All Articlesအခြားရောဂါများအထွေထွေရောဂါများ

အရေပြားမှိုစွဲခြင်း

1 Mins read

အရေပြားမှိုစွဲခြင်း

လူတိုင်းနီးပါးနဲ့ ရင်းနှီးပြီးဖြစ်တဲ့ အရေပြားမှိုစွဲခြင်းအကြောင်းကိုအကြမ်းဖျဉ်းပြောပြချင်ပါတယ်။ အတော်များများကတော့ ယားနာလို့ပဲခေါ်ကြပါတယ်။ ဒါပေမယ့် ယားနာတိုင်းသည် မှိုရောဂါကြောင့်ဖြစ်တာတော့မဟုတ်ပါဘူး။ အရေပြားယားနာကိုဖြစ်စေတဲ့ အခြားအကြောင်းတရားများစွာရှိပါသေးတယ်။ ဒီနေ့မှာတော့ အရေပြားမှိုစွဲခြင်းအကြောင်းကိုပဲ အဓိကထားပြောပြချင်ပါတယ်။

အဖြစ်များတဲ့အရေပြားမှိုရောဂါပိုးတွေက ဘာတွေလဲ…

အရေပြားမှိုရောဂါများစွာရှိတဲ့အနက် Candida,Epidermophyton,Microsporum နဲ့ Trichophyton တို့ကအဖြစ်များတဲ့ပိုးတွေဖြစ်ပါတယ်။

အရေပြားမှိုက ဘယ်နေရာတွေမှာအဖြစ်များလဲ…

စွတ်စိုတဲ့နေရာ၊အရေပြားနှစ်ခုကြားနေရာများမှာအဖြစ်များပါတယ်(ဥပမာ-ခြေချောင်းလေးတွေကြား၊ခန္ဓာကိုယ်အောက်ပိုင်း၊ပေါင်ခြံ လိင်အင်္ဂ ါကြားနဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားအောက်မှာလဲဖြစ်တတ်ပါတယ်။

ဘယ်သူတွေမှာ အရေပြားမှိုပိုစွဲတတ်ကြသလဲ…

အဝလွန်တဲ့သူတွေ(အရေပြားအတွန့်အခေါက်များတာကြောင့်)နဲ့ ဆီးချိုရောဂါရှိသူတွေမှာ အရေပြားမှိုရောဂါပိုဖြစ်တတ်ကြပါတယ်။

အရေပြားမှိုရောဂါပိုးကို ဘယ်လိုရှာဖွေမလဲ…

အရေပြားဆရာဝန်မှ အရေပြားယားနာကိုစမ်းသပ်ကြည့်ရှုပြီးရောဂါပိုးကိုခန့်မှန်းနိုင်သလို အရေပြားအနာနေရာကနေ Sample ယူပြီး အဏုကြည့်မှန်ပြောင်း(သို့)ပိုးမွေးမြူပြီး ရောဂါဖြစ်စေတဲ့အရေပြားရောဂါပိုးကိုလဲ အတိအကျသိနိုင်ပါသေးတယ်။

အရေပြားမှိုရောဂါကုသနည်းတွေက ဘာတွေလဲ…

ကုသနည်းတွေအနေနဲ့ကတော့-

၁။မှိုသတ်ဆေးများ(Antifungal drugs)

၂။အရေပြားစွတ်စိုထိုင်းဆများပြားခြင်းကို ကာကွယ်ထိန်းသိမ်းခြင်းနှင့်

၃။ယားယံခြင်းကိုသက်သာစေသောဆေးများကို အသုံးပြုကုသကြပါတယ်။

၁။မှိုသတ်ဆေးများအနေနဲ့ကတော့ လိမ်းဆေး(ကရင်မ်၊ဂျယ်၊လိုးရှင်းနှင့် ခေါင်းလျှော်ရည်)နှင့် သောက်ဆေးများရှိပါတယ်။

၂။အရေပြားစွတ်စိုထိုင်းမှိုင်းမှုကိုကာကွယ်တဲ့နေရာမှာတော့ မလိုအပ်ပဲအဝတ်အစားအထူအကြပ်တွေ မဝတ်ခြင်း၊လေဝင်လေထွက်ကောင်းအောင်ဝတ်စားဆင်ယင်ခြင်းနှင့် ရှူးဖိနပ်များကိုမလိုအပ်လျှင်မစီးပဲ ခြေညှပ်ဖိနပ်များစီးခြင်းဖြင့် အရေပြားစိုထိုင်းခြင်းကိုလျှော့ချနိုင်ပါတယ်။

၃။အရေပြားယားယံခြင်းကိုသက်သာစေတဲ့ဆေးများအနေဖြင့် Burmeton,cetrizine,fexofenadine စသောဆေးဝါးများအပြင် တစ်ခါတစ်ရံမှာ corticosteroids ဆေးဝါးများကိုလဲအရေပြားယောင်ယမ်းယားနာမှုသက်သာအောင် သုံးလေ့ရှိကြပါတယ်။ဒါပေမယ့် corticosteroids တွေဟာ ရောဂါပိုးကို ပိုကြွစေတတ်တာကြောင့် ဆရာဝန်ညွှန်ကြားမှ သုံးစွဲသင့်ပါတယ်

ဒီလောက်ဆို အရေပြားမှိုစွဲခြင်းနဲ့ပတ်သက်ပြီး အနည်းငယ်တီးခေါက်မိပြီလို့ထင်ပါတယ်။

အားလုံးပဲ မှိုရောဂါကင်းပြီး ကျန်းမာလှပတဲ့အရေပြားလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

dr.ye’lwin mm

အေရျပားမွိဳစြဲျခင္း

လူတိုင္းနီးပါးနဲ႕ ရင္းႏွီးၿပီးျဖစ္တဲ့ အေရျပားမွိဳစြဲျခင္းအေၾကာင္းကိုအၾကမ္းဖ်ဥ္းေျပာျပခ်င္ပါတယ္။ အေတာ္မ်ားမ်ားကေတာ့ ယားနာလို႕ပဲေခၚၾကပါတယ္။ ဒါေပမယ့္ ယားနာတိုင္းသည္ မွိဳေရာဂါေၾကာင့္ျဖစ္တာေတာ့မဟုတ္ပါဘူး။ အေရျပားယားနာကိုျဖစ္ေစတဲ့ အျခားအေၾကာင္းတရားမ်ားစြာရွိပါေသးတယ္။ ဒီေန႕မွာေတာ့ အေရျပားမွိဳစြဲျခင္းအေၾကာင္းကိုပဲ အဓိကထားေျပာျပခ်င္ပါတယ္။

အျဖစ္မ်ားတဲ့အေရျပားမွိဳေရာဂါပိုးေတြက ဘာေတြလဲ…

အေရျပားမွဳိေရာဂါမ်ားစြာရွိတဲ့အနက္ Candida,Epidermophyton,Microsporum နဲ႕ Trichophyton တို႕ကအျဖစ္မ်ားတဲ့ပိုးေတြျဖစ္ပါတယ္။

အေရျပားမွဳိက ဘယ္ေနရာေတြမွာအျဖစ္မ်ားလဲ…

စြတ္စိုတဲ႕ေနရာ၊အေရျပားႏွစ္ခုၾကားေနရာမ်ားမွာအျဖစ္မ်ားပါတယ္(ဥပမာ-ေျခေခ်ာင္းေလးေတြၾကား၊ခႏၶာကိုယ္ေအာက္ပိုင္း၊ေပါင္ျခံ လိင္အဂၤ ါၾကားနဲ႕ အမ်ဳိးသမီးေတြမွာဆိုရင္ ရင္သားေအာက္မွာလဲျဖစ္တတ္ပါတယ္။

ဘယ္သူေတြမွာ အေရျပားမွဳိပိုစြဲတတ္ၾကသလဲ…

အဝလြန္တဲ့သူေတြ(အေရျပားအတြန္႕အေခါက္မ်ားတာေၾကာင့္)နဲ႕ ဆီးခ်ဳိေရာဂါရွိသူေတြမွာ အေရျပားမွိဳေရာဂါပိုျဖစ္တတ္ၾကပါတယ္။

အေရျပားမွဳိေရာဂါပိုးကို ဘယ္လိုရွာေဖြမလဲ…

အေရျပားဆရာဝန္မွ အေရျပားယားနာကိုစမ္းသပ္ၾကည့္ရွဳၿပီးေရာဂါပိုးကိုခန္႕မွန္းႏိုင္သလို အေရျပားအနာေနရာကေန Sample ယူၿပီး အဏုၾကည့္မွန္ေျပာင္း(သို႕)ပိုးေမြးျမဴၿပီး ေရာဂါျဖစ္ေစတဲ့အေရျပားေရာဂါပိုးကိုလဲ အတိအက်သိႏိုင္ပါေသးတယ္။

အေရျပားမွဳိေရာဂါကုသနည္းေတြက ဘာေတြလဲ…

ကုသနည္းေတြအေနနဲ႕ကေတာ့-

၁။မွဳိသတ္ေဆးမ်ား(Antifungal drugs)

၂။အေရျပားစြတ္စိုထိုင္းဆမ်ားျပားျခင္းကို ကာကြယ္ထိန္းသိမ္းျခင္းႏွင့္

၃။ယားယံျခင္းကိုသက္သာေစေသာေဆးမ်ားကို အသံုးျပဳကုသၾကပါတယ္။

၁။မွိဳသတ္ေဆးမ်ားအေနနဲ႕ကေတာ့ လိမ္းေဆး(ကရင္မ္၊ဂ်ယ္၊လိုးရွင္းႏွင့္ ေခါင္းေလွ်ာ္ရည္)ႏွင့္ ေသာက္ေဆးမ်ားရွိပါတယ္။

၂။အေရျပားစြတ္စိုထိုင္းမွဳိင္းမွဳကိုကာကြယ္တဲ့ေနရာမွာေတာ့ မလိုအပ္ပဲအဝတ္အစားအထူအၾကပ္ေတြ မဝတ္ျခင္း၊ေလဝင္ေလထြက္ေကာင္းေအာင္ဝတ္စားဆင္ယင္ျခင္းႏွင့္ ရွဴးဖိနပ္မ်ားကိုမလိုအပ္လွ်င္မစီးပဲ ေျခညႇပ္ဖိနပ္မ်ားစီးျခင္းျဖင့္ အေရျပားစိုထိုင္းျခင္းကိုေလွ်ာ့ခ်ႏိုင္ပါတယ္။

၃။အေရျပားယားယံျခင္းကိုသက္သာေစတဲ့ေဆးမ်ားအေနျဖင့္ Burmeton,cetrizine,fexofenadine စေသာေဆးဝါးမ်ားအျပင္ တစ္ခါတစ္ရံမွာ corticosteroids ေဆးဝါးမ်ားကိုလဲအေရျပားေယာင္ယမ္းယားနာမွဳသက္သာေအာင္ သံုးေလ့ရွိၾကပါတယ္။ဒါေပမယ့္ corticosteroids ေတြဟာ ေရာဂါပိုးကို ပိုၾကြေစတတ္တာေၾကာင့္ ဆရာဝန္ၫႊန္ၾကားမွ သံုးစြဲသင့္ပါတယ္

ဒီေလာက္ဆို အေရျပားမွဳိစြဲျခင္းနဲ႕ပတ္သက္ၿပီး အနည္းငယ္တီးေခါက္မိၿပီလို႕ထင္ပါတယ္။

အားလံုးပဲ မွဳိေရာဂါကင္းၿပီး က်န္းမာလွပတဲ့အေရျပားေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ။

dr.ye’lwin mm

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…