All Articlesမျိုးဆက်ပွားကျန်းမာရေး

Frequency of Making Love in Couples

1 Mins read

သတိ ၁၈ နှစ်အောက်မဖတ်ရ။ ( အပိုင်း_ ၂)

အိမ်ထောင်ရှင်များနှင့် ချစ်ရည်လူးတဲ့ အကြိမ်အရေအတွက်
ဒ ီဆောင်းပါးဟာ ကျန်းမာရေး ရှုထောင့်ကရေးသားထားတာမို့ အိမ်ထောင်ရှင်များအတွက် သို့လော သို့လောတွေ ရှင်းစေမယ်လို့ ယုံကြည်သလို ကျန်းမာရေးအမြင်နှင့်သာ ကြည့်ပေးပါရန် အရင်ဆုံးပြောလိုပါတယ်။ အိမ်ထောင်ရှင်အမျိုးသား၊ အိမ်ထောင်ရှင်အမျိုးသမီးတော်တော်များများ အရင်းနှီးဆုံး မိတ်ဆွေ ၊အပေါင်းအသင်းတွေနဲ့တွေ့တဲ့အခါ တီးတိုးဆွေးနွေးလေ့ရှိတဲ့ကိစ္စရှိပါတယ်တဲ့။

အဲဒါကတော့ ချစ်ရည်လူးတဲ့ အကြိမ်ရေ( လင်မယားအတူနေတဲ့ အကြိမ်ရေ)ပါပဲတဲ့။

အဓိက သိချင်ကြတာကတော့ ” တစ်လမှာ တစ်ခါသာ” ဆိုတဲ့ မောင်နှံတွေကြတော့ “ငါတို့ မချစ်တော့လို့များလား”

မိန်းမအနေနဲ့ဆို ” ငါ့ယောကျာ်းအပေါ်ဆွဲဆောင်မှု မရှိတော့တာများလား” ဆိုပြီးသိချင်ကြတာပါတဲ့။

” တစ်ပတ်မှာ အကြိမ်ကြိမ်ခါ” ဆိုတဲ့ မောင်နှံတွေကြတော့ ” ဒါဟာ သဘာဝမှဟုတ်ရဲ့လား”

” ငါပဲ တဏှာကြီးနေတာလား၊ ဟော်မုန်းများနေတာလား” စသဖြင့် အတွေးပေါင်းစုံရှိတတ်ကြပါတယ်။

ဒါမျိုးတွေးနေမိမယိဆိုရင်တောင် ” သင်တစ်ယောက်ထဲတွေးတာမဟုတ်ပါဘူး” လို့ပြောပါရစေ။

ဒီအတွေးတွေရဲ့ အဓိကအကြောင်းကတော့ အိမ်ထောင်သည်တွေရဲ့ ချစ်ရည်လူးတဲ့အကြိမ်ရေဟာ အခြားဟာတွေလို * တစ်ပတ်ဘယ် နှစ်ကြိမ်မှ ပုံမှန်* ဆိုတဲ့ စိချိန်စံညွန်းမရှိလို့ပါဘဲ။

ဥပမာ_ အိမ်ထောင်ကျကာစ အချစ်ငှက်မောင်နှံတွေ အတွက်ဆို တစ်ပတ် ၇ကြိမ်ချစ်ရည်လူးတာဖြစ်နိုင် သလို။ အသက်၆၀ကျော်လာတဲ့ စုံတွဲတွေအတွက်ကတော့ တစ်လလုံး တစ်ကြိမ် တောင်မှ ချစ်ရည်လူးတာမျိုး မရှိတာလည်း ဖြစ်နိုင်ပါတယ်။

နောက်ထူးဆန်းတာတစ်ခုက ချစ်ရည်လူးတဲ့အကြိမ်ရေဟာ သင့်ကို အိမ်ထောင်ဖက် ချစ်မချစ်၊ သင်ဟာ အိမ်ထောင်ဖက်အပေါ် ဆွဲဆောင်မှုရှိမရှိတို့နဲ့ အနည်းငယ်သာ ဆိုင်ပါတယ်တဲ့။

