All Articlesပိုးသေဆေးများ

Gazore

1 Mins read
All Articlesပိုးသေဆေးများ

Gazore

1 Mins read

ပါဝင်သောဆေး-Cefepime HCL။

ဆေးပုံစံ-ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ပြင်းထန် အဆုတ်ရောင်ရောဂါ၊ သွေးဖြူဥနည်းနေ၍ အဖျားတက်နေသူများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှသည် ကျောက်ကပ်ရောင်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ ဝမ်းဗိုက်အတွင်း ပိုးဝင်သောရောဂါများ။
သုံးစွဲရန်အညွှန်း-ရောဂါပေါ်မူတည်၍ ၀.၅-၂ ဂရမ် ၈-၁၂နာရီခြား ၁-၂ပတ်ထိသုံးနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေး၊ ပင်နီစလင်၊ B lactamစသောဆေးများနှင့် ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ဆေးသုံးနေစဉ် ပိုးထပ်ဝင်ခြင်းဖြစ်တတ်ပါသည်။ သွေးခဲနှုန်းကို စစ်ဆေးနေသင့်ပါသည်။ အစာအိမ်နှင့်အူလမ်ကြောင်းပြဿနာရှိသူများ(အူရောင်နေသူ)၊ တက်နိုင်သူများတွင် သတိပြုသုံးစွဲပါ။ နို့တိုက်မိခင်များ၊ အသက် ၂လအောက်ကလေးများဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ကျောက်ကပ်မကောင်းသူများ ဆေးပမာဏချိန်ညှိသုံးစွဲရန် လိုအပ်ပါသည်။

ဘေးထွက်ဆိုးကျိုး-ဆေးထိုးသင့်နေရာတွင် ရောင်ရမ်းယားယံခြင်း၊ သွေးကြောရောင်ခြင်း၊ ဝမ်းလျောခြင်း၊ ဖျားခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း မှသည် ဆိုးရွားစွာဓာတ်မတည့်မှုများ၊ အရေပြားများပျက်စီးကွာကျခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးအားနည်းခြင်း၊ အသည်းထိခိုက်ခြင်း စသည်အထိ ဖြစ်တတ်ပါသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-aminoglycosides စသောပိုးသတ်ဆေးနှင့်တွဲသုံးပါက ကျောက်ကပ်နှင့် နားပျက်စီးခြင်းဖြစ်တတ်ပါသည်။ ဆီးဆေးများနှင့် တွဲသုံးပါက ကျောက်ကပ်ထိခိုက်နိုင်ပါသည်။
ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *