ကလေးမဆော့တဲ့ ဂေါ်လီ

ညနေစောင်းပြီဖြစ်သဖြင့် ဒေါက်တာနှင်းငွေနှင့် ဒေါက်တာနိုင်လင်းတို့နှစ်ယောက် ဆေးရုံမှပြန်ကာ ဒေါက်တာနှင်းငွေ၏ဆေးခန်းအနီးရှိ လက်ဖက်ရည်ဆိုင်လေးတွင်ထိုင်ကာ ရောက်တတ်ရာရာပြောနေခိုက် ဒေါက်တာနိုင်လင်းက

” အကိုရေ ကျွန်တော့ဆီမနေ့က လူနာတစ်ယောက်လာတယ်ဗျ။ မရိုသေ့စကား သူ့ရဲ့ ဟိုဟာကို ဂေါ်လီမြှုပ်ချင်လို့တဲ့။ အဲဒါ ကျွန်တော်လည်း မလုပ်ပေးနိုင်ဘူးလို့ငြင်းလိုက်တယ်။ စိတ်ထဲမှာတစ်မျိုးကြီးဖြစ်သွားတယ်ဗျာ။ ဒီလိုမျိုးထည့်တဲ့လူတွေလဲ ရှိကြတယ်နော်။”

“ရှိတယ်ညီလေး။ ကာမဂုဏ်ကို သာမာန်ထက်ပိုပြီး လွန်လွန်ကဲကဲခံစားချင်တဲ့အခါ၊ ကိုယ့်ရဲ့ ဆက်ဆံဖော်ကို လွန်လွန်ကဲကဲခံစားစေချင်တဲ့အခါ သဘာဝကိုလွန်ဆန်တဲ့အလုပ်တွေလုပ်တတ်ကြတယ်။ အစ်ကိုကတော့ အားမပေးဘူးညီလေး။”

“ဟုတ်ကဲ့အစ်ကို ဒီလိုဂေါ်လီထည့်တဲ့အကျင့်က ဘယ်တုန်းကတည်းကရှိခဲ့တာလဲဗျ။”

“အစ်ကိုရှာဖတ်ကြည့်ဖူးသလောက်ကတော့ သက္ကရာဇ် ၁၅ရာစုကတည်းက ဒီဓလေ့ရှိနေခဲ့တယ်တဲ့။ တို့ဗမာအခေါ် ဂေါ်လီထည့်တယ်ဆိုပေမယ့် အင်္ဂလိပ်လို Genital Beading လို့လဲခေါ်တယ်။ Pearling လို့လဲခေါ်ကြတယ်။ အရင်ခေတ်တွေတုန်းကတော့ ဒီဘက်ခေတ်လို စတီးလုံး၊ ဂေါ်လီလုံးတွေ မပေါ်သေးတော့ပုလဲကိုထည့်ပြီးမြှုပ်ကြတာကနေ Pearling ဆိုတဲ့စကားလုံးဖြစ်လာတာပေါ့။ ဒီအလေ့အထကို အစပြုတဲ့နေရာလို့ပြောရရင်တော့ ကမ္ဘာ့အစ မြန်မာက လို့ပြောရမလားပဲညီလေးရေ။”

“ဗျာ.. မြန်မာနိုင်ငံကလူတွေက စလုပ်ခဲ့တာ ဟုတ်လားအစ်ကို။”

“လေ့လာမှုတွေအရတော့ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အစရှိခဲ့တဲ့ ဂေါ်လီမြှုပ်ခြင်းဓလေ့ဟာ နောက်ပိုင်းမှာ တရုတ်နိုင်ငံကိုပါရောက်လာပြီးတော့ ကမ္ဘာ့ကုန်သွယ်ကူးလူးဆက်ဆံမှုဖွံ့ဖြိုးလာတဲ့အခါ တစ်ကမ္ဘာလုံးကို ပြန့်သွားခဲ့တယ်လို့ပြောတယ်ညီလေး။ ဂျပန်နိုင်ငံမှာလည်း ယာကူဇာဂိုဏ်းဝင်တွေဟာ ဒီဓလေ့ကိုသုံးခဲ့ကြတယ်လို့ဆိုကြတယ်။”

