လိင်အင်္ဂါတွင်ကြွက်နို့ပေါက်ခြင်း
လိင်အင်္ဂါမှာကြွက်နို့ပေါက်ခြင်းဟာ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါပိုး (Human Papilloma Virus) ကြောင့်ဖြစ်ရတာပါ။ လိင်အင်္ဂါကြွက်နို့ပေါက်ရင် ယားယံခြင်း၊ နာကျင်ခြင်း၊ နေရထိုင်ရခက်ခဲခြင်းတို့ဖြစ်စေပါတယ်။ တခြားနေရာမှာဖြစ်တတ်တဲ့ ကြွက်နို့လိုပဲ အရောင်ကတော့ အရေပြားအရောင်အတိုင်း ဒါမှမဟုတ် အရေပြားအရောင်ထက်ရင့်ပြီး တစ်ခုတည်းလည်းဖြစ်နိုင်သလို စုပြုံပြီးလည်းဖြစ်နိုင်ပါတယ်။
ရောဂါပိုးကူးစက်ခံရပြီး ရက်သတ္တပတ်များစွာကြာတဲ့အထိ မပေါ်သေးဘဲ နောက်မှလည်းပေါ်လာနိုင်ပါတယ်။
အမျိုးသားတွေမှာဆိုရင်
- လိင်တံ
- ကပ္ပယ်အိတ်
- ပေါင်ခြံ
- ပေါင်ရင်း
- စအိုနှင့် စအိုနားတစ်ဝိုက် မှာဖြစ်တတ်ပါတယ်။
အမျိုးသမီးတွေမှာဆိုရင်တော့
- သားအိမ်ခေါင်း
- စအိုနဲ့ မိန်းမကိုယ်အတွင်းထဲ ဒါမှမဟုတ်
- စအိုနဲ့ မိန်းမကိုယ်အပြင်တစ်ဝိုက်မှာဖြစ်တတ်ပါတယ်။
အဲဒီကြွက်နို့ဟာ ရောဂါပိုးရှိသူနဲ့ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းပြုလုပ်ထားသူဆီမှာဆိုရင် နှုတ်ခမ်း၊ လျှာနဲ့ လည်ချောင်းတွေမှာပါကူးစက်ဖြစ်ပွားနိုင်ပါတယ်။
မမြင်ရတဲ့ဲကြွက်နို့တွေ
တစ်ခါတစ်ရံလိင်အင်္ဂါကြွက်နို့ဟာ မျက်စိနဲ့ မမြင်ရ လက်လှမ်းမမီနိုင်တဲ့အတွင်းပိုင်းနေရာမှာဖြစ်တယ်ဆိုရင်တော့
- အမျိုးသမီးတွေဆိုရင် မိန်းမကိုယ်ကနေ သဘာဝမဟုတ်ဘဲ အဖြူဆင်းခြင်း၊သွေးဆင်းခြင်း
အလွန်နာကျင်ခြင်း - ပူလောင်သောဝေဒနာခံစားရခြင်း
- သွေးထွက်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုလူတွေမှာပိုဖြစ်နိုင်သလဲ?
- အသက်သုံးဆယ်အောက် လူငယ်လူရွယ်များ
- ဆေးလိပ်သောက်သူများ
- ခုခံအားနည်းသူများ
- မိခင်ဖြစ်သူဟာ မီးတွင်းထဲမှာ HPV ရောဂါပိုးကူးစက်ခံရပြီး မွေးဖွားလာသူများ
- လိင်အကြမ်းဖက်မှုခံခဲ့ရသူများ စသည်တို့ပဲဖြစ်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
လိင်အင်္ဂါကြွက်နို့ဟာ အမျိုးသမီးတွေအတွက် အန္တရယ်ကြီးပါတယ်။ အဲဒီကြွက်နို့ကနေ သားအိမ်ခေါင်းကင်ဆာထိဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းရဲ့ မူလဆဲလ်တွေကို ပုံမှန်မဟုတ်သောမျိုးပွားဆဲလ်တွေဖြစ်စေပြီး ကင်ဆာအကြိုအဆင့်ကိုလည်း ရောက်စေနိုင်ပါတယ်။
မိန်းမကိုယ် (Vulva)ကို ကင်ဆာဖြစ်စေတဲ့အပြင် အမျိုးသားလိင်တံနဲ့ စအိုမှာလည်း ကင်ဆာရောဂါအဖြစ် နောက်ဆက်တွဲဆိုးကျိုးတွေလာနိုင်ပါတယ်။
ဘယ်လိုကုသကြမလဲ?
ဆေးမြီးတိုတွေနဲ့ ကုသတာမျိုးမပြုလုပ်စေချင်ပါဘူး။ ဆရာဝန်နဲ့သေချာပြသပြီး ကုသမှုခံယူရပါမယ်။ သောက်ဆေး၊ လိမ်းဆေး တွေက ကြွက်နို့ကြောင့်ဖြစ်တဲ့ နာကျင်မှုနဲ့အခြားဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ခွဲစိတ်ကုသမှုခံယူလို့လည်းရပါတယ်။
သတိပြုရမှာက ကြွက်နို့ပျောက်သွားရင်တောင် သင့်ရဲ့ကိုယ်ခန္ဓာထဲမှာ Virus ပိုးကကျန်ရှိနေမှာဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာပြန်ဖြစ်နိုင်ပါတယ်။ အခြားသူကိုမကူးစက်ဖို့ကလည်း အရေးကြီးလို့ ဆရာဝန်နဲ့သေချာတိုင်ပင်ကုသဖို့လိုအပ်ပါတယ်။
လိင်အင်္ဂါမှာကြွက်နို့ပေါက်တဲ့အမျိုးသမီးများ အထူးဂရုပြုဖို့ကတော့ ဦးဆုံးကုသမှုခံယူအပြီးမှာ သားအိမ်ခေါင်းကင်ဆာရောဂါအတွက် Pap smear လို့ခေါ်တဲ့ သားအိမ်ထဲကအချွဲမြေးကို စစ်ဆေးဖို့လိုအပ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
လိင္အဂၤါတြင္ႂကြက္ႏို႔ေပါက္ျခင္း
လိင္အဂၤါမွာႂကြက္ႏို႔ေပါက္ျခင္းဟာ လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါပိုး (Human Papilloma Virus) ေၾကာင့္ျဖစ္ရတာပါ။ လိင္အဂၤါႂကြက္ႏို႔ေပါက္ရင္ ယားယံျခင္း၊ နာက်င္ျခင္း၊ ေနရထိုင္ရခက္ခဲျခင္းတို႔ျဖစ္ေစပါတယ္။ တျခားေနရာမွာျဖစ္တတ္တဲ့ ႂကြက္ႏို႔လိုပဲ အေရာင္ကေတာ့ အေရျပားအေရာင္အတိုင္း ဒါမွမဟုတ္ အေရျပားအေရာင္ထက္ရင့္ၿပီး တစ္ခုတည္းလည္းျဖစ္ႏိုင္သလို စုျပံဳၿပီးလည္းျဖစ္ႏိုင္ပါတယ္။
ေရာဂါပိုးကူးစက္ခံရၿပီး ရက္သတၱပတ္မ်ားစြာၾကာတဲ့အထိ မေပၚေသးဘဲ ေနာက္မွလည္းေပၚလာႏိုင္ပါတယ္။
အမ်ိဳးသားေတြမွာဆိုရင္
- လိင္တံ
- ကပၸယ္အိတ္
- ေပါင္ျခံ
- ေပါင္ရင္း
- စအိုႏွင့္ စအိုနားတစ္ဝိုက္ မွာျဖစ္တတ္ပါတယ္။
အမ်ိဳးသမီးေတြမွာဆိုရင္ေတာ့
- သားအိမ္ေခါင္း
- စအိုနဲ႔ မိန္းမကိုယ္အတြင္းထဲ ဒါမွမဟုတ္
- စအိုနဲ႔ မိန္းမကိုယ္အျပင္တစ္ဝိုက္မွာျဖစ္တတ္ပါတယ္။
အဲဒီႂကြက္ႏို႔ဟာ ေရာဂါပိုးရွိသူနဲ႔ ပါးစပ္ျဖင့္လိင္ဆက္ဆံျခင္းျပဳလုပ္ထားသူဆီမွာဆိုရင္ ႏႈတ္ခမ္း၊ လွ်ာနဲ႔ လည္ေခ်ာင္းေတြမွာပါကူးစက္ျဖစ္ပြားႏိုင္ပါတယ္။
မျမင္ရတဲ့ဲႂကြက္ႏို႔ေတြ
တစ္ခါတစ္ရံလိင္အဂၤါႂကြက္ႏို႔ဟာ မ်က္စိနဲ႔ မျမင္ရ လက္လွမ္းမမီႏိုင္တဲ့အတြင္းပိုင္းေနရာမွာျဖစ္တယ္ဆိုရင္ေတာ့
- အမ်ိဳးသမီးေတြဆိုရင္ မိန္းမကိုယ္ကေန သဘာဝမဟုတ္ဘဲ အျဖဴဆင္းျခင္း၊ေသြးဆင္းျခင္း
အလြန္နာက်င္ျခင္း - ပူေလာင္ေသာေဝဒနာခံစားရျခင္း
- ေသြးထြက္ျခင္းတို႔ျဖစ္ေစႏိုင္ပါတယ္။
ဘယ္လိုလူေတြမွာပိုျဖစ္ႏိုင္သလဲ?
- အသက္သံုးဆယ္ေအာက္ လူငယ္လူရြယ္မ်ား
- ေဆးလိပ္ေသာက္သူမ်ား
- ခုခံအားနည္းသူမ်ား
- မိခင္ျဖစ္သူဟာ မီးတြင္းထဲမွာ HPV ေရာဂါပိုးကူးစက္ခံရၿပီး ေမြးဖြားလာသူမ်ား
- လိင္အၾကမ္းဖက္မႈခံခဲ့ရသူမ်ား စသည္တို႔ပဲျဖစ္ပါတယ္။
ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
လိင္အဂၤါႂကြက္ႏို႔ဟာ အမ်ိဳးသမီးေတြအတြက္ အႏၲရယ္ႀကီးပါတယ္။ အဲဒီႂကြက္ႏို႔ကေန သားအိမ္ေခါင္းကင္ဆာထိျဖစ္လာႏိုင္ပါတယ္။ သားအိမ္ေခါင္းရဲ႕ မူလဆဲလ္ေတြကို ပံုမွန္မဟုတ္ေသာမ်ိဳးပြားဆဲလ္ေတြျဖစ္ေစၿပီး ကင္ဆာအႀကိဳအဆင့္ကိုလည္း ေရာက္ေစႏိုင္ပါတယ္။
မိန္းမကိုယ္ (Vulva)ကို ကင္ဆာျဖစ္ေစတဲ့အျပင္ အမ်ိဳးသားလိင္တံနဲ႔ စအိုမွာလည္း ကင္ဆာေရာဂါအျဖစ္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြလာႏိုင္ပါတယ္။
ဘယ္လိုကုသၾကမလဲ?
ေဆးၿမီးတိုေတြနဲ႔ ကုသတာမ်ိဳးမျပဳလုပ္ေစခ်င္ပါဘူး။ ဆရာဝန္နဲ႔ေသခ်ာျပသၿပီး ကုသမႈခံယူရပါမယ္။ ေသာက္ေဆး၊ လိမ္းေဆး ေတြက ႂကြက္ႏို႔ေၾကာင့္ျဖစ္တဲ့ နာက်င္မႈနဲ႔အျခားေဝဒနာေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။ ခြဲစိတ္ကုသမႈခံယူလို႔လည္းရပါတယ္။
သတိျပဳရမွာက ႂကြက္ႏို႔ေပ်ာက္သြားရင္ေတာင္ သင့္ရဲ႕ကိုယ္ခႏၶာထဲမွာ Virus ပိုးကက်န္ရွိေနမွာျဖစ္တဲ့အတြက္ ေနာင္တစ္ခ်ိန္မွာျပန္ျဖစ္ႏိုင္ပါတယ္။ အျခားသူကိုမကူးစက္ဖို႔ကလည္း အေရးႀကီးလို႔ ဆရာဝန္နဲ႔ေသခ်ာတိုင္ပင္ကုသဖို႔လိုအပ္ပါတယ္။
လိင္အဂၤါမွာႂကြက္ႏို႔ေပါက္တဲ့အမ်ိဳးသမီးမ်ား အထူးဂ႐ုျပဳဖို႔ကေတာ့ ဦးဆံုးကုသမႈခံယူအၿပီးမွာ သားအိမ္ေခါင္းကင္ဆာေရာဂါအတြက္ Pap smear လို႔ေခၚတဲ့ သားအိမ္ထဲကအခြ်ဲေျမးကို စစ္ေဆးဖို႔လိုအပ္ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)