All Articlesမျိုးဆက်ပွားကျန်းမာရေး

Frequently Asked Questions About Oral Sex

1 Mins read

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းနှင့် အမေးများသောမေးခွန်းများ

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဟာ ပုံမှန်လိင်ဆက်ဆံခြင်းအစား (သို့မဟုတ်) ပုံမှန်လိင်ဆက်ဆံခြင်းမတိုင်မီ လိင်စိတ်နှိုးဆွသောအနေဖြင့်လည်းကောင်း ပြုလုပ်တတ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

ကျန်းမာရေးရှုထောင့်မှနေ၍ အရွယ်ရောက်ပြီးလူတိုင်း သိထားသင့်တဲ့ အမေးများသော မေးခွန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး : ပါးစပ်နဲ့လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရနိုင်ပါလား?
ဖြေ : မရနိုင်ပါ။

မေး : အမျိုးသားရဲ့သုတ်ရည်ကို အမျိုးသမီးက မြိုချလိုက်မယ်ဆိုရင်ရော ကိုယ်ဝန်ရနိုင်ပါသလား?
ဖြေ : မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပါးစပ်ကမြိုချလိုက်တဲ့သုတ်ရည်နဲ့(သုတ်ရည်မှာပါဝင်တဲ့)သုတ်ပိုးတွေဟာ အစာအိမ်ထဲကိုရောက်ပြီး အစာချေအက်ဆစ်ကြောင့်သေကြေပျက်စီးပြီး အစာဟောင်းတွေနဲ့အတူ မစင်အဖြစ်စွန့်ပစ်ခြင်းခံရလို့ပါ။ (သုတ်ပိုးဟာ သားအိမ်ထဲမှ မမျိုးဥနဲ့တွေ့ပြီး သန္ဓေအောင်မှသာလျှင် ကိုယ်ဝန်ရမှာပါ။)

မေး: ပါးစပ်နဲ့လိင်ဆက်ဆံရင် အိတ်ချ်အိုင်ဗီ (HIV) ၊ အေအိုင်ဒီအက်စ် (AIDS) မကူးနိုင်ဘူးပေါ့နော်?
ဖြေ: ဒီအယူအဆဟာ လုံးဝမှားပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံခြင်းဟာ ပုံမှန်လိင်ဆက်ဆံသူတွေလိုပဲ အိတ်ချ်အိုင်ဗီ (HIV) ၊ အေအိုင်ဒီအက်စ် (AIDS) အပါအဝင် အခြားသော လိင်မှကူးစက်တတ်တဲ့ ရောဂါပိုးမှန်သမျှ အကုန်ကူးနိုင်ပါတယ်။

မေး:ဘယ်လိုပိုးတွေကူးနိုင်တာလဲ ?
ဖြေ : ကူးစက်နိုင်တဲ့ရောဂါပိုးတွေကတော့….

  • (1)ရေယုန်
  • (2)ဆီးပူညောင်းကျ (ဂနိုရောဂါ)
  • (3)ကာလသားရောဂါ (ဆစ်ဖလစ်)
  • (4)အသည်းရောင်အသားဝါ A ပိုး
  • (5)အသည်းရောင်အသားဝါ B ပိုး
  • (6)အသည်းရောင်အသားဝါ C ပိုး
  • (7)အိတ်ချ်အိုင်ဗီ (HIV/AIDS)
  • (8)ကလမ်မိုင်းဒီးယား (Clamydia) အပါအဝင်

အခြားသောလိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးမှန်သမျှ အကုန်ကူးနိုင်ပါတယ်။

မေး: အပေါ်ကပြောတဲ့ရောဂါတွေက ပါးစပ်နဲ့ပြုလုပ်ပေးတဲ့သူက ကူးမှာလား? ပြုလုပ်ခံရတဲ့သူကကူးမှာလား?
ဖြေ:ပါးစပ်ကိုအသုံးပြုပြီးလုပ်ပေးတဲ့သူက ကူးစက်နိုင်ချေပိုများပါတယ်။ လိင်အင်္ဂါကထွက်တဲ့ အရည်တွေ(သုတ်ရည်၊ ရှေ့ပြေးအရည်ကြည်) ထဲကတဆင့် ကူးစက်တာဖြစ်ပါတယ်။ ပြုလုပ်ခံသူမှာလည်း ကူးစက်နိုင်ပါတယ်။

