ခေတ်မှီသားဆက်ခြားနည်းလမ်းများ အပိုင်း(၁)
ခုခေတ်ကာလမှာ အမျိုးသမီးတွေက အမျိုးသားများ နည်းတူ အလုပ်ခွင်တွေမှာ ရင်ဘောင်တန်း လုပ်ကိုင်နေကြပါတယ်။ ဒီလို အလုပ်များ planတွေနဲ့ ဘဝကြီး တည်ဆောက်နေသူ မမ များအတွက် အဆင်ပြေမယ် နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
(၁ )လက်မောင်းထဲ ထည့် သန္ဓေတားပစ္စည်းလေးများ
၉၉ရာခိုင်နှုန်းလောက်ကာကွယ်ပေးလို့ အရမ်းထိရောက်တဲ့ပစ္စည်းလေးပါ အကြာကြီးနှစ်နဲ့ ချီ အာနိသင်ရှိတော့ အလုပ်များတဲ့ မမ တွေအတွက် ကွက်တိပါ ။
ဘယ်လိုထည့်ရလဲ?
ထည့်တဲ့ အချိန်လေးပဲ ဆရာဝန်နဲ့ ထည့် ဖို့လိုတာပါ အများဆုံး၁၅မိနစ်ပဲကြာတာမို့ အနည်းဆုံး ၃နှစ် ကနေ ၅ နှစ် အထိအာနိသင် အပြည့်ပါ အမာရွတ်လည်းမထင်ပါဘူး။ တချို့ တွေထင်သလို သူများတွေ့မှာလည်းမဟုတ်ပါဘူး အရေပြားအောက်မှာ ပဲ လက်မောင်းအလှမပျက်စေပါဘူး။ ဆေးကဒ်လို နေ့စဉ် မှတ်ပြီး သောက်နေရတဲ့ ဒုက္ခ လည်း ချုပ်ငြိမ်းစေသလို ၃လတခါ တင်ပါးနာနေရတာတွေ ကင်းဝေးစေပါတယ်။ သားအိမ်ထဲ ထည့်တဲ့ ပစ္စည်းလေး လို ရာသီလာပြီး ပြန်ပြန်စမ်းဖို့ လည်းမလိုပါဘူး။ ပြောရရင်တော့ ထည့်ပြီးရင် ဘာမှကို လှည့်ကြည့်စရာ မလိုတော့ဘူးလေ။
ဘယ်သူတွေနဲ့ သင့်လျော်သလဲ ?
ဆေးလိပ်သောက်တဲ့ ခေတ်မှီ မမ တွေ သွေးတိုးရောဂါရှိသူတွေ နို့တိုက်မိခင်တွေ အရေးပေါ်တားဆေး တွေသောက်လိုက် စိတ်ပူလိုက် ဖြစ်နေသူတွေ ကလေးယူဖို့ planချ ထားသူတွေ အတွက် အထူးသင့်လျော်ပါတယ်။
ဘယ်အချိန်မှာထည့်မလဲ ?
