Rabies

🐶 “ ခွေးရူးရောဂါနှင့် အမေးများသောမေးခွန်းများ “

~~~~~~~~

ခွေးရူးနှင့် ခွေးကောင်း မည်သို့ ခွဲခြားနိုင်သနည်း ❓

ခွေးရူး (၂) မျိုး ရှိပါသည်။

📌ကြမ်းတမ်းသော ခွေးရူး၏ လက္ခဏာများမှာ

👉ခွေး၏ အနေအထိုင် ပြောင်းလာခြင်း

👉အကြောင်းမဲ့ ပြေးလွှားနေခြင်း

👉တစ်နေကုန် ဟောင်နေတတ်ခြင်း

👉တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း

👉အစာသိပ် မစားတော့ခြင်း

👉ရန်လိုနေခြင်း

👉ပြောစကား နားမထောင်ခြင်း

👉ခွေးကောင်းများက ခွေးရူးနောက်မှ လိုက်ဟောင်တတ်ခြင်း

👉ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည် တမြားမြား ဖြစ်နေတတ်ခြင်း

📌လေဖြတ် / အကြောခွေးရူး လက္ခဏာများမှာ

🐻 ကြွက်သားများ လေဖြတ်ခြင်းကြောင့် ယိုင်တိယိုင်တိုင် သွားနေခြင်း

🐻 အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း

🐻 တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း

စသည်တို့သည်လည်း ခွေးရူးလက္ခဏာများဖြစ်ပါသည်။

📌ခွေးကိုက်ပြီး ဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ❓

သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍ မျက်နှာ၊ လည်ပင်းတို့တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန် ကြာတတ်ပါသည်။ ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

📌ခွေးကိုက်ပြိး ဘယ်အချိန်အတွင်း ဆေးထိုးသင့်သလဲ❓

ခွေးကိုက်ခံရတိုင်း ခွေးရူးကာကွယ်ဆေး ချက်ချင်းထိုးသင့်ပါသည်။ စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင် အမြန်ဆုံးထိုးသင့်သည် တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။ ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

📌ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ❓

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် ရောဂါပိုး အဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ

👉 တိရစ္ဆာန် အကိုက်ခံရသူများ

👉 တိရစ္ဆာန် မွေးမြူသူများ၊

👉 တိရစ္ဆာန်မွေးမြူရေးခြံများတွင် တိရစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ

👉 တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့နေရသူများ

👉 တိမွေးကု ဆရာဝန်များ

👉 ခွေးရူးရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူများ စသည်တို့ဖြစ်ကြပါသည်။

ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။ ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ဝ၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ ကာကွယ်ဆေးထိုးရုံမကဘဲ အဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။ထို့အပြင် မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

👉 ခွေးရူးပြန်ရောဂါ လက္ခဏာများပြပါက ပျောက်ကင်းအောင်ကုသရန် ခဲယဉ်းပါသည်။

👉 လူနာသက်သာစေရန်

👉 နာကျင်မှုများသက်သာစေရန်

👉 ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် ခွေးရူးပြန်ရောဂါသည် ကုသရန်ထက် ကာကွယ်ခြင်းသည်သာ အဓိကဖြစ်ပါသည်။

📌အိမ်မွေး တိရစ္ဆာန် များကို ကာကွယ်ဆေးထိုးပေးခြင်း

~~~~~~~~~

ခွေးရူးပြန်ရောဂါဖြစ်နေသော သို့ သံသယဖြစ်ဖွယ်ရှိသော တိရစ္ဆာန် များကို ထိန်းသိမ်းထားခြင်း အခြားနေရာမှသွင်းလာသော တိရစ ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း

အကိုက်မခံရအောင် ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ်နိုင်ပါသည်။

ထို့ပြင် တိရစ္ဆာန်အကိုက်ခံရပါလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”

#ရီချို (ဆေး ၁)

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…