နို့တိုက်မိခင်များ မစားသင့်သောအစားအစာများ
ကလေးကိုနို့တိုက်စဉ်မှာ အရေးအကြီးဆုံးက မိခင်ဟာ အစာအာဟာရပြည့်စုံအောင် အစုံစားဖို့ပါပဲ။ ငါးခြောက်ဖုတ်ပဲစားတာ ဟင်းခါးပဲသောက်တာစသဖြင့်လုပ်တဲ့ အယူအဆဟောင်းဟာ မိခင်ရောကလေးရောကို အာဟာရချို့တဲ့ပြီး အသက်အန္တရာယ်ထိရှိစေပါတယ်။ အာဟာရအုပ်စုသုံးစုလုံးမျှတအောင်စားပြီး ကျန်းမာအောင်နေဖို့သည် မိခင်ရဲ့အဓိကတာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် အချို့ကလေးငယ်အတွက် ပြဿနာအနည်းငယ်ဖြစ်ကောင်းဖြစ်နိုင်တဲ့ သတိပြုရမယ့် အစားအစာတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။
(၁)Caffeine (ကော်ဖီ)
ကော်ဖီမှာပါတဲ့ ကဖင်းဟာ မိခင်နို့ကနေတစ်ဆင့်ကလေးငယ်ဆီသွားတတ်ပါတယ်။ ကလေးငယ်ဟာ အရွယ်ရောက်တဲ့လူကြီးလောက် ကဖင်းဓာတ်ကိုလက်ခံဖို့အဆင်သင့်မဖြစ်ပါဘူး။ဒါကြောင့်ကော်ဖီသောက်ခြင်းကို အနည်းငယ်ဆင်ခြင်ပေးသင့်ပါတယ်။ နို့တိုက်ပြီးကလေးငယ်အိပ်သွားမှ သောက်တာမျိုးနဲ့ ပြင်ဆင်လို့ရပါတယ်။
(၂)ချောကလက်
ချောကလက်မှာလည်း ကဖင်းဓာတ်ပါပါတယ်။ အချို့မိခင်တွေကတော့ ချောကလက်စားရင် ကလေးဝမ်းပျော့၊ဝမ်းလျှောတယ်လို့လည်း တွေ့ရှိကြပါတယ်။ချောကလက်ကို လုံးဝဖြတ်တောက်ရမယ်လို့မဆိုလိုပေမယ့် ချောကလက်စားပြီးရင် ကလေးငယ်ရဲ့ဝမ်း၊ကလေးရဲ့အခြေအနေကို ဂရုစိုက်ကြည့်ပေးတာကပိုစိတ်ချရပါတယ်။
(၃)နို့ထွက်ပစ္စည်းများ(ဒိန်ခဲ)
နို့စို့ကလေးအများစုကို ပြဿနာဖြစ်စေတာက ဒိန်ခဲ၊ဒိန်ချဉ်လို နို့ထွက်ပစ္စည်းတွေပါပဲ။အချို့ကလေးတွေဟာ နို့ထွက်ပစ္စည်းတွေမိခင်ကစားမိရင် အရေပြားမှာ နှင်းခူဖြစ်တာမျိုး၊နေမကောင်းတာမျိုးဖြစ်တတ်ပါတယ်။ နို့ထွက်ပစ္စည်းအားလုံးကိုရှောင်ဖို့က အနည်းငယ်ခက်ခဲနိုင်ပါတယ်။
(၄)အရက်
အရက်ဟာ မိခင်နို့ထဲကို ရောက်ပြီးကလေးကို negative effect တွေပေးနိုင်ပါတယ်။ နို့တိုက်မိခင်တွေကတော့ အရက်မသောက်တာအကောင်းဆုံးပါပဲ။ အရက်ဟာ metabolize ဖြစ်ဖို့ အချိန်နှစ်နာရီလောက်ကြာပါတယ်။ သွေးထဲမှာ အရက်မရှိတော့ရင် မိခင်နို့ထဲမှာလည်း အရက်မပါဝင်နိုင်ပါဘူး။ ဒါကြောင့်မရှောင်နိုင်ရင် အရက်ကိုခန္ဓာကိုယ်က metabolize လုပ်ပြီးတဲ့အချိန်နဲ့ နို့တိုက်ချိန်ကိုတွက်လို့ရပါတယ်။ ဒါပေမယ့် နို့တိုက်မိခင်အတွက် အရက်မသောက်သုံးတာကအကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။
