GBS that expectant mothers should be aware of

မိခင်လောင်းတို့သတိပြုရမယ့် GBS

Group B Strep Awareness Month ကိုတော့ လူတိုင်းသတိပြုမိစေဖို့အတွက်ဇူလိုင်လမှာ သတ်မှတ်ထားပါတယ်။Group B Streptococcus (GBS) ဆိုတာကတော့ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပါတယ်။ လူ ၅ ဦးအနက် ၂ ဦး မှာ ဒီပိုးရှိနေတတ်ပါတယ်။

များသောအားဖြင့်တော့ ခန္ဓာကိုယ်တွင်းမှာ သဘာဝတိုင်းသွားလာနေပြီး အန္တရာယ်တစ်စုံတစ်ရာမပေးပေမယ့် ကလေးငယ်များမှာတော့ပိုးကူးစက်မှုပြင်းထန်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးမှတဆင့် မွေးဖွားလာတဲ့ကလေးငယ်ကို ကူးစက်တတ်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ပိုပြီးတော့ဂရုစိုက်သင့်ပါတယ်။GBS ဘက်တီးရီးယားတွေဟာ များသောအားဖြင့် အူလမ်းကြောင်း၊လိင်အင်္ဂါလမ်းကြောင်း၊ လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းတွေမှာ တွေ့ရတတ်ပါတယ်။ ကူးစက်ပုံတွေအနေနဲ့တော့ တခြားပိုးတွေလိုပဲ အရေပြားခြင်းထိတွေ့ရာကကူးစက်တတ်ပါတယ်။သွေးမှတဆင့်ကူးစက်မှု၊အရိုးနဲ့ ဆက်သွယ်ထားရာ နေရာတွေမှာ ကူးစက်မှု၊ဦးနှောက်နဲ့ကျောရိုးဖုံးထားတဲ့တစ်ရှူးမှာကူးစက်မှု၊အဆုတ်ဝန်းကျင်မှာကူးစက်မှု၊

အရေပြားနဲ့ပျော့ပြောင်းတဲ့တစ်ရှူးဝန်းကျင်မှာ ကူးစက်မှုဆိုပြီးလည်းရှိပါတယ်။

မွေးကင်းးကလေးတွေမှာကူးစက်ခံရတဲ့အခါဖျားခြင်း၊ ကိုယ်ပူခြင်း၊ နို့မစို့ခြင်း၊ အားနည်းခြင်း၊ အသက်ရှူရခက်ခဲခြင်းနဲ့အရေပြားမှာအပြာရောင်အင်ပြင်လိုဖြစ်ခြင်းတွေဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ကူးစက်တဲ့ အစိတ်အပိုင်းပေါ်မူတည်ပြီးပြသလေ့ရှိပါတယ်။

သွေးစီးဆင်းရာနေရာနဲ့ ခန္ဓာကိုယ်ပိုင်းတွေမှာကူးစက်ရင်တော့ ဖျားခြင်း၊ချမ်းခြင်းနဲ့ နုန်းချိခြင်းတွေဖြစ်တတ်ပါတယ်။

အဆုတ်နေရာမှာကူးစက်ရင်တော့ အအေးမိတုပ်ကွေးလိုမျိုးဖြစ်တတ်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ချမ်းတုန်ခြင်း၊အသက်ရှူရခက်ခဲခြင်းနဲ့ရင်ဘတ်အောင့်ခြင်းလိုတွေဖြစ်တတ်ပါတယ်။

အရေပြားနဲ့ပျော့ပြောင်းတဲ့တစ်ရှူးတွေမှာကူးစက်ရင်တော့ အရေပြားနီမြန်းခြင်း၊ကိုက်ခဲနာကြဉ်ခြင်း၊ အရေပြားနွေးနေခြင်းလိုမျိုးတွေခံစားရပါတယ်။အရိုးအဆစ်တွေမှာ ကူးစက်ရင်တော့ ဖျားခြင်း၊ချမ်းတုံခြင်း၊အရိုးအဆစ်တွေယောင်ယမ်းတောင့်တင်းခြင်းတွေကို ခံစားရတတ်ပါတယ်။

ကလေးငယ်တွေအနေနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာမသန်စွမ်းမှုများနဲ့ အကြားအာရုံဆုံးရှုံးခြင်းလိုမျိုးပြသနာ တွေဖြစ်လာနိုင်ပါတယ်။

အမေရိကန်ကျန်းမာရေးအဖွဲ့အစည်းCDC မှခန့်မှန်းချက်အရ GBS ရောဂါဖြစ်ပွားသောကလေးငယ်များ၏ ၄ မှ ၆ ရာခိုင်နှုန်းမှာသေဆုံးလေ့ရှိကြပါတယ်။

GBS ဘက်တီးရီးယားပိုးကို မွေးကင်းစကလေးငယ်တွေဆီရောက်ခြင်းကနေကာကွယ်ဖို့နည်းလမ်း တွေအနေနဲ့ တော့ကလေးမွေးဖွားမယ့်မိခင်ကိုပိုးရှိမရှိစစ်ဆေးခြင်းနဲ့ရှိနေပါကလိုအပ်တဲ့ဆေးဝါးသောက်သုံးစေခြင်းတွေပဲဖြစ်ပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…