မျှစ်ကြိုက်သူများအတွက်

ဒီတစ်ပတ်မှာတော့ မျှစ်ကြိုက်သူတွေအတွက် မျှစ်အကြောင်း ပြောပြချင်ပါတယ်။

မျှစ်ကို ကျွန်မတို့ မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးက နိုင်ငံတော်တော်များများမှာ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ မျှစ်မျိုးစိတ်ပေါင်း များစွာရှိပြီး မတူညီကွဲပြားတဲ့ နေရာဒေသအသီးသီးမှာ မတူညီကွဲပြားတဲ့ မျှစ်ဟင်းလျာတွေ ရှိကြပါတယ်။

မျှစ်က ဟင်းသီးဟင်းရွက်အုပ်စုထဲမှာ ပါဝင်ပြီး အခြားဟင်းသီးဟင်းရွက်တွေထက် သာလွန်ထူးခြားတဲ့ အချက်ကတော့ ရေဓါတ်၊ အသားဓါတ်နဲ့ အမျှင်ဓါတ်တွေ ပိုမို ကြွယ်ဝတာပါပဲ။ ဒါကြောင့်မို့လို့ အချို့သုတေသနပညာရှင်တွေက မျှစ်ကို Ideal vegetable စံပြဟင်းသီးဟင်းရွက်လို့တောင် တင်စားကြပါတယ်။

မျှစ်ရဲ့ အာဟာရတန်ဖိုးများစွာထဲကမှ အခုပြောပြချင်တာကတော့ အမျှင်ဓါတ်အကြောင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အရေးကြီးလှတဲ့ အမျှင်ဓါတ်ကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ကောက်ပဲသီးနှံတွေကနေ ရရှိနိုင်ပြီး အမျှင်ဓါတ် အမျိုးအစား နှစ်မျိုး ရှိပါတယ်။

ပထမ အမျိုးအစားကတော့ insoluble fiber လို့ ခေါ်တဲ့ သွေးထဲမှာမပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်အမျိုးအစား ဖြစ်ပါတယ်။ ဒီ သွေးထဲမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်တွေက ခန္ဓာကိုယ်ထဲကို ရောက်တဲ့အခါ အူနံရံမှာရှိတဲ့ intestinal bioflora လို့ ခေါ်တဲ့ လူကို အကျိုးပြုတဲ့ ဘက်တီးရီးယားလေးတွေအတွက် အာဟာရဖြစ်သွားပါတယ်။ အဲ့ဒီဘက်တီးရီယားလေးတွေဟာ ဒီအမျှင်ဓါတ်ကို စားသုံးကာ ပိုမိုပွားများလာပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို ပိုမိုကျန်းမာစေပါတယ်။ ဒါ့အပြင် အဲ့ဒီ့ သွေးထဲမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်တွေဟာ အူနံရံမှာရှိတဲ့ အစာအကြွင်းအကျန်တွေကို ပွတ်တိုက်ဆွဲယူသွားပြီး မပျော့မမာ ကျန်းမာတဲ့ ဝမ်းတုံးကို ဖြစ်ပေါ်စေတဲ့အတွက် ဝမ်းချုပ်တာကို သက်သာပျောက်ကင်းစေပါတယ်။ ဝမ်းမှန်ပြီး အူနံရံမှာ အစာဟောင်းတွေ ရှင်းလင်းစေတဲ့အတွက် အူမကြီးကင်ဆာကိုလည်း ကာကွယ်တယ်လို့ ဆိုနိုင်ပါတယ်။

ဒုတိယအမျှင်ဓါတ် အမျိုးအစားဖြစ်တဲ့ soluble fiber ကတော့ ခန္ဓာကိုယ်ထဲကို ရောက်တဲ့အခါ သွေးထဲမှာ ပျော်ဝင်သွားပြီး သူရဲ့ မဟာတာဝန်ကြီးဖြစ်တဲ့ သွေးတွင်းအဆီဓါတ် လျှော့ချရေး လုပ်ငန်းစဉ်တွေကို ထမ်းဆောင်ပါတော့တယ်။ အဲ့ဒီ့လို သွေးထဲက မကောင်းတဲ့ အဆီဓါတ်တွေကို လျော့ကျစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ရာရောက်တဲ့အပြင် ရောဂါဖြစ်ပြီးသားသူတွေမှာလည်း ရောဂါလက္ခဏာတွေ သက်သာစေပါတယ်။

သွေးထဲမှာ ပျော်ဝင်တဲ့ အမျှင်ဓါတ်ရော၊ မပျော်ဝင်တဲ့ အမျှင်ဓါတ်ပါ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အခြား အာဟာရတန်ဖိုး၊ ကျန်းမာရေးကောင်းကျိုးတွေ များစွာရှိတဲ့ မျှစ်အကြောင်းကို မျှစ်ကြိုက်သူများအတွက် ဝေမျှလိုက်ရပါတယ်ရှင်။

အားလုံးပဲ သက်ရှည်ကျန်းမာကြပါစေ။

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetic (UK)

မွ်စ္ႀကိဳက္သူမ်ားအတြက္

ဒီတစ္ပတ္မွာေတာ့ မွ်စ္ႀကိဳက္သူေတြအတြက္ မွ်စ္အေၾကာင္း ေျပာျပခ်င္ပါတယ္။

မွ်စ္ကို ကြ်န္မတို႔ ျမန္မာႏိုင္ငံမွာသာမက တစ္ကမ႓ာလံုးက ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ႏွစ္ၿခိဳက္စြာ စားသံုးၾကပါတယ္။ မွ်စ္မ်ိဳးစိတ္ေပါင္း မ်ားစြာရွိၿပီး မတူညီကြဲျပားတဲ့ ေနရာေဒသအသီးသီးမွာ မတူညီကြဲျပားတဲ့ မွ်စ္ဟင္းလ်ာေတြ ရွိၾကပါတယ္။

မွ်စ္က ဟင္းသီးဟင္းရြက္အုပ္စုထဲမွာ ပါဝင္ၿပီး အျခားဟင္းသီးဟင္းရြက္ေတြထက္ သာလြန္ထူးျခားတဲ့ အခ်က္ကေတာ့ ေရဓါတ္၊ အသားဓါတ္နဲ႔ အမွ်င္ဓါတ္ေတြ ပိုမို ႂကြယ္ဝတာပါပဲ။ ဒါေၾကာင့္မို႔လို႔ အခ်ိဳ႕သုေတသနပညာရွင္ေတြက မွ်စ္ကို Ideal vegetable စံျပဟင္းသီးဟင္းရြက္လို႔ေတာင္ တင္စားၾကပါတယ္။

မွ်စ္ရဲ႕ အာဟာရတန္ဖိုးမ်ားစြာထဲကမွ အခုေျပာျပခ်င္တာကေတာ့ အမွ်င္ဓါတ္အေၾကာင္းပဲ ျဖစ္ပါတယ္။ ကြ်န္မတို႔ ခႏၶာကိုယ္ က်န္းမာေရးအတြက္ အေရးႀကီးလွတဲ့ အမွ်င္ဓါတ္ကို ဟင္းသီးဟင္းရြက္၊ သစ္သီးဝလံနဲ႔ ေကာက္ပဲသီးႏွံေတြကေန ရရွိႏိုင္ၿပီး အမွ်င္ဓါတ္ အမ်ိဳးအစား ႏွစ္မ်ိဳး ရွိပါတယ္။

ပထမ အမ်ိဳးအစားကေတာ့ insoluble fiber လို႔ ေခၚတဲ့ ေသြးထဲမွာမေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓါတ္အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီ ေသြးထဲမွာ မေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓါတ္ေတြက ခႏၶာကိုယ္ထဲကို ေရာက္တဲ့အခါ အူနံရံမွာရွိတဲ့ intestinal bioflora လို႔ ေခၚတဲ့ လူကို အက်ိဳးျပဳတဲ့ ဘက္တီးရီးယားေလးေတြအတြက္ အာဟာရျဖစ္သြားပါတယ္။ အဲ့ဒီဘက္တီးရီယားေလးေတြဟာ ဒီအမွ်င္ဓါတ္ကို စားသံုးကာ ပိုမိုပြားမ်ားလာၿပီး အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို ပိုမိုက်န္းမာေစပါတယ္။ ဒါ့အျပင္ အဲ့ဒီ့ ေသြးထဲမွာ မေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓါတ္ေတြဟာ အူနံရံမွာရွိတဲ့ အစာအႂကြင္းအက်န္ေတြကို ပြတ္တိုက္ဆြဲယူသြားၿပီး မေပ်ာ့မမာ က်န္းမာတဲ့ ဝမ္းတံုးကို ျဖစ္ေပၚေစတဲ့အတြက္ ဝမ္းခ်ဳပ္တာကို သက္သာေပ်ာက္ကင္းေစပါတယ္။ ဝမ္းမွန္ၿပီး အူနံရံမွာ အစာေဟာင္းေတြ ရွင္းလင္းေစတဲ့အတြက္ အူမႀကီးကင္ဆာကိုလည္း ကာကြယ္တယ္လို႔ ဆိုႏိုင္ပါတယ္။

ဒုတိယအမွ်င္ဓါတ္ အမ်ိဳးအစားျဖစ္တဲ့ soluble fiber ကေတာ့ ခႏၶာကိုယ္ထဲကို ေရာက္တဲ့အခါ ေသြးထဲမွာ ေပ်ာ္ဝင္သြားၿပီး သူရဲ႕ မဟာတာဝန္ႀကီးျဖစ္တဲ့ ေသြးတြင္းအဆီဓါတ္ ေလွ်ာ့ခ်ေရး လုပ္ငန္းစဥ္ေတြကို ထမ္းေဆာင္ပါေတာ့တယ္။ အဲ့ဒီ့လို ေသြးထဲက မေကာင္းတဲ့ အဆီဓါတ္ေတြကို ေလ်ာ့က်ေစတဲ့အတြက္ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါကို ကာကြယ္ရာေရာက္တဲ့အျပင္ ေရာဂါျဖစ္ၿပီးသားသူေတြမွာလည္း ေရာဂါလကၡဏာေတြ သက္သာေစပါတယ္။

ေသြးထဲမွာ ေပ်ာ္ဝင္တဲ့ အမွ်င္ဓါတ္ေရာ၊ မေပ်ာ္ဝင္တဲ့ အမွ်င္ဓါတ္ပါ ႂကြယ္ဝစြာ ပါဝင္တဲ့အျပင္ အျခား အာဟာရတန္ဖိုး၊ က်န္းမာေရးေကာင္းက်ိဳးေတြ မ်ားစြာရွိတဲ့ မွ်စ္အေၾကာင္းကို မွ်စ္ႀကိဳက္သူမ်ားအတြက္ ေဝမွ်လိုက္ရပါတယ္ရွင္။

အားလံုးပဲ သက္ရွည္က်န္းမာၾကပါေစ။

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetic (UK)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *