အင်ဇိုင်းချို့တဲ့ခြင်း
G6PD Deficiency ဆိုသည်မှာ glucose 6 phosphate dehydrogenase ဟုခေါ်သော အင်ဇိုင်းချို့တဲ့သော မွေးရာပါရောဂါတစ်မျိုး ဖြစ်ပါသည်။ ထိုအင်ဇိုင်း ချို့တဲ့ခြင်းကြောင့် သွေးကြောတွင်းရှိသွေးနီဥများသည် ခန္တာကိုယ်၏ ဓာတ်တိုးဖြစ်စဉ်များကို ခံနိုင်ရည်မရှိဘဲ ဓာတ်တိုးပစ္စည်းများနှင့်ထိတွေ့သောအခါ သွေးနီဥများ ပေါက်ကွဲပျက်စီးကြပါသည်။ ဤသို့ဖြင့် ဘီလီရူဘင်ခေါ် အဝါဓာတ်များတက်လာကာ အသားဝါတတ်ပါသည်။
ထို့ကြောင့် အင်ဇိုင်းချို့တဲ့သော မွေးကင်းစကလေးများတွင် သာမန်ထက်ပို၍ အသားဝါတတ်ကြပါသည်။
ယောက်ျားလေးများတွင် ပို၍ဖြစ်တတ်ပါသည်။
ရောဂါရှိကြောင်းကို သွေးဖောက်စစ်ဆေးကြည့်မှ သိနိုင်ပါသည်။
မွေးကင်းစကလေးများတွင် အဝါဓာတ်လွန်စွာမြင့်မားနေလျှင် မီးပြရုံမလုံလောက်ဘဲ သွေးလဲကုသမှုခံယူရတတ်ပါသည်။
ကလေးများတွင် သာမက အင်ဇိုင်းချို့တဲ့သော လူကြီးများတွင်လည်း မတည့်သောအစားအစာ၊ ဆေးများသောက်သုံးမိပါက သွေးနီဥများပေါက်ကာ သွေးအားနည်းခြင်းကို ဆိုးဆိုးရွားရွားခံစားရတတ်ပါသည်။
ဤအင်ဇိုင်းချို့တဲ့သူများသည် မိမိနှင့်မတည့်သောအစားအစာများ သိထားရှောင်ကြဉ်ရုံမက ကျန်းမာရေးပြဿနာတစ်စုံတစ်ခုဖြစ်ပါကလည်း မိမိသဘောဖြင့် ဆေးသောက်သုံးခြင်းမပြုဘဲ ဆရာဝန်နှင့် ကုသမှုခံယူရပါမည်။
G6PD ခေါ် ဂျီစစ်ပီဒီအင်ဇိုင်းချို့တဲ့သောကလေးများ အောက်ဖော်ပြပါ ပစ္စည်းများကို ရှောင်ကြဉ်ရပါမည်။
၁။ ဆေးများ
- ဆာဖာပါသောဆေးများ(septrin, sulphamethoxazole,sulphonamide)
- ငှက်ဖျားရောဂါပျောက်ဆေးများ(Primaquine, chloroquine)
- အဖျားပျောက်ဆေးများ(salicylate, phenacetin)
- Dapsone
- Nitrofurantoin
- Nalidixic acid And quinolones
၂။ အစားအစာ
- ဒန်းရွက်၊
- တောင်ကြီးပဲ
၃။ ဓာတ်ပစ္စည်းများ
- ပရုတ်လုံး
- Methylene blue ပါသော ပစ္စည်းများ
ထို့ကြောင့် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဤကလေးများနေမကောင်းဖြစ်ပါက ဆရာဝန်တိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားသောဆေးကိုသာ သုံးစွဲပါ။ ဆရာဝန်သို့ ကလေးတွင် အင်ဇိုင်းချို့တဲ့ကြောင်း ပြောရန်လိုအပ်ပါသည်။
မိမိကလေးနှင့် မတည့်သော ဆေးနှင့်ပစ္စည်းများကို သိထားရန် အထူးလိုအပ်ပါသည်။
ဒေါက်တာချို(ဆေး ၁)
အင္ဇိုင္းခ်ိဳ႕တဲ့ျခင္း
G6PD Deficiency ဆိုသည္မွာ glucose 6 phosphate dehydrogenase ဟုေခၚေသာ အင္ဇိုင္းခ်ိဳ႕တဲ့ေသာ ေမြးရာပါေရာဂါတစ္မ်ိဳး ျဖစ္ပါသည္။ ထိုအင္ဇိုင္း ခ်ိဳ႕တဲ့ျခင္းေၾကာင့္ ေသြးေၾကာတြင္းရွိေသြးနီဥမ်ားသည္ ခႏာၱကိုယ္၏ ဓာတ္တိုးျဖစ္စဥ္မ်ားကို ခံနိုင္ရည္မရွိဘဲ ဓာတ္တိုးပစၥည္းမ်ားနွင့္ထိေတြ႕ေသာအခါ ေသြးနီဥမ်ား ေပါက္ကြဲပ်က္စီးၾကပါသည္။ ဤသို႔ျဖင့္ ဘီလီရူဘင္ေခၚ အ၀ါဓာတ္မ်ားတက္လာကာ အသား၀ါတတ္ပါသည္။
ထို႔ေၾကာင့္ အင္ဇိုင္းခ်ိဳ႕တဲ့ေသာ ေမြးကင္းစကေလးမ်ားတြင္ သာမန္ထက္ပို၍ အသား၀ါတတ္ၾကပါသည္။
ေယာက္်ားေလးမ်ားတြင္ ပို၍ျဖစ္တတ္ပါသည္။
ေရာဂါရွိေၾကာင္းကို ေသြးေဖာက္စစ္ေဆးၾကည့္မွ သိနိုင္ပါသည္။
ေမြးကင္းစကေလးမ်ားတြင္ အ၀ါဓာတ္လြန္စြာျမင့္မားေနလွ်င္ မီးျပရံုမလံုေလာက္ဘဲ ေသြးလဲကုသမႈခံယူရတတ္ပါသည္။
ကေလးမ်ားတြင္ သာမက အင္ဇိုင္းခ်ိဳ႕တဲ့ေသာ လူၾကီးမ်ားတြင္လည္း မတည့္ေသာအစားအစာ၊ ေဆးမ်ားေသာက္သံုးမိပါက ေသြးနီဥမ်ားေပါက္ကာ ေသြးအားနည္းျခင္းကို ဆိုးဆိုးရြားရြားခံစားရတတ္ပါသည္။
ဤအင္ဇိုင္းခ်ိဳ႕တဲ့သူမ်ားသည္ မိမိနွင့္မတည့္ေသာအစားအစာမ်ား သိထားေရွာင္ၾကဥ္ရံုမက က်န္းမာေရးျပႆနာတစ္စံုတစ္ခုျဖစ္ပါကလည္း မိမိသေဘာျဖင့္ ေဆးေသာက္သံုးျခင္းမျပဳဘဲ ဆရာ၀န္နွင့္ ကုသမႈခံယူရပါမည္။
G6PD ေခၚ ဂ်ီစစ္ပီဒီအင္ဇိုင္းခ်ိဳ့တဲ့ေသာကေလးမ်ား ေအာက္ေဖာ္ျပပါ ပစၥည္းမ်ားကို ေရွာင္ၾကဥ္ရပါမည္။
၁။ ေဆးမ်ား
- ဆာဖာပါေသာေဆးမ်ား(septrin, sulphamethoxazole,sulphonamide)
- ငွက္ဖ်ားေရာဂါေပ်ာက္ေဆးမ်ား(Primaquine, chloroquine)
- အဖ်ားေပ်ာက္ေဆးမ်ား(salicylate, phenacetin)
- Dapsone
- Nitrofurantoin
- Nalidixic acid And quinolones
၂။ အစားအစာ
- ဒန္းရြက္၊
- ေတာင္ၾကီးပဲ
၃။ ဓာတ္ပစၥည္းမ်ား
- ပရုတ္လံုး
- Methylene blue ပါေသာ ပစၥည္းမ်ား
ထို႔ေၾကာင့္ မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ေစ ဤကေလးမ်ားေနမေကာင္းျဖစ္ပါက ဆရာ၀န္တိုင္ပင္ပါ။ ဆရာ၀န္ညႊန္ၾကားေသာေဆးကိုသာ သံုးစြဲပါ။ ဆရာ၀န္သို႔ ကေလးတြင္ အင္ဇိုင္းခ်ိဳ႕တဲ့ေၾကာင္း ေျပာရန္လိုအပ္ပါသည္။
မိမိကေလးနွင့္ မတည့္ေသာ ေဆးနွင့္ပစၥည္းမ်ားကို သိထားရန္ အထူးလိုအပ္ပါသည္။
ေဒါက္တာခ်ိဳ(ေဆး ၁)