Foods that improve sex drive

လိင်ဆက်ဆံခြင်းကို‌ ကောင်းမွန်စေတဲ့အစားအစာများ 

၁။ ကမာဟင်း 

ခရုကမာကောင်တွေမှာတော့ zincဓာတ်မြင့်မားစွာပါ၀င်ပါတယ်။ လိင်အင်္ဂါများဆီကို အထောက်အကူပြုတဲ့ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးစေနိုင်ပလတယ်။ Zinc ဓာတ်ကအထူးသဖြင့် testosterone ဟော်မုန်းပမာဏကိုထိန်းညှိပေးနိုင်ပါတယ်။ ကမာမှာ အခြားအစားအစာတွေထက် Zinc ပါ၀င်မှုမြင့်မားပါတယ်။ Seafood မစားတတ်သူ‌တွေအနေနဲ့တော့ အမဲသား၊ဝက်၊ ဖရုံစေ့စတာတွေမှာ Zinc ဓာတ်ပါ၀င်မှုရှိပါတယ်။

၂။ ပရိုတင်းပါသောအသားများ 

အသားစားသုံးခြင်း (သို့)တိကျတဲ့အမိုင်နိုအက်ဆစ်များပါ ၀င်တဲ့အခြားအစာများစားခြင်းကလိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒကိုတိုးတက်စေနိုင်ပါတယ်။ အမဲသား၊ ကြက်၊ ဝက်သားအပါအ၀င် ပရိုတင်းဓာတ်မြင့်မားတဲ့အစားအစာများမှာသွေးစီးဆင်းမှုကိုတိုးတက် စေတဲ့ဒြပ်ပေါင်းများပါ၀င်လို့‌ နေပါတယ်။ ဒါပေမယ့်လည တိရိစ္ဆာန်တွေကနေရတဲ့ ပရိုတင်းက နလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကို တိုးမြှင့်နိုင်ပါတယ်။ဒါကြောင့်နို့နဲ့ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးမှလည်းပရိုတင်းဓာတ်ကိုရယူသင့်ပါတယ်။

 ၃။ ဆော်လမွန်ငါး 

ဆော်လမွန်မှာတော့နှလုံးကျန်းမာရေးကိုကောင်းမွန်‌ စေတဲ့ Omega3ဖက်တီးအက်စစ်များရှိခြင်းကြောင့်လူသိများပပါတယ်။ ငါသေတ္တာငါး၊တူနာများနှင့် halibut ငါမျိုးစေ့များကလည်းလည်းသင့်ခန္ဓာကိုယ်နဲ့လိင်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ငါးမှာပရိုတင်း၊ ဗီတာမင် B12၊ ဗီတာမင် D နဲ့သံဓာတ်များစွာပါ၀င်လို့နေပါတယ်။

4. အခွံမာသီးနဲ့အစေ့အဆန်များ 

အခွံမာသီးနဲ့အစေ့အဆန်များ ကို စားကြမယ့်အစားအခွံမာသီးများနဲ့ အစေ့အဆန်များ ကိုသွားရေစာအဖြစ်စားသုံးသင့်ပါတယ်။ သီဟိုစေ့၊ ဗာဒံစေ့ တွေမှာသွပ်ဓာတ်ပါ၀င်မှုမြင့်မားပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီး၊ ဖရုံစေ့၊ နေကြာစေ့၊ မြေပဲများမှာ လိင်ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပါတယ်။ 

5.ပန်းသီး 

ပန်းသီးမှ quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီမှာကျန်းမာရေး အကျိုးကျေးဇူးများစွာကိုဖြစ်စေနိုင်တဲ့ flavonoidတမျိုးဖြစ်တဲ့ antioxidantလည်းပါ၀င်လို့နေပါတယ်။ ၂၀၁၆ ခုနှစ်မှာပညာရှင်များရဲ့သုံးသပ်ချက်‌ တွေအရ quercetin ပါ၀င်တဲ့ အစားအစာတွေစားသုံးခြင်းက သွေးပေါင်ချိန်ကိုလျှော့ချပေးနိုင်တယိလို့ဆိုပါတယ်။ သွေးကြောများပျက်စီးခြင်းကလိင်အင်္ဂါများဆီကိုသွေးစီးဆင်းမှုကိုအနှောက်အယှက်ဖြစ်စေနိုင်တာကြောင့်သွေးပေါင်ချိန်မြင့်မားခြင်းကလိင်ပိုင်းဆိုင်ရာချွတ်ယွင်းမှုဆီကိုဦးတည်နိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာတသက်တာကိုကျန်းမာစေရန်အတွက် flavonoids ကြွယ်ဝသောအစားအစာတွေက ထောက်ပံ့ပေးနိုင်ပါတယ်။ ပန်းသီးအပြင် စတော်ဘယ်ရီ၊ စပျစ်သီး၊ ဝိုင်နီ၊ ချယ်ရီသီး၊ဘလူးဘယ်ရီသီးများကိုလည်းစားသုံးလို့ရပါတယ်။ 

6. Beetroots (သကြားမုန်လာ) 

Beetroots များမှာ antioxidants များနဲ့ဗီတာမင်များပေါများတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ နိုက်ထရိတ်များပါ၀င်တာကြောင့်သွေးကြောများကိုကျယ်ပြန့်စေပါတယ်။ ဒါကြောင့်အားကစားသမား တွေအနေနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရန်နိုက်ထရိတ်ပါ၀င်တဲ့ သကြားမုန်လာကို ဖျော်ရည်အဖြစ်သောက်သုံးကြပါတယ်။ Beetroot ဖျော်ရည် သောက်ခြင်းကသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီးသွေးတိုးရောဂါရှိသူများကိုအကျိုးပြုနိုင်ပါတယ်။နိုက်ထရိတ်မြင့်မားတဲ့အခြားအစားအစာများအနေနဲ့ဟင်းနုနွယ်ရွက်၊ဆလတ်ရွက်၊တရုတ်နံနံ ၊မုန်လာဥများကိုလည်း စားသုံးပေးနိုင်ပါတယ်။ 

7. ဝိုင်နီ 

ပန်းသီးများကဲ့သို့ဝိုင်နီမှာလည်းသွေးစီးဆင်းမှုကိုမြှင့်တင်ပေးနိုင်တဲ့ Antioxidant quercetin ပါရှိပါတယ်။၂၀၀၉ခုနှစ်အမျိုးသမီး(၇၉၈)ဦးကို လေ့လာမှုအရ ဝိုင်နီကိုပုံမှန်နဲ့ အလယ်အလတ် စားသုံးခြင်းကပိုမိုမြင့်မားတဲ့လိင်စိတ်ဆန္ဒနဲ့ဆက်စပ်နေတာကိုတွေ့ရပါတယ်။ 

ဒေါက်တာနိုင်း (ဆေး-၁) 

#sexlife #foodforsex

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…