ကလေးငယ်ဝမ်းလျှောတဲ့အခါ ဘာတွေကျွေးကြမလဲ ဘာတွေမကျွေးရဘူးလဲ ?
ဝမ်းပျက်ဝမ်းလျှောတယ်ဆိုတာဟာ ဝမ်းအရည်များ တစ်နေ့ကိုသုံးကြိမ်နှင့်အထက်သွားတာကိုခေါ်ပါတယ်။ ဒီလိုဝမ်းလျှောဝမ်းပျက်တဲ့အခါမှာ ဘယ်လိုအစားအစာတွေစားသင့်တယ်၊ ဘာတွေကိုရှောင်သင့်တယ်ဆိုတာ သိထားသင့်ပါတယ်။
ကျွေးနိုင်သောအစားအစာများ
- ပုံမှန်စားနေကျ ထမင်းကိုကျွေးနိုင်ပါတယ်။
- ဟင်းအနေနဲ့ကတော့ အသား၊ ငါး စသည်တို့ကို ပြုတ်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေကျွေးနိုင်ပါတယ်။
- ပေါင်မုန့်၊ အာလူးပြုတ်၊ ကွေကာအုတ် စသည့်အစားအစားများကိုကျွေးနိုင်ပါတယ်။
- ရေများများတိုက်ပေးပါ။ ဓာတ်ဆားတိုက်ပေးပါ။ ဒီနေရာမှာ ဘီပီအိုင်ဓာတ်ဆားကဲ့သို့ ဓာတ်ဆားအငန်ကိုသာသောက်သင့်ပါတယ်။
- အစားအစာ စားသုံးရာမှာလည်း တစ်ကြိမ်တည်း ဝမ်းအပြည့်စားပစ်တာထက် နည်းနည်းနဲ့အကြိမ်ရေများအောင်စားသင့်ပါတယ်။ ဒါမှ အစာအိမ်နဲ့ အူအတွက် ဝန်မပိမှာဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောစဉ် မစားသုံးသင့်တဲ့အစားအစာတွေကတော့
- ဆီကြော်မုန့်များ၊ ဆီ၊ အဆီ အစရှိသည့်အနှစ်များပါသောအစားအစာများ။
- အချိုအရမ်းများသောအစားအစာများ သကြားများသောအစားအစာများ
- အအေးအချိုရည်ဘူးများ၊ စွမ်းအားဖြည့်အချိုရည်များ၊ သီးစုံဓာတ်ဆားကဲ့သို့ အချိုများသော ဓာတ်ဆားရည်များ၊ အသီးဖျော်ရည်များ။
- အရွက်စိမ်းများ၊ ငရုတ်သီးပါသောအစားအစာများ၊ ပဲအမျိုးမျိုး။
- ကော်ဖီ၊ လက်ဘက်ရည်အစရှိသော ကဖင်းဓာတ်များသည့်အစားအသောက်များ စသည်တို့ပဲဖြစ်ပါတယ်။
အကယ်၍ ကလေးငယ်ဟာ
- လန်းလန်းဆန်းဆန်းမရှိဘဲမှိန်းသွားခဲ့ရင်
- မျက်တွင်းများချိုင့်သွားခဲ့ရင်
- ပါးစပ်နှင့်မျက်လုံးအိမ်တွင် စိုစွတ်မနေဘဲ ခြောက်ကပ်ကပ်ဖြစ်နေရင်
- ခြောက်နာရီနှင့်အထက် ဆီးလုံးဝမသွားခဲ့ရင်
- ဝမ်းထဲမှာသွေးပါရင်
- အဖျားကြီးခြင်းနှင့်တွဲနေရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနမှာစောင့်ရှောက်မှုယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ကေလးငယ္ဝမ္းေလွ်ာတဲ့အခါ ဘာေတြေကြၽးၾကမလဲ ဘာေတြမေကြၽးရဘူးလဲ ?
ဝမ္းပ်က္ဝမ္းေလ်ွာတယ္ဆိုတာဟာ ဝမ္းအရည္မ်ား တစ္ေန႔ကိုသံုးႀကိမ္ႏွင့္အထက္သြားတာကိုေခၚပါတယ္။ ဒီလိုဝမ္းေလ်ွာဝမ္းပ်က္တဲ့အခါမွာ ဘယ္လိုအစားအစာေတြစားသင့္တယ္၊ ဘာေတြကိုေ႐ွာင္သင့္တယ္ဆိုတာ သိထားသင့္ပါတယ္။
ေကြၽးႏိုင္ေသာအစားအစာမ်ား
- ပံုမွန္စားေနက် ထမင္းကိုေကြၽးႏိုင္ပါတယ္။
- ဟင္းအေနနဲ႔ကေတာ့ အသား၊ ငါး စသည္တို႔ကို ျပဳတ္၍ျဖစ္ေစ၊ ေၾကာ္၍ျဖစ္ေစေကြၽးႏိုင္ပါတယ္။
- ေပါင္မုန္႔၊ အာလူးျပဳတ္၊ ေကြကာအုတ္ စသည့္အစားအစားမ်ားကိုေကြၽးႏိုင္ပါတယ္။
- ေရမ်ားမ်ားတိုက္ေပးပါ။ ဓာတ္ဆားတိုက္ေပးပါ။ ဒီေနရာမွာ ဘီပီအိုင္ဓာတ္ဆားကဲ့သို႔ ဓာတ္ဆားအငန္ကိုသာေသာက္သင့္ပါတယ္။
- အစားအစာ စားသံုးရာမွာလည္း တစ္ႀကိမ္တည္း ဝမ္းအျပည့္စားပစ္တာထက္ နည္းနည္းနဲ႔အႀကိမ္ေရမ်ားေအာင္စားသင့္ပါတယ္။ ဒါမွ အစာအိမ္နဲ႔ အူအတြက္ ဝန္မပိမွာျဖစ္ပါတယ္။
ဝမ္းပ်က္ဝမ္းေလ်ွာစဥ္ မစားသံုးသင့္တဲ့အစားအစာေတြကေတာ့
- ဆီေၾကာ္မုန္႔မ်ား၊ ဆီ၊ အဆီ အစ႐ွိသည့္အႏွစ္မ်ားပါေသာအစားအစာမ်ား။
- အခ်ိဳအရမ္းမ်ားေသာအစားအစာမ်ား သၾကားမ်ားေသာအစားအစာမ်ား
- အေအးအခ်ိဳရည္ဘူးမ်ား၊ စြမ္းအားျဖည့္အခ်ိဳရည္မ်ား၊ သီးစံုဓာတ္ဆားကဲ့သို႔ အခ်ိဳမ်ားေသာ ဓာတ္ဆားရည္မ်ား၊ အသီးေဖ်ာ္ရည္မ်ား။
- အရြက္စိမ္းမ်ား၊ င႐ုတ္သီးပါေသာအစားအစာမ်ား၊ ပဲအမ်ိဳးမ်ိဳး။
- ေကာ္ဖီ၊ လက္ဘက္ရည္အစ႐ွိေသာ ကဖင္းဓာတ္မ်ားသည့္အစားအေသာက္မ်ား စသည္တို႔ပဲျဖစ္ပါတယ္။
အကယ္၍ ကေလးငယ္ဟာ
- လန္းလန္းဆန္းဆန္းမ႐ွိဘဲမွိန္းသြားခဲ့ရင္
- မ်က္တြင္းမ်ားခ်ိဳ္င့္သြားခဲ့ရင္
- ပါးစပ္ႏွင့္မ်က္လံုးအိမ္တြင္ စုိစြတ္မေနဘဲ ေျခာက္ကပ္ကပ္ျဖစ္ေနရင္
- ေျခာက္နာရီႏွင့္အထက္ ဆီးလံုးဝမသြားခဲ့ရင္
- ဝမ္းထဲမွာေသြးပါရင္
- အဖ်ားႀကီးျခင္းႏွင့္တြဲေနရင္ေတာ့ နီးစပ္ရာ က်န္းမာေရးဌာနမွာေစာင့္ေ႐ွာက္မႈယူၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