ရာသီရဲ့ဘယ်အချိန်မဆို ထည့်လို့ရပါတယ်။ ထည့်ပြီး ၇ရက်နေ အာနိသင်စပြပါတယ်။ အဲဒီ စစခြင်း ၇ရက်အတွင်းတော့ ကွန်ဒုံးသုံးပေးဖို့လိုပါတယ် ဒါမှမဟုတ် အရေးပေါ်ဆေး သောက်ဖို.လိုပါတယ်။ ကွန်ဒုံးမသုးံ ချင်ရင် ဆေး မသောက်ချင် ရင် ရာသီစစလာတဲ့ ရက်မှာ ထည့်ပါ။
ကောင်းကျိုးလေးများ
သူ့ကောင်းကျိုးလေးက ရာသီများပြီး ဗိုက်အောင့်နာကျင် ခံစားနေတဲ့ မမတွေအတွက် ဝေဒနာ သက်သာဆေးတခုပါ။ သန္ဓေလည်း တား အကျိုးလည်း ရှိပေါ့နော်။ အကောင်းဆုံးက သားသားမီးမီးလိုချင်ပြီကွာလို့ လင်မယားဆုံးဖြတ်ပြီး ဒါလေးချက်ချင်းထုတ် အမြန်ဆုံး ကလေးရစေတတ်ပါတယ် တချို့တားဆေးတွေလို မကြာဘူးနော် ။
ဆိုးကျိုး
ဆိုးကျိုးတွေကတော့ တခြားတားဆေးတွေနဲ့ယှဉ်ရင် နည်းပါတယ်။ အဲတခုက လိင်မှတဆင့်ကူးစက်တတ်တာတွေကို ကာကွယ်ဖို့ကျ ကွန်ဒုံးလိုအပ်ပါတယ်။ ဒီဆေးက တားဆေးပဲမို့ပါ။ စသုံးသုံးခြင်း ခေါင်းလေးမူးတာ စိတ်တိုတာကတော့ ရက်ပိုင်းလေးဖြစ်တတ်တယ်။ တချို့က ရာသီထိန်တာ မမှန်တာဖြစ်တတ်တယ် ။ စိုးရိမ်စရာမရှိပါဘူးနော်။ ဟော်မုန်းလေးတွေကြောင့်ပါ။ ကလေးမလိုချင်သေးဘူး၊ အလုပ်ရှုပ်လို့ မေ့လည်းမေ့တတ်တယ်၊ အာရုံမနောက်ချင်ဘူးဆိုတဲ့ မမတို့အတွက်တော့ သင့်တော်မယ့်နည်းလေးပဲမို့ တင်ပြလိုက်ပါတယ် ။
Dr. ZYL
ေခတ္မွီသားဆက္ျခားနည္းလမ္းမ်ား အပိုင္း(၁)
ခုေခတ္ကာလမွာ အမ်ိဳးသမီးေတြက အမ်ိဳးသားမ်ား နည္းတူ အလုပ္ခြင္ေတြမွာ ရင္ေဘာင္တန္း လုပ္ကိုင္ေနျကပါတယ္။ ဒီလို အလုပ္မ်ား planေတြနဲ႕ ဘဝျကီး တည္ေဆာက္ေနသူ မမ မ်ားအတြက္ အဆင္ေျပမယ္ နည္းေလးေတြကို ေဝမ်ွေပးလိုက္ပါတယ္ေနာ္။
(၁ )လက္ေမာင္းထဲ ထည့္ သေႏၶတားပစၥည္းေလးမ်ား
၉၉ရာခိုင္ႏႈန္းေလာက္ကာကြယ္ေပးလို႕ အရမ္းထိေရာက္တဲ႕ပစၥည္းေလးပါ အျကာျကီးနွစ္နဲ႕ ႕ ခ်ီ အာနိသင္ရွိေတာ့ အလုပ္မ်ားတဲ႕ မမ ေတြအတြက္ ကြက္တိပါ ။
ဘယ္လိုထည့္ရလဲ?
ထည့္တဲ႕ အခ်ိန္ေလးပဲ ဆရာဝန္နဲ႕ ထည့္ ဖို႕လိုတာပါ အမ်ားဆံုး၁၅မိနစ္ပဲျကာတာမို႕ အနည္းဆံုး ၃နွစ္ ကေန ၅ နွွစ္ အထိအာနိသင္ အျပည့္ပါ အမာရြတ္လည္းမထင္ပါဘူး။ တခ်ိဳ႕ ေတြထင္သလို သူမ်ားေတြ့မွာလည္းမဟုတ္ပါဘူး အေရျပားေအာက္မွာ ပဲ လက္ေမာင္းအလွမပ်က္ေစပါဘူး။ ေဆးကဒ္လို ေန႕စဥ္ မွတ္ျပီး ေသာက္ေနရတဲ႕ ဒုကၡ လည္း ခ်ဳပ္ျငိမ္းေစသလို ၃လတခါ တင္ပါးနာေနရတာေတြ ကင္းေဝးေစပါတယ္။ သားအိမ္ထဲ ထည့္တဲ႕ ပစၥည္းေလး လို ရာသီလာျပီး ျပန္ျပန္စမ္းဖို႕ လည္းမလိုပါဘူး။ ေျပာရရင္ေတာ့ ထည့္ျပီးရင္ ဘာမွကို လွည့္ၾကည့္စရာ မလိုေတာ့ဘူးေလ။
ဘယ္သူေတြနဲ႕ သင့္ေလ်ာ္သလဲ ?
ေဆးလိပ္ေသာက္တဲ႕ ေခတ္မွီ မမ ေတြ ေသြးတိုးေရာဂါရွိသူေတြ နို႕တိုက္မိခင္ေတြ အေရးေပၚတားေဆး ေတြေသာက္လိုက္ စိတ္ပူလိုက္ ျဖစ္ေနသူေတြ ကေလးယူဖို႕ planခ် ထားသူေတြ အတြက္ အထူးသင့္ေလ်ာ္ပါတယ္။
ဘယ္အခ်ိန္မွာထည့္မလဲ ?
ရာသီရဲ႕ဘယ္အခ်ိန္မဆို ထည့္လို႕ရပါတယ္။ ထည့္ျပီး ၇ရက္ေန အာနိသင္စျပပါတယ္။ အဲဒီ စစျခင္း ၇ရက္အတြင္းေတာ့ ကြန္ဒံုးသံုးေပးဖို႕လိုပါတယ္ ဒါမွမဟုတ္ အေရးေပၚေဆး ေသာက္ဖိုု.လိုပါတယ္။ ကြန္ဒံုးမသုးံ ခ်င္ရင္ ေဆး မေသာက္ခ်င္ ရင္ ရာသီစစလာတဲ႕ ရက္မွာ ထည့္ပါ။
ေကာင္းက်ိဳးေလးမ်ား
သူ႕ေကာင္းက်ိဳးေလးက ရာသီမ်ားျပီး ဗိုက္ေအာင့္နာက်င္ ခံစားေနတဲ႕ မမေတြအတြက္ ေဝဒနာ သက္သာေဆးတခုပါ။ သေႏၶလည္း တား အက်ိဳးလည္း ရွိေပါ့ေနာ္။ အေကာင္းဆံုးက သားသားမီးမီးလိုခ်င္ျပီကြာလို႕ လင္မယားဆံုးျဖတ္ျပီး ဒါေလးခ်က္ခ်င္းထုတ္ အျမန္ဆံုး ကေလးရေစတတ္ပါတယ္ တခ်ိဳ႕တားေဆးေတြလို မျကာဘူးေနာ္ ။
ဆိုးက်ိဳး
ဆိုးက်ိဳးေတြကေတာ့ တျခားတားေဆးေတြနဲ႕ယွဥ္ရင္ နည္းပါတယ္။ အဲတခုက လိင္မွတဆင့္ကူးစက္တတ္တာေတြကို ကာကြယ္ဖို႕က် ကြန္ဒံုးလိုအပ္ပါတယ္။ ဒီေဆးက တားေဆးပဲမို႕ပါ။ စသံုးသံုးျခင္း ေခါင္းေလးမူးတာ စိတ္တိုတာကေတာ့ ရက္ပိုင္းေလးျဖစ္တတ္တယ္။ တခ်ိဳ႕က ရာသီထိန္တာ မမွန္တာျဖစ္တတ္တယ္ ။ စိုးရိမ္စရာမရွိပါဘူးေနာ္။ ေဟာ္မုန္းေလးေတြေျကာင့္ပါ။ ကေလးမလိုခ်င္ေသးဘူး၊ အလုပ္ရွဳပ္လို႔ ေမ႔လည္းေမ့တတ္တယ္၊ အာရံုမေနာက္ခ်င္ဘူးဆိုတဲ့ မမတို႔အတြက္ေတာ့ သင့္ေတာ္မယ့္နည္းေလးပဲမို႔ တင္ျပလိုက္ပါတယ္ ။
Dr. ZYL