မေး: ဘယ်လိုအခြေအနေတွေမှာ ကူးနိုင်ချေပိုများလဲ?
ဖြေ: ပါးစပ်ထဲမှာ အနာ၊ ဒဏ်ရာ၊ အပေါက်အပြဲရှိနေရင် ကူးနိုင်ချေပိုများပါတယ်။ ဒါကြောင့် ပါးစပ်နဲ့လိင်မဆက်ဆံမီ သွားတိုက်ခြင်းမပြုလုပ်သင့်ပါဘူး။ မဖြစ်မနေ ခံတွင်းသန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ ခံတွင်းသန့်ရှင်းဆေးရည်တွေကို အသုံးပြုတာပိုသင့်လျော်ပါတယ်။

မေး: ဒီရောဂါတွေမကူးအောင် ဘယ်လိုလုပ်သင့်လဲ?
ဖြေ: ကွန်ဒုံးစွပ်ပြီးမှ ပါးစပ်နဲ့ဆက်ဆံတာဟာ ရောဂါကူးစက်မှုကို ကာကွယ်ပေးပါတယ်။

အခြားသိလိုသောမေးခွန်းများကို My Doctor Chat Box မှတစ်ဆင့် မေးမြန်းဆွေးနွေးနိုင်ပါတယ်။

မေ (ဆေး ၂)

ပါးစပ္ျဖင့္လိင္ဆက္ဆံျခင္းႏွင့္ အေမးမ်ားေသာေမးခြန္းမ်ား

ပါးစပ္ျဖင့္လိင္ဆက္ဆံျခင္းဟာ ပံုမွန္လိင္ဆက္ဆံျခင္းအစား (သို႔မဟုတ္) ပံုမွန္လိင္ဆက္ဆံျခင္းမတိုင္မီ လိင္စိတ္ႏိႈးဆြေသာအေနျဖင့္လည္းေကာင္း ျပဳလုပ္တတ္တဲ့အရာတစ္ခု ျဖစ္ပါတယ္။

က်န္းမာေရး႐ႈေထာင့္မွေန၍ အရြယ္ေရာက္ျပီးလူတိုင္း သိထားသင့္တဲ့ အေမးမ်ားေသာ ေမးခြန္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ေမး : ပါးစပ္နဲ႔လိင္ဆက္ဆံျခင္းဟာ ကိုယ္ဝန္ရႏိုင္ပါလား?
ေျဖ : မရႏိုင္ပါ။

ေမး : အမ်ိဳးသားရဲ႕သုတ္ရည္ကို အမ်ိဳးသမီးက ၿမိဳခ်လိုက္မယ္ဆိုရင္ေရာ ကိုယ္ဝန္ရႏိုင္ပါသလား?
ေျဖ : မရႏိုင္ပါဘူး။ ဘာေျကာင့္လဲဆိုေတာ့ ပါးစပ္ကၿမိဳခ်လိုက္တဲ့သုတ္ရည္နဲ႔(သုတ္ရည္မွာပါဝင္တဲ့)သုတ္ပိုးေတြဟာ အစာအိမ္ထဲကိုေရာက္ၿပီး အစာေခ်အက္ဆစ္ေၾကာင့္ေသေၾကပ်က္စီးၿပီး အစာေဟာင္းေတြနဲ႔အတူ မစင္အျဖစ္စြန္႔ပစ္ျခင္းခံရလို႔ပါ။ (သုတ္ပိုးဟာ သားအိမ္ထဲမွ မမ်ိဳးဥနဲ႔ေတြ႔ျပီး သေႏၶေအာင္မွသာလ်ွင္ ကိုယ္ဝန္ရမွာပါ။)

