ပါဝင်သောဆေး-Fluconazole
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- ခံတွင်းနှင့် အစာမျိုပြွန်တွင် မက်ခရုများထွက်ခြင်း၊ မိန်းမကိုယ်တွင်ဖြစ်သော မှိုရောဂါများ၊ မှိုကြောင့်ဖြစ်သောရောဂါများနှင့် ကင်ဆာဝေဒနာရှင်များတွင် ဖြစ်သော မှိုရောဂါများ။
သုံးစွဲရန်အညွှန်း- ဆေးစသောက်သည့်နေ့တွင် ၂၀၀ မီလီဂရမ်၊ နောက်ရက်များတွင် ၁၀၀မီလီဂရမ် တစ်နေ့တစ်ကြိမ် သုံးစွဲနိုင်ပါသည်။ တစ်နေ့လျှင် အများဆုံး ၄၀၀ မီလီဂရမ်ထိသာ သုံးစွဲရပါမည်။ ရောဂါပေါ်မူတည်၍ ဆေးပမာဏနှင့် သောက်သုံးရမည့် ကာလ ကွာခြားပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ကိုယ်ဝန်ဆောင်များ။
သတိပြုရမည့်အချက်များ-အသည်းနှင့် ကျောက်ကပ်မကောင်းသူများ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းလျောခြင်း၊ လေပွခြင်း၊ အသည်းဓာတ်များ ကမောက်ကမဖြစ်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-တီဘီဆေးRifampicin ၏သွေးတွင်း ဆေးပမာဏကို ကျစေသည်။ အတက်ကျဆေး Phenytoin၊ Sulfonylurea စသောဆီးချိုဆေးများ၊ cyclosporine, nortriptyline, zidovudine, terfenadine စသောဆေးများ၏ သွေးတွင်းဆေးပမာဏကို များစေသည်။ သွေးကျဲဆေးများ၏ အာနိသင်ကိုများစေသည်။
ဒေါက်တာချို(ဆေး ၁)