All Articlesအခြားရောဂါများအထွေထွေရောဂါများ

” ပေါင်ကြားမှာ စွဲတဲ့မှို “

1 Mins read

” ပေါင်ကြားမှာ စွဲတဲ့မှို “

ကြီးကြီးမားမားရောဂါမဟုတ်ပေမယ့် အင်မတန်မှဒုက္ခရောက်ရတဲ့ပြသနာကတော့ ပေါင်ခြံပေါင်ကြားထဲမှိုစွဲပြီး ယားယံတဲ့ပြသနာပါ။ယားကလည်းအလွန်ယား…. လူကြားသူကြားထဲ ကုတ်လို့ကောင်းတဲ့နေရာလည်းမဟုတ်တဲ့ နှိုက်နှိုက်ချွတ်ချွတ်နေရာကြီး..မကုတ်တော့လည်း ယားပြီးရင်းယား…အဲ့မှာစတွေ့တာပါပဲ။ အိမ်ရောက်လို့ အားရပါးရကုတ်တော့မယ်လို့ကြည့်လိုက်ရင် အရေပြားတစ်ဝိုက်ဟာ နီရဲနေမယ်၊အဖတ်အဖတ်တွေကွာနေမယ်၊ပက်ကြားအက်နေမယ်၊တောက်လျှောက်ယားနေ…ကုတ်လေယားလေဖြစ်နေမယ်၊စပ်ဖျင်းဖျင်းခံစားရမယ်။

ဒီလိုမှိုစွဲရတဲ့အကြောင်းရင်းကတော့…မှိုတို့ရဲ့သဘာဝအတိုင်း စိုထိုင်းမှုကိုကြိုက်တယ်။ပုံမှန်လူတွေရဲ့အရေပြားမှာလည်း သာမန်မျက်စိနဲ့မမြင်နိုင်တဲ့မှိုတွေ သဘာဝအလျောက်ရှိနေတတ်တယ်။ယားလားဆိုတော့ မယား၊လူကိုဒုက္ခမပေးဘူး။ဒါပေမယ့် အပေါ်ကပြောခဲ့သလို လူတစ်ယောက်မှာ စိုထိုင်းစများလာပြီဆိုရင် မှိုတွေကပုံမှန်ဓာတ်ပိုပွားလာပြီး ယားယံခြင်းကိုဖြစ်စေပါပြီ။

လေ့ကျင့်ခန်းလုပ်ပြီး စိုထိုင်းတဲ့ အဝတ်အစားတွေမလဲဖြစ်တဲ့အခါ၊ မစိုမခြောက်အဝတ်အစားတွေဝတ်တဲ့အခါ၊ရေချိုးပြီး ရေစင်အောင်မသုတ်တဲ့အခါ၊အဝလွန်သူတွေမှာ အရေပြားအတွန့်အခေါက်များလို့ ချွေးအောင်းနေတဲ့အခါမျိုးမှာ စိုထိုင်းမှုတွေများလာပြီး မှိုတွေပေါက်ပွားဖို့ အားပေးသလိုဖြစ်လာပါတယ်။

မကုဘဲထားမယ်ဆိုရင် ပေါင်ခြံပေါင်ကြားမှတစ်ဆင့် ဝမ်းဗိုက်၊တင်ပါးများဆီသို့ ပျံ့နှံ့ယားယံနိုင်ပါတယ်။ကုသဖို့ကလည်း မခက်ပါဘူး။ဆေးဆိုင်မှာ ဝယ်လို့ရတဲ့ မှိုသတ်ဆေးလိမ်းဆေးခရင်မ်/အမှုန့် တစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်း ပုံမှန်လိမ်းပေးမယ်၊တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးပေးမယ်၊ရေပုံမှန်ချိုးမယ်၊ရေချိုးတဲ့အခါတိုင်း ဆပ်ပြာသေချာတိုက်မယ်…ကြိုကြိုကြားကြားတွေပါမကျန်တိုက်မယ်၊ရေချိုးပြီးတဲ့အခါ တစ်ကိုယ်လုံး ချောင်ကြိုချောင်ကြားတွေပါရေခြောက်အောင်သုတ်မယ်၊အဝတ်အစားသန့်သန့်ပြန့်ပြန့်ဝတ်မယ်၊အရမ်းကျပ်ထုပ်နေတဲ့အဝတ်အစားတွေအစား လေဝင်လေထွက်ကောင်းတဲ့ ချောင်ချောင်ချိချိလေးတွေဝတ်မယ်…ဒီလိုဆို အချိန်တိုအတွင်း ဒီပြသနာကိုဖြေရှင်းနိုင်ပါလိမ့်မယ်။

အကယ်၍ အထက်ပါအချက်တွေအတိုင်းလိုက်နာသည့်တိုင်အောင် နှစ်ပတ်ကြာသည်အထိ မကောင်းသေးဘူး၊ယားမြဲယားမယ်၊ပိုပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့လိုအပ်ပါတယ်။

ပိုင်နီမေ (ဆေး ၂)

