Foods to Prevent Cold and Flu
အအေးမိ၊တုပ်ကွေးကာကွယ်ဖို့ ဘာတွေစားကြမလဲ?
ခုတလော မိုးလေးတစ်ဖြောက်နှစ်ဖြောက်ရွာစရှိသေး …. ဟိုသူ့ကြည့်လည်း တဟွတ်ဟွတ်၊ ဒီသူ့ကြည့်လည်း နှာရည်တရွှတ်ရွှတ်၊ ကျောင်းတွေရုံးတွေမယ်လည်း နေမကောင်းလို့ ခွင့်တိုင်သူတွေအများအပြားပင်။ရာသီအကူးအပြောင်းဖြစ်သည်မို့ အအေးမိ၊တုပ်ကွေးက စလာချေပြီ။ အအေးမိ၊တုပ်ကွေးက ဖြစ်ပြီဟေ့ဆို အနည်းဆုံး သုံးလေးရက်မှ တစ်ပတ်ဆယ်ရက်ထိကြာတတ်သည်။အဖျားပျောက်သွားရက်တောင်မှ နှာစေး၊ချောင်းဆိုးက နောက်ထပ်တစ်ပတ်လောက်ထိကျန်နေနိုင်သေးသည်။ဒါကြောင့် မဖြစ်ခင်တည်းက ကြိုကာကွယ်တာ ပိုကောင်းသည်…ဖြစ်မှဆိုလျှင် လူလည်းခံရ၊ အလုပ်ပျက်အကိုင်ပျက် ခွင့်တွေယူရ၊ ဒီကြားထဲ အိမ်ကလူတွေကူးမှာ စိုးရသေး….။
ကိုယ်ခံအားကောင်းနေသူဆိုလျှင် အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက လွယ်လွယ်နဲ့ဒုက္ခမပေးနိုင်။သို့ဖြစ်၍ အောက်ဖော်ပြပါ
ကိုယ်ခံအားတက်စေမည့် အစားအစာများနဲ့ကိုယ်ခံအားတက်စေမည့်အမူအကျင့်များကို အလေးပေးလိုက်နာသင့်ပေသည်:
(1) ဗီတာမင် C ကြွယ်ဝသော အသီးများ စားပေးပါ။
ဥပမာ – လိမ္မော်သီး၊ပန်းလိမ္မော်၊ သံပုရာသီး၊ရှောက်သီး၊ဂရေ့ဖရုသီး(သံပုရာသီး၊ရှောက်သီး ဆိုလို့ အလုံးလိုက်စားရမယ် မဆိုလိုပါ။ဖျော်ရည်လုပ်သောက် (သို့) အစားအစာတွေ အသုပ်တွေမှာ ရှောက်ရည် ညှစ်ထည့်ပြီးလည်း စားနိုင်ပါတယ်။)
(2)ပန်းငရုပ်/ငရုပ်ပွသီး
ငရုပ်ပွတွင် ဗီတာမင် C ပါဝင်မှုသည် သံပုရာသီး/ရှောက်သီးတို့တွင် ပါဝင်မှုထက် ၂ဆ ပိုများသည်။ငရုပ်ပွတွင် ဗီတာမင် B အုပ်စုလည်းကြွယ်ဝစွာပါဝင်သည်။
ဘီတာကယ်ရိုတင်း(beta carotene) လည်းကိုယ်ခံအားကောင်းစေသည့်အပြင် မျက်လုံးအားကောင်းပြီး အသားအရေပါလှပစေနိုင်ပါတယ်။
(3)ပန်းဂေါ်ဖီစိမ်း(Broccoli)
– ဗီတာမင် နှင့် သတ္တုဓာတ်များအပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidants) များ ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားမြင့်တက်စေဖို့ အကောင်းဆုံးအစားအစာတစ်ခုလို့ ကမ္ဘာတစ်ဝှမ်းက လက်ခံထားကြပါတယ်။
(4)ဂျင်း
(5)ကြက်သွန်ဖြူ
(6)နနွင်း/ဆနွင်း
(7) သင်္ဘောသီး၊ကီဝီသီး
(8) နေကြာစေ့
(9) ပုစွန်ထုတ်၊ကျောက်ပုစွန်၊ဂဏန်း၊ ခုံး စသည့်အခွံမာရှိသော ပင်လယ်စာများ
(10)ဒိန်ချဉ်
(11)လက်ဖက်စိမ်းဖျော်ရည် (Green Tea)
-> အထက်ဖော်ပြပါ အစားအစာတွေကို နေ့တိုင်းတစ်မျိုးတည်းစားတာထက် အမျိုးအစားစုံအောင် စားသင့်ပါတယ်။
ဒါ့အပြင်
->အိပ်ချိန်လုံလောက်အောင်အိပ်ပါ။(တစ်နေ့လျှင် အနည်းဆုံး ၈နာရီပြည့်အောင်အိပ်ပါ။)
->တစ်နေ့လျှင် အနည်းဆုံး ရေ ၂လီတာ(ရေသန့်ဘူးကြီး ၂ဘူး) သောက်ပါ။
ဒီအချက်လေးတွေ စနစ်တကျလိုက်နာမယ်ဆိုရင ်သင့်ကျန်းမာရေးက အမြဲဒေါင်ဒေါင်မြည်ပဲပေါ့ !
မေ (ဆေး ၂)
(4)ဂျင်း
(5)ကြက်သွန်ဖြူ
(6)နနွင်း/ဆနွင်း
(7) သင်္ဘောသီး၊ကီဝီသီး
(8) နေကြာစေ့
(10)ဒိန်ချဉ်
ဒါ့အပြင်
မေ (ဆေး ၂)
Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ
မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ
1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ
နားကိုက်ခြင်း
1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ
ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ
1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
Leave a Reply
Your email address will not be published. Required fields are marked *