မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း
အမျိုးသမီးများရဲ့ မိန်းမကိုယ်ဟာအင်မတန်နူးညံ့ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုမှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အမျိုးသမီးများ မိမိကိုယ်ကိုယုံကြည်စိတ်ချစွာသွားလာလှုပ်ရှားနိုင်ဖို့ မိန်းမကိုယ်ကျန်းမာရေးကိုအမြဲသတိပြုသင့်ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် မိန်းမကိုယ်အတွင်းပိုင်းမှ နေ့စဉ်အဖြူ အရည်ကြည်အနည်းငယ်ဆင်းလေ့ရှိပြီး အနံ့ရှိပေမယ့် သိသာဆိုးရွားတဲ့အနံ့တော့မဟုတ်ပါဘူး။ဒီလိုမဟုတ်ဘဲ မိန်းမကိုယ်အနံ့အသက်မကောင်းတာမျိုးကြုံလာရပြီဆိုရင် အကြောင်းရင်းခံကိုရှာဖွေကုသသင့်ပါတယ်။
မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်းနှင့်အတူ မိန်းမကိုယ်မှ အရည်များပုံမှန်ထက်ဆင်းခြင်း ယားယံခြင်း နာကျင်ခြင်းတို့ပါ ပူးတွဲခံစားရတတ်ပါတယ်။
မိန်းမကိုယ်အနံ့ဆိုးကိုဖြစ်စေတတ်တဲ့အကြောင်းရင်းများ
-Bacterial vaginosis
မိန်းမကိုယ်မှာ သဘာဝအတိုင်းရှိနေတဲ့ ကပ်ပါးပိုးမွှားလေးတွေရှိတတ်ပါတယ်။ဥပမာအားဖြင့် ဆပ်ပြာအပြင်းစားတွေသုံးပြီးမိန်းမကိုယ်ရဲ့ မူလ pH ပြောင်းလဲသွားတဲ့အခါမျိုးမှာ ဒီ bacteria လေးတွေပိုမိုပွားများလာပြီး အနံ့ဆိုးတဲ့အရည်များကို ဆင်းစေပါတယ်။
-STI(လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများ) ဥပမာ_ Trichomoniasis
-မိန်းမကိုယ်မှာ အနာဖြစ်ခြင်း ပိုးဝင်ခြင်း
-မိန်းမမျိုးပွားအင်္ဂါများပိုးဝင်ရောင်ရမ်းခြင်း
-ရာသီလာစဉ်သုံးသော Tampon,မိန်းမသုံး condom (diaphragm)တို့ကို အချိန်ကြာမြင့်စွာမိန်းမကိုယ်ထဲမှ မထုတ်မိခြင်း
-ဆီးလမ်းကြောင်း ဝမ်းအိမ်များနှင့် မိန်းမကိုယ်လမ်းကြောင်းဆက်နေခြင်း
-ဆီးဝမ်းမထိန်းနိုင်သဖြင့် အညစ်အကြေးများမှ အနံ့ထွက်ခြင်း(ဥပမာ_လေဖြတ်လူနာများ)
-ချွေးထွက်များခြင်း
-တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်း
-မိန်းမမျိုးပွားအင်္ဂါကင်ဆာများဖြစ်ခြင်း
-အနံ့နှင့်ပတ်သက်သော ထင်ယောင်ထင်မှားရောဂါရှိခြင်း(တစ်ချို့သော အတက်ရောဂါရှိသူတွေမှာ ဖြစ်တတ်ပါတယ်)
-စိတ်ပိုင်းဆိုင်ရာပြဿ နာရှိခြင်းတို့ဖြစ်ပါတယ်။
မိန်းမကိုယ်အနံ့ထွက်ခြင်းကို ဘယ်လိုလျှော့ချမလဲ။
-တင်းကျပ်တဲ့ အတွင်းခံများဝတ်ဆင်ခြင်းမှရှောင်ကြဉ်ပါ။
-အတွင်းခံများကို လဲလှယ်ဝတ်ဆင်ပါ။
-မိန်းမကိုယ်ပြင်ပကို သန့်စင်ဆေးရည်အပျော့စားနှင့်သာ ဆေးကြောသန့်စင်ပါ။အတွင်းပိုင်းထိ သန့်ရှင်းခြင်းကိုရှောင်ကြဉ်ပါ။
မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်းဆက်လက်ဖြစ်ပေါ်နေတယ်ဆိုရင်တော့ ကျွမ်းကျင်သူဆရာဝန်နဲ့ပြသပြီး တိုင်ပင်ကုသပါ။
Dr. Pwint Phyo Kyaw
မိန္းမကိုယ္မွ အနံ႔ဆိုးထြက္ျခင္း
အမ်ိဳးသမီးမ်ားရဲ႕ မိန္းမကိုယ္ဟာအင္မတန္ႏူးညံ့ျပီး တစ္ကိုယ္ေရသန္႔ရွင္းမႈမွာ အေရးပါတဲ႔ အဂၤါအစိတ္အပိုု္င္းတစ္ခုျဖစ္ပါတယ္။အမ်ိဳးသမီးမ်ား မိမိကို္ယ္ကိုယံုၾကည္စိတ္ခ်စြာသြားလာလႈပ္ရွားနိုင္ဖို႔ မိန္းမကုိယ္က်န္းမာေရးကိုအျမဲသတိျပဳသင့္ပါတယ္။
ပံုမွန္အားျဖင့္ဆိုရင္ မိန္းမကို္ယ္အတြင္းပိုင္းမွ ေန႕စဥ္အျဖဴ အရည္ၾကည္အနည္းငယ္ဆင္းေလ့ရွိျပီး အနံ႔ရွိေပမယ့္ သိသာဆိုးရြားတဲ႔အနံ႕ေတာ့မဟုတ္ပါဘူး။ဒီလိုမဟုတ္ဘဲ မိန္းမကိုယ္အနံ႔အသက္မေကာင္းတာမ်ိဳးၾကံဳလာရျပီဆိုရင္ အေၾကာင္းရင္းခံကိုရွာေဖြကုသသင့္ပါတယ္။
မိန္းမကိုယ္အနံ႕ဆိုးထြက္ျခင္းႏွင့္အတူ မိန္းမကိုယ္မွ အရည္မ်ားပံုမွန္ထက္ဆင္းျခင္း ယားယံျခင္း နာက်င္ျခင္းတို႔ပါ ပူးတြဲခံစားရတတ္ပါတယ္။
မိန္းမကိုယ္အနံ႔ဆိုးကိုျဖစ္ေစတတ္တဲ႔အေၾကာင္းရင္းမ်ား
-Bacterial vaginosis
မိန္းမကိုယ္မွာ သဘာဝအတိုင္းရွိေနတဲ႔ ကပ္ပါးပိုးမႊားေလးေတြရွိတတ္ပါတယ္။ဥပမာအားျဖင့္ ဆပ္ျပာအျပင္းစားေတြသံုးျပီးမိန္းမကိုယ္ရဲ႕ မူလ pH ေျပာင္းလဲသြားတဲ႔အခါမ်ိဳးမွာ ဒီ bacteria ေလးေတြပိုမိုပြားမ်ားလာျပီး အနံ႔ဆိုးတဲ႔အရည္မ်ားကို ဆင္းေစပါတယ္။
-STI(လိင္မွတစ္ဆင့္ကူးစက္တတ္တဲ့ေရာဂါမ်ား) ဥပမာ_ Trichomoniasis
-မိန္းမကို္ယ္မွာ အနာျဖစ္ျခင္း ပိုးဝင္ျခင္း
-မိန္းမမ်ိဳးပြားအဂၤါမ်ားပိုးဝင္ေရာင္ရမ္းျခင္း
-ရာသီလာစဥ္သံုးေသာ Tampon,မိန္းမသံုး condom (diaphragm)တို႔ကို အခ်ိန္ၾကာျမင့္စြာမိန္းမကိုယ္ထဲမွ မထုတ္မိျခင္း
-ဆီးလမ္းေၾကာင္း ဝမ္းအိမ္မ်ားႏွင့္ မိန္းမကိုယ္လမ္းေၾကာင္းဆက္ေနျခင္း
-ဆီးဝမ္းမထိန္းႏိုင္သျဖင့္ အညစ္အေၾကးမ်ားမွ အနံ႕ထြက္ျခင္း(ဥပမာ_ေလျဖတ္လူနာမ်ား)
-ေခြ်းထြက္မ်ားျခင္း
-တစ္ကိုယ္ေရသန္႕ရွင္းမႈမရွိျခင္း
-မိန္းမမ်ိဳးပြားအဂၤါကင္ဆာမ်ားျဖစ္ျခင္း
-အနံ႕ႏွင့္ပတ္သက္ေသာ ထင္ေယာင္ထင္မွားေရာဂါရွိျခင္း(တစ္ခ်ိဳ႕ေသာ အတက္ေရာဂါရွိသူေတြမွာ ျဖစ္တတ္ပါတယ္)
-စိတ္ပိုင္းဆိုင္ရာျပႆ နာရွိျခင္းတို႔ျဖစ္ပါတယ္။
မိန္းမကိုယ္အနံ႔ထြက္ျခင္းကို ဘယ္လိုေလ်ွာ့ခ်မလဲ။
-တင္းက်ပ္တဲ႔ အတြင္းခံမ်ားဝတ္ဆင္ျခင္းမွေရွာင္ၾကဥ္ပါ။
-အတြင္းခံမ်ားကို လဲလွယ္ဝတ္ဆင္ပါ။
-မိန္းမကိုယ္ျပင္ပကို သန္႔စင္ေဆးရည္အေပ်ာ့စားႏွင့္သာ ေဆးေၾကာသန္႔စင္ပါ။အတြင္းပိုင္းထိ သန္႔ရွင္းျခင္းကိုေရွာင္ၾကဥ္ပါ။
မိန္းမကိုယ္အနံ႕ဆိုးထြက္ျခင္းဆက္လက္ျဖစ္ေပၚေနတယ္ဆိုရင္ေတာ့ ကြ်မ္းက်င္သူဆရာဝန္နဲ႔ျပသျပီး တိုင္ပင္ကုသပါ။
Dr. Pwint Phyo Kyaw