‘နေ့စဉ်သစ်သီးစားပြီးမှ အလှသရဖူဆောင်းမယ်’

အမျိုးသား၊ အမျိုးသမီးထုကြီးရဲ့ အိတ်ထဲက ငွေတွေကို နှမြောတွန့်တိုခြင်း မရှိပဲသုံး လိုက်ပေမဲ့ ကျေနပ်နေစေတဲ့ အရာကတော့ ကော့စ်မက်တစ်လို့ လူသိများသလို အကြိုက် ဝယ်သုံးလေ့ရှိတဲ့ အလှကုန်ပစ္စည်းတွေပါပဲ။ ဒါတွေသုံးရုံဖြင့်တကယ်ပဲ အသားအရေ တင်းရင်း စိုပြေလှပတောက်ပြောင်ဝင်းပလာတယ်လို့ သင်ယူဆနေရင်တော့ ကျန်းမာရေးစရိတ်တွေ အမှန်တက်လာတော့မှာပဲ ဖြစ်ပါတယ်။ ခေတ်ပေါ်အရေပြားထိန်းသိမ်းရမဲ့ကုန်ပစ္စည်း အမျိုးမျိုး ဆိုတာကလည်း နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ တန်နဲ့ချီပြီး လှိမ့်ဝင်နေကြတာမဟုတ်လား။ တုန်နာ၊ မွိုက်ချာရိုက်ဇာ၊ အစိုဓာတ်ထိန်းခရမ်တွေ၊ ခရပ်ခေါ် ကိုယ်ပေါ်က ဂျီးတွေ တိုက်ချွတ်ပေးတဲ့ ဆေးရည်စသည်တို့စုံလင်နေတာပါ။ အသက် ၄၀ ကျော်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ်နုပျိုတယ် အထင်ခံရအောင် ရှေ့မှာပြောခဲ့တဲ့ အလှကုန်အမျိုးမျိုးကို အဆုံးမဲ့ရွေးချယ်ဝယ်ယူအားပေးကြ တာကတော့ အမျိုးသမီးတွေချည်းမထင်ပါနဲ့ အမျိုးသားတွေက ၆၀% တောင် ကျော်ပါသတဲ့။

သို့သော် သင့်အရေပြားကို ကျန်းမာနုပျိုစေပြီး ဝင်းပလင်းလက်နေအောင် တကယ် အထောက်အကူပေးနိုင်တဲ့ သဘာ၀ အစားအစာတွေကိုတော့ လူတွေမေ့လျော့နေ တတ်ပါ တယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက (သင့်အသားအရေကို) အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်ဆားတွေ အ အပြင် အင်တီအောက်စီးဒင့်တွေကြွယ်ဝစွာပါဝင်လို့ (သင့်အသားအရေကို) ကျန်းမာစိုလတ် တောင့်တောင့်တင်းတင်းရင်းရင်း ဖြစ်စေမှာ အမှန်ဖြစ်တာမို့ သင့်ကျန်းမာရေးကို ထိခိုက်စေ မဲ့ Junk Foods ခေါ်အမှိုက် သရိုက်လို ဒုက္ခပေးစေတဲ့ အစားအစာတွေ စားမဲ့အစား နေ့စဉ် မှန်မှန် သစ်သီးလတ်လတ်ဆတ်ဆတ်များကို ရေစင်စင်ဆေးကြောပြီး ၃၊ ၄ မျိုးစားပေးသင့် ပါတယ်။ သင်ရွေးချယ်စားသောက်သင့်တဲ့ သစ်သီးတွေကတော့ ဈေးမှာ ရာသီစာအဖြစ် အတွေ့ များတဲ့ သစ်သီးတွေမို့ ဈေးချိုချိုနဲ့ ဝယ်စားနို်င်ပါတယ်။

၁။ စတော်ဘယ်ရီသီးများ

စတော်ဘယ်ရီသီးထဲက ထူးခြားတဲ့ အရေးကြီးသော အလှကုန်သုံးပစ္စည်းတစ်မျိုး(အလှ ကုန်ထဲမှာ မပါမဖြစ်သုံးရတဲ့) AHA ခေါ် အယ်လ်ဖာဟိုက်ဒရောက်ဆိုင်း အက်စစ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ AHA ဆိုတာ ဆယ်လီစလစ်အက်စက်အဖြစ် လူသိများသလို ဝက်ခြံကုသမှုမှာ အထူးအရေးပါလှတယ်။ AHA ဟာ အရေပြားထဲက ချွေးပေါက်လေးတွေထဲ အထိဝင်ကာ မမကောင်းတဲ့ အညစ်တွေ ဖုန်တွေ အဆီတွေကို ရှင်းထုတ်ပစ်နိုင်တယ်။ ဒါ့ကြောင့် ဆားဝက်ခြံ ဆင်ဝက်ခြံတွေ မဖြစ်ပွားအောင် စတော်ဘယ်ရီက ကူညီပေးတယ်။ ဗီတာမင် (ကြွယ်ဝတာ ကြောင့်လည်း ဝက်ခြံညှစ်မိလို့ မသန့်ရှင်းတဲ့လက်က ပိုးအတွယ်ခံရရင်တောင် အရောင် အရမ်း မဆိုးသွားအောင် ဟန့်ပေးနိုင်ပါတယ်။ ဒီပြင်အင်တီအောက်စီးဒင့်အီလက်ဂျစ် အက်စစ် ပါဝင်လို့ အရေပြားထဲက ကိုလေဂျစ်အမျှင်ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၂။ နာနတ်သီးများ

နွေမှာ နာနတ်သီးရော စတော်ဘယ်ရီသီးတွေပါ ရာသီစာမို့ လှိုင်လှိုင်ပေါတတ်ပါတယ်။ တင်ရတာလွယ်ကူပြီး အခွံပါသင်ပေးလိုက်တဲ့ ဈေးသည်တွေရှိလို့ အထူး တလည်လုပ်စရာ မလို စားလိုက်ရုံပါပဲ။ နာနတ်သီးမှာ ဘရိုမယ်လိန်းခေါ် သဘာ၀ အရောင်အရမ်းလျော့ကျ စေတဲ့ အင်ဇိုင်းတစ်မျိုးပါဝင်လို့ ကျန်းမာရေးအထူးအကျိုးရှိစေတယ်။ အသားအရေ တင်မက အစာကြွေလွယ် ဝမ်းမှန်လို့အစာအိမ်အူလမ်းကြောင်း ရောဂါတွေအထူးလျှော့ချနည်းပါးစေနိုင် ပါတယ်။ ဒီ အင်ဇိုင်းဟာ အရေပြားပေါ်က ခြောက်သွေ့နေတဲ့ အလွှာတွေ ကွာကျစေလို့ ၎င်း အလွှာအောက်ထဲက စိုလက်နေတဲ့ အရေပြားကို ဖြူဝင်းလက်လာစေပါတယ်။ ဝမ်းချုပ် သူတွေ အတွက် ဝမ်းမှန်ဝမ်းပျော့ပျော့သွားနိုင်အောင် ကူညီတယ်။

၃ ။ ဇီးသီးများ

မြန်မာနိုင်ငံမှာ ဇီးသီးပေါ်ချိန် ဆောင်းရာသီမှာ သင်ကြိုက်တဲ့ဇီးသီးအမျိုးအစား စိတ် ကြိုက်စားပါ။ ပြီးရင် ဇီးသီးအမှည့်ကို အခြောက်လှမ်းပြီး ယိုထိုးစားလေ့ရှိတယ်။ ဇီးယိုကတော့ မြန်မာမလေးတွေစိတ်ကြိုက်ပါ။ ဇီးသီးမှာ အမျှင်ဓာတ်မြင့်မားတယ်။ ဇီးသီးအရွယ်တော် တစ်လုံးမှာ အမျှင်ဓာတ် ၈ ဂရမ်တောင်ပါပါတယ်။ ပန်းသီးတစ်လုံးထက် အမျှင်ဓာတ် ၈ ဆခန့် ဇီးသီးမှာ ပိုပါဝင်လို့ အထူးစားသင့်တယ်။ အမျှင်ဓာတ်ဆိုတာ အားလုံးသိတဲ့အတိုင်း ဝမ်းမှန် စေခြင်း၊ အစာခြေလမ်းကြောင်းမှန်မှန်လှုပ်ရှားစေခြင်းကြောင့် အဆိပ်အတောက်တွေ ဗိုက်ထဲ မအောင်းစေတော့ပါ။

၄။ သလဲသီးများ

မြန်မာနိုင်ငံအထက်ပိုင်း နေအိမ်တွေမှာသလဲပင်တွေ စိုက်ပျိုးလေ့ရှိတယ်။ အများအား ဖြင့် အိန္ဒိိယနဲ့ တရုတ်က သလဲသီးတွေတင်သွင်းလေ့ရှိတယ်။ သလဲသီးအစေ့ကြိတ် အရည်ညှစ်ပြီး ဖျော်ရည်ဟာလူကြိုတ်များတယ်။ အသားအရေစိုလတ်လှပစေတယ်။ မျက်စိ အားကောင်းတယ်။ အသီးထဲမှာ အင်တီအောက်စီးဒင့်ပါဝင်မှုမြင့်မားလို့ king of antioxidant- rich fruits အင်တီအောက်စီးဒင့်ကြွယ်ဝတဲ့ သစ်သီးဘုရင်ကြီးလို့တောင် တင်စားနေကြပါပြီ။

၅။ သင်္ဘောသီးများ

သင်္ဘောသီးအနှစ်တွေကို အရေပြားအလှကုန် စက်ရုံတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြပြီ ဖြစ်တယ်။ အထူးသဖြင့် facial peel (ဖေရှယ်ပီး) ၊ ဆပ်ပြာ soap၊ ကလင်ဇာသန့်စင်ဆေး နဲ့ လိုရှင်းထုတ်လုပ်ရာမှာ အကြီးအကျယ် အသံးပြုထုတ်လုပ်ကြတယ်။ ပြီးတော့ ဈေးကြီးကြီးနဲ့ ရောင်းတာပေါ့။ လွယ်ကူရိုးရှင်းစွာပဲ သင်္ဘောသီးမှန်မှန် စားလိုက်ရုံနဲ့ သင့်အသားအရေ လှပလာနိုင်ပါတယ်။ ဈေးကြီးပေးဝယ်စရာမလိုပါ။ မျက်နှာအပေါ်ကလပ်စည်းအသစ်တွေ ထပ်ထွက်ရန်ကူညီပါသည်။

၆။ သံပုရာသီးများ

သဘာ၀ အရေပြားချေးချွတ်ပေးနိုင်တာကတော့ သံပုရာသီးများပါ။ သံပုရာသီးလှီးပြီး အခွံလေးနဲ့ သင်ခေးျချွှတ်ချင်တဲ့နေရာတွေ ပွတ်တိုက်လိုက်ပါ။ အရေပြားက မွေးညှင်းပေါက် တွေ အခိုးပွင့်လာမှာ ဖြစ်သလို အဆီတွေနဲ့ မွေးညှင်းပေါက်ပိတ်နေတာကိုလည်း ရှင်းပစ်နိုင် ပါတယ်။ အသားအရေလှပစေရန် ပျားရည်နဲ့ သံပုရာသီးညှစ်သောက်ခြင်းကို အိပ်ရာထစ အချိန်ဝမ်းဗိုက်ထဲ အစာမရှိချိန်မှာ စ၍ သောက်ပါတဲ့။ ဒီလိုသောက်ခြင်းဖြင့် မျက်နှာပေါ်က အမဲစက်တွေ ပါးမို့မို့ပေါ်က အစက်အပြောက်တွေနဲ့ ဝက်ခြံတွေ နည်းပါးအောင် လုပ်ပေး နိုင်ပါတယ်။

၉။ ထောပတ်သီးများ

ထောပတ်သီး ဆိုတာ မြန်မာနိုင်ငံမှာ ရာသီစာပါပဲ။ ဈေးလည်း တခြားနိုင်ငံတွေထက်တော့ သက်သာတယ်လို့ ပြောနိုင်ပါသေးတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ စူပါစာရင်းထဲ သူပါဝင်တယ်။ အာဟာရဓာတ်ကြွယ်ဝပြီး ရေပန်းစားလှတဲ့အသီးပါ။ ထောပတ်သီးထဲမှာ ဘိုင်အိုတင်လို့ ခေါ် တဲ့ ဗီတာမင် B တစ်မျိုးပါဝင်ပြီး ကလပ်စည်းတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ပြန်လည်အသစ်ထုတ် စေအောင် အားပေးတယ်။ ဒိပြင် ဗီတာမင် E ကြွယ်ဝတော့ အသားအရေလှစေတာ မဆန်းပါ ဘူး။ သဘာဝအားဖြင့်လည်း အိုမီဂါ (၃) ဖက်တီးအက်စစ် အဆီဓာတ်ကြွယ်ဝတော့ သွေးတွင်း ကိုလက်စထရော အဆီကျစေပြန်တာမို့ ထောပတ်သီးစားသုံးရန် မနှောင်နှေးသင့်ပါ။ နုပျိုလှပ အရွယ်တင် နှလုံးရောဂါ မဖြစ်အောင် ထောပတ်သီး စားကြပါစို့။သက်သက်လွတ် မရောနီးစ်တစ်မျိုးလို့ ဆိုနိုင်ပါသေးတယ်။

၁၀။ ပန်းသီးများ

ပန်းသီးဆိုတာ မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး ဝယ်စားနိုင်ပါတယ်။ ၎င်းတွင် မယ်လစ်အက်စစ်နဲ့ AHA ကြွယ်ဝစွာပါဝင်ပါတယ်။ AHA မယ်လစ်အက်စစ်ကို အလှကုန် များမှာတွင်ကျယ်စွာသုံးနေကြပါပြီ။ ဝက်ခြံအတွက် ဆယ်လီဆယ်လီအက်စစ်နဲ့ ဂလိုင်ကိုလစ် အက်စစ်လိုပဲ ပန်းသီးစားခြင်းဖြင့် အရေပြား အဆရာဝန်ထံ သွားစရာမလိုဘူးလို့ဆိုတာ်။

ပန်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝလို့ ဝမ်းမှန်စေပြီး ဝက်ခြံကင်းမဲ့တဲ့ အသားအရေ စိုစိုဝင်းဝင်း လေးရရှိစေနိုင်ပါသတဲ့။

ကဲ … သင်တို့ကောဖော်ပြခဲ့တဲ့ (ရာသီစာ) သစ်သီးတွေ နေ့စဉ်ပါအောင် စားဖြစ် ကြရဲ့လား။ ယခုသိရှိသွားပြီမို့ ယနေ့မှစ၍ နေ့စဉ်မှန်မှန် ဤသစ်သီးတွေစားပေးခြင်း အားဖြင့် ကော့စ်မက်တစ် အလှကုန်တွေကြောင့် ငွေကြေးအကုန်အကျများမဲ့အစား သင့်အသားအရေ နုပျိုစိုပြေလက်လက်လာအောင် လုပ်ဆောင်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရ စေ။

ဒေါက်တာရည်ညွန်မေ

‘ေန႕စဥ္သစ္သီးစားၿပီးမွ အလွသရဖူေဆာင္းမယ္’

အမ်ဳိးသား၊ အမ်ဳိးသမီးထုႀကီးရဲ႕ အိတ္ထဲက ေငြေတြကုိ ႏွေျမာတြန္႕တုိျခင္း မရိွပဲသုံး လုိက္ေပမဲ့ ေက်နပ္ေနေစတဲ့ အရာကေတာ့ ေကာ့စ္မက္တစ္လုိ႕ လူသိမ်ားသလုိ အႀကိဳက္ ၀ယ္သုံးေလ့ရွိတဲ့ အလွကုန္ပစၥည္းေတြပါပဲ။ ဒါေတြသုံး႐ုံျဖင့္တကယ္ပဲ အသားအေရ တင္းရင္း စုိေျပလွပေတာက္ေျပာင္၀င္းပလာတယ္လုိ႕ သင္ယူဆေနရင္ေတာ့ က်န္းမာေရးစရိတ္ေတြ အမွန္တက္လာေတာ့မွာပဲ ျဖစ္ပါတယ္။ ေခတ္ေပၚအေရျပားထိန္းသိမ္းရမဲ့ကုန္ပစၥည္း အမ်ဳိးမ်ဳိး ဆုိတာကလည္း ႏုိင္ငံတုိင္း ႏုိ္င္ငံတုိင္းမွာ တန္နဲ႕ခ်ီၿပီး လွိမ့္၀င္ေနၾကတာမဟုတ္လား။ တုန္နာ၊ မိြဳက္ခ်ာ႐ိုက္ဇာ၊ အစုိဓာတ္ထိန္းခရမ္ေတြ၊ ခရပ္ေခၚ ကုိယ္ေပၚက ဂ်ီးေတြ တုိက္ခၽြတ္ေပးတဲ့ ေဆးရည္စသည္တုိ႕စုံလင္ေနတာပါ။ အသက္ ၄၀ ေက်ာ္ၿပီဆုိတာနဲ႕ ကို္ယ့္ကုိကုိယ္ႏုပ်ဳိတယ္ အထင္ခံရေအာင္ ေရွ႕မွာေျပာခဲ့တဲ့ အလွကုန္အမ်ုိးမ်ဳိးကုိ အဆုံးမဲ့ေရြးခ်ယ္၀ယ္ယူအားေပးၾက တာကေတာ့ အမ်ဳိးသမီးေတြခ်ည္းမထင္ပါနဲ႕ အမ်ဳိးသားေတြက ၆၀% ေတာင္ ေက်ာ္ပါသတဲ့။

သုိ႕ေသာ္ သင့္အေရျပားကို က်န္းမာႏုပ်ဳိေစၿပီး ၀င္းပလင္းလက္ေနေအာင္ တကယ္ အေထာက္အကူေပးႏုိင္တဲ့ သဘာ၀ အစားအစာေတြကုိေတာ့ လူေတြေမ့ေလ်ာ့ေန တတ္ပါ တယ္။ သန္႕ရွင္းလတ္ဆတ္တဲ့ အစားအစာေတြ ဟင္းသီးဟင္းရြက္နဲ႕ သစ္သီးေတြက (သင့္အသားအေရကုိ) အာဟာရဓာတ္ေတြျဖစ္တဲ့ ဗီတာမင္ေတြနဲ႕ သတၱဳဓာတ္ဆားေတြ အ အျပင္ အင္တီေအာက္စီးဒင့္ေတြၾကြယ္၀စြာပါ၀င္လုိ႕ (သင့္အသားအေရကုိ) က်န္းမာစုိလတ္ ေတာင့္ေတာင့္တင္းတင္းရင္းရင္း ျဖစ္ေစမွာ အမွန္ျဖစ္တာမုိ႕ သင့္က်န္းမာေရးကုိ ထိခိုက္ေစ မဲ့ Junk Foods ေခၚအမိႈက္ သ႐ုိက္လုိ ဒုကၡေပးေစတဲ့ အစားအစာေတြ စားမဲ့အစား ေန႕စဥ္ မွန္မွန္ သစ္သီးလတ္လတ္ဆတ္ဆတ္မ်ားကုိ ေရစင္စင္ေဆးေၾကာၿပီး ၃၊ ၄ မ်ဳိးစားေပးသင့္ ပါတယ္။ သင္ေရြးခ်ယ္စားေသာက္သင့္တဲ့ သစ္သီးေတြကေတာ့ ေစ်းမွာ ရာသီစာအျဖစ္ အေတြ႕ မ်ားတဲ့ သစ္သီးေတြမုိ႕ ေစ်းခ်ဳိခ်ဳိနဲ႕ ၀ယ္စားႏုိ္္င္ပါတယ္။

၁။ စေတာ္ဘယ္ရီသီးမ်ား

စေတာ္ဘယ္ရီသီးထဲက ထူးျခားတဲ့ အေရးႀကီးေသာ အလွကုန္သုံးပစၥည္းတစ္မ်ဳိး(အလွ ကုန္ထဲမွာ မပါမျဖစ္သုံးရတဲ့) AHA ေခၚ အယ္လ္ဖာဟုိက္ဒေရာက္ဆုိင္း အက္စစ္ၾကြယ္၀စြာ ပါ၀င္ပါတယ္။ AHA ဆုိတာ ဆယ္လီစလစ္အက္စက္အျဖစ္ လူသိမ်ားသလုိ ၀က္ၿခံကုသမႈမွာ အထူးအေရးပါလွတယ္။ AHA ဟာ အေရျပားထဲက ေခြ်းေပါက္ေလးေတြထဲ အထိ၀င္ကာ မမေကာင္းတဲ့ အညစ္ေတြ ဖုန္ေတြ အဆီေတြကုိ ရွင္းထုတ္ပစ္ႏုိင္တယ္။ ဒါ့ေၾကာင့္ ဆား၀က္ၿခံ ဆင္၀က္ၿခံေတြ မျဖစ္ပြားေအာင္ စေတာ္ဘယ္ရီက ကူညီေပးတယ္။ ဗီတာမင္ (ၾကြယ္၀တာ ေၾကာင့္လည္း ၀က္ၿခံညႇစ္မိလို႕ မသန္႕ရွင္းတဲ့လက္က ပုိးအတြယ္ခံရရင္ေတာင္ အေရာင္ အရမ္း မဆုိးသြားေအာင္ ဟန္႕ေပးႏုိင္ပါတယ္။ ဒီျပင္အင္တီေအာက္စီးဒင့္အီလက္ဂ်စ္ အက္စစ္ ပါ၀င္လုိ႕ အေရျပားထဲက ကုိေလဂ်စ္အမွ်င္ထိခိုက္ပ်က္စီးျခင္းကုိ ကာကြယ္ေပးတဲ့အတြက္ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ ထိခိုက္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။

၂။ နာနတ္သီးမ်ား

ေႏြမွာ နာနတ္သီးေရာ စေတာ္ဘယ္ရီသီးေတြပါ ရာသီစာမုိ႕ လိိႈင္လိႈင္ေပါတတ္ပါတယ္။ တင္ရတာလြယ္ကူၿပီး အခြံပါသင္ေပးလုိက္တဲ့ ေစ်းသည္ေတြရွိလုိ႕ အထူး တလည္လုပ္စရာ မလုိ စားလုိက္႐ုံပါပဲ။ နာနတ္သီးမွာ ဘ႐ုိမယ္လိန္းေခၚ သဘာ၀ အေရာင္အရမ္းေလ်ာ့က် ေစတဲ့ အင္ဇုိင္းတစ္မ်ဳိးပါ၀င္လုိ႕ က်န္းမာေရးအထူးအက်ဳိးရွိေစတယ္။ အသားအေရ တင္မက အစာေၾကြလြယ္ ၀မ္းမွန္လုိ႕အစာအိမ္အူလမ္းေၾကာင္း ေရာဂါေတြအထူးေလွ်ာ့ခ်နည္းပါးေစႏုိင္ ပါတယ္။ ဒီ အင္ဇုိင္းဟာ အေရျပားေပၚက ေျခာက္ေသြ႕ေနတဲ့ အလႊာေတြ ကြာက်ေစလုိ႕ ၎ အလႊာေအာက္ထဲက စုိလက္ေနတဲ့ အေရျပားကုိ ျဖဴ၀င္းလက္လာေစပါတယ္။ ၀မ္းခ်ဳပ္ သူေတြ အတြက္ ၀မ္းမွန္၀မ္းေပ်ာ့ေပ်ာ့သြားႏုိင္ေအာင္ ကူညီတယ္။

၃ ။ ဇီးသီးမ်ား

ျမန္မာႏိုင္ငံမွာ ဇီးသီးေပၚခ်ိန္ ေဆာင္းရာသီမွာ သင္ႀကိဳက္တဲ့ဇီးသီးအမ်ဳိးအစား စိတ္ ႀကိဳက္စားပါ။ ၿပီးရင္ ဇီးသီးအမွည့္ကုိ အေျခာက္လွမ္းၿပီး ယုိထိုးစားေလ့ရွိတယ္။ ဇီးယုိကေတာ့ ျမန္မာမေလးေတြစိတ္ႀကိဳက္ပါ။ ဇီးသီးမွာ အမွ်င္ဓာတ္ျမင့္မားတယ္။ ဇီးသီးအရြယ္ေတာ္ တစ္လုံးမွာ အမွ်င္ဓာတ္ ၈ ဂရမ္ေတာင္ပါပါတယ္။ ပန္းသီးတစ္လုံးထက္ အမွ်င္ဓာတ္ ၈ ဆခန္႕ ဇီးသီးမွာ ပိုပါ၀င္လုိ႕ အထူးစားသင့္တယ္။ အမွ်င္ဓာတ္ဆုိတာ အားလုံးသိတဲ့အတုိင္း ၀မ္းမွန္ ေစျခင္း၊ အစာေျခလမ္းေၾကာင္းမွန္မွန္လႈပ္ရွားေစျခင္းေၾကာင့္ အဆိပ္အေတာက္ေတြ ဗိုက္ထဲ မေအာင္းေစေတာ့ပါ။

၄။ သလဲသီးမ်ား

ျမန္မာႏုိင္ငံအထက္ပုိင္း ေနအိမ္ေတြမွာသလဲပင္ေတြ စိုက္ပ်ဳိးေလ့ရွိတယ္။ အမ်ားအား ျဖင့္ အိႏိၵိယနဲ႕ တ႐ုတ္က သလဲသီးေတြတင္သြင္းေလ့ရွိတယ္။ သလဲသီးအေစ့ႀကိတ္ အရည္ညႇစ္ၿပီး ေဖ်ာ္ရည္ဟာလူႀကိဳတ္မ်ားတယ္။ အသားအေရစုိလတ္လွပေစတယ္။ မ်က္စိ အားေကာင္းတယ္။ အသီးထဲမွာ အင္တီေအာက္စီးဒင့္ပါ၀င္မႈျမင့္မားလုိ႕ king of antioxidant- rich fruits အင္တီေအာက္စီးဒင့္ၾကြယ္၀တဲ့ သစ္သီးဘုရင္ႀကီးလုိ႕ေတာင္ တင္စားေနၾကပါၿပီ။

၅။ သေဘၤာသီးမ်ား

သေဘၤာသီးအႏွစ္ေတြကုိ အေရျပားအလွကုန္ စက္႐ုံေတြမွာ က်ယ္က်ယ္ျပန္႕ျပန္႕သုံးေနၾကၿပီ ျဖစ္တယ္။ အထူးသျဖင့္ facial peel (ေဖရွယ္ပီး) ၊ ဆပ္ျပာ soap၊ ကလင္ဇာသန္႕စင္ေဆး နဲ႕ လုိရွင္းထုတ္လုပ္ရာမွာ အႀကီးအက်ယ္ အသံးျပဳထုတ္လုပ္ၾကတယ္။ ၿပီးေတာ့ ေစ်းႀကီးႀကီးနဲ႕ ေရာင္းတာေပါ့။ လြယ္ကူ႐ုိးရွင္းစြာပဲ သေဘၤာသီးမွန္မွန္ စားလုိက္႐ုံနဲ႕ သင့္အသားအေရ လွပလာႏုိင္ပါတယ္။ ေစ်းႀကီးေပး၀ယ္စရာမလုိပါ။ မ်က္ႏွာအေပၚကလပ္စည္းအသစ္ေတြ ထပ္ထြက္ရန္ကူညီပါသည္။

၆။ သံပုရာသီးမ်ား

သဘာ၀ အေရျပားေခ်းခြ်တ္ေပးႏုိင္တာကေတာ့ သံပုရာသီးမ်ားပါ။ သံပုရာသီးလွီးၿပီး အခြံေလးနဲ႕ သင္ေခး်ခၽႊတ္ခ်င္တဲ့ေနရာေတြ ပြတ္တုိက္လုိက္ပါ။ အေရျပားက ေမြးညႇင္းေပါက္ ေတြ အခုိးပြင့္လာမွာ ျဖစ္သလုိ အဆီေတြနဲ႕ ေမြးညႇင္းေပါက္ပိတ္ေနတာကိုလည္း ရွင္းပစ္ႏိုင္ ပါတယ္။ အသားအေရလွပေစရန္ ပ်ားရည္နဲ႕ သံပုရာသီးညႇစ္ေသာက္ျခင္းကို အိပ္ရာထစ အခ်ိန္၀မ္းဗုိက္ထဲ အစာမရွိခ်ိန္မွာ စ၍ ေသာက္ပါတဲ့။ ဒီလုိေသာက္ျခင္းျဖင့္ မ်က္ႏွာေပၚက အမဲစက္ေတြ ပါးမုိ႕မုိ႕ေပၚက အစက္အေျပာက္ေတြနဲ႕ ၀က္ၿခံေတြ နည္းပါးေအာင္ လုပ္ေပး ႏုိင္ပါတယ္။

