ခြေထောက်ကြားမှာ ရေဝဲစားတယ်။

မိုးရာသီစလာပြီဆိုရင် မိုးကြောင့်ဖြစ်တဲ့ရောဂါလေးတွေလည်းခေါင်းထောင်လာပါတယ်။ မိုးလေးရွာလိုက် ဗွက်ထလိုက် ခြေထောက်တွေရေစိုလိုက်နဲ့ သံသရာလည်တဲ့အခါ ခြေထောက်မှာ မှိုလေးတွေပွားများရှင်သန်လာပါတယ်။ ခြေထောက်မှိုလေးတွေဟာ ခြေချောင်းလေးတွေကြား၊ ခြေဖဝါးအောက်မှာ ဖြစ်လေ့ရှိပြီး ခြေသန်းဘက်မှာပိုဖြစ်ပါတယ်။

ခြေထောက်မှိုလေးတွေကို အချို့က ရေဝဲစားတယ်လို့လည်းခေါ်ပါတယ်။ဒီလိုဖြစ်မယ်ဆိုရင် မှိုစွဲတဲ့ ခြေချောင်းလေးတွေဟာ မကုတ်ရမနေနိုင်အောင်ယားလာတတ်ပါတယ်။ ပြီးရင်ခြေချောင်းလေးတွေနီရဲလာပါတယ်။ ခြေထောက်က အနံ့ပြင်းလာတတ်ပြီး သေချာမကုရင် ဘက်တီးရီးယားပိုးပါထပ်ဝင်ပြီး အနာတွေဖြစ်လာတတ်ပါတယ်။ ခြေချောင်းလေးတွေက မှိုစွဲခြင်းဟာ ခြေသည်းတွေအထိပြန့်သွားမယ်ဆိုရင် ကူးစက်ခံရတဲ့ခြေသည်းတွေမှာ ထူပြီး ဝါလာတတ်ပါတယ်။ ဒီလိုခြေထောက်သဲဝဲ စားတယ်ဆိုရင် ခံစားရတဲ့လူအနေနဲ့လည်း စိတ်ညစ်ရပါတယ်။ ခြေချောင်းလေးတွေ ယားနေ၊ နီနေလို့ နေရခက်လှပါတယ်။ဒါတွေသက်သာပျောက်ကင်းခြင်တယ်ဆိုရင်တော့..

– ခြေထောက်ကိုခြောက်အောင်ထားပါ။ အထူးသဖြင့် ရေစိုပြီးရင် ခြေချောင်းကြားလေးကို အဝတ်သန့်သန့်စောင်ထားပြီး ခြောက်အောင်သုတ်ပေးပါ။

– အိမ်မှာ ရေချိုးပြီးချိန် ဖြစ်လျှင်လည်း သေချာစင်အောင်သုတ်ပါ။ ခပ်မြန်မြန်ခြောက်လိုလျှင်ဆံပင်အခြောက်ခံစက်( Hair Dryer) သုံးနိုင်ပါတယ်။

– မှိုသတ်ပေါင်ဒါ ( Anti fungal powder ) , မှိုသတ်လိမ်းဆေးခရမ်( Clotrimazole) သုံးနိုင်ပါတယ်။

– ဖိနပ်အပိတ် Shoe ဝတ်ပါက ခြေအိတ်ကို လေဝင်လေထွက်ကောင်းတဲ့ခြေအိတ်ရွေးချယ်ဝတ်ပါ။

– ခြေအိတ်ကိုေ န့စဉ်လဲလှယ်ပေးပါ။

ဒီနည်းလမ်းတွေနဲ့မသက်သာဘူးဆိုရင်တော့ မှိုသတ်လိမ်းဆေးခရမ်( Clotrimazole) ကို ခြေထောက်ဆေးပြီးခြောက်သွေ့အောင်ထားပြီး လိမ်းနိုင်ပါတယ်။ဒီနည်းလမ်းတွေနဲ့ဆို မိုးတွင်းကိုတွေးကြောက်စရာမလိုတော့ဘူးပေါ့နော်။

မယ်တင်( ဆေး ၁)

ေျခေထာက္ၾကားမွာ ေရဝဲစားတယ္။

မိုးရာသီစလာၿပီဆိုရင္ မိုးေၾကာင့္ျဖစ္တဲ့ေရာဂါေလးေတြလည္းေခါင္းေထာင္လာပါတယ္။ မိုးေလးရြာလိုက္ ဗြက္ထလိုက္ ေျခေထာက္ေတြေရစိုလိုက္နဲ႔ သံသရာလည္တဲ့အခါ ေျခေထာက္မွာ မႈိေလးေတြပြားမ်ားရွင္သန္လာပါတယ္။ ေျခေထာက္မႈိေလးေတြဟာ ေျခေခ်ာင္းေလးေတြၾကား၊ ေျခဖဝါးေအာက္မွာ ျဖစ္ေလ့ရွိၿပီး ေျခသန္းဘက္မွာပိုျဖစ္ပါတယ္။

ေျခေထာက္မႈိေလးေတြကို အခ်ိဳ႕က ေရဝဲစားတယ္လို႔လည္းေခၚပါတယ္။ဒီလိုျဖစ္မယ္ဆိုရင္ မႈိစြဲတဲ့ ေျခေခ်ာင္းေလးေတြဟာ မကုတ္ရမေနႏိုင္ေအာင္ယားလာတတ္ပါတယ္။ ၿပီးရင္ေျခေခ်ာင္းေလးေတြနီရဲလာပါတယ္။ ေျခေထာက္က အနံ႔ျပင္းလာတတ္ၿပီး ေသခ်ာမကုရင္ ဘက္တီးရီးယားပိုးပါထပ္ဝင္ၿပီး အနာေတြျဖစ္လာတတ္ပါတယ္။ ေျခေခ်ာင္းေလးေတြက မႈိစြဲျခင္းဟာ ေျခသည္းေတြအထိျပန္႔သြားမယ္ဆိုရင္ ကူးစက္ခံရတဲ့ေျခသည္းေတြမွာ ထူၿပီး ဝါလာတတ္ပါတယ္။ ဒီလိုေျခေထာက္သဲဝဲ စားတယ္ဆိုရင္ ခံစားရတဲ့လူအေနနဲ႔လည္း စိတ္ညစ္ရပါတယ္။ ေျခေခ်ာင္းေလးေတြ ယားေန၊ နီေနလို႔ ေနရခက္လွပါတယ္။ဒါေတြသက္သာေပ်ာက္ကင္းျခင္တယ္ဆိုရင္ေတာ့..

– ေျခေထာက္ကိုေျခာက္ေအာင္ထားပါ။ အထူးသျဖင့္ ေရစိုၿပီးရင္ ေျခေခ်ာင္းၾကားေလးကို အဝတ္သန္႔သန္႔ေစာင္ထားၿပီး ေျခာက္ေအာင္သုတ္ေပးပါ။

– အိမ္မွာ ေရခ်ိဳးၿပီးခ်ိန္ ျဖစ္လၽွင္လည္း ေသခ်ာစင္ေအာင္သုတ္ပါ။ ခပ္ျမန္ျမန္ေျခာက္လိုလၽွင္ဆံပင္အေျခာက္ခံစက္( Hair Dryer) သံုးႏိုင္ပါတယ္။

– မႈိသတ္ေပါင္ဒါ ( Anti fungal powder ) , မႈိသတ္လိမ္းေဆးခရမ္( Clotrimazole) သံုးႏိုင္ပါတယ္။

– ဖိနပ္အပိတ္ Shoe ဝတ္ပါက ေျခအိတ္ကို ေလဝင္ေလထြက္ေကာင္းတဲ့ေျခအိတ္ေရြးခ်ယ္ဝတ္ပါ။

– ေျခအိတ္ကိုေ န႔စဥ္လဲလွယ္ေပးပါ။

ဒီနည္းလမ္းေတြနဲ႔မသက္သာဘူးဆိုရင္ေတာ့ မႈိသတ္လိမ္းေဆးခရမ္( Clotrimazole) ကို ေျခေထာက္ေဆးၿပီးေျခာက္ေသြ႕ေအာင္ထားၿပီး လိမ္းႏိုင္ပါတယ္။ဒီနည္းလမ္းေတြနဲ႔ဆို မိုးတြင္းကိုေတြးေၾကာက္စရာမလိုေတာ့ဘူးေပါ့ေနာ္။

မယ္တင္( ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *