လွဲမှားအစားအသောက်နှင့် အလေ့အကျင့်ဆိုးများမှ အမျိုးသားများအတွက် စိုးရိမ်စရာ မျိုးပွားမှုပြသနာ
“လူတိုင်း လူတိုင်းမှာ.. အယ့်လယ်” …. ခုခေတ်စားနေတဲ့ စကားလေးနဲ့ ပြောပြရရင် “လူတိုင်း လူတိုင်းမှာ.. အော်ရယ်ဂျင်နယ် အစားအသောက် အမူအကျင့် နေထိုင်ပုံ ဒီဇိုင်းကာလာ အမျိုးမျိုး ” ရှိကြတယ်ပေါ့…. သို့သော် တချို့သော အစားအသောက်တွေနဲ့ နေထိုင်မှုပုံစံတွေ မှားယွင်းတဲ့အခါ ကျန်းမားရေး ပြသနာတွေ ကြုံတွေ့ရတတ်ပါတယ်..ဒီထဲကမှ အမျိုးသားများအတွက် စိုးရိမ်စရာ မျိုးပွားမှုပြသနာနဲ့ ဆိုင်တဲ့ lifestyle အကြောင်းလေး ပြောပြချင်ပါတယ်…
ကဖင်းဓာတ်များလွန်းတဲ့ ကော်ဖီတွေ မသောက်ပါနဲ့
– တန်ဆေး လွန် ဘေး ဆိုသလို .. နေ့စဉ် ပုံမှန် တစ်ခွက်လောက် သောက်ခြင်းက မထိခိုက်နိုင်ပေမယ့်.. ကဖင်းဓာတ်များတာပဲ သောက်တယ်.. နှစ်ခွက် သုံးခွက်လည်း မကဘူးဆိုပါက ရှေရည်မှာ မျိုးပွားမှုကို ထိခိုက်နိုင်ပါတယ်…ဒါကြောင့် တခြားသောfresh juice တွေ အစားထိုးသောက်တာဟာ ကျန်းမာရေးအတွက် ပိုကောင်းမွန်သလို ခန္ဓာကိုယ်အတွက် လိုအပ်သော vitamin အချိုကိုလဲ ရရှိနိုင်ပါတယ်…
အစားအသောက် ကြူးခြင်းနှင့် .. junk foods လိုခေါ်တဲ့ burger ၊ အာလူးချောင်းကြော် ၊ fast foodsတွေ ခဏခဏစားခြင်း
– အစားအသောက်ခုံမင်လာတဲ့အခါ ၊ အလျင်အမြန်ရတဲ့အစားအသောက်တွေ စားတဲ့အခါမှာ. weight ပိုတက်လာမယ်… တက်လာတဲ့ ဝိတ်နဲ့ အညီ မျိုးပွားမှုကိုလည်း ပိုမိုထိခိုက်လာစေနိုင်ပါတယ်…အချို့ junk foodတွေဟာ သွေးတွင်းအချိုဓာတ်ကို ပိုတက်စေနိုင်ပြီး အင်ဆူလင်နဲ့ မျိုးပွားမှုဟာလည်း ဆက်စပ်မှုရှိနေတာမို့ လျော့စားသင့်ပါတယ်…ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအသောက်တွေကို စားသုံးသင့်ပါတယ်…
အရက် ဘီယာ လျော့ သောက်ပါ
– တချို့သူတွေ ပြောနိုင်တာက”ဒီခေတ်ကြီးမှာ လူမှုရေးအရ ဖြစ်စေ … စိတ်ပင်ပန်းမှု ဖြေလျေ့ာဖို့ ဖြစ်စေ… အသောက်အစားနဲ့ ဘယ်ကင်းနိုင်ပါ့မလဲ..” occasional drinker ” ခေါ် အပေါင်းအသင်းကြောင့် စီးပွားရေး လူမှုရေးကြောင့် တစ်ခါတစ်ရံသောက်တတ်တဲ့သူဟာ မထိခိုက်နိုင်ပါဘူး…သို့သော် သင်ဟာ နေ့စဉ် ညနေတိုင်း အရက်ဘီယာ သောက်သူ ဖြစ်ပါက တစ်ပတ်မှာ နှစ်ရက် သုံးရက်သာ သောက်ဖြစ်အောင် ပြုပြင်ပါ.. အရက် မသောက်သောသူရဲ့ သုတ်ပိုးအရေအတွက် 37 %ဟာ ပုံမှန်ဖြစ်ပြီး အရက်သောက်သူမှာဆို 12%လောက်ပဲ ပုံမှန် ဖြစ်တာကို တွေ့ရပါတယ်(p.s အမျိုးသားတစ်ယောက် ထုတ်လွှတ်လိုက်တဲ့ သုတ်ပိုး100%လုံးဟာ ပုံမှန်မဟုတ်ပါ) .. ဒါကြောင့် အရက်သောက်ခြင်းဟာ မျိုးပွားမှုကို ထိခိုက်စေနိုင်ကြောင်း သိသာပါတယ်…
ဆေးလိပ်လျော့သောက်ပါ
– ဆေးလိပ်သောက်ခြင်းဟာလည်း သုတ်ပိုးရဲ့ အရည်အသွေးကို လျော့ကျစေပြီး ဟော်မုန်းပြောင်းလဲမှုကိုပါ ဖြစ်စေတဲ့အတွက် မသုံးစွဲသင့်ပါ…အရက်ဆေးလိပ်ဆိုတာ.. စွဲတတ်တယ်.. ဖြတ်ရခက်တယ်လို့ ဆိုကြပါလိမ့်မယ်.. သို့သော် မိမိမှာ အမှန်တကယ် ဖြတ်ချင်စိတ်ရှိပါက မိမိကိုယ်ကို ယုံကြည်ပါ… ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပါ…ဒီလိုအားဖြင့်.. မိမိသက်တမ်းဟာ ပိုရှည်နိုင်သလို မိသားစုဘဝအတွက်ကိုလည်း ပိုမိုအချိန်ပေး ဂရုစိုက်နိုင်ပြီး သူတစ်ပါးအားကျလေးစားရတဲ့သူ (role model)တောင် ဖြစ်လာနိုင်ပါတယ်
အိပ်ရာဝင် နောက်ကျခြင်း၊ အိပ်ချိန် ပုံမှန်မရှိခြင်း
– လွဲမှားတဲ့ အိပ်ချိန်တွေ အလေ့အကျင့်တွေကြောင့် ခန္ဓာကိုယ်အလေးချိန်တက်တာတွေ ဖြစ်နိုင်ပါတယ်.. ပြောခဲ့သလို ကိုယ်အလေးချိန်တက်ခြင်းဟာ မျိုးပွားမှုကို ထိခိုက်နိုင်ပါတယ်…မိမိကြိုက်သော ဇာတ်လမ်း၊ ဂိမ်းတွေကို စွဲလမ်းနေခြင်းကြောင့် အိပ်ရာဝင်နောက်ကျတာမျိုး ဖြစ်နေပါက တတ်နိုင်သလောက် လျော့ချပါ.. ပုံမှန် အိပ်ချိန် ရှိခြင်းဖြင့် မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပါ…
လုံခြုံမှုကင်းသော၊ အကာအကွယ်မဲ့သော လိင်ဆက်ဆံခြင်း
– အကွာအကွယ်မပါပဲ လိင်ဆက်ဆံခြင်းကြောင့် မိမိဆီမှာ လိင်မှာ တဆင့် ရောဂါပိုးများ ကူးစက်လာခဲ့ပါက မျိုးပွားမှုကို ထိခိုက်စေနိုင်ပါတယ်.. အမျိုးသားတွေမှာ ဒီလို ရောဂါဖြစ်ပါက လက္ခဏာတွေဟာ စောလျင်စွာ ပြတတ်တာမို့ သိရင် သိချင်း အမြန်ကုသသင့်ပါတယ်…
အစားမတော် တစ်လုပ် ၊ အသွားမတော် တစ်လှမ်းမို့.. မှားယွင်းတဲ့ lifestyle တချို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါမို့.. အရာရာမှာ သတိရှိသင့်ပါတယ်…
ကျန်းမာရေး အသိကြောင့် လူ့ဘဝ ပိုမိုမြင့်မားတိုးတက်ကြပါစေလို့ ဆုတောင်းမေတ္တာပြုလျက်….
