“အစာအိမ်ရောင်သောအခါဝယ် “

အစာအိမ်ရောင်ခြင်းဆိုသည်မှာလည်း အစားအစာကြောင့်၊ဆေးအချို့ကြောင့်၊အရက်ဘီယာကြောင့်၊အစာအချိန်မှန်မစားခြင်းကြောင်း၊အစားအစာ မသန့်ခြင်းကြောင့်….စသဖြင့် အကြောင်းရင်းများစွာကို အကြောင်းပြုပြီး လူအတော်များများမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်မျိုးပါ။”အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုပ် “ဆိုသလိုပဲ အစာအိမ်ရောင်နေတဲ့အခါမျိုးမှာ မစားသင့်တဲ့အစာတွေ စားမိမယ်ဆိုပါက အစာအိမ်ရောင်ခြင်းပိုဆိုးနိုင်ပါတယ်။ဒါကြောင့် အစာအိမ်ရောင်နေတဲ့အချိန်မျိုးမှာ ဆောင်ရန် ရှောင်ရန်အစားအစာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

အသာအိမ်ရောင်ခြင်းရဲ့လက္ခာတွေကို သက်သာစေမယ့် စားသင့်တဲ့အစားအစာများကတော့

-အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာများ (ပန်းသီး၊ပန်းဂေါ်ဖီစိမ်း၊မုန်လာဥနီ၊ပဲ)

-အဆီပါဝင်မှုနည်းသောအသားအစာများ (ငါး၊ ကြက်သား)

-ဟင်းသီးဟင်းရွက်များ

-အစာအိမ်နဲ့အူလမ်းကြောင်းအကျိုးပြု သက်စောင့်ပိုးများပါဝင်သော အစားအစာများ (ဒိန်ချဉ်၊ကင်မ်ချီ)….စတာတွေပဲဖြစ်ပါတယ်။

ဒါဆိုဘာတွေရှောင်ရမလဲ?

-ကော်ဖီ၊လက်ဖက်ရည်၊ရေနွေးကြမ်း

-အရက်၊ဘီယာ

-ချဉ်လွန်းသောအသီးအနှံများ

-အချိုရည်ဘူးများ

-သစ်သီးဖျော်ရည်များ

-စပ်လွန်းချဉ်လွန်းသော အစားအစာများ

-အဆီများသောအစားအစာများ

-ဆီကြော်မုန့်များ၊အသင့်စားအစားအစာများ…စတာတွေ ပါဝင်ပါတယ်။

အဆိုပါအစားအစာတွေကတော့ အစာအိမ်ရောင်ခြင်းကို ပိုဆိုးစေနိုင်လို့ အစာအိမ်ရောင်နေတဲ့အချိန်မှာရော….ကောင်းသွားပြီးနောက်ထပ် ၂ပတ်လောက်ထိ ရှောင်ရှားသင့်ပါတယ်။

မေ (ဆေး ၂)

Ref: healthline

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…

Leave a Reply

Your email address will not be published. Required fields are marked *