“အဲဒီလိုထည့်တော့ ဘာတွေထူးခြားလဲအစ်ကို”

“ထည့်ရတဲ့အဓိက ရည်ရွယ်ချက်ကတော့ လိင်ဆက်ဆံတဲ့အခါ ထည့်သူရော သူ့ရဲ့ဆက်ဆံဖော်ရော ကာမသုခကို ပိုပြီးပြင်းပြင်းခံစားရအောင်ထည့်ကြတယ်ညီလေး။ တစ်ချို့ကျတော့လည်း ဂေါ်လီလေးနဲ့မှ ဖုထပြီးကြည့်လို့လှတယ်လို့ထင်လို့ ထည့်သူအနည်းစုလည်းရှိတာပေါ့ကွာ။ ဒါပေမယ့် အမျိုးသမီးတိုင်းကသဘောကျတာတော့မဟုတ်ဘူး။ အောင့်သက်သက်ခံစားချက်ဖြစ်လို့ ခုတ်ရာတစ်ခြားရှရာတစ်လွဲ ဖြစ်ခဲ့ရတဲ့ အမျိုးသားတွေလည်း ရှိခဲ့ဖူးတာပေါ့ကွာ။”

“ဒါဆို ဆိုးကျိုးလည်းရှိမှာပေါ့နော်အစ်ကို”

“သိပ်ရှိတာပေါ့ညီလေး။ ဂေါ်လီမြှုပ်တယ်ဆိုတာ အမျိုးသားအင်္ဂါ(လိင်တံ)ရဲ့ အရေပြားနဲ့ အသားထုကြားကို စတီးလုံးလေးတွေမြှုပ်တာဆိုတော့ လိင်တံအရေပြားကိုဖောက်ပြီးထည့်ရတယ်။ ဒီတော့ ပထမဆုံးအနေနဲ့ သွေးထွက်တယ်။ အခန့်မသင့်ဘဲ သွေးကြောကိုဖောက်မိရင် သွေးထွက်လွန်မယ်။ သန့်ရှင်းတဲ့လုပ်ဆောင်မှုမဟုတ်ရင် ပိုးဝင်ပြီးအသက်ဆုံးရှုံးနိုင်တယ်ညီလေး။”

ဒေါက်တာနှင်းငွေက ဆက်ပြောသည်။

“ဒါတင်ဘယ်ဟုတ်မလဲညီလေး။ ခွဲစိတ်ပြီး ဂေါ်လီထည့်တဲ့အခါ အရေပြားပေါ်မှာ အမာရွတ်ကျန်ခဲ့တတ်တယ်။ ဒီအမာရွတ်ကနေ အရေပြားကို တင်းအောင်ဆွဲထားသလိုဖြစ်ပြီး အရေးကြီးတဲ့အချိန်ရောက်မှ လိင်အင်္ဂါက ထောင်ထောင်မတ်မတ်ဆန့်မယ့်အရေးကို ဖြောင့်လို့မရအောင် အမာရွတ်က တင်းခံနေတော့ နာကျင်လာပြီး မတ်မတ်တောင်မထောင်နိုင်တော့ဘဲ ထမင်းလုပ်ပါးစပ်နားရောက်မှပုတ်ချခံရသလိုဘဝမျိုး ရောက်ကြရတဲ့လူတွေလဲ ရှိတာပေါ့ကွာ။”

“ဟာ ဒါဆိုရင်တော့ကြောက်ပြီလေ။ အခန့်မသင့်ရင် လုပ်ပေးတဲ့သူပါ သမိုင်းတရားခံဖြစ်မယ့်ကိန်းပဲ အစ်ကို။”

“တစ်ချို့ကိစ္စတွေက အဆန်းထွင်တာထက် သဘာဝအတိုင်းလေးရှိနေတာက ပိုကောင်းပါတယ်ညီလေး။ ဂေါ်လီအပြင် တစ်ချို့ဆို ဆေးတွေထိုးကြတယ်။ ကြီးဆေး၊ ကြာဆေး၊ မာဆေးဆိုပြီး လိမ်းဆေး၊ ဖျန်းဆေး၊ သောက်ဆေးမျိုးစုံလာကြတယ်။ ဒါတွေဟာလည်း တစ်ကယ့်ကို စွမ်းဆောင်ရည်ကျဆင်းနေတဲ့ အမျိုးသားတွေအတွက်တော့ ဆေးဝါးကောင်းဖြစ်ပေမယ့် မလိုအပ်ဘဲ စွတ်တရွတ်သုံးမိရင် ဟော်မုန်းဆေးတွေဖြစ်နေတဲ့အတွက် သွေးတိုး၊နှလုံး အစရှိတဲ့ရောဂါတွေ ဖြစ်လာနိုင်ချေရှိတယ်ညီလေးရေ။”

“ဟုတ်ကဲ့အစ်ကိုရေ ပြင်လွန်းတော့ ချွန်းသွားတယ် ဆိုတဲ့စကားပုံအတိုင်းပေါ့နော်။ အရှိအတိုင်းပဲကောင်းပါတယ်ဗျာ။”

ထိုစဉ် လက်ဘက်ရည်ဆိုင်မလှမ်းမကမ်းတွင် ဆော့ကစားနေသော ကလေးငယ်များထံမှ ပစ္စည်းလေးတစ်ခုက ဒေါက်တာနှင်းငွေ၏ ခြေထောက်ကို လာထိလေသည်။ ဒေါက်တာနှင်းငွေမှထိုပစ္စည်းလေးကို ကောက်ယူလိုက်သောအခါ အနားသို့ ကလေးငယ်တစ်ဦးရောက်လာပြီး တောင်းပန်ပါတော့သည်။

” သားသားဂေါ်လီနဲ့ထိမိလို့ နာသွားရင်ခွင့်လွှတ်ပါနော်။”

မေတ္တာဖြင့်
စိုင်းမြတ်သူ

ကေလးမေဆာ့တဲ့ ေဂၚလီ

ညေနေစာင္းၿပီျဖစ္သျဖင့္ ေဒါက္တာႏွင္းေငြႏွင့္ ေဒါက္တာႏိုင္လင္းတို႔ႏွစ္ေယာက္ ေဆးရံုမွျပန္ကာ ေဒါက္တာႏွင္းေငြ၏ေဆးခန္းအနီး႐ွိ လက္ဖက္ရည္ဆိုင္ေလးတြင္ထိုင္ကာ ေရာက္တတ္ရာရာေျပာေနခိုက္ ေဒါက္တာႏိုင္လင္းက

” အကိုေရ ကြၽန္ေတာ့ဆီမေန႔က လူနာတစ္ေယာက္လာတယ္ဗ်။ မ႐ိုေသ့စကား သူ႔ရဲ႕ ဟိုဟာကို ေဂၚလီျမႇဳပ္ခ်င္လို႔တဲ့။ အဲဒါ ကြၽန္ေတာ္လည္း မလုပ္ေပးႏိုင္ဘူးလို႔ျငင္းလိုက္တယ္။ စိတ္ထဲမွာတစ္မ်ိဳးႀကီးျဖစ္သြားတယ္ဗ်ာ။ ဒီလိုမ်ိဳးထည့္တဲ့လူေတြလဲ ႐ွိၾကတယ္ေနာ္။”

“႐ွိတယ္ညီေလး။ ကာမဂုဏ္ကို သာမာန္ထက္ပိုၿပီး လြန္လြန္ကဲကဲခံစားခ်င္တဲ့အခါ၊ ကိုယ့္ရဲ႕ ဆက္ဆံေဖာ္ကို လြန္လြန္ကဲကဲခံစားေစခ်င္တဲ့အခါ သဘာဝကိုလြန္ဆန္တဲ့အလုပ္ေတြလုပ္တတ္ၾကတယ္။ အစ္ကိုကေတာ့ အားမေပးဘူးညီေလး။”

“ဟုတ္ကဲ့အစ္ကို ဒီလိုေဂၚလီထည့္တဲ့အက်င့္က ဘယ္တုန္းကတည္းက႐ွိခဲ့တာလဲဗ်။”