အိမ်ထောင် သက်ကြာလာမယ်ဆိုရင် အချစ်ထက် မေတ္တာ ဆွဲဆောင်မှုထက် ကြင်နာမှုတို့က ပိုအလေးသာလာတာမို့ အတူနေမှ ချစ်ရည်လူးမှ ဆိုတာဟာ မမှန်တော့ပါဘူး။

ဥပမာ_ အဘိုးက အဘွားလက်ကလေးကိုင်ပြီး ပြုံးပြုံးလေးကြည့်နေတယ်ဆိုတာရဲ့နောက်မှာ လိင်မှုကိစ္စမပါတော့ာဘူး။ ဒါပေမယ့် ဒါက မေတ္တာလျှော့သွားတာလည်း မဟုတ်ပါဘူးနော်။ တကယ်တမ်း ချစ်ရည်လူးတဲ့ အကြိမ်ရေဟာ

  • စိတ်ပူပင်သောက
  • ကိုယ်ခန္တာကျန်းမာရေး
  • Sexual drive လို့ခေါ်တဲ့ တစ်ဦးချင်းဆီရဲ့ လိင်စိတ်နှိုးစွမှု

တို့အပေါ်သာ အဓိကမူတည်တာပါ။

အနောက်နိုင်ငံတွေရဲ့လေ့လာတဲ့စစ်တမ်းအရဆိုရင်တော့ အသက်အရွယ်အပိုင်းအခြားပေါ်မူတညိပြီး

  • အသက် ၂၀ မှ ၃၀ကြားဆိုရင် …. တစ်ပတ် ၂ကြိမ်
  • အသင် ၃၀မှ ၄၀ကြားဆိုရင်… တစ်ပတ်တစ်ကြိမ်
  • အသက် ၄၀ကျော်လာရင် … ၂ပတ်မှ တစ်ကြိမ်လောက်သာ ချစ်ရည်လူးဖြစ်ကြပါတယ်တဲ့။

ဒီလို အကြိမ်ရေနည်းလာတာဟာ ဘဝရဲ့ စိန်ခေါ်မှုတွေ၊ အလုပ်ရဲ့စိတ်ဖီးစီးမှုတွေကြောင့် အဓိကပါတဲ့။

ဒါပေမယ့် ချစ်ရည်လူးတာအကြိမ်ရေပိုများတဲ့ အိမ်ထောင်ရှင်တွေမှာ ပိုပျော်ရွှင်တာမျိုးမရှိသလို။ နည်းတဲ့ အိမ်ထောင်ရှင်တွေမှာလည်း မပျော်ရွှင်တာမျိုး မရှိပါဘူးတဲ့။

တကယ်တမ်း အိမ်ထောင်ရှင်တွေအတွက် ပျော်ရွှင်ခြင်း၊ အိမ်ထောင်သာယာခြင်းဆိုတာ ချစ်ရည်လူးတဲ့အကြိမ်ရေထက် အခြား နားလည်ခြင်း၊ ကြင်နာခြင်း၊ ဝါသနာပါရာတွေကို အတူလုပ်ဆောင်ခြင်းတို့က ပိုပြီး အဓိကကြပါတယ်လို့ ပြောရင်း အိမ်ထောင်ရှင်စုံတွဲတိုင်း ပျော်ရွှင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မယ်တင်( ဆေး ၁)

သတိ ၁၈ ႏွစ္ေအာက္မဖတ္ရ။ ( အပိုင္း_ ၂)

အိမ္ေထာင္ရွင္မ်ားႏွင့္ ခ်စ္ရည္လူးတဲ့ အႀကိမ္အေရအတြက္
ဒ ီေဆာင္းပါးဟာ က်န္းမာေရး ရႈေထာင့္ကေရးသားထားတာမို႔ အိမ္ေထာင္ရွင္မ်ားအတြက္ သို႔ေလာ သို႔ေလာေတြ ရွင္းေစမယ္လို႔ ယံုၾကည္သလို က်န္းမာေရးအျမင္ႏွင့္သာ ၾကည့္ေပးပါရန္ အရင္ဆံုးေျပာလိုပါတယ္။ အိမ္ေထာင္ရွင္အမ်ိဳးသား၊ အိမ္ေထာင္ရွင္အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား အရင္းႏွီးဆံုး မိတ္ေဆြ ၊အေပါင္းအသင္းေတြနဲ႔ေတြ႕တဲ့အခါ တီးတိုးေဆြးေႏြးေလ့ရွိတဲ့ကိစၥရွိပါတယ္တဲ့။

အဲဒါကေတာ့ ခ်စ္ရည္လူးတဲ့ အႀကိမ္ေရ( လင္မယားအတူေနတဲ့ အႀကိမ္ေရ)ပါပဲတဲ့။

အဓိက သိခ်င္ၾကတာကေတာ့ " တစ္လမွာ တစ္ခါသာ" ဆိုတဲ့ ေမာင္ႏွံေတြၾကေတာ့ "ငါတို႔ မခ်စ္ေတာ့လို႔မ်ားလား"

မိန္းမအေနနဲ႔ဆို " ငါ့ေယာက်ာ္းအေပၚဆြဲေဆာင္မႈ မရွိေတာ့တာမ်ားလား" ဆိုၿပီးသိခ်င္ၾကတာပါတဲ့။

" တစ္ပတ္မွာ အႀကိမ္ႀကိမ္ခါ" ဆိုတဲ့ ေမာင္ႏွံေတြၾကေတာ့ " ဒါဟာ သဘာဝမွဟုတ္ရဲ႕လား"

" ငါပဲ တဏွာႀကီးေနတာလား၊ ေဟာ္မုန္းမ်ားေနတာလား" စသျဖင့္ အေတြးေပါင္းစံုရွိတတ္ၾကပါတယ္။

ဒါမ်ိဳးေတြးေနမိမယိဆိုရင္ေတာင္ " သင္တစ္ေယာက္ထဲေတြးတာမဟုတ္ပါဘူး" လို႔ေျပာပါရေစ။

ဒီအေတြးေတြရဲ႕ အဓိကအေၾကာင္းကေတာ့ အိမ္ေထာင္သည္္ေတြရဲ႕ ခ်စ္ရည္လူးတဲ့အႀကိမ္ေရဟာ အျခားဟာေတြလို * တစ္ပတ္ဘယ္ ႏွစ္ႀကိမ္မွ ပံုမွန္* ဆိုတဲ့ စိခ်ိန္စံညြန္းမရွိလို႔ပါဘဲ။

ဥပမာ_ အိမ္ေထာင္က်ကာစ အခ်စ္ငွက္ေမာင္ႏွံေတြ အတြက္ဆို တစ္ပတ္ ၇ႀကိမ္ခ်စ္ရည္လူးတာျဖစ္ႏိုင္ သလို။ အသက္၆၀ေက်ာ္လာတဲ့ စံုတြဲေတြအတြက္ကေတာ့ တစ္လလံုး တစ္ႀကိမ္ ေတာင္မွ ခ်စ္ရည္လူးတာမ်ိဳး မရွိတာလည္း ျဖစ္ႏိုင္ပါတယ္။

ေနာက္ထူးဆန္းတာတစ္ခုက ခ်စ္ရည္လူးတဲ့အႀကိမ္ေရဟာ သင့္ကို အိမ္ေထာင္ဖက္ ခ်စ္မခ်စ္၊ သင္ဟာ အိမ္ေထာင္ဖက္အေပၚ ဆြဲေဆာင္မႈရွိမရွိတို႔နဲ႔ အနည္းငယ္သာ ဆိုင္ပါတယ္တဲ့။

အိမ္ေထာင္ သက္ၾကာလာမယ္ဆိုရင္ အခ်စ္ထက္ ေမတၱာ ဆြဲေဆာင္မႈထက္ ၾကင္နာမႈတို႔က ပိုအေလးသာလာတာမို႔ အတူေနမွ ခ်စ္ရည္လူးမွ ဆိုတာဟာ မမွန္ေတာ့ပါဘူး။

ဥပမာ_ အဘိုးက အဘြားလက္ကေလးကိုင္ၿပီး ျပံဳးျပံဳးေလးၾကည့္ေနတယ္ဆိုတာရဲ႕ေနာက္မွာ လိင္မႈကိစၥမပါေတာ့့ာဘူး။ ဒါေပမယ့္ ဒါက ေမတၱာေလၽွာ့သြားတာလည္း မဟုတ္ပါဘူးေနာ္။ တကယ္တမ္း ခ်စ္ရည္လူးတဲ့ အႀကိမ္ေရဟာ

  • စိတ္ပူပင္ေသာက
  • ကိုယ္ခနၱာက်န္းမာေရး
  • Sexual drive လို႔ေခၚတဲ့ တစ္ဦးခ်င္းဆီရဲ႕ လိင္စိတ္ႏႈိးစြမႈ

တို႔အေပၚသာ အဓိကမူတည္တာပါ။

အေနာက္ႏိုင္ငံေတြရဲ႕ေလ့လာတဲ့စစ္တမ္းအရဆိုရင္ေတာ့ အသက္အရြယ္အပိုင္းအျခားေပၚမူတညိၿပီး

  • အသက္ ၂၀ မွ ၃၀ၾကားဆိုရင္ .... တစ္ပတ္ ၂ႀကိမ္
  • အသင္ ၃၀မွ ၄၀ၾကားဆိုရင္... တစ္ပတ္တစ္ႀကိမ္
  • အသက္ ၄၀ေက်ာ္လာရင္ ... ၂ပတ္မွ တစ္ႀကိမ္ေလာက္သာ ခ်စ္ရည္လူးျဖစ္ၾကပါတယ္တဲ့။

ဒီလို အႀကိမ္ေရနည္းလာတာဟာ ဘဝရဲ႕ စိန္ေခၚမႈေတြ၊ အလုပ္ရဲ႕စိတ္ဖီးစီးမႈေတြေၾကာင့္ အဓိကပါတဲ့။

ဒါေပမယ့္ ခ်စ္ရည္လူးတာအႀကိမ္ေရပိုမ်ားတဲ့ အိမ္ေထာင္ရွင္ေတြမွာ ပိုေပ်ာ္ရႊင္တာမ်ိဳးမရွိသလို။ နည္းတဲ့ အိမ္ေထာင္ရွင္ေတြမွာလည္း မေပ်ာ္ရႊင္တာမ်ိဳး မရွိပါဘူးတဲ့။

တကယ္တမ္း အိမ္ေထာင္ရွင္ေတြအတြက္ ေပ်ာ္ရႊင္ျခင္း၊ အိမ္ေထာင္သာယာျခင္းဆိုတာ ခ်စ္ရည္လူးတဲ့အႀကိမ္ေရထက္ အျခား နားလည္ျခင္း၊ ၾကင္နာျခင္း၊ ဝါသနာပါရာေတြကို အတူလုပ္ေဆာင္ျခင္းတို႔က ပိုၿပီး အဓိကၾကပါတယ္လို႔ ေျပာရင္း အိမ္ေထာင္ရွင္စံုတြဲတိုင္း ေပ်ာ္ရႊင္ပါေစလို႔ ဆနၵျပဳလိုက္ပါတယ္။

မယ္တင္( ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *