ကလေးငယ်တွေအတွက် အစားအစာကို ဘယ်လိုအန္တရာယ်ကင်းအောင် ချက်ပြုတ်ကျွေးမွေးကြမလဲ?
ကလေးငယ်တွေရဲ့ အစာအိမ်အူလမ်းကြောင်းနဲ့ ခုခံအားစနစ်ဟာ ကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် သူတို့အတွက်အစားအသောက်တွေကို အန္တရာယ်ကင်းကင်းချက်ပြုတ်ကျွေးမွေးနိုင်ဖို့အရေးကြီးပါတယ်။
(၁)စနစ်တကျပြင်ဆင်ပါ။
အစားအစာချက်ပြုတ်မယ့်လူ နေရာနဲ့ ပစ္စည်းကိရိယာတွေသန့်ရှင်းနေဖို့လိုအပ်ပါတယ်။အစားအစာတွေမကိုင်တွယ်ခင် လက်ကိုဆပ်ပြာနဲ့သေချာစွာဆေးကြောပါ။ချက်ပြုတ်ပြင်ဆင်မယ့် မီးဖိုချောင်ကိုရော အသုံးပြုမယ့်ပန်းကန်ခွက်ယောက်တွေကိုပါ သန့်စင်ပါ။အသား ငါးတွေ လှီးဖြတ်တဲ့စဉ့်နှီတုံးနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေလှီးဖြတ်မယ့် စဉ့်နှီတုံးကို တစ်ခုစီခွဲထားပါ။
(၂)ချက်ပြုတ်ပြင်ဆင်နည်းကလည်းအရေးကြီးပါတယ်။
ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို အမျှင်မပြတ်စီးဆင်းနေတဲ့ ရေအောက်မှာဆေးကြောပါ။အခွံနွှာသင့်တဲ့အသီးတွေကို နွှာထားပါ။အစေ့တွေပါရင်ထုတ်ပစ်ပါ။သစ်သားစဉ့်နှီတုံးဟာ ဘတ်တီးရီးယားပေါက်ပွားမှုကို ပိုနည်းစေတဲ့အတွက် ပလတ်စတစ်ထက်စာရင်သစ်သားကိုသုံးပါ။
အသားများကိုလည်း မချက်ပြုတ်ခင်ဆေးကြောပါ။ပလတ်စတစ်လက်အိပ်စွပ်ပြီးကိုင်တွယ်ပါ။အသားငါးတွေကို ချက်ပြုတ်ရာမှာ မီးအပူချိန်ဟာအနည်းဆုံး 160′-170’F ခန့်ရှိသင့်ပါတယ်။
(၃)သိုလှောင်သိမ်းဆည်းပုံကလည်းအရေးကြီးပါတယ်။
ကလေးငယ်အတွက်ချက်ပြုတ်ထားတဲ့အစားအသောက်တွေကို အခန်းအပူချိန်မှာ ၂ နာရီထက်ပိုကြာအောင်မထားသင့်ပါဘူး။ချက်ပြုတ်ပြီးသားအစားအစာတွေကို အအေးခံတဲ့အခါ ဒီအတိုင်းအခန်းအပူချိန်မှာ စားပွဲပေါ်ပစ်တင်ထားတာမျိုး နဲ့ ရေခွက်ထဲစိမ်တာမျိုးတွေမလုပ်သင့်ပါဘူး။အမြဲတမ်း 165’F အနည်းဆုံးအပူချိန်နဲ့ သေချာနှံ့စပ်အောင် အပူပေးပြီးနွှေးရပါမယ်။
မချက်ပြုတ်ရသေးတဲ့ သားစိမ်းငါးစိမ်းနဲ့ ဥတွေကို ရေခဲသေတ္တာထဲမှာ ၂၄ နာရီထက်ပိုကြာအောင်မထားသင့်ပါဘူး။အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ၄၈ နာရီထက်ပိုကြာအောင်မထားသင့်ပါဘူး။
(၄)ဒါတွေမကျွေးပါနဲ့။
-သေချာပိုးသတ်မထားတဲ့ နို့ကနေပြုလုပ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ
-ပျားရည်
-အိမ်မှာစည်သွပ်ထားတဲ့အစားအစာတွေ
-ရက်လွန်နေတဲ့ စည်သွပ်အစားအစာတွေ ကိုတော့မကျွေးသင့်ပါဘူး။
အန္တရာယ်ကင်းတဲ့အစားအသောက်တွေကျွေးခြင်းဖြင့် ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုကိုအားပေးနိုင်ပါတယ်။
Dr. ပွင့်ဖြိုးကျော်
ကေလးငယ္ေတြအတြက္ အစားအစာကို ဘယ္လိုအႏၲရာယ္ကင္းေအာင္ ခ်က္ျပဳတ္ေကြ်းေမြးၾကမလဲ?
ကေလးငယ္ေတြရဲ႕ အစာအိမ္အူလမ္းေၾကာင္းနဲ႔ ခုခံအားစနစ္ဟာ ေကာင္းစြာမဖြံ႕ျဖိဳးေသးတဲ႕အတြက္ သူတို႔အတြက္အစားအေသာက္ေတြကို အႏၲရာယ္ကင္းကင္းခ်က္ျပဳတ္ေကြ်းေမြးနိုင္ဖို႕အေရးၾကီးပါတယ္။
(၁)စနစ္တက်ျပင္ဆင္ပါ။
အစားအစာခ်က္ျပဳတ္မယ့္လူ ေနရာနဲ႔ ပစၥည္းကိရိယာေတြသန္႕ရွင္းေနဖို႔လိုအပ္ပါတယ္။အစားအစာေတြမကိုင္တြယ္ခင္ လက္ကိုဆပ္ျပာနဲ႔ေသခ်ာစြာေဆးေၾကာပါ။ခ်က္ျပဳတ္ျပင္ဆင္မယ့္ မီးဖိုေခ်ာင္ကိုေရာ အသံုးျပဳမယ့္ပန္းကန္ခြက္ေယာက္ေတြကိုပါ သန္႔စင္ပါ။အသား ငါးေတြ လွီးျဖတ္တဲ႔စဥ္႔ႏွီတံုးနဲ႔ ဟင္းသီးဟင္းရြက္ အသီးအႏွံေတြလွီးျဖတ္မယ့္ စဥ့္ႏွီတံုးကို တစ္ခုစီခြဲထားပါ။
(၂)ခ်က္ျပဳတ္ျပင္ဆင္နည္းကလည္းအေရးၾကီးပါတယ္။
ဟင္းသီးဟင္းရြက္ သစ္သီးဝလံေတြကို အမ်ွင္မျပတ္စီးဆင္းေနတဲ႔ ေရေအာက္မွာေဆးေၾကာပါ။အခြံႏႊာသင့္တဲ႔အသီးေတြကို ႏႊာထားပါ။အေစ့ေတြပါရင္ထုတ္ပစ္ပါ။သစ္သားစဥ့္ႏွီတံုးဟာ ဘတ္တီးရီးယားေပါက္ပြားမႈကို ပိုနည္းေစတဲ့အတြက္ ပလတ္စတစ္ထက္စာရင္သစ္သားကိုသံုးပါ။
အသားမ်ားကိုလည္း မခ်က္ျပဳတ္ခင္ေဆးေၾကာပါ။ပလတ္စတစ္လက္အိပ္စြပ္ျပီးကိုင္တြယ္ပါ။အသားငါးေတြကို ခ်က္ျပဳတ္ရာမွာ မီးအပူခ်ိန္ဟာအနည္းဆံုး 160′-170’F ခန္႔ရွိသင့္ပါတယ္။
(၃)သိုေလွာင္သိမ္းဆည္းပံုကလည္းအေရးၾကီးပါတယ္။
ကေလးငယ္အတြက္ခ်က္ျပဳတ္ထားတဲ႔အစားအေသာက္ေတြကို အခန္းအပူခ်ိန္မွာ ၂ နာရီထက္ပိုၾကာေအာင္မထားသင့္ပါဘူး။ခ်က္ျပဳတ္ျပီးသားအစားအစာေတြကို အေအးခံတဲ႔အခါ ဒီအတိုင္းအခန္းအပူခ်ိန္မွာ စားပြဲေပၚပစ္တင္ထားတာမ်ိဳး နဲ႔ ေရခြက္ထဲစိမ္တာမ်ိဳးေတြမလုပ္သင့္ပါဘူး။အျမဲတမ္း 165’F အနည္းဆံုးအပူခ်ိန္နဲ႔ ေသခ်ာႏွံ႕စပ္ေအာင္ အပူေပးျပီးေႏႊးရပါမယ္။
မခ်က္ျပဳတ္ရေသးတဲ႔ သားစိမ္းငါးစိမ္းနဲ႔ ဥေတြကို ေရခဲေသတၱာထဲမွာ ၂၄ နာရီထက္ပိုၾကာေအာင္မထားသင့္ပါဘူး။အသီးအနွံေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြကိုေတာ့ ၄၈ နာရီထက္ပိုၾကာေအာင္မထားသင့္ပါဘူး။
(၄)ဒါေတြမေကြ်းပါနဲ႔။
-ေသခ်ာပိုးသတ္မထားတဲ႔ နို႔ကေနျပဳလုပ္ထားတဲ႔ နို႔နဲ႔ႏို႕ထြက္ပစၥည္းေတြ
-ပ်ားရည္
-အိမ္မွာစည္သြပ္ထားတဲ႔အစားအစာေတြ
-ရက္လြန္ေနတဲ႔ စည္သြပ္အစားအစာေတြ ကိုေတာ့မေကြ်းသင့္ပါဘူး။
အႏၲရာယ္ကင္းတဲ႔အစားအေသာက္ေတြေကြ်းျခင္းျဖင့္ ကေလးငယ္ေတြရဲ႕ ဖြံ႕ျဖိဳးမႈကိုအားေပးနိုင္ပါတယ္။
Dr. ပြင့္ျဖိဳးေက်ာ္