“အစ္ကို႐ွာဖတ္ၾကည့္ဖူးသေလာက္ကေတာ့ သကၠရာဇ္ ၁၅ရာစုကတည္းက ဒီဓေလ့႐ွိေနခဲ့တယ္တဲ့။ တို႔ဗမာအေခၚ ေဂၚလီထည့္တယ္ဆိုေပမယ့္ အဂၤလိပ္လို Genital Beading လို႔လဲေခၚတယ္။ Pearling လို႔လဲေခၚၾကတယ္။ အရင္ေခတ္ေတြတုန္းကေတာ့ ဒီဘက္ေခတ္လို စတီးလံုး၊ ေဂၚလီလံုးေတြ မေပၚေသးေတာ့ပုလဲကိုထည့္ၿပီးျမႇဳပ္ၾကတာကေန Pearling ဆိုတဲ့စကားလံုးျဖစ္လာတာေပါ့။ ဒီအေလ့အထကို အစျပဳတဲ့ေနရာလို႔ေျပာရရင္ေတာ့ ကမၻာ့အစ ျမန္မာက လို႔ေျပာရမလားပဲညီေလးေရ။”

“ဗ်ာ.. ျမန္မာႏိုင္ငံကလူေတြက စလုပ္ခဲ့တာ ဟုတ္လားအစ္ကို။”

“ေလ့လာမႈေတြအရေတာ့ ျမန္မာႏိုင္ငံနဲ႔ ဖိလစ္ပိုင္ႏိုင္ငံမွာ အစ႐ွိခဲ့တဲ့ ေဂၚလီျမႇဳပ္ျခင္းဓေလ့ဟာ ေနာက္ပိုင္းမွာ တ႐ုတ္ႏိုင္ငံကိုပါေရာက္လာၿပီးေတာ့ ကမၻာ့ကုန္သြယ္ကူးလူးဆက္ဆံမႈဖြံ႔ၿဖိဳးလာတဲ့အခါ တစ္ကမၻာလံုးကို ျပန္႔သြားခဲ့တယ္လို႔ေျပာတယ္ညီေလး။ ဂ်ပန္ႏိုင္ငံမွာလည္း ယာကူဇာဂိုဏ္းဝင္ေတြဟာ ဒီဓေလ့ကိုသံုးခဲ့ၾကတယ္လို႔ဆိုၾကတယ္။”

“အဲဒီလိုထည့္ေတာ့ ဘာေတြထူးျခားလဲအစ္ကို”

“ထည့္ရတဲ့အဓိက ရည္ရြယ္ခ်က္ကေတာ့ လိင္ဆက္ဆံတဲ့အခါ ထည့္သူေရာ သူ႔ရဲ႕ဆက္ဆံေဖာ္ေရာ ကာမသုခကို ပိုၿပီးျပင္းျပင္းခံစားရေအာင္ထည့္ၾကတယ္ညီေလး။ တစ္ခ်ိဳ႕က်ေတာ့လည္း ေဂၚလီေလးနဲ႔မွ ဖုထၿပီးၾကည့္လို႔လွတယ္လို႔ထင္လို႔ ထည့္သူအနည္းစုလည္း႐ွိတာေပါ့ကြာ။ ဒါေပမယ့္ အမ်ိဳးသမီးတိုင္းကသေဘာက်တာေတာ့မဟုတ္ဘူး။ ေအာင့္သက္သက္ခံစားခ်က္ျဖစ္လို႔ ခုုတ္ရာတစ္ျခား႐ွရာတစ္လြဲ ျဖစ္ခဲ့ရတဲ့ အမ်ိဳးသားေတြလည္း ႐ွိခဲ့ဖူးတာေပါ့ကြာ။”

“ဒါဆို ဆိုးက်ိဳးလည္း႐ွိမွာေပါ့ေနာ္အစ္ကို”

“သိပ္႐ွိတာေပါ့ညီေလး။ ေဂၚလီျမႇဳပ္တယ္ဆိုတာ အမ်ိဳးသားအဂၤါ(လိင္တံ)ရဲ႕ အေရျပားနဲ႔ အသားထုၾကားကို စတီးလံုးေလးေတြျမႇဳပ္တာဆိုေတာ့ လိင္တံအေရျပားကိုေဖာက္ၿပီးထည့္ရတယ္။ ဒီေတာ့ ပထမဆံုးအေနနဲ႔ ေသြးထြက္တယ္။ အခန္႔မသင့္ဘဲ ေသြးေၾကာကိုေဖာက္မိရင္ ေသြးထြက္လြန္မယ္။ သန္႔႐ွင္းတဲ့လုပ္ေဆာင္မႈမဟုတ္ရင္ ပိုးဝင္ၿပီးအသက္ဆံုး႐ွံဳးႏိုင္တယ္ညီေလး။”

ေဒါက္တာႏွင္းေငြက ဆက္ေျပာသည္။

“ဒါတင္ဘယ္ဟုတ္မလဲညီေလး။ ခြဲစိတ္ၿပီး ေဂၚလီထည့္တဲ့အခါ အေရျပားေပၚမွာ အမာရြတ္က်န္ခဲ့တတ္တယ္။ ဒီအမာရြတ္ကေန အေရျပားကို တင္းေအာင္ဆြဲထားသလိုျဖစ္ၿပီး အေရးႀကီးတဲ့အခ်ိန္ေရာက္မွ လိင္အဂၤါက ေထာင္ေထာင္မတ္မတ္ဆန္႔မယ့္အေရးကို ေျဖာင့္လို႔မရေအာင္ အမာရြတ္က တင္းခံေနေတာ့ နာက်င္လာၿပီး မတ္မတ္ေတာင္မေထာင္ႏိုင္ေတာ့ဘဲ ထမင္းလုပ္ပါးစပ္နားေရာက္မွပုတ္ခ်ခံရသလိုဘဝမ်ိဳး ေရာက္ၾကရတဲ့လူေတြလဲ ႐ွိတာေပါ့ကြာ။”

“ဟာ ဒါဆိုရင္ေတာ့ေၾကာက္ၿပီေလ။ အခန္႔မသင့္ရင္ လုပ္ေပးတဲ့သူပါ သမိုင္းတရားခံျဖစ္မယ့္ကိန္းပဲ အစ္ကို။”

“တစ္ခ်ိဳ႕ကိစၥေတြက အဆန္းထြင္တာထက္ သဘာဝအတိုင္းေလး႐ွိေနတာက ပိုေကာင္းပါတယ္ညီေလး။ ေဂၚလီအျပင္ တစ္ခ်ိဳ႕ဆို ေဆးေတြထိုးၾကတယ္။ ႀကီးေဆး၊ ၾကာေဆး၊ မာေဆးဆိုၿပီး လိမ္းေဆး၊ ဖ်န္းေဆး၊ ေသာက္ေဆးမ်ိဳးစံုလာၾကတယ္။ ဒါေတြဟာလည္း တစ္ကယ့္ကို စြမ္းေဆာင္ရည္က်ဆင္းေနတဲ့ အမ်ိဳးသားေတြအတြက္ေတာ့ ေဆးဝါးေကာင္းျဖစ္ေပမယ့္ မလိုအပ္ဘဲ စြတ္တရြတ္သံုးမိရင္ ေဟာ္မုန္းေဆးေတြျဖစ္ေနတဲ့အတြက္ ေသြးတိုး၊ႏွလံုး အစ႐ွိတဲ့ေရာဂါေတြ ျဖစ္လာႏိုင္ေခ်႐ွိတယ္ညီေလးေရ။”

“ဟုတ္ကဲ့အစ္ကိုေရ ျပင္လြန္းေတာ့ ခြၽန္းသြားတယ္ ဆိုတဲ့စကားပံုအတိုင္းေပါ့ေနာ္။ အ႐ွိအတိုင္းပဲေကာင္းပါတယ္ဗ်ာ။”

ထိုစဥ္ လက္ဘက္ရည္ဆိုင္မလွမ္းမကမ္းတြင္ ေဆာ့ကစားေနေသာ ကေလးငယ္မ်ားထံမွ ပစၥည္းေလးတစ္ခုက ေဒါက္တာႏွင္းေငြ၏ ေျခေထာက္ကို လာထိေလသည္။ ေဒါက္တာႏွင္းေငြမွထိုပစၥည္းေလးကို ေကာက္ယူလိုက္ေသာအခါ အနားသို႔ ကေလးငယ္တစ္ဦးေရာက္လာၿပီး ေတာင္းပန္ပါေတာ့သည္။

” သားသားေဂၚလီနဲ႔ထိမိလို႔ နာသြားရင္ခြင့္လႊတ္ပါေနာ္။”

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *