ဂိမ်းတို့၏မာယာ
“ဟာ…သေပြန်ပြီကွာ။ နိုင်ခါနီးမှကပ်ပြီး သေသွားတယ်ကွာ။”
“သားရေ တော်တော့။ နင်ဆော့နေတာ နှစ်နာရီလောက်ရှိပြီ။ မျက်လုံးမညောင်းသေးဘူးလား။ တော်တော့။”
“ခနနေမှရပ်မှာမေ့။ ဒီ လယ်ဗယ် နိုင်အောင်ဆော့ဦးမှာ။”
လေးနှစ်အရွယ်ကလေးတစ်ယောက်။ လက်ထဲတွင်ဂိမ်းစက်ခလုပ်ကလေး။ ကလေးငယ်ရှေ့တွင် တီဗီနှင့်တွဲလျက်ဂိမ်းစက်။ ခပ်လှမ်းလှမ်းတွင် အလုပ်မှငွေစာရင်းများကို စစ်ဆေးနေသောကလေးအမေ။ အပြန်အလှန်စကားပြောနေသော်လည်း မည်သူမှထိုင်ရာကမထကြ။ ဤသည်မှာ အထက်ပါစကားသံများကြားနေရသော အခန်းတွင်းရှိမြင်ကွင်းဖြစ်သည်။
ယနေ့ခေတ်အခါတွင် ကလေးငယ်များအကြား ဂိမ်းဆော့သောဓလေ့ အလွန်ပျံ့နှံ့နေသည်။ ဆယ်ကျော်သက်အရွယ်များသာမဟုတ်၊ ၅နှစ်၆နှစ်ကလေးများလည်းပါ၏။ ယုတ်စွအဆုံး အခါလည်ပြီး ၂နှစ်မပြည့်ခင်ကလေးများအထိပင်။ ဘာ့ကြောင့်ဤမျှထိ ဂိမ်းယဉ်ကျေးမှုကြီးထွားလာသနည်း။
ဂိမ်းတို့၏မာယာ
ကျွန်တော်တို့ဝန်းကျင်မှာ နှစ်အနည်းငယ်အတွင်း အိုင်တီနည်းပညာနဲ့ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုဟာ အရှိန်အဟုန်နဲ့မြင့်တက်လာပါတယ်။ ဒီလိုတိုးတက်မှုကြောင့် လူငယ်တွေဟာ နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာမှာပိုပြီး တိုးတက်လာတာမှန်ပေမယ့် နောက်ဆက်တွဲအနေနဲ့ ဆိုးကျိုးများစွာလည်း ရှိနေတယ်ဆိုတာကို သတိထားသင့်ပါတယ်။
ဂိမ်းဆော့တဲ့အခါမှာ မျက်နှာပြင်ဖန်သားက ထုတ်လွှတ်တဲ့အလင်းရောင်စူးစူးတွေကြောင့် ကလေးငယ်ရဲ့မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်ယာထသောအခါ လန်းဆန်းမှုမရှိခြင်း၊ အလုပ်လုပ်ရာ၊ စာသင်ရာတွင် အာရုံစူးစိုက်မှုမရခြင်း တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဂိမ်းအလွန်အကျွံဆော့တဲ့အခါ ကလေးငယ်ရဲ့ တီထွင်ကြံဆမှုအပိုင်းမှာလည်း အားနည်းစေနိုင်တာကိုတွေ့ရပါတယ်။
ဒီလိုဖြစ်ရခြင်းအကြောင်းဟာ အချို့သောမိဘတွေရဲ့ မသိနားမလည်ခြင်းကြောင့်လည်း အဓိကအနေနဲ့ ပါဝင်ပါတယ်။ ကလေးကိုငြိမ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ နားလည်သိတတ်တဲ့အရွယ်ကစပြီး ဂိမ်းပေးဆော့ထားခြင်း၊ အပြင်မထွက်ဘဲ အိမ်မှာပဲနေစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဂိမ်းစက်ဝယ်ပေးထားခြင်း၊ မိုဘိုင်းလ်ဖုန်းပေးပြီးဆော့စေခြင်းဟာ ဆော့နေစဉ်မှာ ငြိမ်နေစေပေမယ့် ကလေးငယ်ရဲ့အနာဂါတ်ကို ပျက်စီးစေနိုင်တဲ့အထိ ဖြစ်စေနိုင်တာကို သတိပြုသင့်ပါတယ်။
ဂိမ်းအလွန်အကျွံဆော့ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ရေရှည်မှာ လူတစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံမှု အားနည်းခြင်း၊ အထီးကျန်ဆန်သည် ဟုခံစားရခြင်း၊ မိသားစုဝင်များကြားတွင် နွေးထွေးမှုမရှိခြင်းတို့ကို ကြုံတွေ့နိုင်ပါတယ်။ ဂိမ်းကိုစွဲသွားတဲ့အခါမှာလည်း စာသင်ကြားမှုမှာ အာရုံမစူးစိုက်နိုင်ခြင်း၊ ဂိမ်းဆော့ဖို့ကျောင်းပြေး၊ ကျူရှင်ပြေးခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားမှုမရှိခြင်း စတာတွေကြောင့် ကလေးငယ်ရဲ့ ပင်ကိုယ်ဗီဇမှာပါလာတဲ့ ထူးချွန်မှုတွေဟာလည်း ဂိမ်းတို့ရဲ့မာယာထောင်ချောက်ထဲမှာ စိတ်မကောင်းစရာ ပျောက်ကွယ်သွားနိုင်ပါတယ်။
ဒါကြောင့်ကလေးများကို တီဗီ၊ ဖုန်း၊ ဂိမ်းစက်အစရှိတဲ့ပစ္စည်းများကို သင့်ရုံတော်ရုံသာထိတွေ့ပေးသင့်ပြီး ကျန်းမာပျော်ရွှင်သော၊ ကိုယ်ကာယတောင့်တင်းပြီး ထူးချွန်ထက်မြက်သော ကလေးများကို ပျိုးထောင်နိုင်စေရေးအတွက် ရည်ရွယ်ကာ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ရပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ဂိမ်းတို့၏မာယာ
ဂိမ်းတို့၏မာယာ
မေတ္တာဖြင့်
စိုင်းမြတ်သူ
MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ
Schizophrenia
1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...
1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ
1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
Leave a Reply
Your email address will not be published. Required fields are marked *