G6PD အင်ဇိုင်းချို့တဲ့သူများတွင် ရှောင်ကြဉ်ရမည့် အစားအစာနှင့်ဆေးဝါးများ

G6PD deficiency ရောဂါဆိုတာ ကိုယ်ခန္ဓာမှာ Glucose-6-phosphate dehydrogenase လို့ခေါ်တဲ့ enzyme တစ်မျိုးချို့တဲ့တာပဲဖြစ်ပါတယ်။ မျိုးရိုးလိုက်တက်တဲ့ မွေးရာပါ ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသားများတွင်သာ အဖြစ်များပါတယ်။ မွေးရာပါ enzyme တစ်မျိုးချို့တဲ့ခြင်းသာဖြစ်လို့ ကူးစက်ခြင်း မရှိပါ။ ဒီ G6PD ဆိုတဲ့ enzyme ဟာ သွေးနီဥများ ဖျက်ဆီးခံရခြင်းနှင့် အချိန်မတိုင်မီ သွေးနီဥပျက်ဆီးခြင်းများမှ ကာကွယ်ပေးပါတယ်။

ဒါကြောင့် G6PD enzyme ချို့တဲ့ တဲ့သူတွေမှာ သွေးနီဥပျက်ဆီးနှုန်း ပုံမှန်ထက် မြင့်တက်နေတက်ပါတယ်။ ဒါပေမဲ့ မိမိနဲ့ မသင့်တော်တဲ့၊ ရှောင်ရှားရမဲ့ အစားအစာနဲ့ ဆေးများကို စားသုံးခြင်းမှလွဲ၍ ရောဂါလက္ခဏာမပြဘဲ ပုံမှန်လူများအတိုင်း သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်။

မသင့်တော်တဲ့ အစားအသောက်နှင့် ဆေးများ စားသုံးမိရင်တော့ အသားဝါခြင်း၊ ဆီးမည်းမည်းများသွားခြင်း၊ နှုန်းချိမောပန်းခြင်း၊ သွေးအားနည်းခြင်းရောဂါလက္ခဏာများ ဖြစ်ပေါ်နိုင်ပြီး သွေးသွင်းကုသရသည်အထိ ပြင်းထန်နိုင်ပါတယ်။

G6PD Deficiency လူနာများ ရှောင်ရှားသင့်တဲ့ ဆေးများကတော့

-Aspirin, Phenacetin ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ

-Primaquine, Pyrimethamine, Quinine, Chloroquine, Pamaquine ကဲ့သို့ ဌက်ဖျားဆေးများ

-Sulphur ပါဝင်သော ဆေးဝါးများ

-Dapsone, Nitrofurantoin, Chloramphenicol, Quinolone ကဲ့သို့ ပိုးသတ်ဆေးများ

-Vit-K, Probenecid, Quinidine, Dimercaprol, Phenylhydrazin……..

အစရှိတဲ့ ဆေးများပဲ ဖြစ်ပါတယ်။

ရှောင်ရှားသင့်တဲ့ အစားအသောက်များကတော့

-တောင်ကြီးပဲလှော်၊ fava beans နှင့် အခြားပဲအမျိုးမျိုး

-blueberry (ဘလူးဘယ်ရီသီး) များ

-ဝိုင်နီ

-Menthol ပါဝင်သော အစားအသောက်များ

-Sulfite ပါဝင်သော အစားအသောက်များ

-ကြက်ဟင်းခါးသီး ၊ ခရမ်းကျွပ်သီး……

စတာတွေပဲ ဖြစ်ပါတယ်။

အဝတ်အထည်များကြား အနံ့အသက်ကင်းရန်နှင့် မွှေးကြိုင်ရန် ထည့်သွင်းအသုံးပြုသော ပရုတ်လုံးများလည်း ရှောင်ကြဉ်ရပါမယ်။

ထို့ကြောင့် မိမိကလေးနှင့် ဆွေမျိုးနီးစပ်များတွင် G6PD Deficiency ရောဂါရှိသည်ဆိုပါက ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုခံယူသည့်အချိန်တိုင်း ရောဂါရာဇဝင်ကို အသိပေးသင့်သည်။ ထိုမှသာ ရှောင်ရှားသင့်သည့် ဆေးဝါးများ သောက်သုံးရန် ညွှန်ကြားခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)

G6PD အင္ဇိုင္းခ်ိဳ႔တဲ့သူမ်ားတြင္ ေရွာင္ျကဥ္ရမည့္ အစားအစာနွင့္ေဆးဝါးမ်ား

G6PD deficiency ​ေရာဂါဆိုတာ ကိုယ္​ခႏၶာမွာ Glucose-6-phosphate dehydrogenase လို႔​ေခၚတဲ့ enzyme တစ္​မ်ိဳးခ်ိဳ႕တဲ့တာပဲျဖစ္​ပါတယ္​။ မ်ိဳး႐ိုးလိုက္​တက္​တဲ့ ​ေမြးရာပါ ​ေရာဂါတစ္​မ်ိဳးျဖစ္​ၿပီး အမ်ိဳးသားမ်ားတြင္​သာ အျဖစ္​မ်ားပါတယ္​။ ​ေမြးရာပါ enzyme တစ္​မ်ိဳးခ်ိဳ႕တဲ့ျခင္​းသာျဖစ္​လို႔ ကူးစက္​ျခင္​း မရိွပါ။ ဒီ G6PD ဆိုတဲ့ enzyme ဟာ ​ေသြးနီဥမ်ား ဖ်က္​ဆီးခံရျခင္​းႏွင္​့ အခ်ိန္​မတုိင္​မီ ​ေသြးနီဥပ်က္​ဆီးျခင္​းမ်ားမွ ကာကြယ္​​ေပးပါတယ္​။

ဒါ​ေၾကာင္​့ G6PD enzyme ခ်ိဳ႕တဲ့ တဲ့သူ​ေတြမွာ ​ေသြးနီဥပ်က္​ဆီးႏႈန္​း ပံုမွန္​ထက္​ ျမင္​့တက္​​ေနတက္​​ပါတယ္​။ ဒါ​ေပမဲ့ မိမိနဲ႔ မသင္​့​ေတာ္​တဲ့၊ ​ေ႐ွာင္​႐ွားရမဲ့ အစားအစာနဲ႔ ​ေဆးမ်ားကို စားသံုးျခင္​းမွလြဲ၍ ​ေရာဂါလကၡဏာ​မျပဘဲ ပံုမွန္​လူမ်ားအတိုင္​း သက္​တမ္​း​ေစ့ ​ေနထိုင္​ႏိုင္​ပါတယ္​။

မသင္​့​ေတာ္​တဲ့ အစားအ​ေသာက္​ႏွင္​့ ​ေဆးမ်ား စားသံုးမိရင္​​ေတာ့ အသားဝါျခင္​း၊ ဆီးမည္​းမည္​းမ်ားသြားျခင္​း၊ ႏႈန္​းခ်ိ​ေမာပန္​းျခင္​း၊ ​ေသြးအားနည္​းျခင္​း​ေရာဂါလကၡဏာမ်ား ျဖစ္​​ေပၚႏိုင္​ၿပီး ​ေသြးသြင္​းကုသရသည္​အထိ ျပင္​းထန္​ႏိုင္​ပါတယ္​။

G6PD Deficiency လူနာမ်ား ​ေ႐ွာင္​႐ွားသင္​့တဲ့ ​ေဆးမ်ားက​ေတာ့

-Aspirin, Phenacetin ကဲ့သို႔ အကိုက္​အခဲ​ေပ်ာက္​​ေဆးမ်ား

-Primaquine, Pyrimethamine, Quinine, Chloroquine, Pamaquine ကဲ့သို႔ ဌက္​ဖ်ား​ေဆးမ်ား

-Sulphur ပါဝင္​​ေသာ ​ေဆးဝါးမ်ား

-Dapsone, Nitrofurantoin, Chloramphenicol, Quinolone ကဲ့သို႔ ပိုးသတ္​​ေဆးမ်ား

-Vit-K, Probenecid, Quinidine, Dimercaprol, Phenylhydrazin……..

အစ႐ွိတဲ့ ​ေဆးမ်ားပဲ ျဖစ္​ပါတယ္​။

​ေ႐ွာင္​႐ွားသင္​့တဲ့ အစားအ​ေသာက္​မ်ားက​ေတာ့

-​ေတာင္​ႀကီးပဲ​ေလွာ္​၊ fava beans ႏွင္​့ အျခားပဲအမ်ိဳးမ်ိဳး

-blueberry (ဘလူးဘယ္​ရီသီး) မ်ား

-ဝိုင္​နီ

-Menthol ပါဝင္​​ေသာ အစားအ​ေသာက္​မ်ား

-Sulfite ပါဝင္​​ေသာ အစားအ​ေသာက္​မ်ား

-ၾကက္​ဟင္​းခါးသီး ၊ ခရမ္​းကြၽပ္​သီး……

စတာ​ေတြပဲ ျဖစ္​ပါတယ္​။

အဝတ္​အထည္​မ်ားၾကား အနံ႔အသက္​ကင္​းရန္​ႏွင္​့ ​ေမႊးႀကိဳင္​ရန္​ ထည္​့သြင္​းအသံုးျပဳ​ေသာ ပ႐ုတ္​လံုးမ်ားလည္​း ​ေ႐ွာင္​ၾကဥ္​ရပါမယ္​။

ထို႔​ေၾကာင္​့ မိမိ​က​ေလးႏွင္​့ ​ေဆြမ်ိဳးနီးစပ္​မ်ားတြင္​ G6PD Deficiency ​ေရာဂါ႐ွိသည္​ဆိုပါက ​ေဆးရံု၊ ​ေဆးခန္​းမ်ားတြင္ ကုသမွုခံယူ​သည္​့အခ်ိန္​တိုင္​း ​ေရာဂါရာဇဝင္​ကို အသိ​ေပးသင္​့သည္​။ ထိုမွသာ ​ေ႐ွာင္​႐ွားသင္​့သည္​့ ​ေဆးဝါးမ်ား ​ေသာက္​သံုးရန္​ ၫႊန္​ၾကားျခင္​းမွ ကင္​း​ေဝးႏိုင္​မည္​ျဖစ္​သည္​။

က်န္​းမာလွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​

ပြင္​့ရည္​(​ေဆး၂)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *