လိင်အဂါၤ ရေယုန်ရောဂါ

လိင်အဂါၤ ရေယုန်ရာဂါဆိုတာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး…. လူတော်တော်များများမှာ ရောဂါလက္ခဏာ မပြပေမယ့် သူ့ရဲ့ လိင်ဆက်ဆံဖော်ကို ကူးစက်နိုင်တာမျိူးပါ….

ဘာကြောင့်ဖြစ်သလဲ

HSV 1 နဲ့ HSV 2 လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးနှစ်မျိူးကြောင့် ဖြစ်ပါတယ်…

ဘယ်လောက်အဖြစ်များသလဲ

အမေရိကန်နိုင်ငံမှာ ဆိုရင် လိင်အဂါၤ ရေယုန်ရောဂါဟာ အဖြစ်များပါတယ်… လူခြောက်ယောက်မှာ တစ်ယောက်နှူန်းရှိတယ် ဆိုပါတယ်…

ဘယ်လိုကူးစက်သလဲ

ရောဂါပိုးရှိသူနဲ့ ပါးစပ်နဲ့ ၊ မိန်းမကိုယ်နဲ့ ဒါမှမဟုတ် စအိုနဲ့ ဆက်ဆံရာကနေ ကူးနိုင်ပါတယ်…

ကူးစက်ပုံကတော့

  • ရေယုန်အနာတွေကိုထိတွေ့မိရာကတဆင့်
  • ရောဂါပိုးရှိသူရဲ့ တံတွေး ဒါမှမဟုတ် လိင်အဂါ်က ထွက်တဲ့ အရည်တွေကတဆင့်
  • ရောဂါ ပိုးရှိသူရဲ့ လိင်အဂါၤ တစ်ဝိုက်က အရေပြားနဲ့ ထိတွေ့မိရာက တဆင့် ဖြစ်ပါတယ်….

ရောဂါပိုးရှိသူတိုင်းလက္ခဏာ ပြတတ်တာမဟုတ်လို့ ရေယုန်အနာမရှိရင်တောင်…. သူ့ကိုယ်သူရောဂါပိုးရှိမှန်းမသိဘဲနဲ့လဲ ကူးနိုင်ပါတယ်…

ဒါပေမယ့် အများသုံးအိမ်သာတွေ… အိပ်ရာတွေ… ရေကူးကန်တွေနဲ့ တဘက်တွေကတဆင့်တော့ မကူးစက်တတ်ပါဘူး…..

ကိုယ်ဝန်ဆောင်မိခင်တွေသတိထားစရာ

သင့်မှာတကယ်လို့ လိင်အဂါၤ ရေယုန်ပေါက်ဖူးတယ်ဆိုပါစို့… သင့်ကို စောင့်ရှောက်တဲ့ ဆရာဝန်ကို ဒီလိုဖြစ်ဖူးကြောင်းပြောပြသင့်ပါတယ်…. ဘာကြောင့်လဲဆိုရင် လိင်အဂါၤ ရေယုန်ရောဂါဟာ…. သင့်ကလေးမမွေးခင် ဗိုက်ထဲမှာ ကတည်းက အချင်းကတဆင့် ကလေးဆီရောဂါပိုးကူးနိုင်ပြီး ဗိုက်ထဲက ကလေးအသက်အန္တရာယ်ကိုပါစိုးရိမ်ရလို့ပါပဲ…

သင့်ဆရာဝန်ကို ကြိုတင်ပြောပြထားရင်တော့… သူက သင့်ကို ရေယုန်ပိုးသတ်ဆေးတွေ တိုက်ကျွေးပါလိမ့်မယ်….

ရောဂါရှိမှန်းဘယ်လိုသိနိုင်လဲ

လိင်အဂါၤ ရေယုန်ပိုးရှိသူအများစုဟာ ရောဂါလက္ခဏာ လုံးဝမပြတာရှိသလို ရောဂါလက္ခဏာ နည်းနည်းပဲ ပြတာလဲရှိပါတယ်…

ရောဂါလက္ခဏာ တွေအနေနဲ့… လိင်အဂါၤ အနီးတဝိုက်မှာ အရည်ကြည်ဖုတွေဖြစ်တတ်ပါတယ်… အရည်ကြည်ဖုတွေပေါက်သွားတဲ့အခါမှာတော့ နာတဲ့အနာတွေကျန်ခဲ့ပြီး အဲဒီအနာတွေပျောက်ဖို့ တစ်ပတ်လောက်ကြာတတ်ပါတယ်…

တခါတရံတော့ ဖျားတာ…. ကိုယ်လက်ကိုက်ခဲတာနဲ့ အကြိတ်ထွက်တာလဲ ဖြစ်တတ်ပါတယ်….

တစ်ခါဖြစ်ပြီးရင် နောက်တစ်ခါလဲ ပြန်ပြန်ဖြစ်တတ်ပါသေးတယ်…

ဘယ်လိုကုသသလဲ

ရောဂါလုံးဝပျောက်ကင်းသွားအောင် ကုသတဲ့ဆေးတော့မရှိပေမယ့်… ရောဂါထပ်မဖြစ်အောင်နဲ့ ရောဂါဖြစ်နေတဲ့အချိန်ကာလကို တိုစေဖို့အတွက်တော့ ရေယုန်ဆေးတွေရှိပါတယ်… သောက်ဆေးရော လိမ်းဆေးပါရှိပြီး သင့်ဆရာဝန်က သင့်အနာတွေကိုကြည့်ရှူစစ်ဆေးပြီး လိုအပ်သလို ကုသပေးပါလိမ့်မယ်….

အရေးကြီးတဲ့တစ်ချက်ကတော့ …ရောဂါပိုးရှိနေစဉ် နဲ့ ကုသမှူ ခံယူနေစဉ် လိင်ဆက်ဆံတာကို တတ်နိုင်သရွေ့ ရှောင်ကြဉ်ဖို့နဲ့ မရှောင်နိုင်ရင် ကွန်ဒုံးသုံးဖို့ပါပဲ…

လိင်အဂါၤ ရေယုန်နဲ့ HIV ဆက်စပ်မှူ

လိင်အဂါၤ ရေယုန်ပိုးရှိသူတွေဟာ သိသိသာသာ ရေယုန်တွေပေါက်မနေရင်တောင်…. ပါးစပ်မှာ စအိုမှာ ဒါမှမဟုတ် မိန်းမကိုယ်မှာ နာနေတာ ဒါမှမဟုတ် အက်ကွဲတာမျိူးရှိနေနိုင်ပါတယ်…. အဲလိုအချိန်မှာ လိင်ဆက်ဆံတဲ့အခါ HIV အပါအဝင် တခြားလိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါပိုးတွေကို လက်ယပ်ခေါ်နေသလိုဖြစ်ပြီး ကူးနိုင်ချေပိုများပါတယ်…

ဘယ်လိုကာကွယ်မလဲ

လိင်ဆက်ဆံဖက်မများတာ၊ လိင်ဆက်ဆံဖော် တစ်ယောက်ပဲထားတာ၊ ကွန်ဒုံးသုံးတာတွေက သင့်ကို လိင်အဂါၤ ရေယုန်ရောဂါဖြစ်ပွားနှူန်းနည်းအောင် ကူညီပေးပါလိမ့်မယ်…

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

လိင္အဂါၤ ရေယုန်ရောဂါ

လိင်အဂါင်္ ရေယုန်ရာဂါဆိုတာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး.... လူတော်တော်များများမှာ ရောဂါလက္ခဏာ မပြပေမယ့် သူ့ရဲ့ လိင်ဆက်ဆံဖော်ကို ကူးစက်နိုင်တာမျိုးပါ....

ဘာကြောင့်ဖြစ်သလဲ

HSV 1 နဲ့ HSV 2 လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးနှစ်မျိုးကြောင့် ဖြစ်ပါတယ်...


အမေရိကန်နိုင်ငံမှာ ဆိုရင် လိင်အဂါင်္ ရေယုန်ရောဂါဟာ အဖြစ်များပါတယ်... လူခြောက်ယောက်မှာ တစ်ယောက်နှူန်းရှိတယ် ဆိုပါတယ်...

ဘယ်လိုကူးစက်သလဲ


ကူးစက်ပုံကတော့

  • ရောဂါပိုးရှိသူရဲ့ တံတွေး ဒါမှမဟုတ် လိင်အဂ်ါက ထွက်တဲ့ အရည်တွေကတဆင့်
  • ရောဂါ ပိုးရှိသူရဲ့ လိင်အဂါင်္ တစ်ဝိုက်က အရေပြားနဲ့ ထိတွေ့မိရာက တဆင့် ဖြစ်ပါတယ်....




သင့်မှာတကယ်လို့ လိင်အဂါင်္ ရေယုန်ပေါက်ဖူးတယ်ဆိုပါစို့... သင့်ကို စောင့်ရှောက်တဲ့ ဆရာဝန်ကို ဒီလိုဖြစ်ဖူးကြောင်းပြောပြသင့်ပါတယ်.... ဘာကြောင့်လဲဆိုရင် လိင်အဂါင်္ ရေယုန်ရောဂါဟာ.... သင့်ကလေးမမွေးခင် ဗိုက်ထဲမှာ ကတည်းက အချင်းကတဆင့် ကလေးဆီရောဂါပိုးကူးနိုင်ပြီး ဗိုက်ထဲက ကလေးအသက်အန္တရာယ်ကိုပါစိုးရိမ်ရလို့ပါပဲ...



လိင်အဂါင်္ ရေယုန်ပိုးရှိသူအများစုဟာ ရောဂါလက္ခဏာ လုံးဝမပြတာရှိသလို ရောဂါလက္ခဏာ နည်းနည်းပဲ ပြတာလဲရှိပါတယ်...

ရောဂါလက္ခဏာ တွေအနေနဲ့... လိင်အဂါင်္ အနီးတဝိုက်မှာ အရည်ကြည်ဖုတွေဖြစ်တတ်ပါတယ်... အရည်ကြည်ဖုတွေပေါက်သွားတဲ့အခါမှာတော့ နာတဲ့အနာတွေကျန်ခဲ့ပြီး အဲဒီအနာတွေပျောက်ဖို့ တစ်ပတ်လောက်ကြာတတ်ပါတယ်...



ဘယ်လိုကုသသလဲ



လိင်အဂါင်္ ရေယုန်နဲ့ HIV ဆက်စပ်မှူ

လိင်အဂါင်္ ရေယုန်ပိုးရှိသူတွေဟာ သိသိသာသာ ရေယုန်တွေပေါက်မနေရင်တောင်.... ပါးစပ်မှာ စအိုမှာ ဒါမှမဟုတ် မိန်းမကိုယ်မှာ နာနေတာ ဒါမှမဟုတ် အက်ကွဲတာမျိုးရှိနေနိုင်ပါတယ်.... အဲလိုအချိန်မှာ လိင်ဆက်ဆံတဲ့အခါ HIV အပါအဝင် တခြားလိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါပိုးတွေကို လက်ယပ်ခေါ်နေသလိုဖြစ်ပြီး ကူးနိုင်ချေပိုများပါတယ်...

ဘယ်လိုကာကွယ်မလဲ

လိင်ဆက်ဆံဖက်မများတာ၊ လိင်ဆက်ဆံဖော် တစ်ယောက်ပဲထားတာ၊ ကွန်ဒုံးသုံးတာတွေက သင့်ကို လိင်အဂါင်္ ရေယုန်ရောဂါဖြစ်ပွားနှူန်းနည်းအောင် ကူညီပေးပါလိမ့်မယ်...

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *