သန္ဓေသား၏ အသက်နှင့် ရှိသင့်သော ကြီးထွားမှု

“ဝမ်းကြာတိုက်”… ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ တဖြည်းဖြည်း ပူလာတဲ့ ဗိုက်လေးထဲမှာ ချစ်စရာ သားသားမီးမီးလေးတွေဟာ တဖြည်းဖြည်း ကြီးထွားလာကြပါတယ်…မိမိမှာ ရင်သွေးလေးကို လွယ်ထားရပြီလို့ သိလိုက်ရတဲ့ ချိန်ကစပြီး လိုအပ်တဲ့ ကိုယ်ဝန်အပ်တာတွေ၊ သားသားလေးလား မီးမီးလေးလား သိချင်ရတာတွေ၊ အဝတ်အစားတွေ ကြိုဝယ်ကြတာတွေနဲ့ မိသားစုရဲ့ ဆည်းလည်းလေးကို စိတ်ကူးပြီး ပျော်မြူးကြပါတယ်….

ဒါကြောင့် မိခင်ရဲ့ သားအိမ်တွင်းမှာ ရင်သွေးလေးရဲ့ ကြီးထွားမှုဟာ ပုံမှန်လား၊ စောလား နောက်ကျလားဆိုတာကို မိမိဘာသာ သိရှိနိုင်မယ့် နည်းလမ်းလေး ပြောပြချင်ပါတယ်…
ဗိုက်ထဲက သန္ဓေသားလေး ကြီးထွားလာတာနဲ့ လိုက်ပြီး သားအိမ်ဟာလည်း လိုက်ပြီး ကြီးထွားလာရပါတယ်…
တိုင်းတာမှုနဲ့ ပတ်သတ်လို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်..

– မိခင်ရဲ့ နောက်ဆုံးရာသီလာခဲ့တဲ့ ချိန်မှ စပြီး ယခု ကလေးကြီးထွားမှုကိုယ်ဝန်ဆောင်လ အရေအတွက်ကို တိုင်းတာခြင်း၊

– ပေကြိုးဖြင့် ဗိုက်ကိုတိုင်းပြီး centimeter နှင့် month “လ” တွက်ခြင်း၊

– အလွယ်တကူ သိသာနိုင်သော landmarks ဗိုက်ပေါ် လက်ဖြင့် ထောက်စမ်းခြင်း တွေနဲ့ သိနိုင်ပါတယ်…

ဒါကြောင့် မေမေတို့အတွက် အလွယ်တကူသိနိုင်တဲ့ နည်းလေးကို ပြောပြချင်ပါတယ်…

– အသက် ၁၄ပတ် လောက်မှာ ဆီးခုံအပေါ်လောက် ရောက်နေပါပြီ..

– အသက် ၂၀ ပတ် လောက်မှာ ချက်အောက်ပိုင်းလက်နှစ်လုံးလောက်မှာ ရှိပါမယ်…

– အသက် ၂၄ ပတ် လောက်မှာ ချက်အလည်လောက်မှာ ရှိပါမယ်…

– အသက် ၂၈ ပတ်လောက်မှာ ချက်အထက်ပိုင်း လက်နှစ်လက်လုံးလောက်မှာ ရှိပါမယ်…

အသက် ၃၂ – ၃၆ပတ်လောက်မှာ ရင်ခေါင်းထောက်ပါမယ်


– အသက် ၃၆- ၄၀ လောက်မှာ ရင်ခေါင်းထောက်ပြီးမို့ ကလေးဟာ သားအိမ်ဟာ အောက်ကို အနည်းငယ် ပြန်လျော့လာတတ်တဲ့ သဘောရှိပါတယ်…

ပုံမှန်အားဖြင့် သန္ဓေသားရဲ့ ကြီးထွားမှုကို အထက်ပါနည်းများဖြင့် တိုင်းတာလို့ ရသော်လည်း…

– ပြောခဲ့သလို ကလေး မမွေးဖွားခင် သုံးလေးပတ်လောက်မှာ ကလေးဟာ အောက်သို့ အနည်းငယ် ဆင်းသွားခြင်း

– နောက်ဆုံးရာသီလာခဲ့တဲ့ ပထမရက်ကို သေချာမမှတ်မိတာတွေ

– သန္ဓေသား ကျန်းမာသော်ငြား ပုံမှန်ထက် သေးငယ်ခြင်း

– ရေမွာနည်းခြင်း

– ကလေး လဲှလျောင်းပုံမတူခြင်း

– ကိုယ်ဝန်အပတ် နည်းသေးခြင်း

– ဝမ်းဗိုက်တွင်း သန္ဓေသား ဆက်စပ်ကြီးထွားဖို့ရာ အဟန့်အတားရှိနေခြင်းတွေကြောင့်


တခါတရံမှာ သန္ဓေသားရဲ့ အသက်ဟာ ကိုယ်တွက်တာထက်သေးနေတာ ၊ ရှိသင့်တဲ့ ကြီးထွားမှုထက် အနည်းငယ် နောက်ကျ နေတတ်တာမျိုး တွေ့ရတတ်ပါတယ်..

ဒါ့ပြင် ကိုယ်ထွက်တာထက် ကြီးနေတာ၊ ရှိသင့်တာထက် သေးငယ်နေတာမျိုးတွေကို

– သန္ဓေသားတစ်ယောက်တည်းမဟုတ်ပဲ အမွှာ ဖြစ်နေခြင်း

– ကိုယ်ဝန်စဆောင်တဲ့ ရက် သေချာမမှတ်မိခြင်း

– သန္ဓေသား ကျန်းမာသော်လည်း ပုံမှန်ထက် ကြီးထွားခြင်း

– မိခင်ဟာ ဆီးချိုရောဂါရှိပါက ကလေး ကြီးထွားတတ်ခြင်း

– ရေမွှာများခြင်း

– သန္ဓေခိုင် သန္ဓေသား ဖြစ်နေတတ်ခြင်း

– breech presentation ခေါ် သားအိမ်ဝကို ခေါင်းဖြင့် မဆင်းပဲ တင်ပါးဆုံးဖြင့် ဆင်းခြင်း တွေကြောင့် တွေ့ရတတ်ပါတယ်…

ဒါကြောင့် မိမိရဲ့ ရင်သွေးလေး တနေ့တခြား ကြီးထွားလာပုံမှန်ရဲ့လား မိမိဘာသာ သိရှိနိုင်သလို အနည်းငယ် ပုံမမှန်တာမျိုးတွေ ၊ တခြားသော ကျန်းမာရေးချို့ယွင်းမှုတွေ ရှိပါက ဆေးခန်းပြခြင်း၊ ပုံမှန် ဗိုက်ပြခြင်း၊ လိုအပ်သော ဆေးသောက် ဆေးထိုးခြင်းများ ပြုလုပ်ခြင်းဖြင့်.. မိခင်ရော ကလေးပါ ကျန်းမာစွာနေထိုင်နိုင်မှာ ဖြစ်ပါတယ်….

ကျန်းမာပျော်ရျွင်ပြီး ချစ်စရာကောင်းသော သားသားမီးမီးလေးများ ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်….
ပိုင်နီမောင်



















– ​ရေမွာနည်းခြင်း

– က​လေး လှဲ​လျောင်းပုံမတူခြင်း










– ​ရေမွှာများခြင်း




ပိုင်​နီ​မောင်

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…