ေမး: ပါးစပ္နဲ႔လိင္ဆက္ဆံရင္ အိတ္ခ်္အိုင္ဗီ (HIV) ၊ ေအအိုင္ဒီအက္စ္ (AIDS) မကူးႏိုင္ဘူးေပါ့ေနာ္?
ေျဖ: ဒီအယူအဆဟာ လံုးဝမွားပါတယ္။ ပါးစပ္နဲ႔လိင္ဆက္ဆံျခင္းဟာ ပံုမွန္လိင္ဆက္ဆံသူေတြလိုပဲ အိတ္ခ်္အိုင္ဗီ (HIV) ၊ ေအအိုင္ဒီအက္စ္ (AIDS) အပါအဝင္ အျခားေသာ လိင္မွကူးစက္တတ္တဲ့ ေရာဂါပိုးမွန္သမ်ွ အကုန္ကူးႏိုင္ပါတယ္။

ေမး:ဘယ္လိုပိုးေတြကူးႏိုင္တာလဲ ?
ေျဖ : ကူးစက္ႏိုင္တဲ့ေရာဂါပိုးေတြကေတာ့….

  • (1)ေရယုန္
  • (2)ဆီးပူေညာင္းက် (ဂႏိုေရာဂါ)
  • (3)ကာလသားေရာဂါ (ဆစ္ဖလစ္)
  • (4)အသည္းေရာင္အသားဝါ A ပိုး
  • (5)အသည္းေရာင္အသားဝါ B ပိုး
  • (6)အသည္းေရာင္အသားဝါ C ပိုး
  • (7)အိတ္ခ်္အိုင္ဗီ (HIV/AIDS)
  • (8)ကလမ္မိုင္းဒီးယား (Clamydia) အပါအဝင္

အျခားေသာလိင္မွတဆင့္ကူးစက္ႏိုင္တဲ့ေရာဂါပိုးမွန္သမ်ွ အကုန္ကူးႏိုင္ပါတယ္။

ေမး: အေပၚကေျပာတဲ့ေရာဂါေတြက ပါးစပ္နဲ႔ျပဳလုပ္ေပးတဲ့သူက ကူးမွာလား? ျပဳလုပ္ခံရတဲ့သူကကူးမွာလား?
ေျဖ:ပါးစပ္ကိုအသံုးျပဳၿပီးလုပ္ေပးတဲ့သူက ကူးစက္ႏိုင္ေခ်ပိုမ်ားပါတယ္။ လိင္အဂၤါကထြက္တဲ့ အရည္ေတြ(သုတ္ရည္၊ ေရွ႔ေျပးအရည္ၾကည္) ထဲကတဆင့္ ကူးစက္တာျဖစ္ပါတယ္။ ျပဳလုပ္ခံသူမွာလည္း ကူးစက္ႏိုင္ပါတယ္။

ေမး: ဘယ္လိုအေျခအေနေတြမွာ ကူးႏိုင္ေခ်ပိုမ်ားလဲ?
ေျဖ: ပါးစပ္ထဲမွာ အနာ၊ ဒဏ္ရာ၊ အေပါက္အျပဲ႐ွိေနရင္ ကူးႏိုင္ေခ်ပိုမ်ားပါတယ္။ ဒါေၾကာင့္ ပါးစပ္နဲ႔လိင္မဆက္ဆံမီ သြားတိုက္ျခင္းမျပဳလုပ္သင့္ပါဘူး။ မျဖစ္မေန ခံတြင္းသန္႔႐ွင္းေရးလုပ္မယ္ဆိုရင္ေတာ့ ခံတြင္းသန္႔႐ွင္းေဆးရည္ေတြကို အသံုးျပဳတာပိုသင့္ေလ်ာ္ပါတယ္။

ေမး: ဒီေရာဂါေတြမကူးေအာင္ ဘယ္လိုလုပ္သင့္လဲ?
ေျဖ: ကြန္ဒံုးစြပ္ၿပီးမွ ပါးစပ္နဲ႔ဆက္ဆံတာဟာ ေရာဂါကူးစက္မႈကို ကာကြယ္ေပးပါတယ္။

အျခားသိလိုေသာေမးခြန္းမ်ားကို My Doctor Chat Box မွတစ္ဆင့္ ေမးျမန္းေဆြးေႏြးႏိုင္ပါတယ္။

ေမ (ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *