ပါဝင်သောဆေး-Mosapride citrate
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ်နှင့် အူလမ်းကြောင်း ဝေဒနာများ( ရင်ပူခြင်း၊ အစာမကြေခြင်း၊ ပျို့ခြင်း၊ အန်ခြင်း စသည်)။
သုံးစွဲရန်အညွှန်း- ၁ ပြား တစ်နေ့ ၃ကြိမ်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ဆေးကို ကြာရှည်မသုံးသင့်ပါ။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ အသက်ကြီးသူများနှင့် ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းပျော့ခြင်း၊ ဝမ်းလျောခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အသည်းဓာတ်များတက်ခြင်း၊ အရသာပြောင်းခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Anticholinergic ဆေးများ၏အာနိသင်ကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)