိပါတယ္။

ကဲ…..ဒီေလာက္ဆို သင္သိခ်င္ေနတဲ့ ကိုရီးယားကားထဲက “အငွားကိုယ္ဝန္ေဆာင္”ဆိုတာ ဘယ္လိုမ်ိဳးလဲ ေသခ်ာသိရၿပီေပါ့ေနာ္။

ပိုင္နီေမ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…