ပိုင်နီမောင်
လဲြမွားအစားအေသာက္ႏွင့္ အေလ့အက်င့္ဆိုးမ်ားမွ အမ်ိဳးသားမ်ားအတြက္ စိုးရိမ္စရာ မ်ိဳးပြားမႈျပသနာ
“လူတိုင္း လူတိုင္းမွာ.. အယ့္လယ္” …. ခုေခတ္စားေနတဲ့ စကားေလးနဲ႔ ေျပာျပရရင္ “လူတိုင္း လူတိုင္းမွာ.. ေအာ္ရယ္ဂ်င္နယ္ အစားအေသာက္ အမူအက်င့္ ေနထိုင္ပံု ဒီဇိုင္းကာလာ အမ်ိဳးမ်ိဳး ” ႐ွိၾကတယ္ေပါ့…. သို႔ေသာ္ တခ်ိဳ႕ေသာ အစားအေသာက္ေတြနဲ႔ ေနထိုင္မႈပံုစံေတြ မွားယြင္းတဲ့အခါ က်န္းမားေရး ျပသနာေတြ ၾကံဳေတြ႔ရတတ္ပါတယ္..ဒီထဲကမွ အမ်ိဳးသားမ်ားအတြက္ စိုးရိမ္စရာ မ်ိဳးပြားမႈျပသနာနဲ႔ ဆိုင္တဲ့ lifestyle အေၾကာင္းေလး ေျပာျပခ်င္ပါတယ္…
ကဖင္းဓာတ္မ်ားလြန္းတဲ့ ေကာ္ဖီေတြ မေသာက္ပါနဲ႔
– တန္ေဆး လြန္ ေဘး ဆိုသလို .. ေန႔စဥ္ ပံုမွန္ တစ္ခြက္ေလာက္ ေသာက္ျခင္းက မထိခိုက္ႏိုင္ေပမယ့္.. ကဖင္းဓာတ္မ်ားတာပဲ ေသာက္တယ္.. ႏွစ္ခြက္ သံုးခြက္လည္း မကဘူးဆိုပါက ေ႐ွရည္မွာ မ်ိဳးပြားမႈကို ထိခိုက္ႏိုင္ပါတယ္…ဒါေၾကာင့္ တျခားေသာfresh juice ေတြ အစားထိုးေသာက္တာဟာ က်န္းမာေရးအတြက္ ပိုေကာင္းမြန္သလို ခႏၶာကိုယ္အတြက္ လိုအပ္ေသာ vitamin အခ်ိဳကိုလဲ ရ႐ွိႏိုင္ပါတယ္…
အစားအေသာက္ ၾကဴးျခင္းႏွင့္ .. junk foods လိုေခၚတဲ့ burger ၊ အာလူးေခ်ာင္းေၾကာ္ ၊ fast foodsေတြ ခဏခဏစားျခင္း
– အစားအေသာက္ခံုမင္လာတဲ့အခါ ၊ အလ်င္အျမန္ရတဲ့အစားအေသာက္ေတြ စားတဲ့အခါမွာ. weight ပိုတက္လာမယ္… တက္လာတဲ့ ဝိတ္နဲ႔ အညီ မ်ိဳးပြားမႈကိုလည္း ပိုမုိထိခိုက္လာေစႏိုင္ပါတယ္…အခ်ိဳ႕ junk foodေတြဟာ ေသြးတြင္းအခ်ိဳဓာတ္ကို ပိုတက္ေစႏိုင္ၿပီး အင္ဆူလင္နဲ႔ မ်ိဳးပြားမႈဟာလည္း ဆက္စပ္မႈ႐ွိေနတာမို႔ ေလ်ာ့စားသင့္ပါတယ္…ဒါေၾကာင့္ က်န္းမာေရးနဲ႔ ညီၫြတ္ေသာ အစားအေသာက္ေတြကို စားသံုးသင့္ပါတယ္…
အရက္ ဘီယာ ေလ်ာ့ ေသာက္ပါ
– တခ်ိဳ႕သူေတြ ေျပာႏိုင္တာက”ဒီေခတ္ႀကီးမွာ လူမႈေရးအရ ျဖစ္ေစ … စိတ္ပင္ပန္းမႈ ေျဖေလ့်ာဖို႔ ျဖစ္ေစ… အေသာက္အစားနဲ႔ ဘယ္ကင္းႏိုင္ပါ့မလဲ..” occasional drinker ” ေခၚ အေပါင္းအသင္းေၾကာင့္ စီးပြားေရး လူမႈေရးေၾကာင့္ တစ္ခါတစ္ရံေသာက္တတ္တဲ့သူဟာ မထိခိုက္ႏိုင္ပါဘူး…သို႔ေသာ္ သင္ဟာ ေန႔စဥ္ ညေနတိုင္း အရက္ဘီယာ ေသာက္သူ ျဖစ္ပါက တစ္ပတ္မွာ ႏွစ္ရက္ သံုးရက္သာ ေသာက္ျဖစ္ေအာင္ ျပဳျပင္ပါ.. အရက္ မေသာက္ေသာသူရဲ႕ သုတ္ပိုးအေရအတြက္ 37 %ဟာ ပံုမွန္ျဖစ္ၿပီး အရက္ေသာက္သူမွာဆို 12%ေလာက္ပဲ ပံုမွန္ ျဖစ္တာကို ေတြ႕ရပါတယ္(p.s အမ်ိဳးသားတစ္ေယာက္ ထုတ္လႊတ္လိုက္တဲ့ သုတ္ပိုး100%လံုးဟာ ပံုမွန္မဟုတ္ပါ) .. ဒါေၾကာင့္ အရက္ေသာက္ျခင္းဟာ မ်ိဳးပြားမႈကို ထိခိုက္ေစႏိုင္ေၾကာင္း သိသာပါတယ္…
ေဆးလိပ္ေလ်ာ့ေသာက္ပါ
– ေဆးလိပ္ေသာက္ျခင္းဟာလည္း သုတ္ပိုးရဲ႕ အရည္အေသြးကို ေလ်ာ့က်ေစၿပီး ေဟာ္မုန္းေျပာင္းလဲမႈကိုပါ ျဖစ္ေစတဲ့အတြက္ မသံုးစဲြသင့္ပါ…အရက္ေဆးလိပ္ဆိုတာ.. စဲြတတ္တယ္.. ျဖတ္ရခက္တယ္လို႔ ဆိုၾကပါလိမ့္မယ္.. သို႔ေသာ္ မိမိမွာ အမွန္တကယ္ ျဖတ္ခ်င္စိတ္႐ွိပါက မိမိကုိယ္ကို ယံုၾကည္ပါ… ဆရာဝန္ႏွင့္ေဆြးေႏြးတိုင္ပင္ပါ…ဒီလိုအားျဖင့္.. မိမိသက္တမ္းဟာ ပို႐ွည္ႏိုင္သလို မိသားစုဘဝအတြက္ကိုလည္း ပိုမိုအခ်ိန္ေပး ဂ႐ုစိုက္ႏိုင္ၿပီး သူတစ္ပါးအားက်ေလးစားရတဲ့သူ (role model)ေတာင္ ျဖစ္လာႏိုင္ပါတယ္
အိပ္ရာဝင္ ေနာက္က်ျခင္း၊ အိပ္ခ်ိန္ ပံုမွန္မ႐ွိျခင္း
– လဲြမွားတဲ့ အိပ္ခ်ိန္ေတြ အေလ့အက်င့္ေတြေၾကာင့္ ခႏၶာကုိယ္အေလးခ်ိန္တက္တာေတြ ျဖစ္ႏိုင္ပါတယ္.. ေျပာခဲ့သလို ကုိယ္အေလးခ်ိန္တက္ျခင္းဟာ မ်ိဳးပြားမႈကို ထိခိုက္ႏိုင္ပါတယ္…မိမိႀကိဳက္ေသာ ဇာတ္လမ္း၊ ဂိမ္းေတြကို စဲြလမ္းေနျခင္းေၾကာင့္ အိပ္ရာဝင္ေနာက္က်တာမ်ိဳး ျဖစ္ေနပါက တတ္ႏိုင္သေလာက္ ေလ်ာ့ခ်ပါ.. ပံုုမွန္ အိပ္ခ်ိန္ ႐ွိျခင္းျဖင့္ မိမိ၏ က်န္းမာေရးကို ဂ႐ုစိုက္ပါ…
လုံျခံဳမႈကင္းေသာ၊ အကာအကြယ္မဲ့ေသာ လိင္ဆက္ဆံျခင္း
– အကြာအကြယ္မပါပဲ လိင္ဆက္ဆံျခင္းေၾကာင့္ မိမိဆီမွာ လိင္မွာ တဆင့္ ေရာဂါပိုးမ်ား ကူးစက္လာခဲ့ပါက မ်ိဳးပြားမႈကို ထိခိုက္ေစႏိုင္ပါတယ္.. အမ်ိဳးသားေတြမွာ ဒီလို ေရာဂါျဖစ္ပါက လကၡဏာေတြဟာ ေစာလ်င္စြာ ျပတတ္တာမို႔ သိရင္ သိခ်င္း အျမန္ကုသသင့္ပါတယ္…
အစားမေတာ္ တစ္လုပ္ ၊ အသြားမေတာ္ တစ္လွမ္းမို႔.. မွားယြင္းတဲ့ lifestyle တခ်ိဳ႕ေၾကာင့္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါမို႔.. အရာရာမွာ သတိ႐ွိသင့္ပါတယ္…
က်န္းမာေရး အသိေၾကာင့္ လူ႔ဘဝ ပုိမိုျမင့္မားတိုးတက္ၾကပါေစလို႔ ဆုေတာင္းေမတၱာျပဳလ်က္….
ပိုင္နီေမာင္