၉။ ေထာပတ္သီးမ်ား

ေထာပတ္သီး ဆိုတာ ျမန္မာႏိုင္ငံမွာ ရာသီစာပါပဲ။ ေစ်းလည္း တျခားႏုိင္ငံေတြထက္ေတာ့ သက္သာတယ္လုိ႕ ေျပာႏုိင္ပါေသးတယ္။ ကမၻာ့ႏိုင္ငံႀကီးေတြရဲ႕ စူပါစာရင္းထဲ သူပါ၀င္တယ္။ အာဟာရဓာတ္ၾကြယ္၀ၿပီး ေရပန္းစားလွတဲ့အသီးပါ။ ေထာပတ္သီးထဲမွာ ဘုိင္အုိတင္လုိ႕ ေခၚ တဲ့ ဗီတာမင္ B တစ္မ်ဳိးပါ၀င္ၿပီး ကလပ္စည္းေတြရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈနဲ႕ ျပန္လည္အသစ္ထုတ္ ေစေအာင္ အားေပးတယ္။ ဒိျပင္ ဗီတာမင္ E ၾကြယ္၀ေတာ့ အသားအေရလွေစတာ မဆန္းပါ ဘူး။ သဘာ၀အားျဖင့္လည္း အုိမီဂါ (၃) ဖက္တီးအက္စစ္ အဆီဓာတ္ၾကြယ္၀ေတာ့ ေသြးတြင္း ကိုလက္စထေရာ အဆီက်ေစျပန္တာမုိ႕ ေထာပတ္သီးစားသုံးရန္ မေႏွာင္ေႏွးသင့္ပါ။ ႏုပ်ဳိလွပ အရြယ္တင္ ႏွလုံးေရာဂါ မျဖစ္ေအာင္ ေထာပတ္သီး စားၾကပါစုိ႕။သက္သက္လြတ္ မေရာနီးစ္တစ္မ်ဳိးလုိ႕ ဆိုႏုိင္ပါေသးတယ္။

၁၀။ ပန္းသီးမ်ား

ပန္းသီးဆုိတာ ျမန္မာႏုိင္ငံမွာ တစ္ႏွစ္ပတ္လံုး ၀ယ္စားႏုိင္ပါတယ္။ ၎တြင္ မယ္လစ္အက္စစ္နဲ႕ AHA ၾကြယ္၀စြာပါ၀င္ပါတယ္။ AHA မယ္လစ္အက္စစ္ကုိ အလွကုန္ မ်ားမွာတြင္က်ယ္စြာသုံးေနၾကပါၿပီ။ ၀က္ၿခံအတြက္ ဆယ္လီဆယ္လီအက္စစ္နဲ႕ ဂလုိင္ကုိလစ္ အက္စစ္လုိပဲ ပန္းသီးစားျခင္းျဖင့္ အေရျပား အဆရာ၀န္ထံ သြားစရာမလုိဘူးလို႕ဆုိတာ္။

ပန္းသီးမွာ အမွ်င္ဓာတ္ၾကြယ္၀လို႕ ၀မ္းမွန္ေစၿပီး ၀က္ၿခံကင္းမဲ့တဲ့ အသားအေရ စုိစုိ၀င္း၀င္း ေလးရရွိေစႏုိင္ပါသတဲ့။

ကဲ … သင္တုိ႕ေကာေဖာ္ျပခဲ့တဲ့ (ရာသီစာ) သစ္သီးေတြ ေန႕စဥ္ပါေအာင္ စားျဖစ္ ၾကရဲ႕လား။ ယခုသိရွိသြားၿပီမို႕ ယေန႕မွစ၍ ေန႕စဥ္မွန္မွန္ ဤသစ္သီးေတြစားေပးျခင္း အားျဖင့္ ေကာ့စ္မက္တစ္ အလွကုန္ေတြေၾကာင့္ ေငြေၾကးအကုန္အက်မ်ားမဲ့အစား သင့္အသားအေရ ႏုပ်ဳိစိုေျပလက္လက္လာေအာင္ လုပ္ေဆာင္ေပးႏုိင္ပါေၾကာင္း သတင္းေကာင္းပါးလုိက္ပါရ ေစ။

ေဒါက္တာရည္ညြန္ေမ