” ေပါင္ၾကားမွာ စြဲတဲ့မိႈ “

ျကီးျကီးမားမားေရာဂါမဟုတ္ေပမယ့္ အင္မတန္မွဒုကၡေရာက္ရတဲ့ျပသနာကေတာ့ ေပါင္ျခံေပါင္ၾကားထဲမိႈစြဲၿပီး ယားယံတဲ့ျပသနာပါ။ယားကလည္းအလြန္ယား…. လူၾကားသူၾကားထဲ ကုတ္လို႔ေကာင္းတဲ့ေနရာလည္းမဟုတ္တဲ့ ႏိႈက္ႏိႈက္ခြၽတ္ခြၽတ္ေနရာႀကီး..မကုတ္ေတာ့လည္း ယားၿပီးရင္းယား…အဲ့မွာစေတြ႔တာပါပဲ။ အိမ္ေရာက္လို႔ အားရပါးရကုတ္ေတာ့မယ္လို႔ၾကည့္လိုက္ရင္ အေရျပားတစ္ဝိုက္ဟာ နီရဲေနမယ္၊အဖတ္အဖတ္ေတြကြာေနမယ္၊ပက္ၾကားအက္ေနမယ္၊ေတာက္ေလ်ွာက္ယားေန…ကုတ္ေလယားေလျဖစ္ေနမယ္၊စပ္ဖ်င္းဖ်င္းခံစားရမယ္။

ဒီလိုမိႈစြဲရတဲ့အေၾကာင္းရင္းကေတာ့…မိႈတို႔ရဲ႕သဘာဝအတိုင္း စိုထိုင္းမႈကိုျကိဳက္တယ္။ပံုမွန္လူေတြရဲ႕အေရျပားမွာလည္း သာမန္မ်က္စိနဲ႔မျမင္ႏိုင္တဲ့မိႈေတြ သဘာဝအေလ်ာက္႐ွိေနတတ္တယ္။ယားလားဆိုေတာ့ မယား၊လူကိုဒုကၡမေပးဘူး။ဒါေပမယ့္ အေပၚကေျပာခဲ့သလို လူတစ္ေယာက္မွာ စိုထိုင္းစမ်ားလာၿပီဆိုရင္ မိႈေတြကပံုမွန္ဓာတ္ပိုပြားလာၿပီး ယားယံျခင္းကိုျဖစ္ေစပါၿပီ။

ေလ့က်င့္ခန္းလုပ္ၿပီး စိုထိုင္းတဲ့ အဝတ္အစားေတြမလဲျဖစ္တဲ့အခါ၊ မစိုမေျခာက္အဝတ္အစားေတြဝတ္တဲ့အခါ၊ေရခ်ိဳးၿပီး ေရစင္ေအာင္မသုတ္တဲ့အခါ၊အဝလြန္သူေတြမွာ အေရျပားအတြန္႔အေခါက္မ်ားလို႔ ေခြၽးေအာင္းေနတဲ့အခါမ်ိဳးမွာ စိုထိုင္းမႈေတြမ်ားလာၿပီး မိႈေတြေပါက္ပြားဖို႔ အားေပးသလိုျဖစ္လာပါတယ္။

မကုဘဲထားမယ္ဆိုရင္ ေပါင္ျခံေပါင္ၾကားမွတစ္ဆင့္ ဝမ္းဗိုက္၊တင္ပါးမ်ားဆီသို႔ ပ်ံ့ႏွံ႔ယားယံႏိုင္ပါတယ္။ကုသဖို႔ကလည္း မခက္ပါဘူး။ေဆးဆိုင္မွာ ဝယ္လို႔ရတဲ့ မိႈသတ္ေဆးလိမ္းေဆးခရင္မ္/အမႈန္႔ တစ္မ်ိဳးမ်ိဳးကို ေဆးၫႊန္းအတိုင္း ပံုမွန္လိမ္းေပးမယ္၊တစ္ကိုယ္ရည္သန္႔႐ွင္းေရး အေလးေပးမယ္၊ေရပံုမွန္ခ်ိဳးမယ္၊ေရခ်ိဳးတဲ့အခါတိုင္း ဆပ္ျပာေသခ်ာတိုက္မယ္…ႀကိဳႀကိဳၾကားၾကားေတြပါမက်န္တိုက္မယ္၊ေရခ်ိဳးၿပီးတဲ့အခါ တစ္ကိုယ္လံုး ေခ်ာင္ႀကိဳေခ်ာင္ၾကားေတြပါေရေျခာက္ေအာင္သုတ္မယ္၊အဝတ္အစားသန္႔သန္႔ျပန္႔ျပန္႔ဝတ္မယ္၊အရမ္းက်ပ္ထုပ္ေနတဲ့အဝတ္အစားေတြအစား ေလဝင္ေလထြက္ေကာင္းတဲ့ ေခ်ာင္ေခ်ာင္ခ်ိခ်ိေလးေတြဝတ္မယ္…ဒီလိုဆို အခ်ိန္တိုအတြင္း ဒီျပသနာကိုေျဖ႐ွင္းႏိုင္ပါလိမ့္မယ္။

အကယ္၍ အထက္ပါအခ်က္ေတြအတိုင္းလိုက္နာသည့္တိုင္ေအာင္ ႏွစ္ပတ္ၾကာသည္အထိ မေကာင္းေသးဘူး၊ယားျမဲယားမယ္၊ပိုပိုဆိုးလာမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပသတိုင္ပင္ဖို႔လိုအပ္ပါတယ္။

ပိုင္နီေမ (ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…