(၅)ချဉ်လွန်းသောအသီးများ
သံပုရာသီးလိုချဉ်လွန်းတဲ့ Citrus အသီးတွေဟာ ကလေးရဲ့ နုနယ်တဲ့အူလမ်းကြောင်းကို ဓာတ်မတည့်မှု မခံနိုင်မှုတွေဖြစ်စေပါတယ်။ မိခင်ဟာ Vitamin C လိုအပ်နေတယ်ဆိုရင်တော့ သရက်သီး၊နာနတ်သီးစတာတွေကို အစားထိုးပြီးစားသင့်ပါတယ်။
(၆)မြေပဲ
မိသားစုထဲမှာ မြေပဲနဲ့ဓာတ်မတည့်တာမျိုးရှိရင် ကလေးကို ဖြည့်စွက်စာကျွေးတဲ့ကာလမတိုင်ခင်အထိ မြေပဲကိုရှောင်သင့်ပါတယ်။မြေပဲထဲက ဓာတ်မတည့်စေတဲ့ ဒြပ်ပေါင်းတွေဟာ မိခင်နို့ကနေတစ်ဆင့်ကလေးဆီရောက်ပါတယ်။
မိခင်တစ်ဦးဟာ ကလေးကိုနို့တိုက်စဉ်မှာ အစာအာဟာရပြည့်စုံအောင် အစုံစားဖို့အရေးကြီးပါတယ်။ ဒါပေမယ့် အချို့ကလေးငယ်အတွက် သတိပြုရမယ့် အစားအစာတွေကို မိခင်တို့ဆင်ခြင်နိုင်အောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ႏို႔တိုက္မိခင္မ်ား မစားသင့္ေသာအစားအစာမ်ား
ကေလးကိုႏို႔တိုက္စဥ္မွာ အေရးအႀကီးဆံုးက မိခင္ဟာ အစာအာဟာရျပည့္စံုေအာင္ အစံုစားဖို႔ပါပဲ။ ငါးေျခာက္ဖုတ္ပဲစားတာ ဟင္းခါးပဲေသာက္တာစသျဖင့္လုပ္တဲ့ အယူအဆေဟာင္းဟာ မိခင္ေရာကေလးေရာကို အာဟာရခ်ိဳ႕တဲ့ၿပီး အသက္အႏၲရာယ္ထိရွိေစပါတယ္။ အာဟာရအုပ္စုသံုးစုလံုးမွ်တေအာင္စားၿပီး က်န္းမာေအာင္ေနဖို႔သည္ မိခင္ရဲ႕အဓိကတာဝန္ျဖစ္ပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ကေလးငယ္အတြက္ ျပႆနာအနည္းငယ္ျဖစ္ေကာင္းျဖစ္ႏိုင္တဲ့ သတိျပဳရမယ့္ အစားအစာေတြကိုလည္းေဖာ္ျပေပးလိုက္ပါတယ္။
(၁)Caffeine (ေကာ္ဖီ)
ေကာ္ဖီမွာပါတဲ့ ကဖင္းဟာ မိခင္ႏို႔ကေနတစ္ဆင့္ကေလးငယ္ဆီသြားတတ္ပါတယ္။ ကေလးငယ္ဟာ အရြယ္ေရာက္တဲ့လူႀကီးေလာက္ ကဖင္းဓာတ္ကိုလက္ခံဖို႔အဆင္သင့္မျဖစ္ပါဘူး။ဒါေၾကာင့္ေကာ္ဖီေသာက္ျခင္းကို အနည္းငယ္ဆင္ျခင္ေပးသင့္ပါတယ္။ ႏို႔တိုက္ၿပီးကေလးငယ္အိပ္သြားမွ ေသာက္တာမ်ိဳးနဲ႔ ျပင္ဆင္လို႔ရပါတယ္။
(၂)ေခ်ာကလက္
ေခ်ာကလက္မွာလည္း ကဖင္းဓာတ္ပါပါတယ္။ အခ်ိဳ႕မိခင္ေတြကေတာ့ ေခ်ာကလက္စားရင္ ကေလးဝမ္းေပ်ာ့၊ဝမ္းေလွ်ာတယ္လို႔လည္း ေတြ႕ရွိၾကပါတယ္။ေခ်ာကလက္ကို လံုးဝျဖတ္ေတာက္ရမယ္လို႔မဆိုလိုေပမယ့္ ေခ်ာကလက္စားၿပီးရင္ ကေလးငယ္ရဲ႕ဝမ္း၊ကေလးရဲ႕အေျခအေနကို ဂ႐ုစိုက္ျကည့္ေပးတာကပိုစိတ္ခ်ရပါတယ္။
(၃)ႏို႔ထြက္ပစၥည္းမ်ား(ဒိန္ခဲ)
ႏို႔စို႔ကေလးအမ်ားစုကို ျပႆနာျဖစ္ေစတာက ဒိန္ခဲ၊ဒိန္ခ်ဥ္လို ႏို႔ထြက္ပစၥည္းေတြပါပဲ။အခ်ိဳ႕ကေလးေတြဟာ ႏို႔ထြက္ပစၥည္းေတြမိခင္ကစားမိရင္ အေရျပားမွာ ႏွင္းခူျဖစ္တာမ်ိဳး၊ေနမေကာင္းတာမ်ိဳးျဖစ္တတ္ပါတယ္။ ႏို႔ထြက္ပစၥည္းအားလံုးကိုေရွာင္ဖို႔က အနည္းငယ္ခက္ခဲႏိုင္ပါတယ္။
(၄)အရက္
အရက္ဟာ မိခင္ႏို႔ထဲကို ေရာက္ၿပီးကေလးကို negative effect ေတြေပးႏိုင္ပါတယ္။ ႏို႔တိုက္မိခင္ေတြကေတာ့ အရက္မေသာက္တာအေကာင္းဆံုးပါပဲ။ အရက္ဟာ metabolize ျဖစ္ဖို႔ အခ်ိန္ႏွစ္နာရီေလာက္ၾကာပါတယ္။ ေသြးထဲမွာ အရက္မရွိေတာ့ရင္ မိခင္ႏို႔ထဲမွာလည္း အရက္မပါဝင္ႏိုင္ပါဘူး။ ဒါေၾကာင့္မေရွာင္ႏိုင္ရင္ အရက္ကိုခႏၶာကိုယ္က metabolize လုပ္ၿပီးတဲ့အခ်ိန္နဲ႔ ႏို႔တိုက္ခ်ိန္ကိုတြက္လို႔ရပါတယ္။ ဒါေပမယ့္ ႏို႔တိုက္မိခင္အတြက္ အရက္မေသာက္သံုးတာကအေကာင္းဆံုးပဲလို႔ အၾကံေပးခ်င္ပါတယ္။
(၅)ခ်ဥ္လြန္းေသာအသီးမ်ား
သံပုရာသီးလိုခ်ဥ္လြန္းတဲ့ Citrus အသီးေတြဟာ ကေလးရဲ႕ ႏုနယ္တဲ့အူလမ္းေၾကာင္းကို ဓာတ္မတည့္မႈ မခံႏိုင္မႈေတြျဖစ္ေစပါတယ္။ မိခင္ဟာ Vitamin C လိုအပ္ေနတယ္ဆိုရင္ေတာ့ သရက္သီး၊နာနတ္သီးစတာေတြကို အစားထိုးၿပီးစားသင့္ပါတယ္။
(၆)ေျမပဲ
မိသားစုထဲမွာ ေျမပဲနဲ႔ဓာတ္မတည့္တာမ်ိဳးရွိရင္ ကေလးကို ျဖည့္စြက္စာေကြ်းတဲ့ကာလမတိုင္ခင္အထိ ေျမပဲကိုေရွာင္သင့္ပါတယ္။ေျမပဲထဲက ဓာတ္မတည့္ေစတဲ့ ျဒပ္ေပါင္းေတြဟာ မိခင္ႏို႔ကေနတစ္ဆင့္ကေလးဆီေရာက္ပါတယ္။
မိခင္တစ္ဦးဟာ ကေလးကိုႏို႔တိုက္စဥ္မွာ အစာအာဟာရျပည့္စံုေအာင္ အစံုစားဖို႔အေရးႀကီးပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ကေလးငယ္အတြက္ သတိျပဳရမယ့္ အစားအစာေတြကို မိခင္တို႔ဆင္ျခင္ႏိုင္ေအာင္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)